< Miikan 7 >

1 Voi minua, sillä minun käy niinkuin hedelmänkorjuussa, niinkuin viinisadon jälkikorjuussa: ei ole rypälettä syödäkseni, ei varhaisviikunaa, jota minun sieluni himoitsee.
မျှော်​လင့်​ချက်​ကုန်​ပြီ၊ ငါ​သည်​ဆာ​လောင် သ​ဖြင့် အ​ပင်​မှ​အ​သီး​ကို​သော်​လည်း​ကောင်း၊ စ​ပျစ်​နွယ်​မှ​စ​ပျစ်​သီး​ကို​သော်​လည်း​ကောင်း ရှာ​သော်​လည်း တစ်​လုံး​ကို​မျှ​မ​တွေ့​ရ​သော သူ​ကဲ့​သို့​ဖြစ်​၏။ စ​ပျစ်​သီး​ရှိ​သ​မျှ​နှင့်​စား ချင်​ဖွယ်​ကောင်း​သော​သ​ဖန်း​သီး​ရှိ​သ​မျှ ကို​ဆွတ်​ခူး​သွား​ကြ​ပြီ။-
2 Poissa ovat hurskaat maasta, eikä oikeamielistä ole ihmisten seassa. Kaikki he väijyvät verta, pyydystävät verkolla toinen toistansa.
တိုင်း​ပြည်​ထဲ​တွင်​ရိုး​သား​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​သိ​ရို​သေ​သော သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ​တော့​ချေ။ လူ့ အ​သက်​ကို​သတ်​ရန်​အ​ခွင့်​ကောင်း​ကို​လူ​တိုင်း စောင့်​လျက်​နေ​ကြ​၏။ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​ကျော့​ကွင်း​ထောင်​၍ ဖမ်း​တတ်​ကြ​၏။-
3 Pahantekoon molemmin käsin! Sitä taidolla tekemään! Päämies vaatii, tuomari maksusta tuomitsee, ja mahtava puhuu julki sielunsa himon; senkaltaista he punovat.
သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​လုပ်​ရန်​စိတ် အား​ထက်​သန်​ကြ​၏။ အ​ရာ​ရှိ​များ​နှင့် တ​ရား​သူ​ကြီး​များ​သည် တံ​စိုး​လက်​ဆောင် တောင်း​တတ်​ကြ​၏။ သြ​ဇာ​ရှိ​သော​သူ​၏ အ​လို​ဆန္ဒ​ကို​လိုက်​၍ သူ​တို့​သည်​မ​ကောင်း မှု​ကို​အ​တူ​တ​ကွ​ကြံ​စည်​ကြ​၏။-
4 Paras heistä on kuin orjantappura, oikeamielisin pahempi kuin teräväokainen aita. Sinun tähystäjäisi ilmoittama päivä, kosto sinulle, tulee. Silloin he joutuvat sekasortoon.
အ​တော်​ဖြောင့်​ဆုံး​ဟု​ဆို​ရ​သော​သူ​များ ပင်​လျှင် ပေါင်း​ပင်​ကဲ့​သို့​အ​သုံး​မ​ကျ​ချေ။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ကင်း​စောင့် သ​ဖွယ်​ဖြစ်​သော ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သ​တိ​ပေး​သည့်​အ​တိုင်း လူ​များ​ကို​ဒဏ်​ခတ် မည့်​အ​ချိန်​ရောက်​လာ​ပြီ။ သူ​တို့​သည်​ယ​ခု အ​ခါ​က​ယောင်​ချောက်​ချား​ဖြစ်​လျက်​ရှိ ကြ​၏။-
5 Älkää uskoko ystävää, älkää luottako uskottuun; vaimolta, joka sylissäsi lepää, varo suusi ovet.
သင်​တို့​၏​အိမ်​နီး​နား​ချင်း​ကို​သော်​လည်း ကောင်း၊ မိတ်​ဆွေ​ကို​သော်​လည်း​ကောင်း​မ​ယုံ ကြ​နှင့်။ သင်​၏​ဇ​နီး​ကို​ပင်​သ​တိ​နှင့် စကား​ပြော​လော့။-
6 Sillä poika halveksii isää, tytär nousee äitiänsä vastaan, miniä anoppiansa vastaan; ihmisen vihamiehiä ovat hänen omat perhekuntalaisensa.
ထို​အ​ချိန်​ကာ​လ​တွင်​သား​များ​က မိ​မိ​တို့ ၏​ဖ​ခင်​များ​၏​အ​သ​ရေ​ကို​ရှုတ်​ချ​လိမ့်​မည်။ သ​မီး​များ​က​မိ​ခင်​များ​အား​ဆန့်​ကျင်​ဘက် ပြု​မည်။ ချွေး​မ​များ​က​ယောက္ခ​မ​ကို​ရန်​ဘက် ပြု​မည်။ အိမ်​သား​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏​မိ​သား​စု​ထဲ​မှ​ဖြစ်​လိမ့်​မည်။
7 Mutta minä panen toivoni Herraan, odotan pelastukseni Jumalaa: minun Jumalani on minua kuuleva.
ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို​စောင့်​မျှော် နေ​မည်။ ငါ့​ကို​ကယ်​တင်​မည့်​ဘု​ရား​သ​ခင် အား​ယုံ​ကြည်​စိတ်​ချ​စွာ​စောင့်​နေ​မည်။ ငါ ၏​ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​မည်။
8 Älkää iloitko, minun viholliseni, minusta: jos minä olen langennut, niin minä nousen; jos istun pimeydessä, on Herra minun valkeuteni.
ငါ​တို့​၏​ရန်​သူ​တို့၊ ငါ​တို့​၏​အ​ပြစ်​အ​ခြေ အ​နေ​ကြောင့် ဝမ်း​မြောက်​ဝမ်း​သာ​မ​ဖြစ်​ကြ နှင့်။ ငါ​တို့​လဲ​ကျ​သော်​လည်း​နောက်​တစ်​ဖန် ထ​ဦး​မည်။ ယ​ခု​အ​ခါ​ငါ​တို့​သည်​အ​မှောင် ထဲ​၌​နေ​ထိုင်​ရ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အ​ပေါ်​သို့​အ​လင်း​ရောင်​သက် ရောက်​စေ​တော်​မူ​လိမ့်​မည်။-
9 Minä tahdon kantaa Herran vihaa, sillä minä olen tehnyt syntiä häntä vastaan, siihen asti että hän minun asiani toimittaa ja hankkii minulle oikeuden. Hän tuo minut valkeuteen, minä saan nähdä hänen vanhurskautensa.
ငါ​တို့​သည်​အပြစ်​ကူး​လွန်​ခဲ့​သော​ကြောင့် အ​ခိုက်​အ​တန့်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​မည်။ သို့ ရာ​တွင်​နောက်​ဆုံး​၌​ကိုယ်​တော်​သည် ငါ​တို့ အ​မှု​ကို​လျှောက်​လဲ​၍​တ​ရား​မျှ​တ​စွာ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​ငါ​တို့​အား​အ​လင်း​ထဲ​သို့​ထုတ်​ဆောင် တော်​မူ​လိမ့်​မည်။ ငါ​တို့​အား​ကိုယ်​တော် ကယ်​တင်​တော်​မူ​ခြင်း​ကို​ငါ​တို့​ဒိ​ဌ မြင်​ရ​လိမ့်​မည်။-
10 Minun viholliseni saavat nähdä sen, ja häpeä on peittävä heidät, jotka sanovat minulle: "Missä on Herra, sinun Jumalasi?" Minun silmäni saavat ilokseen katsoa heitä: silloin he joutuvat tallattaviksi kuin katujen loka.
၁၀ထို​အ​ခါ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟူ​၍​ပြောင် လှောင်​ကာ​မေး​မြန်း​ကြ​သော​ငါ​တို့​၏​ရန်​သူ များ​သည် ဤ​အ​မှု​ကို​မြင်​၍​အ​ရှက်​ကွဲ ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့် သ​ဖြင့်​လမ်း​ပေါ်​မှ​ရွှံ့​သ​ဖွယ်​နင်း​ချေ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​တို့​မြင်​ရ​လိမ့် မည်။
11 Tulee päivä, jolloin sinun muurisi rakennetaan; sinä päivänä on raja oleva kaukana:
၁၁ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ မြို့​ရိုး​များ​ကို အ​သစ်​ပြန်​၍​တည်​ဆောက်​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။ ထို​အ​ခါ​၌​သင်​တို့​၏​နယ် မြေ​ကျယ်​ပြန့်​လာ​မည်။-
12 sinä päivänä tullaan sinun tykösi Assurista ja Egyptin kaupungeista, kaikkialta, Egyptistä aina Eufrat-virtaan, merestä mereen, vuoresta vuoreen.
၁၂သင်​တို့​၏​လူ​မျိုး​တော်​သည်​အ​ရှေ့​ဘက် အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း၊ တောင်​ဘက် အီ​ဂျစ်​ပြည်​မှ​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ် ဝှမ်း​ဒေ​သ​မှ​လည်း​ကောင်း၊ ဝေး​လံ​သော ပင်​လယ်​များ​နှင့်​တောင်​များ​မှ​လည်း​ကောင်း သင်​တို့​ထံ​သို့​ပြန်​လာ​ကြ​လိမ့်​မည်။-
13 Ja maa tulee autioksi asukkaittensa tähden, heidän töittensä hedelmäin takia.
၁၃သို့​ရာ​တွင်​ထို​ပြည်​သူ​ပြည်​သား​တို့​၏ အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် သူ​တို့​နေ​ထိုင်​ရာ အ​ရပ်​များ​သည်​ပျက်​သုဉ်း​ရ​ကြ​လိမ့်​မည်။
14 Kaitse kansaasi sauvallasi, perintölaumaasi, joka erillänsä asuu metsässä, keskellä Karmelia. Käykööt he laitumella Baasanissa ja Gileadissa niinkuin ikiaikoina ennen. -
၁၄အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရွေး​ကောက်​သော လူ​မျိုး​တော်​အား​သိုး​ထိန်း​သ​ဖွယ်​စောင့်​ရှောက် တော်​မူ​ပါ။ သူ​တို့​အား​ရှေး​အ​ခါ​က​မြက်​ပေါ များ​ရာ ဗာ​ရှန်​ပြည်​နှင့်​ဂိ​လဒ်​ပြည်​များ​တွင် ကျက်​စား​စေ​သ​ကဲ့​သို့​ယ​ခု​လည်း​ပြည် တော်​တွင်​နေ​ထိုင်​စေ​တော်​မူ​ပါ။
15 "Niinkuin sinun lähtösi päivinä Egyptin maasta minä annan hänen nähdä ihmeitä". -
၁၅အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​စဉ်​က ကိုယ်​တော်​ပြ​ခဲ့​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခဏာ​များ​ကို​ပြ​တော်​မူ​ပါ။-
16 Sen näkevät pakanakansat ja saavat häpeän kaikesta väkevyydestänsä. He panevat käden suullensa, heidän korvansa menevät lumpeen.
၁၆နိုင်​ငံ​တ​ကာ​တို့​သည်​အင်​အား​ကြီး​သော် လည်း ထို​အ​မှု​အ​ရာ​များ​ကို​မြင်​၍​ကြောက် ရွံ့​ထိတ်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့​၏​ပါး​စပ် နှင့်​နား​များ​ကို​ပိတ်​ထား​ကြ​လိမ့်​မည်။-
17 He nuolevat tomua kuin käärme, kuin maan matelijat. Vavisten he tulevat varustuksistansa, lähestyvät väristen Herraa, meidän Jumalaamme; he pelkäävät sinua.
၁၇သူ​တို့​သည်​မြွေ​ကဲ့​သို့​ဖုတ်​ထဲ​တွင်​တွား​သွား ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ခံ​တပ် များ​ထဲ​မှ​ကြောက်​ရွံ့​တုန်​လှုပ်​စွာ​ထွက်​လာ​၍ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ သို့​ချဉ်း​ကပ်​ကိုး​ကွယ်​ကြ​လိမ့်​မည်။
18 Kuka on Jumala, niinkuin sinä olet, joka annat pahat teot anteeksi ja käyt ohitse perintösi jäännöksen rikosten? Ei hän pidä vihaa iäti, sillä hänellä on halu laupeuteen.
၁၈အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့်​နှိုင်း​ယှဉ် အပ်​သော​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော် သည်​အ​သက်​ရှင်​ကျန်​ရစ်​သော ကိုယ်​တော်​၏ လူ​မျိုး​တော်​၏​ပုန်​ကန်​သည့်​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​စဉ် အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ​ပါ။ ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​မေတ္တာ​က​ရု​ဏာ​ထား တော်​မူ​ပါ​၏။-
19 Hän armahtaa meitä jälleen, polkee maahan meidän pahat tekomme. Kaikki heidän syntinsä sinä heität meren syvyyteen.
၁၉ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​သ​နား ကြင်​နာ​တော်​မူ​ဦး​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​ကို​နင်း​ချေ​၍ ပင်​လယ်​အောက်​သို့​ပစ်​ချ​တော်​မူ​မည်။-
20 Sinä osoitat Jaakobille uskollisuutta, Aabrahamille armoa, niinkuin olet vannonut meidän isillemme muinaisista päivistä asti.
၂၀ကိုယ်​တော်​သည်​ရှေး​အ​ခါ​က​အ​ကျွန်ုပ်​တို့ ၏​ဘိုး​ဘေး​တို့​အား က​တိ​ထား​ရှိ​ခဲ့​သည့် အ​တိုင်း​အာ​ဗြ​ဟံ​နှင့်​ယာ​ကုပ်​တို့​၏​အ ဆက်​အ​နွယ်​များ​ဖြစ်​သော ကိုယ်​တော်​၏ လူ​မျိုး​တော်​အား​သစ္စာ​တော်၊ က​ရု​ဏာ​တော် နှင့်​အ​ညီ​ကျေး​ဇူး​ပြု​တော်​မူ​လိမ့်​မည်။ ပ​ရော​ဖက်​မိ​က္ခာ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

< Miikan 7 >