< 1 Samuelin 10 >
1 Silloin Samuel otti öljyastian, vuodatti öljyä hänen päähänsä, suuteli häntä ja sanoi: "Katso, Herra on voidellut sinut perintöosansa ruhtinaaksi.
၁ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-
2 Kun sinä tänä päivänä lähdet minun luotani, kohtaat sinä Raakelin haudan luona Selsahissa Benjaminin rajalla kaksi miestä; ne sanovat sinulle: 'Aasintammat, joita olet lähtenyt etsimään, ovat löytyneet; katso, isäsi on heittänyt mielestään aasintammat, kun on levoton teidän tähtenne ja sanoo: Mitä minä voisin tehdä poikani avuksi?'
၂ယနေ့ငါ့ထံမှထွက်ခွာသွားသောအခါ သင်သည်ဗင်္ယာမိန်နယ်၊ ဇေလဇမြို့ရှိရာ ခေလ၏သင်္ချိုင်းအနီးတွင်လူနှစ်ယောက် ကိုတွေ့လိမ့်မည်။ သူတို့ကသင်လိုက်လံရှာ ဖွေနေသောမြည်းတို့ကိုပြန်လည်တွေ့ရှိပြီ ဖြစ်၍ သင့်အဖသည်မြည်းများအတွက် စိုးရိမ်ပူပန်မှုမရှိတော့ဘဲသင်၏အတွက် သာလျှင် စိုးရိမ်ပူပန်လျက်နေကြောင်းကို လည်းကောင်း`ငါ့သားအတွက်အဘယ်သို့ ငါပြုရပါမည်နည်း' ဟုမြည်တမ်းလျက် နေကြောင်းကိုလည်းကောင်းသင့်အားပြော ကြားကြလိမ့်မည်။-
3 Ja kun menet siitä edemmäksi ja tulet Taaborin tammelle, tulee siellä sinua vastaan kolme miestä menossa Jumalan eteen Beeteliin. Yksi kantaa kolmea vohlaa, toinen kantaa kolmea leipäkakkua, ja kolmas kantaa viinileiliä.
၃သင်သည်ထိုအရပ်မှနေ၍တာဗော်လွင်ပြင် ရှိ မြတ်သည့်ဝက်သစ်ချပင်သို့ရောက်သည်တိုင် အောင်သွားရမည်။ ထိုနေရာတွင်လူသုံးယောက် ကိုတွေ့လိမ့်မည်။ သူတို့သည်ဗေသလမြို့တွင် ဘုရားသခင်အားယဇ်ပူဇော်ရန်သွားကြ သူများဖြစ်၏။ သူတို့အနက်တစ်ယောက် သည်ဆိတ်သုံးကောင်ကိုဆွဲလျက်တစ်ယောက် ကမုန့်သုံးလုံးကိုကိုင်လျက်၊ အခြားတစ် ယောက်ကစပျစ်ရည်အပြည့်ပါသောသား ရေဘူးကိုဆောင်လျက်လာလိမ့်မည်။-
4 Ne tervehtivät sinua ja antavat sinulle kaksi leipää; ota ne heiltä.
၄သူတို့သည်သင့်အားနှုတ်ခွန်းဆက်ပြီးလျှင် မုန့်နှစ်လုံးကိုပေးလိမ့်မည်။ ထိုမုန့်တို့ကို သင်သည်လက်ခံရမည်။-
5 Senjälkeen sinä tulet Jumalan Gibeaan, jossa filistealaisten maaherrat ovat. Ja tullessasi sinne kaupunkiin sinä kohtaat joukon profeettoja, jotka tulevat alas uhrikukkulalta hurmoksissaan, harppu, vaskirumpu, huilu ja kannel edellänsä.
၅ထိုနောက်သင်သည်ဖိလိတ္တိအမျိုးသားတို့၏ တပ်စခန်းချရာ ဂိဗာမြို့ရှိဘုရားသခင် ၏တောင်တော်သို့သွားရောက်ရမည်။ ဂိဗာမြို့ အဝင်ဝ၌သင်သည်စောင်းကြီး၊ စောင်းငယ်၊ ပတ်သာ၊ ပြွေတို့ကိုတီးမှုတ်လျက်တောင်ပေါ် ရှိယဇ်ပလ္လင်မှလာကြသောပရောဖက်တစ်စု ကိုတွေ့လိမ့်မည်။ သူတို့သည်ကခုန်ဟစ်အော် ၍နေကြလိမ့်မည်။-
6 Ja Herran henki tulee sinuun, ja sinäkin joudut hurmoksiin niinkuin hekin; ja sinä muutut toiseksi mieheksi.
၆ထိုအခါထာဝရဘုရား၏ဝိညာဉ်တော်သည် သင်၏အပေါ်သို့သက်ရောက်သဖြင့် သင်သည် ထိုသူတို့နှင့်အတူပါဝင်ကခုန်အော်ဟစ် ကာခြားနားသောသူဖြစ်၍သွားလိမ့်မည်။-
7 Ja kun nämä ennusmerkit käyvät toteen, niin tee, mikä tehtäväksesi tulee, sillä Jumala on sinun kanssasi.
၇ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင့်အားဘုရားသခင်လမ်းပြတော်မူသည့် အတိုင်းပြုလော့။-
8 Mene sitten minun edelläni Gilgaliin, niin minä tulen sinne sinun luoksesi uhraamaan polttouhreja ja yhteysuhreja; odota seitsemän päivää, kunnes minä tulen sinun luoksesi ja ilmoitan sinulle, mitä sinun on tehtävä."
၈သင်သည်ငါ၏အလျင်ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်ထိုမြို့တွင်သင်နှင့်တွေ့ ဆုံ၍မီးရှို့ရာယဇ်များနှင့်မိတ်သဟာယ ယဇ်များကိုပူဇော်မည်။ သင်အဘယ်သို့ပြု ရမည်ကို ငါလာ၍မဖော်ပြမချင်းထို မြို့တွင်ခုနစ်ရက်တိုင်တိုင်စောင့်နေလော့'' ဟုဆို၏။
9 Ja kun hän käänsi selkänsä lähteäksensä Samuelin luota, muutti Jumala hänen sydämensä; ja kaikki nämä ennusmerkit kävivät sinä päivänä toteen.
၉ရှောလုသည်ရှမွေလထံမှထွက်ခွာလာ ချိန်၌ ထာဝရဘုရားသည်ရှောလုအား စိတ်သဘောသစ်ကိုပေးတော်မူ၏။ ရှမွေလ ဖော်ပြခဲ့သမျှသောအမှုအရာတို့သည် လည်းထိုနေ့၌ဖြစ်ပျက်လာလေသည်။-
10 Ja kun he tulivat sinne, Gibeaan, niin katso, joukko profeettoja tuli häntä vastaan. Silloin Jumalan henki tuli häneen, ja hänkin joutui hurmoksiin heidän keskellänsä.
၁၀ရှောလုနှင့်သူ၏အစေခံသည်ဂိဗာမြို့ သို့ရောက်ရှိကြသောအခါ ပရောဖက်တစ် စုသည်သူတို့အားဆီးကြိုကြ၏။ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ရှောလုအပေါ် သို့သက်ရောက်သဖြင့်သူသည်ပရောဖက် များနှင့်အတူပါဝင်ကခုန်ဟစ်အော် လေသည်။-
11 Kun kaikki, jotka ennestään tunsivat hänet, näkivät hänet hurmoksissa niinkuin profeetatkin, sanoivat he toisillensa: "Mikä Kiisin pojalle on tullut? Onko Saulkin profeettain joukossa?"
၁၁သူ့အားယခင်ကသိရှိခဲ့ကြသောလူ တို့သည် ရှောလုဤသို့ကခုန်ဟစ်အော်နေ သည်ကိုမြင်လျှင်``ကိရှ၏သားကားအဘယ် သို့ဖြစ်လေပြီနည်း။ ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟု အချင်းချင်းပြောဆိုမေးမြန်းကြ၏။-
12 Mutta eräs sikäläisistä miehistä vastasi ja sanoi: "Kuka sitten heidän isänsä on?" -Niin tuli sananlaskuksi: "Onko Saulkin profeettain joukossa?"
၁၂ထိုအရပ်သားတစ်ဦးက``အခြားပရော ဖက်တို့၏ဖခင်များကားမည်သူတို့နည်း'' ဟုဆို၏။ ဤသို့လျှင်``ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟူသော ဆိုရိုးစကားစတင်ပေါ်ပေါက်လာ သတည်း။-
13 Päästyään hurmoksista hän meni uhrikukkulalle.
၁၃ကခုန်ဟစ်အော်ပြီးသောအခါရှောလု သည်တောင်ကုန်းပေါ်ရှိယဇ်ပလ္လင်သို့ထွက် ခွာသွား၏။
14 Ja Saulin setä kysyi häneltä ja hänen palvelijaltansa: "Missä te olette käyneet?" Hän vastasi: "Aasintammoja etsimässä. Mutta kun emme niitä missään nähneet, menimme Samuelin tykö."
၁၄ရှောလု၏ဦးလေးသည်ရှောလုနှင့်အစေခံ ကိုမြင်လျှင် ``သင်တို့အဘယ်အရပ်မှပြန် လာကြသနည်း'' ဟုမေး၏။ ရှောလုက``မြည်းများကိုရှာဖွေရာမှဖြစ် ပါသည်။ အကျွန်ုပ်တို့သည်မြည်းများကိုရှာ မတွေ့သဖြင့် ရှမွေလထံကိုသွားရောက်ခဲ့ ကြပါသည်'' ဟုပြန်လည်ဖြေကြား၏။
15 Silloin Saulin setä sanoi: "Kerro minulle, mitä Samuel teille sanoi".
၁၅``သူသည်သင်တို့အား အဘယ်သို့ပြော လိုက်ပါသနည်း'' ဟုဦးလေးကမေး ပြန်သော်၊
16 Saul vastasi sedällensä: "Hän ilmoitti meille aasintammain löytyneen". Mutta mitä Samuel oli sanonut kuninkuudesta, sitä hän ei hänelle kertonut.
၁၆ရှောလုက``မြည်းများကိုပြန်၍တွေ့ပြီ ဖြစ်ကြောင်း အကျွန်ုပ်တို့အားပြောကြား လိုက်ပါသည်'' ဟုဆို၏။ သို့ရာတွင်ရှမွေလ မိန့်မြွက်သည့်နိုင်ငံရေးအကြောင်းကိုမူ ဦးလေးအားမပြောဘဲနေ၏။
17 Sitten Samuel kutsui kansan koolle Herran eteen Mispaan.
၁၇ရှမွေလသည်လူတို့အားမိဇပါမြို့တွင် ထာဝရဘုရားထံတော်သို့ခေါ်ယူစုရုံး စေပြီးလျှင်၊-
18 Hän sanoi israelilaisille: "Näin sanoo Herra, Israelin Jumala: Minä johdatin Israelin Egyptistä, ja minä vapautin teidät egyptiläisten käsistä sekä kaikkien niiden valtakuntien käsistä, jotka teitä sortivat.
၁၈ဤသို့ဆို၏။ ``ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ ကိုအီဂျစ်ပြည်မှငါထုတ်ဆောင်၍ သင်တို့ အားနှိပ်စက်ကလူပြုသောအီဂျစ်အမျိုး သားများနှင့်အခြားအမျိုးသားအပေါင်း တို့၏ဘေးမှကယ်ဆယ်တော်မူခဲ့သည်။-
19 Mutta nyt te olette pitäneet halpana Jumalanne, joka on auttanut teidät kaikista onnettomuuksistanne ja ahdingoistanne, ja olette sanoneet hänelle: 'Aseta meille kuningas'. Asettukaa siis Herran eteen sukukunnittain ja suvuittain."
၁၉ငါသည်သင်တို့၏ဘုရား၊ ဆင်းရဲဒုက္ခများ နှင့်အခက်အခဲများမှသင်တို့ကိုကယ် တော်မူသောဘုရားဖြစ်တော်မူ၏။ သို့ရာ တွင်သင်တို့သည်ငါ့ကိုပစ်ပယ်ကာငါ၏ ထံမှဘုရင်ကိုတောင်းခံခဲ့ကြ၏။ ကောင်း ပြီ။ သင်တို့သည်ထာဝရဘုရား၏ရှေ့ တော်၌အနွယ်အလိုက်၊ သားချင်းစုအလိုက် စုရုံးကြလော့' ဟုမိန့်တော်မူသည်။''
20 Niin Samuel antoi kaikkien Israelin sukukuntien astua esiin; ja arpa osui Benjaminin sukukuntaan.
၂၀ထိုနောက်ရှမွေလသည်အနွယ်တို့ကိုတစ် စုပြီးတစ်စု ရှေ့သို့လာရောက်စေပြီးလျှင် မဲချ၍ ဗင်္ယာမိန်အနွယ်ကိုရွေးချယ်၏။-
21 Kun hän sitten antoi Benjaminin sukukunnan astua esiin suvuittain, osui arpa Matrin sukuun; sen jälkeen osui arpa Sauliin, Kiisin poikaan. Mutta kun häntä etsittiin, ei häntä löydetty.
၂၁ထိုနောက်ရှမွေလသည်ဗင်္ယာမိန်အနွယ်ဝင် အိမ်ထောင်စုများကို ရှေ့သို့လာရောက်စေ သောအခါမာတရိအိမ်ထောင်စုသည် အရွေးခံရ၏။ ထိုနောက်မာတရိအိမ်ထောင် စုမှအမျိုးသားတို့သည်ရှေ့သို့ထွက်၍ လာကြလျှင် ကိရှ၏သားရှောလုသည် အရွေးခံရ၏။ သို့ရာတွင်သူ့ကိုရှာ၍ မတွေ့ကြသောအခါ၊-
22 Silloin he kysyivät vielä kerran Herralta: "Onko ketään muuta vielä tullut tänne?" Herra vastasi: "Katso, hän on piiloutunut kuormastoon".
၂၂လူတို့သည်``ရှောလုအပြင်အခြားသူတစ်စုံ တစ်ယောက်ရှိပါသေးသလော'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။ ထာဝရဘုရားက``ရှောလုသည်ကုန်ထုပ် များ၏နောက်တွင်ပုန်းကွယ်လျက်ရှိသည်'' ဟုမိန့်တော်မူ၏။
23 Niin he juoksivat ja toivat hänet sieltä, ja kun hän asettui kansan keskelle, niin hän oli päätänsä pitempi kaikkea kansaa.
၂၃သို့ဖြစ်၍သူတို့သည်ပြေး၍ရှောလုကို လူတို့ရှေ့သို့ခေါ်ခဲ့ကြသောအခါ သူသည် အခြားသူအပေါင်းတို့ထက်အရပ်တစ် ပေမျှပို၍မြင့်သည်ကိုတွေ့မြင်ရကြ၏။-
24 Ja Samuel sanoi kaikelle kansalle: "Näettekö, kenen Herra on valinnut; sillä ei ole hänen vertaistansa koko kansan joukossa". Niin koko kansa riemuitsi huutaen: "Eläköön kuningas!"
၂၄ရှမွေလကလူတို့အား``ထာဝရဘုရား ရွေးချယ်တော်မူသောသူကားဤသူတည်း။ ငါတို့တွင်သူနှင့်တူသူတစ်ယောက်မျှ မရှိ'' ဟုဆို၏။ လူအပေါင်းတို့သည်လည်း``အရှင်မင်းကြီး သက်တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြ၏။
25 Ja Samuel julisti kansalle kuninkuuden oikeudet, kirjoitti ne kirjaan ja asetti sen Herran eteen. Sitten Samuel päästi kaiken kansan menemään, kunkin kotiinsa.
၂၅ရှမွေလသည်မင်းကျင့်တရားများနှင့် ဘုရင့် ရပိုင်ခွင့်များကို လူတို့အားရှင်းလင်းဖော် ပြ၏။ ထိုနောက်ထိုအရာများကိုစာအုပ် တွင်ရေးမှတ်ကာ သန့်ရှင်းရာဌာနတွင်သိမ်း ဆည်းထား၏။ ထိုနောက်သူသည်လူတို့အား မိမိတို့နေရပ်အသီးသီးသို့ပြန်စေ၏။-
26 Ja myöskin Saul meni kotiinsa Gibeaan, ja hänen kanssaan meni sotaväki, ne, joiden sydämiä Jumala oli koskettanut.
၂၆ရှောလုသည်လည်းဂိဗာမြို့နေအိမ်သို့ပြန် လေသည်။ သူရဲကောင်းအချို့တို့၏စိတ်ကို ဘုရားသခင်ပြုပြင်တော်မူသဖြင့် သူတို့ သည်ရှောလုနှင့်အတူလိုက်သွားကြ၏။-
27 Mutta kelvottomat miehet sanoivat: "Mitä apua meille tästä on?" Ja nämä halveksivat häntä eivätkä tuoneet hänelle mitään lahjoja; mutta hän ei virkkanut mitään.
၂၇သို့ရာတွင်လူဆိုးလူမိုက်တို့က``ဤသူ သည်ငါတို့အား အဘယ်သို့အကျိုးပြုနိုင် ပါမည်နည်း'' ဟုဆိုကြ၏။ သူတို့သည် ရှောလုကိုအထင်သေးသဖြင့် အဘယ် လက်ဆောင်ကိုမျှမပေးမဆက်ကြ။