< Johanneksen 3 >
1 Mutta oli mies, fariseusten joukosta, nimeltä Nikodeemus, juutalaisten hallitusmiehiä.
၁ယုဒ လူတို့တွင် အရာရှိ ဖြစ်သော နိကောဒင် အမည် ရှိသောဖာရိရှဲ တစ်ယောက်သည်၊
2 Hän tuli Jeesuksen tykö yöllä ja sanoi hänelle: "Rabbi, me tiedämme, että sinun opettajaksi tulemisesi on Jumalasta, sillä ei kukaan voi tehdä niitä tunnustekoja, joita sinä teet, ellei Jumala ole hänen kanssansa."
၂ညဉ့် အခါ ယေရှု ထံ တော်သို့ လာ ၍ ၊ အရှင် ဘုရား၊ ကိုယ်တော် သည်ပြ တော်မူသော ဤ နိမိတ် လက္ခဏာတို့ကို ဘုရားသခင် ၏အခွင့်မ ရှိ လျှင် အဘယ်သူ မျှမပြနိုင် သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော် သည် ဘုရားသခင် အထံတော်မှ ကြွလာ တော်မူသောဆရာ ဖြစ် ကြောင်းကို သိ ကြပါ၏ဟုလျှောက် သော်၊
3 Jeesus vastasi ja sanoi hänelle: "Totisesti, totisesti minä sanon sinulle: joka ei synny uudesti, ylhäältä, se ei voi nähdä Jumalan valtakuntaa".
၃ယေရှု က၊ ဒုတိယ မွေး ခြင်းကို မ ခံသောသူ မည်သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်ကို မ မြင် ရ ဟု ငါ အမှန်အကန် ဆိုသည် ဟု ပြန် ၍မိန့် တော်မူ၏။
4 Nikodeemus sanoi hänelle: "Kuinka voi ihminen vanhana syntyä? Eihän hän voi jälleen mennä äitinsä kohtuun ja syntyä?"
၄နိကောဒင် ကလည်း၊ အသက်ကြီး သောသူ သည်မွေး ခြင်းကိုအဘယ်သို့ ခံနိုင် ပါမည်နည်း။ အမိ ဝမ်း ထဲသို့ တဖန် ဝင် ၍ မွေးခြင်းကို ခံနိုင် ပါမည်လောဟု လျှောက် ၏။
5 Jeesus vastasi: "Totisesti, totisesti minä sanon sinulle: jos joku ei synny vedestä ja Hengestä, ei hän voi päästä sisälle Jumalan valtakuntaan.
၅ယေရှု ကလည်း၊ ရေ နှင့် ဝိညာဉ် တော် မ မွေး သောသူ မည်သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်သို့ မ ဝင် ရဟု ငါ အမှန်အကန် ဆို၏။
6 Mikä lihasta on syntynyt, on liha; ja mikä Hengestä on syntynyt, on henki.
၆ဇာတိ ပကတိမွေး သောအရာ သည် ဇာတိ ပကတိဖြစ် ၏ဝိညာဉ် တော်မွေး သောအရာ သည် ဝိညာဉ် ဖြစ် ၏။
7 Älä ihmettele, että minä sanoin sinulle: teidän täytyy syntyä uudesti, ylhäältä.
၇ဒုတိယ မွေး ခြင်းကို ခံရမည်ဟု ငါဟောပြော သည်ကို အံ့ဩ ခြင်းမ ရှိနှင့်။
8 Tuuli puhaltaa, missä tahtoo, ja sinä kuulet sen huminan, mutta et tiedä, mistä se tulee ja minne se menee; niin on jokaisen, joka on Hengestä syntynyt."
၈လေ သည် အလိုရှိ တိုင်းသွားလာ ၏။ လေ ၏အသံ ကို သင်သည်ကြား ရသော်လည်း အဘယ် အရပ်က ဖြစ် သည်၊ အဘယ် အရပ်သို့သွား သည်ကိုမ သိ နိုင်။ ထိုနည်းတူ ဝိညာဉ် တော်မွေး သောသူ ဖြစ် သည် ဟု မိန့် တော်မူ၏။
9 Nikodeemus vastasi ja sanoi hänelle: "Kuinka tämä voi tapahtua?"
၉နိကောဒင် ကလည်း၊ ဤ အမှုအရာသည် အဘယ်သို့ ဖြစ် နိုင် ပါမည်နည်းဟု လျှောက် ပြန်လျှင်၊
10 Jeesus vastasi ja sanoi hänelle: "Sinä olet Israelin opettaja etkä tätä tiedä!
၁၀တဖန် ယေရှု က၊ သင် သည် ဣသရေလ လူတို့တွင် ဓမ္မဆရာ ဖြစ် လျက်ပင်ဤ အမူအရာကို မ သိ သလော။
11 Totisesti, totisesti minä sanon sinulle: me puhumme, mitä tiedämme, ja todistamme, mitä olemme nähneet, ettekä te ota vastaan meidän todistustamme.
၁၁ငါအမှန်အကန် ဆို သည်ကား၊ ငါတို့သည် ကိုယ်သိ သောအရာ ကိုပြော ၏၊ ကိုယ်မြင် သောအရာ ကို သက်သေခံ ၏။ သို့သော်လည်း ငါ တို့၏ သက်သေခံ ချက်ကို သင်တို့သည် မ ခံ မယူကြ။
12 Jos ette usko, kun minä puhun teille maallisista, kuinka te uskoisitte, jos minä puhun teille taivaallisista?
၁၂မြေကြီး အရာကို ငါပြော ၍ သင် တို့သည် မ ယုံ လျှင် ၊ ကောင်းကင် အရာကို ငါပြော သောအခါ အဘယ်သို့ ယုံ ကြလိမ့်မည်နည်း။
13 Ei kukaan ole noussut ylös taivaaseen, paitsi hän, joka taivaasta tuli alas, Ihmisen Poika, joka on taivaassa.
၁၃ကောင်းကင် ဘုံက ဆင်းသက် ၍ ကောင်းကင်ဘုံ၌ရှိနေသော လူ သား မှတစ်ပါး အဘယ်သူ မျှကောင်းကင် ဘုံသို့ မ တက် ပြီ။
14 Ja niinkuin Mooses ylensi käärmeen erämaassa, niin pitää Ihmisen Poika ylennettämän,
၁၄မောရှေ သည်တော ၌ မြွေ ကို မြှောက် ထားသကဲ့သို့ လူ သား သည် မြှောက် ထားခြင်းကို ခံရမည်။
15 että jokaisella, joka häneen uskoo, olisi iankaikkinen elämä. (aiōnios )
၁၅အကြောင်းမူကား ၊ ထိုသား တော်ကို ယုံကြည် သောသူအပေါင်း တို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက် ကိုရ မည်အကြောင်းတည်း။ (aiōnios )
16 Sillä niin on Jumala maailmaa rakastanut, että hän antoi ainokaisen Poikansa, ettei yksikään, joka häneen uskoo, hukkuisi, vaan hänellä olisi iankaikkinen elämä. (aiōnios )
၁၆ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ အပေါင်း တို့သည်၊ ပျက်စီး ခြင်းသို့မ ရောက်၊ ထာဝရ အသက် ကို ရ စေခြင်းငှာ ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်း သော သား တော်ကို စွန့် တော်မူသည်တိုင်အောင် လောကီသား ကို ချစ် တော်မူ၏။ (aiōnios )
17 Sillä ei Jumala lähettänyt Poikaansa maailmaan tuomitsemaan maailmaa, vaan sitä varten, että maailma hänen kauttansa pelastuisi.
၁၇လောကီသား တို့အားအပြစ် စီရင်ခြင်းငှာ ၊ ဘုရားသခင် သည်သား တော်ကို ဤ လောက သို့ စေလွှတ် တော်မူသည်မ ဟုတ်။ လောကီသား တို့သည် ကိုယ်တော် အားဖြင့် ကယ်တင် ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။
18 Joka uskoo häneen, sitä ei tuomita; mutta joka ei usko, se on jo tuomittu, koska hän ei ole uskonut Jumalan ainokaisen Pojan nimeen.
၁၈သား တော်ကိုယုံကြည် သောသူ သည် အပြစ် စီရင်ခြင်းကို မ ခံရ။ မ ယုံကြည် သောသူ မူကား ၊ ဘုရားသခင် ၌ တစ်ပါးတည်း သောသား တော်ကို မ ယုံကြည် သောကြောင့် ယခုပင် အပြစ် စီရင်ခြင်းကိုခံရ၏။
19 Mutta tämä on tuomio, että valkeus on tullut maailmaan, ja ihmiset rakastivat pimeyttä enemmän kuin valkeutta; sillä heidän tekonsa olivat pahat.
၁၉အပြစ် စီရင်ခြင်းကို ခံရကြောင်း ကား၊ အလင်း သည် ဤလောက သို့ ဝင် ၍၊ လူ တို့သည် မကောင်း သောအကျင့် ကို ကျင့် သောကြောင့် ၊ အလင်း ထက် မှောင်မိုက် ကိုသာ၍ နှစ်သက် ကြ၏။
20 Sillä jokainen, joka pahaa tekee, vihaa valkeutta eikä tule valkeuteen, ettei hänen tekojansa nuhdeltaisi.
၂၀ဆိုးယုတ် သောအကျင့်ကို ကျင့် သောသူ အပေါင်း တို့သည် အလင်း ကိုမြင်ပျင်း ၍ မိမိ တို့ အကျင့် ၌ အပြစ်ပါမည်ကိုမ ထင်ရှား စေခြင်းငှာ အလင်း သို့ မ ချဉ်းကပ် ကြ။
21 Mutta joka totuuden tekee, se tulee valkeuteen, että hänen tekonsa tulisivat julki, sillä ne ovat Jumalassa tehdyt."
၂၁သမ္မာတရား ကို ကျင့် သောသူ မူကား ၊ မိမိ အကျင့် တို့သည် ဘုရားသခင် ၏အလိုတော်နှင့်ညီသည်ကို ထင်ရှား စေခြင်းငှာ အလင်း သို့ ချဉ်းကပ် သည် ဟု ဟော တော်မူ၏။
22 Sen jälkeen Jeesus meni opetuslapsineen Juudean maaseudulle ja oleskeli siellä heidän kanssaan ja kastoi.
၂၂ထို နောက်မှ ယေရှု သည် တပည့် တော်တို့နှင့်အတူ ယုဒ ပြည်၏ကျေးလက် သို့ ကြွ တော်မူလျှင်၊ ထို အရပ်၌ တပည့် တော်တို့နှင့်တကွ နေ တော်မူ၍ ဗတ္တိဇံ ကို ပေးလေ၏။
23 Mutta Johanneskin kastoi Ainonissa lähellä Salimia, koska siellä oli paljon vettä; ja ihmiset tulivat ja antoivat kastaa itsensä.
၂၃ယောဟန် သည်လည်း ၊ ရှာလိမ် မြို့နှင့်အနီး အဲနုန် အရပ်၌ ရေ များ သောကြောင့် ၊ ဗတ္တိဇံ ကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ ၍ ဗတ္တိဇံ ကို ခံကြ၏။
24 Sillä Johannesta ei vielä oltu heitetty vankeuteen.
၂၄ယောဟန် သည်ထောင် ထဲသို့ မ ရောက် သေး။
25 Niin Johanneksen opetuslapset rupesivat väittelemään erään juutalaisen kanssa puhdistuksesta.
၂၅ထိုအခါယောဟန် ၏တပည့် တို့သည် စင်ကြယ် ခြင်းကို အကြောင်း ပြု၍ ယုဒ လူနှင့် ဆွေးနွေး ငြင်းခုံခြင်း ရှိ ကြသဖြင့်၊
26 Ja he tulivat Johanneksen luo ja sanoivat hänelle: "Rabbi, se, joka oli sinun kanssasi Jordanin tuolla puolella ja josta sinä olet todistanut, katso, hän kastaa, ja kaikki menevät hänen tykönsä".
၂၆ယောဟန် ထံသို့ လာ ၍ ၊ အရှင် ဘုရား၊ ယော်ဒန် မြစ်တစ်ဘက် ၌ ကိုယ်တော် နှင့်တကွ ရှိ ၍၊ ကိုယ်တော် သက်သေ ပေးသောသူ သည် ဗတ္တိဇံ ကိုပေးလျက်နေ၏။ ထိုသူ ထံသို့ လူအပေါင်း တို့သည် ရောက် ကြပါ၏ဟု လျှေက် လျှင်၊
27 Johannes vastasi ja sanoi: "Ei ihminen voi ottaa mitään, ellei hänelle anneta taivaasta.
၂၇ယောဟန် က၊ ကောင်းကင် ဘုံမှ ပေး တော်မ မူလျှင် လူ သည် အဘယ် အရာကိုမျှ မ ခံ နိုင် ရာ။ ငါ သည် ခရစ်တော် မ ဟုတ် ။
28 Te olette itse minun todistajani, että minä sanoin: en minä ole Kristus, vaan minä olen hänen edellänsä lähetetty.
၂၈ခရစ်တော် ရှေ့ ၌စေလွှတ် သောသူဖြစ် သည်ဟု ငါ ဆိုသည်ကို သင် တို့သည် ငါ ၏သက်သေ ဖြစ်ကြ၏။
29 Jolla on morsian, se on ylkä; mutta yljän ystävä, joka seisoo ja kuuntelee häntä, iloitsee suuresti yljän äänestä. Tämä minun iloni on nyt tullut täydelliseksi.
၂၉မင်္ဂလာဆောင်သတို့သမီး ကိုရ သောသူ သည်မင်္ဂလာဆောင် လုလင်ဖြစ် ၏။ မင်္ဂလာဆောင်လုလင် ၏ အနားမှာ နေ၍ သူ ၏စကားကိုကြား ရသော အဆွေ ခင်ပွန်းသည်ထိုစကား သံကိုကြားသောအားဖြင့် ဝမ်းမြောက် ခြင်းရှိ၏။ ထိုနည်းတူ ငါ ၏ဝမ်းမြောက် ခြင်းပြည့်စုံ ၏။
30 Hänen tulee kasvaa, mutta minun vähetä.
၃၀ထိုသခင် သည် တိုးပွား ခြင်းရှိရ မည်။ ငါ မူကား ဆုတ်ယုတ် ခြင်းရှိရမည်။
31 Hän, joka ylhäältä tulee, on yli kaikkien. Joka on syntyisin maasta, se on maasta, ja maasta on, mitä hän puhuu; hän, joka taivaasta tulee, on yli kaikkien.
၃၁အထက် မှလာ သောသူ သည် အလုံးစုံ တို့၏ အထွဋ် ဖြစ် ၏။ မြေကြီး မှ ဖြစ် သောသူ သည် မြေကြီး နှင့် စပ်ဆိုင် ၍ မြေကြီး အရာ ကိုပြော တတ်၏။ ကောင်းကင် ဘုံမှ ကြွလာ သောသူ သည် အလုံးစုံ တို့၏အထွဋ် ဖြစ် တော်မူ၏။
32 Ja mitä hän on nähnyt ja kuullut, sitä hän todistaa; ja hänen todistustansa ei kukaan ota vastaan.
၃၂မြင် သမျှ ကြား သမျှတို့ကိုလည်း သက်သေခံ တော်မူ၏။ ထို သက်သေခံ ချက်ကို အဘယ်သူ မျှမခံ မယူ၊
33 Joka ottaa vastaan hänen todistuksensa, se sinetillä vahvistaa, että Jumala on totinen.
၃၃သက်သေခံ တော်မူချက်ကို ခံယူ သောသူ သည်ကား ၊ ဘုရားသခင် သည် သစ္စာစောင့် တော်မူသည်ဟု တံဆိပ် ခတ်၏။
34 Sillä hän, jonka Jumala on lähettänyt, puhuu Jumalan sanoja; sillä ei Jumala anna Henkeä mitalla.
၃၄ဘုရားသခင် စေလွှတ် တော်မူသောသူ သည် ဘုရားသခင် ၏စကား တော်ကို ပြောဆို တတ်၏။ ထိုသူ အား ဘုရားသခင်သည် ဝိညာဉ် တော်ကို အတိုင်း အရှည် မ ရှိဘဲ ပေး တော်မူ၏။
35 Isä rakastaa Poikaa ja on antanut kaikki hänen käteensä.
၃၅ခမည်းတော် သည်သား တော်ကိုချစ် တော်မူ၍၊ ခပ်သိမ်း သောအရာတို့ကို သား တော်လက် သို့ အပ်ပေး တော်မူပြီ။
36 Joka uskoo Poikaan, sillä on iankaikkinen elämä; mutta joka ei ole kuuliainen Pojalle, se ei ole elämää näkevä, vaan Jumalan viha pysyy hänen päällänsä." (aiōnios )
၃၆သား တော်ကို ယုံကြည် သောသူ သည် ထာဝရ အသက် ကိုရ ၏။ သား တော်ကို ပယ် သောသူ မူကား အသက် ကို မ တွေ့ ရ။ ထိုသူ ၏အပေါ် ၌ဘုရားသခင် ၏ အမျက် တော်တည်နေ သည်ဟု ယောဟန်ဟော လေ၏။ (aiōnios )