< 5 Mooseksen 7 >
1 "Kun Herra, sinun Jumalasi, vie sinut siihen maahan, jota menet ottamaan omaksesi, ja kun hän sinun tieltäsi karkoittaa suuret kansat, heettiläiset, girgasilaiset, amorilaiset, kanaanilaiset, perissiläiset, hivviläiset ja jebusilaiset, nuo seitsemän kansaa, jotka ovat sinua suuremmat ja väkevämmät,
၁သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင် သွား၍ ဝင်စားလတံ့သောပြည်သို့ သင့်ကို ဆောင်သွင်း လျက်၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ခါနာနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတည်းဟူသော၊ သင့်ထက်ကြီးမြင့် များပြားသော လူမျိုးခုနစ်မျိုးတို့ကို သင့်ထံက နှင်ထုတ်၍၊
2 ja kun Herra, sinun Jumalasi, antaa ne sinulle alttiiksi ja sinä voitat ne, niin vihi heidät tuhon omiksi; älä tee liittoa heidän kanssansa äläkä osoita heille armoa.
၂တဖန်သင့်လက်၌ အပ်တော်မူသောအခါ၊ သူတို့ ကို လုပ်ကြံ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းရမည်။ သူတို့နှင့် မိဿဟာယမဖွဲ့ရ၊ ကရုဏာကို မပြရ။
3 Älä lankoudu heidän kanssansa; älä anna tyttäriäsi heidän pojillensa äläkä ota heidän tyttäriänsä pojillesi vaimoiksi.
၃သူတို့နှင့် စုံဘက်ခြင်းကို မပြုရ။ သင်၏သမီးကို သူ၏သားနှင့်၎င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစားခြင်းကို မပြုရ။
4 Sillä he viettelevät sinun poikasi luopumaan minusta ja palvelemaan muita jumalia; ja silloin Herran viha syttyy teitä kohtaan, ja hän hävittää sinut nopeasti.
၄အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌ မဆည်းမကပ်စေဘဲ၊ အခြားတပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ခြင်း ဖျက်ဆီးတော်မူ လိမ့်မည်။
5 Vaan tehkää heille näin: kukistakaa heidän alttarinsa, murskatkaa heidän patsaansa, hakatkaa maahan heidän aserakarsikkonsa ja polttakaa tulessa heidän jumalankuvansa.
၅သို့ဖြစ်၍၊ သူတို့၌ အဘယ်သို့ပြုရမည်နည်း ဟူမူကား၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည်။ ရုပ်တု များကို ဖြိုချရမည်။ အာရှိရပင်များကို ခုတ်လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ရမည်။
6 Sillä sinä olet Herralle, Jumalallesi, pyhitetty kansa; Herra, sinun Jumalasi, on valinnut sinut omaisuuskansakseen ennen kaikkia muita kansoja, mitä maan päällä on.
၆အကြောင်းမူကား၊ သင်သည် သင်၏ ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုး ဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ဘုရား သခင် ထာဝရဘုရားပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင့်ကို ရွေးချယ်တော်မူပြီ။
7 Ei Herra sentähden ole mielistynyt teihin ja valinnut teitä, että olisitte lukuisammat kaikkia muita kansoja, sillä tehän olette kaikkia muita kansoja vähälukuisemmat,
၇သင်သည် အခြားသောလူမျိုးထက် သာ၍ များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကို ချစ်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်သည် အခြားသော လူမျိုးတကာတို့ထက် သာ၍နည်း၏။
8 vaan sen tähden, että Herra rakasti teitä ja tahtoi pitää valan, jonka hän oli vannonut teidän isillenne; niin Herra vei teidät pois väkevällä kädellä ja vapahti sinut orjuuden pesästä, faraon, Egyptin kuninkaan, käsistä.
၈ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့် ၎င်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိတ်ကို မဖျက်လိုသောကြောင့်၎င်း၊ ကျွန်ခံနေရာ အဲ ဂုတ္တုပြည်ကို အစိုးရသော ဖါရောဘုရင်လက်မှ အားကြီး သော လက်တော်နှင့် သင့်ကို ရွေးနှုတ်ဆောင်ယူခဲ့တော် မူပြီ။
9 Ja tiedä siis, että Herra, sinun Jumalasi, on Jumala, uskollinen Jumala, joka pitää liiton ja on laupias tuhansiin polviin asti niille, jotka häntä rakastavat ja pitävät hänen käskynsä,
၉သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား၊ သစ္စာစောင့်သောဘုရား၊ ကိုယ် တော်ကို ချစ်၍ ပညတ်တော်တို့ကို စောင့်ရှောက်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်း တိုင်အောင် ပဋိညာဉ်စကားတည်၍ ကရုဏာကို ပြသောဘုရား၊
10 mutta kostaa sille, joka häntä vihaa, ja hukuttaa hänet. Hän ei vitkastele, vaan kostaa sille, joka häntä vihaa.
၁၀ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်း ငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသော ဘုရားဖြစ်တော် မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသော သူတို့ကို အားမနာဘဲ၊ သူတို့မျက်မှောက်၌ အပြစ်ပေး တော်မူမည်။
11 Noudata siis niitä käskyjä, säädöksiä ja oikeuksia, jotka minä tänä päivänä sinulle annan, ja pidä ne.
၁၁သို့ဖြစ်၍ ယနေ့ငါထားသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရမည်။
12 Jos te tottelette näitä säädöksiä, noudatatte ja seuraatte niitä, niin Herra, sinun Jumalasi, pitää liittonsa ja on laupias sinulle, niinkuin hän valalla vannoen on sinun isillesi luvannut.
၁၂ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သော ငှာ နားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကို စောင့်တော်မူမည်။
13 Ja hän rakastaa sinua, siunaa sinua ja antaa sinun lisääntyä; hän siunaa sinun kohtusi hedelmän ja maasi hedelmän, siunaa sinun viljasi, viinisi ja öljysi, sinun raavaittesi vasikat ja lampaittesi karitsat siinä maassa, jonka hän isillesi vannotulla valalla on luvannut antaa sinulle.
၁၃သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး၍ များပြား စေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဘွားမြင်သော သားတို့ကို ၎င်း၊ သင်၏မြေ အသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီးပေး တော်မူမည်။
14 Siunattu olet sinä oleva yli kaikkien muitten kansojen. Hedelmätöntä miestä tai naista ei ole sinun keskuudessasi oleva, ei myöskään sinun karjassasi yhtään hedelmätöntä.
၁၄သင်သည် လူမျိုးတကာတို့ထက် သာ၍ ကောင်း ကြီးခံရသောသူ ဖြစ်၍၊ သင်၌မြုံသော ယောက်ျားမိန်းမ တယောက်မျှ၊ တိရစ္ဆာန်တွင်မြုံသော အထီးအမ တကောင်မျှမရှိရ။
15 Ja Herra on poistava sinusta kaikki sairaudet; ei ainoatakaan Egyptin kovista taudeista, jotka sinä tunnet, hän ole paneva sinun kärsittäväksesi, vaan hän antaa niiden tulla kaikkiin niihin, jotka sinua vihaavat.
၁၅ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှ တို့ကို သင့်ဆီက ပယ်ရှား၍၊ သင်သိသော အဲဂုတ္တုပြည်၏ အနာဆိုးကို သင်၌ စွဲစေတော်မမူ။ သင့်ကိုမုန်းသောသူ မပေါင်းတို့၌ စွဲစေတော်မူမည်။
16 Tuhoa kaikki kansat, jotka Herra, sinun Jumalasi, antaa sinulle; älä heitä sääli. Älä myöskään palvele heidän jumaliansa, sillä se tulee sinulle paulaksi.
၁၆သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၌ အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီး ရမည်။ သင်၏မျက်စိသည် သူတို့ကို မသနားရ။ သူတို့ ဘုရားအား ဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။-
17 Vaikka ajatteletkin sydämessäsi: 'Nämä kansat ovat minua suuremmat, kuinka minä voisin ne karkoittaa?'
၁၇ထိုလူမျိုးတို့သည် ငါ့ထက်သာ၍များ၏။ ငါသည် သူတို့ကို အဘယ်သို့ နှင်ထုတ်နိုင်မည်နည်းဟု သင်သည် စိတ်ထဲမှာ အောက်မေ့လျက်၊
18 niin älä kuitenkaan pelkää niitä; muista, mitä Herra, sinun Jumalasi, teki faraolle ja kaikille egyptiläisille,
၁၈သူတို့ကို မကြောက်ရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဖါရောဘုရင်နှင့် အဲဂုတ္တုပြည် တပြည်လုံး၌ ပြုတော်မူသော အမှုကို၎င်း၊
19 niitä suuria koettelemuksia, jotka sinä näit omin silmin, ja niitä tunnustekoja ja ihmeitä ja sitä väkevätä kättä ja ojennettua käsivartta, joilla Herra, sinun Jumalasi, vei sinut pois. Samoin on Herra, sinun Jumalasi, tekevä kaikille niille kansoille, joita sinä pelkäät.
၁၉ကိုယ်တိုင်မြင်၍ ကြီးစွာသော စုံစမ်းခြင်းတို့ကို ၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှုတ်ဆောင်သောအခါ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို၎င်း၊ အားကြီးသော လက်ရုံး တော်ကို ဆန့်တော်မူခြင်းကို၎င်း စေ့စေ့အောက်မေ့ ရမည်။ ထိုနည်းတူ၊ သင်ကြောက်တတ်သော လူမျိုး ရှိသမျှတို့၌ သင်၏ ဘုရားသခင် ထာဝရဘုရား ပြုတော်မူ မည်။
20 Niin, Herra, sinun Jumalasi, lähettää heidän kimppuunsa herhiläisiä, kunnes ne, jotka ovat jäljellä ja ovat sinulta piiloutuneet, ovat hävitetyt.
၂၀ထိုမှတပါး၊ ကျန်ကြွင်း၍ ပုန်းရှောင်လျက်နေ သော သူတို့သည် မပျက်စီးမှီတိုင်အောင်၊ သင်၏ ဘုရား သခင် ထာဝရဘုရားသည် ပျားတူများကို သူတို့တွင် စေလွှတ်တော်မူမည်။
21 Älä heitä säikähdy, sillä Herra, sinun Jumalasi, on sinun keskelläsi, suuri ja peljättävä Jumala.
၂၁သူတို့ကြောင့် ထိတ်လန့်ခြင်း မရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး၍ ကြောက်မက်ဘွယ်သော သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့တွင် ရှိတော် မူ၏။
22 Ja Herra, sinun Jumalasi, karkoittaa nämä kansat sinun tieltäsi vähitellen. Älä lopeta heitä yhtäkkiä, etteivät metsän pedot lisääntyisi sinun vahingoksesi.
၂၂သင်၏ ဘုရားသခင် ထာဝရဘုရားသည် ထိုလူ မျိုးတို့ကို သင့်ထံက တရွေ့ရွေ့နှင် ထုတ်တော်မူလိမ့်မည်။ တောသားရဲတို့သည် သင့်တဘက်၌ များပြားမည်ကို စိုးရိမ်၍၊ သူတို့ကို ချက်ခြင်းမပယ်မရှားသင့်။
23 Herra, sinun Jumalasi, antaa heidät sinulle alttiiksi ja saattaa heidät suureen hämminkiin, kunnes he tuhoutuvat,
၂၃သို့ရာတွင် သင်၏ ဘုရားသခင် ထာဝရဘုရား သည် သူတို့ကို သင်၌အပ်၍၊ သူတို့ မပျက်စီးမှီတိုင်အောင်၊ ကြီးစွာသော ပျက်စီးခြင်းကို စီရင်တော်မူမည်။
24 ja hän antaa heidän kuninkaansa sinun käsiisi, ja sinä hävität heidän nimensä taivaan alta. Ei kukaan kestä sinun edessäsi, vaan sinä tuhoat heidät.
၂၄သူတို့ရှင်ဘုရင်များကိုလည်း သင့်လက်၌ အပ်တော်မူသဖြင့်၊ သူတို့ဘွဲ့နာမကိုပင် ကောင်းကင် အောက်မှာ ပယ်ရှင်းရမည်။ သူတို့ကို မဖျက်ဆီးမှီ တိုင်အောင် သင့်ရှေ့ မှာ အဘယ်သူမျှ မရပ်မနေနိုင်ရာ။
25 Heidän jumaliensa kuvat polttakaa tulessa. Älä himoitse hopeata ja kultaa, joka niissä on, äläkä ota siitä itsellesi mitään, ettet joutuisi sen paulaan, sillä se on Herralle, sinun Jumalallesi, kauhistus.
၂၅သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ ရမည်။ ရုပ်တုဆင်းတု၌ ပါသော ရွှေငွေကို မတပ်မက်ရ၊ မသိမ်းမယူရ။ ယူလျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာ ရှိ၏။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ် ရွံရှာတော်မူ၏။
26 Äläkä vie sitä kauhistusta taloosi, ettet sinäkin samoin kuin se joutuisi vihittäväksi tuhon omaksi. Katso se inhottavaksi ja kauhistavaksi, sillä se on vihitty tuhon omaksi."
၂၆စက်ဆုပ်ရွံရှာဘွယ်သောအရာကို သင့်အိမ်ထဲသို့ မသွင်းရ။ သွင်းလျှင်၊ သင်သည် ထိုအရာကဲ့သို့ ကျိတ်အပ် သောအရာ ဖြစ်မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာ ကို သင်သည် အကြွင်းမဲ့ စက်ဆုပ်ရွံရှာရမည်။ ကျိန်အပ် သော အရာပင်ဖြစ်ပေ၏။