< 2 Aikakirja 29 >
1 Hiskia tuli kuninkaaksi kahdenkymmenen viiden vuoden vanhana, ja hän hallitsi Jerusalemissa kaksikymmentä yhdeksän vuotta. Hänen äitinsä oli nimeltään Abia, Sakarjan tytär.
၁ဟေဇကိ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ နှစ်ဆယ် ကိုး နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ဇာခရိ သမီး အာဘိ အမည် ရှိ၏။
2 Hän teki sitä, mikä on oikein Herran silmissä, aivan niinkuin hänen isänsä Daavid oli tehnyt.
၂ထိုမင်း သည် အဘ ဒါဝိဒ် ကျင့် သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၏။
3 Ensimmäisenä hallitusvuotenansa, sen ensimmäisessä kuussa, hän avasi Herran temppelin ovet ja korjasi ne.
၃နန်းစံ ပဌမ နှစ် ၊ ပဌမ လ တွင် ဗိမာန် တော်တံခါး တို့ကို ဖွင့် ၍ ပြုပြင် တော်မူ၏။
4 Sitten hän tuotti papit ja leeviläiset ja kokosi ne idässäpäin olevalle aukealle.
၄ယဇ်ပုရောဟိတ် လေဝိ သားတို့ကို ခေါ် ၍ ၊ အရှေ့ လမ်း မှာ စုဝေး စေလျက်၊
5 Ja hän sanoi heille: "Kuulkaa minua, te leeviläiset! Pyhittäytykää nyt ja pyhittäkää Herran, isienne Jumalan, temppeli ja toimittakaa saastaisuus pois pyhäköstä.
၅အိုလေဝိ သားတို့၊ နားထောင် ကြလော့။ ကိုယ်ကို၎င်း၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို၎င်း သန့်ရှင်း စေ၍၊ သန့်ရှင်း ရာဌာနထဲက အမှိုက် ကို သုတ်သင် ပယ်ရှင်းကြလော့။
6 Sillä meidän isämme ovat olleet uskottomia ja tehneet sitä, mikä on pahaa Herran, meidän Jumalamme, silmissä, ja hyljänneet hänet. He käänsivät kasvonsa pois Herran asumuksesta ja käänsivät sille selkänsä.
၆ငါ တို့အဘ များသည် ပြစ်မှား ၍ ၊ ငါ တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ကြပြီ။ ထာဝရဘုရား ကိုစွန့် ၍ ၊ ကျိန်းဝပ် တော်မူရာအရပ်မှ မျက်နှာ လွှဲ လျက် ကျောခိုင်း ကြပြီတကား။
7 He myöskin sulkivat eteisen ovet, sammuttivat lamput, eivät polttaneet suitsuketta eivätkä uhranneet polttouhreja pyhäkössä Israelin Jumalalle.
၇ဗိမာန် တော်ဦးတံခါး တို့ကို ပိတ် လျက် ၊ မီးခွက် တို့ကိုသတ် လျက် ၊ သန့်ရှင်း ရာဌာန၌ ဣသရေလ အမျိုး၏ ဘုရားသခင် အား နံ့သာပေါင်း ကို မီး မ ရှို့။ မီးရှို့ ရာယဇ်ကို မ ပူဇော်ဘဲနေ ကြပြီ။
8 Sentähden Herran viha on kohdannut Juudaa ja Jerusalemia, ja hän on tehnyt heidät kauhuksi, hämmästykseksi ja pilkaksi, niinkuin te omin silmin näette.
၈ထိုကြောင့် ထာဝရဘုရား သည် ယုဒ ပြည် ယေရုရှလင် မြို့ကို အမျက် တော်ထွက် ၍ ၊ သင် တို့မြင် သည် အတိုင်း ဆင်းရဲ ခံခြင်း၊ မိန်းမော တွေဝေခြင်း၊ ကဲရဲ့ သံကို ကြားခြင်း အမှု၌ အပ် တော်မူပြီ။
9 Katso, meidän isämme ovat kaatuneet miekkaan, ja meidän poikamme, tyttäremme ja vaimomme ovat joutuneet vankeuteen tästä syystä.
၉သို့ဖြစ်၍ ၊ ငါ တို့အဘ များသည် ထား ဖြင့် လဲ သေကြပြီ။ သား သမီး ၊ မယား တို့သည် သိမ်းသွား ခြင်းကိုခံရကြပြီ။
10 Nyt minä aion tehdä liiton Herran, Israelin Jumalan, kanssa, että hänen vihansa hehku kääntyisi meistä pois.
၁၀ယခု မူကား၊ ပြင်းစွာ သောအမျက် တော်သည် ငါ တို့မှ လွှဲ သွားမည်အကြောင်း ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား နှင့် ပဋိညာဉ် ဖွဲ့ မည်ဟု ငါ အကြံ ရှိ၏။
11 Älkää siis, lapseni, olko leväperäisiä, sillä teidät Herra on valinnut seisomaan hänen edessänsä ja palvelemaan häntä, olemaan hänen palvelijansa ja suitsuttamaan hänelle."
၁၁ငါ့ သား တို့၊ မ ဖင့်နွှဲ ကြနှင့်။ ထာဝရဘုရား ရှေ့ တော်၌ ရပ် ၍ ဝတ်ပြုခြင်း၊ အမှု တော်ကို စောင့်ခြင်း၊ နံ့သာပေါင်း ကို မီးရှို့ခြင်းအမှု ကို ပြုစေခြင်းငှါ ၊ သင် တို့ကို ရွေး ထားတော်မူပြီဟု မိန့်တော်မူလျှင်၊
12 Silloin nousivat leeviläiset: Mahat, Amasain poika, ja Jooel, Asarjan poika, Kehatin jälkeläisistä; Merarin jälkeläisistä Kiis, Abdin poika, ja Asarja, Jehallelelin poika; geersonilaisista Jooah, Simman poika, ja Eeden, Jooahin poika;
၁၂လေဝိ အမျိုး၊ ကောဟတ် အနွှယ် ၊ အာမသဲ သား မာဟတ် ၊ အာဇရိ သား ယောလ ၊ မေရာရိ အနွယ် အာဗဒိ သား ကိရှ ၊ ယေဟလေလ သား အာဇရိ ၊ ဂေရရှုံ အနွယ် ဇိမ္မ သား ယောအာ ၊ ယောအာ သား ဧဒင်၊
13 Elisafanin jälkeläisistä Simri ja Jegiel; Aasafin jälkeläisistä Sakarja ja Mattanja;
၁၃ဧလိဇဖန် အမျိုးသား ရှိမရိ နှင့် ယေယေလ ၊ အာသပ် အမျိုးသား ဇာခရိ နှင့် မတ္တနိ၊
14 Heemanin jälkeläisistä Jehiel ja Siimei; ja Jedutunin jälkeläisistä Semaja ja Ussiel.
၁၄ဟေမန် အမျိုးသား ယေဟေလ နှင့် ရှိမိ ၊ ယေဒုသုန် အမျိုးသား ရှေမာယ နှင့် ဩဇေလ တို့သည်၊
15 Nämä kokosivat veljensä, pyhittäytyivät ja menivät, niinkuin kuningas oli Herran sanan mukaan käskenyt, puhdistamaan Herran temppeliä.
၁၅အမျိုးသား ချင်းတို့ကို ခေါ် ၍ ၊ ကိုယ်ကို သန့်ရှင်း စေပြီးမှ ၊ ထာဝရဘုရား အမိန့် တော်နှင့်အညီ ရှင်ဘုရင် စီရင် သည်အတိုင်း ၊ ဗိမာန် တော်ကို သန့်ရှင်း စေခြင်းငှါ လာ ကြ၏။
16 Mutta papit menivät sisälle Herran temppeliin puhdistamaan sitä, ja kaiken saastaisuuden, minkä löysivät Herran temppelistä, he veivät Herran temppelin esipihalle; sieltä leeviläiset ottivat sen ja veivät sen ulos Kidronin laaksoon.
၁၆ယဇ် ပုရောဟိတ်တို့သည် ဗိမာန် တော်ကို သန့်ရှင်း စေခြင်းငှါ ၊ အတွင်း ခန်းထဲသို့ ဝင် ၍ ၊ တွေ့ သမျှ သော အမှိုက် ကို တန်တိုင်း သို့ ထုတ် ပြီးလျှင် ၊ လေဝိ သားတို့သည် ကေဒြုန် ချောင်း သို့ ယူ သွားကြ၏။
17 He alkoivat pyhittämisen ensimmäisen kuun ensimmäisenä päivänä, ja kuukauden kahdeksantena päivänä he olivat ehtineet Herran eteiseen, ja he pyhittivät Herran temppeliä kahdeksan päivää; ensimmäisen kuun kuudentenatoista päivänä he lopettivat työnsä.
၁၇ပဌမ လ တရက် နေ့တွင် သန့်ရှင်း စ ပြု၍ ၊ ရှစ် ရက် နေ့တွင် ဗိမာန် တော်ဦးသို့ ရောက် ကြ၏။ ထိုနောက် ရှစ် ရက် ပတ်လုံး၊ ဗိမာန် တော်ကို သန့်ရှင်း စေ၍ ပဌမ လ တဆယ် ခြောက် ရက် နေ့တွင် လက်စသတ် ကြ၏။
18 Silloin he menivät sisälle kuningas Hiskian tykö ja sanoivat: "Me olemme puhdistaneet koko Herran temppelin, polttouhrialttarin ja kaikki sen kalut ja näkyleipäpöydän ja kaikki sen kalut.
၁၈ထိုအခါ ဟေဇကိ မင်းကြီး ထံသို့ ဝင် ၍ ၊ အကျွန်ုပ် တို့သည် ဗိမာန် တော်တ ဆောင်လုံး၊ မီးရှို့ ရာယဇ်ပလ္လင် နှင့် တန်ဆာ ရှိသမျှ ၊ ရှေ့ တော်မုန့်တင်သော စားပွဲ နှင့် တန်ဆာ ရှိသမျှ တို့ကို သန့်ရှင်း စေပါပြီ။
19 Kaikki kalut, jotka kuningas Aahas hallitusaikanansa uskottomuudessaan saastutti, me olemme panneet kuntoon ja pyhittäneet, ja katso, ne ovat Herran alttarin edessä."
၁၉ထိုမှတပါး ၊ အာခတ် မင်းကြီး လက်ထက် အဓမ္မ ပြု၍ ပစ် ထားသော တန်ဆာ ရှိသမျှ တို့ကို အကျွန်ုပ်တို့ သည် ပြင်ဆင် ၍ သန့်ရှင်း စေသဖြင့်၊ ထာဝရဘုရား ၏ ယဇ်ပလ္လင် တော်ရှေ့ မှာ တင်ထားပါပြီဟု လျှောက်ဆို ကြ ၏။
20 Kuningas Hiskia kokosi varhain aamulla kaupungin päämiehet ja meni Herran temppeliin.
၂၀ထိုအခါ ဟေဇကိ မင်းကြီး သည် စောစော ထ၍ ၊ မြို့ သူကြီး တို့ကို စုဝေး စေပြီးလျှင် ၊ ဗိမာန် တော်သို့ တက် သွား၏။
21 Ja he toivat seitsemän härkää, seitsemän oinasta ja seitsemän karitsaa sekä seitsemän kaurista syntiuhriksi valtakunnan puolesta, pyhäkön puolesta ja Juudan puolesta. Ja hän käski pappi Aaronin poikien, pappien, uhrata ne Herran alttarilla.
၂၁နန်းတော် အပြစ် ၊ သန့်ရှင်း ရာဌာနတော်အပြစ်၊ ယုဒ ပြည်အပြစ်ဖြေရာ ယဇ်ပူဇော်စရာဘို့ နွား ခုနစ် ကောင်၊ သိုး ခုနစ် ကောင်၊ သိုးသငယ် ခုနစ် ကောင်၊ ဆိတ် ခုနစ် ကောင်တို့ကို ဆောင် ခဲ့ကြ၏။ အာရုန် သား ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် စေခြင်းငှါ မိန့် တော်မူသည်အတိုင်း၊
22 Sitten he teurastivat raavaat, ja papit ottivat veren ja vihmoivat sen alttarille; ja he teurastivat oinaat ja vihmoivat veren alttarille; sitten he teurastivat karitsat ja vihmoivat veren alttarille.
၂၂နွား တို့ကိုသတ် ၍ ယဇ် ပုရောဟိတ်တို့သည် အသွေး ကိုခံ လျက် ၊ ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ကြ၏။ သိုး တို့ကိုလည်း သတ် ၍ ၊ အသွေး ကို ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ကြ၏။ သိုးသငယ် တို့ကိုလည်း သတ် ၍ အသွေး ကို ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ကြ၏။
23 Senjälkeen he toivat syntiuhrikauriit kuninkaan ja seurakunnan eteen, ja nämä laskivat kätensä niiden päälle.
၂၃အပြစ် ဖြေရာယဇ်ပူဇော်စရာဘို့ ဆိတ် တို့ကိုလည်း ရှင်ဘုရင် ရှေ့ ၊ ပရိသတ် ရှေ့သို့ထုတ် ၍ ၊ မိမိ တို့ လက် ကိုတင် ပြီးမှ၊
24 Ja papit teurastivat ne ja uhrasivat niiden veren syntiuhrina alttarilla, toimittaen koko Israelille sovituksen; sillä kuningas oli käskenyt uhrata polttouhrin ja syntiuhrin koko Israelin puolesta.
၂၄ယဇ် ပုရောဟိတ်တို့သည် သတ် ၍ ၊ ဣသရေလ အမျိုးသားအပေါင်း တို့၏ အပြစ် ကိုပြေစေခြင်းငှါ ၊ ယဇ် ပလ္လင် ပေါ် မှာ အသွေး အားဖြင့်အပြစ်ဖြေခြင်း မင်္ဂလာကို ပြုကြ၏။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်ကို ဣသရေလ အမျိုးသားအပေါင်း တို့အဘို့ ပူဇော်မည် အကြောင်း၊ ရှင်ဘုရင် အမိန့် တော်ရှိပြီ။
25 Ja hän asetti leeviläiset Herran temppeliin, kymbaalit, harput ja kanteleet käsissä, niinkuin Daavid ja kuninkaan näkijä Gaad ja profeetta Naatan olivat käskeneet; sillä käsky oli Herran antama hänen profeettainsa kautta.
၂၅ဒါဝိဒ် မင်းကြီး နှင့် သူ၏ပရောဖက် ဂဒ် ၊ ပရောဖက် နာသန် တို့ စီရင် သည်အတိုင်း ခွက်ကွင်း ၊ စောင်း ၊ တယော နှင့် တီးမှုတ်သော လေဝိ သားတို့ကို၊ ဗိမာန် တော်၌ ခန့်ထား တော်မူ၏။ ထိုသို့ထာဝရဘုရား သည် ပရောဖက် တို့အားဖြင့် စီရင် တော်မူသတည်း။
26 Niin leeviläiset seisoivat siinä, Daavidin soittimet käsissä, ja papit, torvet käsissä.
၂၆သို့ဖြစ်၍ လေဝိ သားတို့သည် ဒါဝိဒ် စီရင်သော တုရိယာ မျိုးများကို၎င်း ၊ ယဇ် ပုရောဟိတ်တို့သည် တံပိုး များကို၎င်း ကိုင်လျက် ရှိ ကြ၏။
27 Ja Hiskia käski uhrata alttarilla polttouhrin; ja kun uhraaminen alkoi, alkoi myöskin Herran veisu ja torvien soitto Daavidin, Israelin kuninkaan, soittimien johtaessa.
၂၇ဟေဇကိ သည် ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ ရာယဇ် ကို ပူဇော် စေခြင်းငှါ ၊ အမိန့် တော်ရှိ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ၊ တံပိုး များနှင့် ဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သော တုရိယာ မျိုးများကို တီးမှုတ်လျက်၊ ထာဝရ ဘုရားအား သီချင်း ကို ဆိုစ ပြုကြ၏။
28 Koko seurakunta kumartaen rukoili, veisu kaikui, ja torvet soivat-kaikkea tätä kesti, kunnes polttouhri oli uhrattu.
၂၈မီးရှို့ ရာယဇ်ပူဇော်ခြင်းအမှု လက်စ မ သတ်မှီ တိုင်အောင် ပရိသတ် အပေါင်း တို့သည် ကိုးကွယ် လျက် ၊ သီချင်း ဆို လျက် ၊ တံပိုး မှုတ် လျက် နေကြ၏။
29 Kun uhraaminen oli päättynyt, polvistuivat kuningas ja kaikki, jotka olivat hänen kanssaan saapuvilla, kumartaen rukoilemaan.
၂၉လက်စသတ် ပြီးမှ ၊ ရှင်ဘုရင် နှင့် စည်းဝေး သော သူအပေါင်း တို့သည် ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
30 Ja kuningas Hiskia ja päämiehet käskivät leeviläisten ylistää Herraa Daavidin ja näkijä Aasafin sanoilla; ja nämä ylistivät häntä iloiten, polvistuivat ja kumartaen rukoilivat.
၃၀တဖန် ဟေဇကိ မင်းကြီး နှင့် မှူးမတ် တို့သည် စီရင် ၍၊ လေဝိ သားတို့သည် ဒါဝိဒ် စကား ၊ ပရောဖက် အာသပ် စကားအားဖြင့် ၊ ထာဝရဘုရား အား ထောမနာ သီချင်းဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက်၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
31 Sitten Hiskia lausui ja sanoi: "Nyt te olette tuoneet täysin käsin lahjoja Herralle; astukaa esille ja tuokaa teurasuhreja ja kiitosuhreja Herran temppeliin". Silloin seurakunta toi teurasuhreja ja kiitosuhreja, ja jokainen, jonka sydän häntä siihen vaati, myöskin polttouhreja.
၃၁ထိုနောက် ဟေဇကိ က၊ သင် တို့သည် ယခု ထာဝရဘုရား အား ကိုယ်ကို ပူဇော်ကြပြီ။ ဗိမာန် တော်သို့ ချဉ်းကပ် ၍ ၊ ယဇ် မျိုးများနှင့် ကျေးဇူး တော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင် ခဲ့ကြလော့ဟု ပြန် ၍ မိန့် တော်မူသည် အတိုင်း၊ စည်းဝေး သောသူတို့သည် ယဇ် မျိုးများနှင့် ကျေးဇူး တော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင် ခဲ့ကြ ၏။ စေတနာရှိသမျှသောသူတို့ သည် မီးရှို့ရာယဇ်တို့ကို ဆောင်ခဲ့ကြ၏။
32 Ja seurakunnan tuomien polttouhrien lukumäärä oli seitsemänkymmentä raavasta, sata oinasta ja kaksisataa karitsaa, nämä kaikki polttouhriksi Herralle.
၃၂စည်းဝေး သောသူတို့သည် ထာဝရဘုရား အား မီးရှို့ ရာ ယဇ်ပူဇော်စရာဘို့ ဆောင် ခဲ့သော ယဇ် ပေါင်း ကား၊ နွား ခုနစ် ဆယ်၊ သိုး တရာ ၊ သိုးသငယ် နှစ် ရာတည်း။
33 Ja pyhiä lahjoja oli kuusisataa raavasta ja kolmetuhatta lammasta.
၃၃ပူဇော်သောဥစ္စာပေါင်းကား၊ နွား ခြောက် ရာ ၊ သိုး သုံး ထောင် တည်း၊
34 Mutta pappeja oli niin vähän, etteivät he voineet nylkeä kaikkia polttouhriteuraita; sentähden heidän veljensä leeviläiset auttoivat heitä, kunnes tämä työ oli suoritettu ja kunnes papit olivat pyhittäytyneet, sillä leeviläiset pyrkivät vilpittömämmin kuin papit pyhittäytymään.
၃၄ယဇ် ပုရောဟိတ်တို့သည် နည်း သောကြောင့် ၊ မီးရှို့ ရာယဇ်ကောင်ရှိသမျှ ကို မ သတ် နိုင် သည်ဖြစ်၍ ၊ အခြားသော ယဇ် ပုရောဟိတ်တို့သည် ကိုယ်ကိုမ သန့်ရှင်း စေမှီ၊ အမှု တော်လက်စ မ သတ်မှီတိုင်အောင်၊ ညီအစ်ကို လေဝိ သားတို့သည် ထောက်မ ကြ၏။ ကိုယ်ကိုသန့်ရှင်း စေခြင်းငှါ ၊ ယဇ် ပုရောဟိတ်များထက် လေဝိ သားတို့သည် သာ၍စိတ် သဘောဖြောင့် ကြ၏။
35 Myöskin polttouhreja oli paljon ynnä yhteysuhrirasvoja ja polttouhriin kuuluvia juomauhreja.
၃၅မီးရှို့ ရာယဇ်များ တို့နှင့် ၊ မီးရှို့ ရာယဇ်အသီးသီးဆိုင် သောမိဿဟာယ ယဇ်ဆီဥ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာအများရှိကြ၏။ ထိုသို့ ဗိမာန် တော်ဝတ်ပြု ခြင်းကို စီရင် သတည်း။
36 Näin järjestettiin palvelus Herran temppelissä. Ja Hiskia ja kaikki kansa iloitsivat siitä, mitä Jumala oli kansalle valmistanut, sillä se oli tapahtunut äkisti.
၃၆ထိုအမှု လျင်မြန် သော်လည်း ၊ ဘုရားသခင် သည် လူ များကို ပြင်ဆင် တော်မူသောကြောင့် ၊ ဟေဇကိ နှင့် လူ အပေါင်း တို့သည် ဝမ်းမြောက် အားရကြ၏။