< Aamoksen 6 >
1 Voi suruttomia Siionissa, huolettomia Samarian vuorella, kansoista ensimmäisen ylimyksiä, joiden tykö Israelin heimo tulee!
၁ဇိအုန်မြို့၌သက်တောင့်သက်သာစွာဇိမ်ခံ နေကြသူတို့၊ ရှမာရိတောင်ပေါ်တွင်လုံလုံ ခြုံခြုံနှင့်စံမြန်းနေကြသူတို့၊ ပြည်သူ များကအသနားခံနေရသူတို့၊ လူမျိုး များထဲမှအထွတ်အမြတ်ဖြစ်သောဣသ ရေလလူမျိုးတော်တို့၊ သင်တို့သည်အရှက် တကွဲအကျိုးနည်းဖြစ်ရတော့မည်။-
2 Menkää Kalneen ja katsokaa, sieltä kulkekaa Suureen Hamatiin ja käykää filistealaisten Gatiin: ovatko ne paremmat kuin nämä valtakunnat, onko niiden alue suurempi kuin teidän alueenne?
၂ကာလနေမြို့သို့သွားပြီးရှုလော့။ ထိုမှ တစ်ဖန်ဟာမတ်မြို့သို့လည်းကောင်း၊ ဖိလိတ္တိ မြို့ဂါသသို့လည်းကောင်းသွားဦးလော့။ ထို နိုင်ငံများသည်ယုဒနှင့်ဣသရေလနိုင်ငံ တို့ထက်သာသလော။ သူတို့နယ်မြေသည် သင်တို့နယ်မြေထက်ပို၍ကျယ်သလော။-
3 Voi teitä, jotka lykkäätte kauas pahan päivän, mutta vedätte luoksenne väkivallan, valtaistuimelle istumaan;
၃ဆိုးယုတ်သောနေ့ကာလကျရောက်တော့မည် ကိုသင်တို့ဝန်မခံလိုကြ။ သင်တို့ပြုပုံသည် အကြမ်းဖက်မှုကိုသာအားပေးရာရောက် နေ၏။-
4 jotka makaatte norsunluusohvilla ja venytte leposijoillanne, syötte karitsoita laumasta ja vasikoita navetasta;
၄ဆင်စွယ်ကုတင်များ၌လဲလျောင်းနေကြ သူတို့၊ သိုးငယ်နွားငယ်တို့၏အသားနုကို စားပြီးဖဲမွေ့ရာပေါ်၌လျောင်းကာအကြော ဆန့်နေကြသူတို့၊ သင်တို့သည်အရှက်တကွဲ အကျိုးနည်းဖြစ်ရတော့မည်။-
5 jotka sepustatte lauluja harpulla säestäen ja sommittelette soittimia kuin mikäkin Daavid;
၅သင်တို့သည်ဒါဝိဒ်ကဲ့သို့သီချင်းများစပ် ဆိုပြီးစောင်းကောက်တီးကာသီဆိုလို ကြ၏။-
6 jotka juotte viiniä maljoista ja voitelette itsenne parhaalla öljyllä, mutta ette murehdi Joosefin sortumista!
၆စပျစ်ရည်ကိုဖလားလိုက်သောက်၍အကောင်း ဆုံးဆီမွှေးကိုလိမ်းကာဖြင့်နေကြ၏။ ဣသ ရေလနိုင်ငံယိုယွင်းနေခြင်းကိုမူမကြေ ကွဲဘဲနေရက်ကြပြီတကား။-
7 Sentähden heidän nyt täytyy mennä pakkosiirtolaisuuteen pakkosiirtolaisten etunenässä. Silloin lakkaavat venyjäin ilohuudot.
၇သို့ဖြစ်သောကြောင့်ပြည်နှင်ခံရသူများအနက် သင်တို့သည်အဦးဆုံးဖြစ်လိမ့်မည်။ ဤသို့ဖြင့် သင်တို့ဘာသာရေးပွဲများနှင့် စားတော်ပွဲများ သည်နိဂုံးချုပ်ရလိမ့်မည်။
8 Herra, Herra on vannonut itse kauttansa, sanoo Herra, Jumala Sebaot: Jaakobin ylpeys on minulle kauhistus, minä vihaan hänen palatsejansa, ja minä jätän alttiiksi kaupungin kaikkinensa.
၈ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင်က``ဣသရေလ၏မာနကိုငါရွံရှာ ၏။ သူတို့စည်းစိမ်ခံရာအိမ်ကြီးများကို လည်းငါစက်ဆုတ်၏။ သူတို့မြို့တော်နှင့်မြို့ တွင်းရှိအရာအားလုံးကို ရန်သူ့လက်သို့ ငါပေးအပ်လိုက်မည်'' ဟုအရှင်ထာဝရ ဘုရားအလေးအနက်ကျိန်ဆိုသတိ ပေးတော်မူပြီ။
9 Ja jos silloin kymmenen miestä jää jäljelle yhteen taloon, niin he kuolevat.
၉အိမ်ထောင်တစ်အိမ်ထောင်တွင်လူဆယ်ယောက် ကျန်ရစ်နေလျှင်လည်း ယင်းတို့အားလုံး သေရလိမ့်မည်။-
10 Ja jos kuolleen korjaa hänen omaisensa ja polttajansa, viedäkseen luut pois talosta, ja jos hän kysyy joltakin, joka on talon perimmäisessä sopessa: "Onko sinun tykönäsi vielä ketään?" niin tämä vastaa: "Ei ole", ja toinen sanoo: "Hiljaa!" -sillä Herran nimeä ei saa mainita.
၁၀သေလွန်သူတစ်ဦး၏ဆွေမျိုးတစ်ယောက်က သေလွန်သွားသူ၏အလောင်းကိုမီးသတ်ရန် ရောက်လာ၍ အိမ်အတွင်းထဲ၌ရှိနေသူတစ် ယောက်အား``မည်သူများကျန်ပါသေး သနည်း'' ဟုမေးလိုက်သော်၊ ``မည်သူမျှမကျန်တော့ပါ'' ဟူသော အဖြေကိုသာကြားရလိမ့်မည်။ ယင်းနောက်ထိုသူကပင်``တိတ်လော့၊ ထာဝရ ဘုရား၏နာမတော်ကိုမျှမဆိုမိရန် ငါ တို့သတိထားရမည်'' ဟုဆိုလိမ့်မည်။
11 Sillä katso, Herra antaa käskyn, ja hän lyö suuren talon kappaleiksi ja pienen talon pirstaleiksi.
၁၁ထာဝရဘုရား၏အမိန့်တော်ကြောင့်အိမ် ရာကြီးငယ်တို့သည် အစိတ်စိတ်အမြွှာ မြွှာပြိုကွဲပျက်စီးသွားရလိမ့်မည်။-
12 Juoksevatko hevoset kallionseinää, kynnetäänkö sitä härjillä? Sillä te muutatte oikeuden myrkyksi ja vanhurskauden hedelmän koiruohoksi,
၁၂မြင်းဟူသည်ကျောက်ဆောင်ပေါ်၌ပြေးလေ့ ရှိသလော။ လူသည်နွားဖြင့်လယ်ပြင်ကိုထွန် ယက်လေ့ရှိသလော။ သို့ပါလျက်သင်တို့ သည်တရားမျှတရေးကိုအဆိပ်အဖြစ် သို့လည်းကောင်း၊ အမှန်ကိုအမှားအဖြစ် သို့လည်းကောင်းမှောက်လှန်ခဲ့လေပြီ။
13 te, jotka iloitsette Loodabarista ja jotka sanotte: "Emmekö omalla voimallamme valloittaneet Karnaimia?"
၁၃သင်တို့က လောဒေဗာမြို့ကိုသိမ်းပိုက်နိုင်ခဲ့ ကြောင်းကိုဝါကြွားလို၏။ သင်တို့သည်အလ ဟသဝါကြွားလို၏။ ``ငါတို့အင်အားဖြင့် ကာနိမ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီ'' ဟူ၍လည်း ဆိုကြ၏။
14 Sillä katso, minä nostatan teitä vastaan, te Israelin heimo, sanoo Herra, Jumala Sebaot, kansan, joka on ahdistava teitä siitä asti, mistä mennään Hamatiin, hamaan Pajupuroon saakka.
၁၄``အို ဣသရေလပြည်သားတို့၊ ငါသည်တိုင်း တစ်ပါးမှတပ်တစ်တပ်ကိုစေလွှတ်၍ သင်တို့ နိုင်ငံကိုသိမ်းပိုက်စေမည်။ ထိုရန်သူသည် မြောက်ဘက်ရှိဟာမတ်လမ်းဝမှစ၍ တောင် ဘက်၌ရှိသောအာရဗာချိုင့်သို့ဝင်သော ချောင်းတိုင်အောင် သင်တို့လူမျိုးကိုဖိနှိပ် ချုပ်ချယ်လိမ့်မည်'' ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူ၏။