< Jobin 38 >
1 Silloin Herra vastasi Jobille tuulispäästä ja sanoi:
၁ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်းထဲက မိန့်တော်မူသည် ကား၊
2 "Kuka olet sinä, joka taitamattomilla puheilla pimennät minun aivoitukseni?
၂ပညာမရှိဘဲစကားပြောကာမျှနှင့် ငါ့အကြံကို မိုက်စေသော ဤ သူကား အဘယ်သူနည်း။
3 Vyötä nyt kupeesi kuin mies; minä kysyn sinulta, opeta sinä minua.
၃လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။
4 Missä olit silloin, kun minä maan perustin? Ilmoita se, jos ymmärryksesi riittää.
၄မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဘော်ပြလော့။
5 Kuka on määrännyt sen mitat-tottapa sen tiedät-tahi kuka on vetänyt mittanuoran sen ylitse?
၅မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင်ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ချသနည်း။
6 Mihin upotettiin sen perustukset, tahi kuka laski sen kulmakiven,
၆မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေ သနည်း။
7 kun aamutähdet kaikki iloitsivat ja kaikki Jumalan pojat riemuitsivat?
၇နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း။
8 Ja kuka sulki ovilla meren, kun se puhkesi ja kohdusta lähti,
၈သမုဒ္ဒရာသည်အမိဝမ်းထဲက ဘွား၍ ထွက်လာ သောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထား သနည်း။
9 kun minä panin sille pilven vaatteeksi ja synkeyden kapaloksi,
၉သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ၍ ထူထပ်သော မှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌၎င်း၊
10 kun minä rakensin sille rajani, asetin sille teljet ja ovet
၁၀သင်သည်ဤအရပ်တိုင်အောင်လာရ၏။
11 ja sanoin: 'Tähän asti saat tulla, mutta edemmäksi et; tässä täytyy sinun ylväiden aaltojesi asettua'?
၁၁တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။
12 Oletko eläissäsi käskenyt päivän koittaa tahi osoittanut aamuruskolle paikkansa,
၁၂သင်သည်တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော။ မိုဃ်းသောက်လင်းကို နေရာချဘူး သလော။
13 että se tarttuisi maan liepeisiin ja pudistaisi jumalattomat siitä pois?
၁၃နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။
14 Silloin se muuttuu niinkuin savi sinetin alla, ja kaikki tulee kuin vaatetettuna esille;
၁၄မြေကြီးသည် တံဆိပ်ခတ်သကဲ့သို့ပုံပေါ်၍ အဝတ်တန်ဆာဆင်သကဲ့သို့ ရှိ၏။
15 jumalattomilta riistetään heidän valonsa, ja kohonnut käsivarsi murskataan.
၁၅လူဆိုးတို့၏ အလင်းသည်ကွယ်၍ ချီကြွသော လက်လည်း ကျိုးတတ်၏။
16 Oletko astunut alas meren lähdesuonille asti ja kulkenut syvyyden kuilut?
၁၆သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဘူး သလော။
17 Ovatko kuoleman portit sinulle paljastuneet, oletko nähnyt pimeyden portit?
၁၇သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူး သလော။
18 Käsitätkö, kuinka avara maa on? Ilmoita se, jos kaiken tämän tiedät.
၁၈မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူး သလော။ အလုံးစုံကို သိမြင်လျှင်ဘော်ပြလော့။
19 Mikä on tie sinne, kussa asuu valo, ja missä on pimeyden asuinsija,
၁၉အလင်းနေရာသို့ အဘယ်မည်သော လမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာ ရှိသနည်း။
20 että saattaisit sen alueellensa ja tuntisit polut sen majalle?
၂၀အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်။
21 Kaiketi sen tiedät, sillä synnyithän jo silloin, ja onhan päiviesi luku ylen suuri!
၂၁သင်သည်ရှေးကာလ၌ ဘွားမြင်၍ အလွန် အသက်ကြီးသောကြောင့် သိလိမ့်မည်။
22 Oletko käynyt lumen varastohuoneissa, ja oletko nähnyt rakeiden varastot,
၂၂သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော။
23 jotka minä olen säästänyt ahdingon ajaksi, sodan ja taistelun päiväksi?
၂၃ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။
24 Mitä tietä jakaantuu valo ja itätuuli leviää yli maan?
၂၄အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည်မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း။
25 Kuka on avannut kuurnan sadekuurolle ja ukkospilvelle tien,
၂၅လူမရှိသောမြေနှင့် လူမနေသောတော၌ မိုဃ်း ရွာစေခြင်းငှါ၎င်း၊
26 niin että sataa maahan, joka on asumaton, erämaahan, jossa ei ihmistä ole,
၂၆လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှါ၎င်း၊
27 niin että autio erämaa saa kylläksensä ja maa kasvaa vihannan ruohon?
၂၇လျှံသောမိုဃ်းရေစီးရာလမ်း၊ မိုဃ်းကြိုးနှင့် ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။
28 Onko sateella isää, tahi kuka on synnyttänyt kastepisarat?
၂၈မိုဃ်းရေ၏အဘကား အဘယ်သူနည်း။ နှင်း ပေါက်တို့ကို အဘယ်သူဖြစ်ဘွားစေသနည်း။
29 Kenen kohdusta on jää tullut, ja kuka on synnyttänyt taivaan härmän?
၂၉ရေခဲသည်အဘယ်သူ၏ ဝမ်းထဲက ထွက်လာ သနည်း။ မိုဃ်းကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။
30 Vesi tiivistyy kuin kiveksi, ja syvyyden pinta sulkeutuu kiinni.
၃၀ရေသည် ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ် မျက်နှာတင်းမာလျက် ရှိ၏။
31 Taidatko solmita Otavan siteet tahi irroittaa kahleista Kalevanmiekan?
၃၁သင်သည် ခိမကြယ်စု၏သာယာစွာ ပြုပြင်ခြင်း ကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင် ခြင်းကို ဖြည်နိုင်သလော။
32 Voitko tuoda esiin eläinradan tähdet aikanansa ja johdattaa Seulaset lapsinensa?
၃၂မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ် ဘော်နိုင်သလော။ အာရှကြယ်နှင့်သူ၏သားတို့ကို ပဲ့ပြင် နိုင်သလော။
33 Tunnetko taivaan lait, tahi sinäkö säädät, miten se maata vallitsee?
၃၃မိုဃ်းကောင်းကင်တရားတို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည် အကြောင်း အခွင့်ပေးနိုင်သလော။
34 Taidatko korottaa äänesi pilviin ja saada vesitulvan peittämään itsesi?
၃၄များစွာသော မိုဃ်းရေသည် သင့်ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ်တို့ကို အသံလွှင့်နိုင်သလော။
35 Taidatko lähettää salamat menemään, niin että sanovat sinulle: 'Katso, tässä olemme'?
၃၅လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြ လိမ့်မည်လော။
36 Kuka on pannut viisautta pilvenlonkiin, tahi kuka antoi pilvenhattaroille ymmärrystä?
၃၆ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်း သနည်း။ နားလည်နိုင်သောဥာဏ်ကို အဘယ်သူပေး သနည်း။ ပညာရှိ၍ မိုဃ်းတိမ်တို့ကို အဘယ်သူရေတွက် နိုင်သနည်း။
37 Kuka on niin viisas, että laskee pilvien luvun, kuka kaataa tyhjiksi taivaan leilit,
၃၇မြေမှုန့်သည် လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ၊
38 kun multa on kuivunut kovaksi kuin valettu ja maakokkareet toisiinsa takeltuneet?"
၃၈မိုဃ်းကောင်းကင်၏ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။
39 "Sinäkö ajat saaliin naarasleijonalle ja tyydytät nuorten leijonain nälän,
၃၉သင်သည်ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။
40 kun ne kyyristyvät luolissansa ja ovat väijyksissä tiheikössä?
၄၀ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍၊ ချုံဖုတ် အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝစွာကျွေးနိုင်သလော။
41 Kuka hankkii ravinnon kaarneelle, kun sen poikaset huutavat Jumalan puoleen ja lentelevät sinne tänne ruokaa vailla?
၄၁ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။