< 2 Mooseksen 19 >
1 Kolmantena kuukautena siitä, kun israelilaiset olivat lähteneet Egyptin maasta, juuri samana kuukauden päivänä, he tulivat Siinain erämaahan.
၁ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ တတိယလ တရက်နေ့၌ သိနာတောသို့ ရောက်ကြ၏။
2 Sillä he olivat lähteneet Refidimistä, tulleet Siinain erämaahan ja leiriytyneet erämaahan; ja Israel oli siellä leirissä vuoren kohdalla.
၂ရေဖိဒိမ်အရပ်က ထွက်သွားပြီးမှ သိနာတောသို့ ရောက်၍၊ ထိုတော၌ တောင်ရှေ့မှာ တပ်ချကြ၏။
3 Ja Mooses nousi Jumalan tykö, ja Herra huusi häntä vuorelta ja sanoi: "Sano näin Jaakobin heimolle ja ilmoita israelilaisille:
၃မောရှေသည် ဘုရားသခင့်ထံတော်သို့ တက်သွားလျှင်၊ ထာဝရဘုရားသည် တောင်ပေါ်က ခေါ်တော်မူ၍၊ သင်သည် ယာကုပ်အမျိုး၊ ဣသရေလသားတို့အား ပြန်ပြောရသော အမိန့်တော်ဟူမူကား၊
4 'Te olette nähneet, mitä minä olen tehnyt egyptiläisille ja kuinka minä olen kantanut teitä kotkan siivillä ja tuonut teidät luokseni.
၄ငါသည် အဲဂုတ္တုလူတို့၌ ပြုသောအကြောင်း၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း၍ ကိုယ်ဘို့ သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။
5 Jos te nyt kuulette minun ääntäni ja pidätte minun liittoni, niin te olette minun omaisuuteni ennen kaikkia muita kansoja; sillä koko maa on minun.
၅ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှ သည် ငါ၏ဥစ္စာဖြစ်၏။
6 Ja te olette minulle pappisvaltakunta ja pyhä kansa.' Sano nämä sanat israelilaisille."
၆သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည် ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
7 Kun Mooses tuli takaisin, kutsui hän kokoon kansan vanhimmat ja puhui heille kaikki ne sanat, jotka Herra oli hänen käskenyt puhua.
၇မောရှေသည် ပြန်လာ၍ လူတို့တွင် အသက်ကြီးသူတို့ကို ခေါ်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူ သော စကားအလုံးစုံတို့ကို ပြန်ပြောလေ၏။
8 Niin koko kansa vastasi yhtenä miehenä ja sanoi: "Kaiken, mitä Herra on puhunut, me teemme". Ja Mooses vei kansan vastauksen Herralle.
၈လူအပေါင်းတို့ကလည်း ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီ တညွတ်တည်း ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ၏။
9 Niin Herra sanoi Moosekselle: "Katso, minä tulen sinun tykösi paksussa pilvessä, että kansa kuulisi, kun minä puhun sinun kanssasi, ja uskoisi myös sinua ainiaan". Ja Mooses ilmoitti Herralle kansan vastauksen.
၉ထာဝရဘုရားကလည်း ကြည့်ရှုလော့။ သင်နှင့်ငါပြောသောအခါ လူများတို့သည် ကြား၍ အစဉ်အမြဲ သင့်ကို ယုံမည်အကြောင်း၊ မိုဃ်းတိမ်တိုက်၌ သင့်ဆီသို့ ငါလာမည်ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ထာဝရဘုရား၏ စကားတော်ကို လူများတို့အား ပြန်ပြောလေ၏။
10 Niin Herra sanoi Moosekselle: "Mene kansan luo ja pyhitä heidät tänä päivänä ja huomenna, ja peskööt he vaatteensa.
၁၀ထာဝရဘုရားကလည်း လူတို့ရှိရာသို့ သွား၍၊ ယနေ့နှင့်နက်ဖြန်၌ သူတို့ကို သန့်ရှင်းစေလော့။ သူတို့အဝတ်ကို လျှော်စေ၍၊
11 Ja olkoot valmiit kolmanneksi päiväksi; sillä kolmantena päivänä Herra astuu koko kansan nähden alas Siinain vuorelle.
၁၁သုံးရက်မြောက်သောနေ့၌ အသင့်ရှိနေစေလော့။ အကြောင်းမူကား၊ သုံးရက်မြောက်သောနေ့၌ ထာဝရဘုရားသည် လူအပေါင်းတို့ရှေ့၊သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည်။
12 Ja merkitse raja kansalle yltympäri ja sano: 'Varokaa nousemasta vuorelle tahi koskettamasta sen juureen. Jokainen, joka vuoreen koskee, rangaistakoon kuolemalla.
၁၂လူတို့မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သင်တို့သည် တောင်ပေါ်သို့ မတက်၊ တောင်ခြေရင်းကို မထိရအောင် သတိပြုကြဟု ပြောလော့။ တောင်ကို ထိမိသောသူမည်သည်ကား၊ ဧကန်အမှန် အသေခံစေ။
13 Älköön kenenkään käsi häneen koskeko, vaan hänet kivitettäköön tahi ammuttakoon kuoliaaksi. Olipa eläin tai ihminen, ei se saa jäädä eloon.' Vasta kun pitkä torven puhallus kuuluu, he nouskoot vuorelle."
၁၃ထိုသူကို လက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရ ကြမည်ဟု မောရှေအား မိန့်တော်မူ၏။
14 Ja Mooses astui alas vuorelta kansan luo; ja hän pyhitti kansan, ja he pesivät vaatteensa.
၁၄မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ ဆင်းသက်၍၊ သူတို့ကို သန့်ရှင်းစေ၏။ သူတို့သည် မိမိအဝတ်များကို လျှော်ကြ၏။
15 Ja hän sanoi kansalle: "Olkaa kolmanneksi päiväksi valmiit; älköön kukaan ryhtykö naiseen".
၁၅မောရှေကလည်း၊ သုံးရက်မြောက်သောနေ့၌ အသင့်ရှိစေကြလော့။ မယားကို မချဉ်းကြနှင့်ဟု လူတို့အား ဆိုလေ၏။
16 Ja kolmantena päivänä, kun aamu oli tullut, alkoi jylistä ja salamoida, ja paksu pilvi laskeutui vuoren ylle, ja kuului ylen kova pasunan ääni, niin että koko kansa, joka oli leirissä, vapisi pelosta.
၁၆သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။
17 Silloin Mooses vei kansan leiristä Jumalaa vastaan, ja he asettuivat vuoren juurelle.
၁၇မောရှေသည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှာ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည် တောင်ခြေရင်းအောက်၌ ရပ်နေကြ၏။
18 Ja koko Siinain vuori peittyi savuun, kun Herra astui sille alas tulessa, ja siitä nousi savu niinkuin pätsin savu, ja koko vuori vapisi kovasti.
၁၈ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့ တက်၍ တတောင်လုံး ပြင်းစွာလှုပ်လေ၏။
19 Ja pasunan ääni koveni kovenemistaan. Mooses puhui, ja Jumala vastasi hänelle jylinällä.
၁၉တံပိုးမြည်သံသည် ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည် ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏။
20 Ja Herra astui alas Siinain vuorelle, vuoren kukkulalle, ja Herra kutsui Mooseksen vuoren kukkulalle; ja Mooses nousi sinne ylös.
၂၀ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူလျှင်၊ မောရှေသည် တက်လေ၏။
21 Niin Herra sanoi Moosekselle: "Astu alas ja varoita kansaa tunkeutumasta lähelle Herraa, häntä nähdäkseen, sillä silloin heistä monta kaatuu.
၂၁ထာဝရဘုရားကလည်း၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍ သတိပေးလော့။
22 Papitkin, jotka saavat lähestyä Herraa, pyhittäkööt itsensä, ettei Herra heitä tuhoaisi."
၂၂ထာဝရဘုရားထံသို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေရမည်။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအား မိန့်တော်မူ၏။
23 Mutta Mooses vastasi Herralle: "Kansa ei voi nousta Siinain vuorelle, sillä sinä olet varoittanut meitä ja sanonut: 'Merkitse raja vuoren ympäri ja pyhitä se'."
၂၃မောရှေကလည်း၊ လူတို့သည် သိနာတောင်သို့ မတက်နိုင်ကြပါ။ အကြောင်းမူကား၊ မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သန့်ရှင်းစေလော့ဟု မှာထားတော်မူပြီဟု ထာဝရဘုရားအား ပြန်လျှောက်လေ၏။
24 Niin Herra sanoi hänelle: "Astu alas ja tule taas ylös, sinä ja Aaron sinun kanssasi. Mutta papit ja kansa älkööt tunkeutuko ylös, Herraa lähelle, ettei hän heitä tuhoaisi."
၂၄ထာဝရဘုရားကလည်း၊ ဆင်းသွားလော့။ သင်နှင့်အာရုန်သာလျှင် တက်ရမည်။ ယဇ်ပုရောဟိတ်များ၊ လူများတို့သည် ထာဝရဘုရားထံသို့ တက်ခြင်းငှာ မကျော်မဝင်စေနှင့်။ သို့မဟုတ် သူတို့ကို ဒဏ်ခတ်တော်မူမည် ဟု မိန့်တော်မူ၏။
25 Ja Mooses astui alas kansan luo ja sanoi heille tämän.
၂၅မောရှေသည်လည်း လူများတို့ရှိရာသို့ ဆင်း၍ ကြားပြောလေ၏။