< Psalmien 85 >
1 Koran lasten Psalmi, edelläveisaajalle. Herra, sinä kuin (muinen) olit armollinen sinun maakunnalles, ja Jakobin vangit lunastit,
၁အို ထာဝရဘုရား၊ ကိုယ်တော်သည် ပြည်တော် ကိုစိတ်နှင့်တွေ့တော်မူ၍၊ ဘမ်းဆီးသိမ်းသွားခြင်းကို ခံရသော ယာကုပ်အမျိုးသားတို့ကို ပြန်ပို့စေတော်မူပြီ။
2 Sinä anteeksi annoit kansas pahat teot, ja kaikki heidän syntinsä peitit, (Sela)
၂ကိုယ်တော်၏ လူတို့အပြစ်ကိုလွှတ်၍၊ သူတို့၏ ဒုစရိုက်အပေါင်းကိုလည်း ဖုံးအုပ်တော်မူပြီ။
3 Sinä lepytit kaiken vihas, ja käänsit sinuas vihas julmuudesta.
၃စိတ်တော်ရှင်းရှင်းပြေ၍၊ အမျက်တော်အရှိန်ကို လျော့စေတော်မူပြီ။
4 Käännä meitä, meidän autuutemme Jumala, ja pane pois vihas meistä.
၄အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ တဖန်အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ ထွက်ဘူးသော အမျက်တော်ကို ငြိမ်းစေတော်မူပါ။
5 Tahdotkos siis ijankaikkisesti olla vihainen meidän päällemme? eli vihas pitää sukukunnasta sukukuntaan?
၅အကျွန်ုပ်တို့၌ အစဉ်အမျက်ထွက်တော်မူမည် လော။ ကာလအစဉ်အဆက် စိတ်တော်မပြေဘဲ နေတော် မူမည်လော။
6 Etkös käänny, ja meitä virvoita, että kansas sinussa iloitsis?
၆ကိုယ်တော်၏ လူတို့သည် ကိုယ်တော်ကို အမှီပြု ၍ ဝမ်းမြောက်ပါမည်အကြောင်း၊ တဖန်အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူမည်မဟုတ်လော။
7 Herra, osoita meille armos, ja sinun autuutes anna meille.
၇အိုထာဝရဘုရား၊ အကျွန်ုပ်တို့အား ကရုဏာ တော်ကိုပြ၍၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ပြုတော် မူပါ။
8 Jospa minä kuulisin, mitä Herra Jumala puhuu, että hän rauhan lupasi kansallensa ja pyhillensä, ettei he hulluuteen joutuisi.
၈ထာဝရအရှင် ဘုရားသခင်သည် အဘယ်သို့ မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ်စင်စစ် မိမိလူ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်း ကို မိန့်တော်မူလိမ့်မည်။ သို့ရာတွင်၊ နောက်တဖန် မိုက် သော အကျင့်ကို မကျင့်ကြပါစေနှင့်။
9 Kuitenkin on hänen apunsa niiden tykönä, jotka häntä pelkäävät, että meidän maallamme kunnia asuis;
၉ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သော သူတို့၏အနီးသို့ ဧကန်အမှန် ရောက် လေပြီ။
10 Että laupius ja totuus keskenänsä kohtaisivat: vanhurskaus ja rauha toinen toisellensa suuta antaisivat;
၁၀ကရုဏာနှင့်သစ္စာဆုံမိပြီ။ တရားနှင့်ချမ်းသာ သည် တပါးကို တပါးနမ်းကြပြီ။
11 Että totuus maasta vesois, ja vanhurskaus taivaasta katsois;
၁၁သစ္စာသည် မြေကြီးထဲက ပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်ကငုံ့ကြည့်လိမ့်မည်။
12 Että myös meille Herra hyvin tekis, ja meidän maamme hedemänsä antais;
၁၂အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြု တော်မူ၍၊ ငါတို့ မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။
13 Että vanhurskaus sittenkin hänen edessänsä pysyis ja menestyis.
၁၃တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာ တို့ကို ပဲ့ပြင်လိမ့်မည်။