< 4 Mooseksen 18 >
1 Ja Herra sanoi Aaronille: sinä ja sinun poikas, ja sinun isäs huone sinun kanssas, kantakaat pyhän viat: ja sinä ja sinun poikas sinun kanssas, kantakaat pappeutenne viat.
၁တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ သင်နှင့် သင်၏သားမြေးအဆွေအမျိုး တို့သည်၊ သန့်ရှင်းရာဌာနတော်နှင့်ဆိုင်သောအပြစ်၊ သင်တို့ ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သော အပြစ်ကို ခံရကြမည်။
2 Mutta veljes isäs Levin suvusta ota kanssas, heidän pitää pysymän sinun tykönäs ja palveleman sinua: mutta sinä ja poikas sinun kanssas, palvelkaat todistuksen majassa.
၂သင်၏ ဘိုးဘအဆွေအမျိုး၊ လေဝိအမျိုးသား ညီအစ်ကိုချင်းတို့သည်၊ သင်နှင့်အတူ ကူညီ၍ အမှုတော် ကို ဆောင်ရွက်စေခြင်းငှါ ခေါ်ထားလော့။ သို့ရာတွင် သင်နှင့်တကွ သင်၏သားတို့သည်၊ သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။
3 Ja he ottakaan vaarin sinun vartioistas, ja koko majan vartiosta: älkööt kuitenkaan lähestykö pyhän astioita ja alttaria, ettei sekä he ja te kuolisi.
၃လေဝိသားတို့သည် သင့်ကို၎င်း၊ တဲတော်ရှိသမျှ ကို၎င်း စောင့်ရကြမည်။ သို့ရာတွင် သင်တို့နှင့် သူတို့ သည် သေဘေးလွတ်မည်အကြောင်း၊ သူတို့သည် တဲတော် တန်ဆာ၊ ယဇ်ပလ္လင်တန်ဆာများကို မချဉ်းကပ်ရကြ။
4 Mutta heidän pitää pysymän sinun tykönäs ottamassa vaarin seurakunnan majan vartioista kaikessa majan palveluksessa, eikä yhdenkään muukalaisen pidä teitä lähestymän.
၄သူတို့သည် သင်တို့နှင့်အတူ ကူညီ၍၊ ပရိသတ် စည်းဝေးရာ တဲတော်ကို စောင့်လျက်၊ တဲတော်အမှု ရှိသမျှကို ထမ်းရကြမည်။ မဆိုင်သောသူသည် သင်တို့ အနီးသို့ မချဉ်းမကပ်ရ။
5 Niin ottakaat siis vaari pyhän vartiosta ja alttarin vartiosta, ettei enää vihan julmuus Israelin lasten päälle tulisi.
၅နောက်တဖန် အမျက်တော်ထွက်၍ ဣသရေလ အမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း၊ သင်တို့ သည် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြ မည်။
6 Ja katso, minä otin teidän veljenne Leviläiset Israelin lasten seasta, ja annoin teille lahjaksi, jotka ovat Herran omat, ja pitää palveleman seurakunnan majan palveluksessa.
၆ထိုသို့ သင်တို့၏ ညီအစ်ကိုလေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ထဲက ရွေးယူ၍၊ ပရိသတ်စည်း ဝေးရာ တဲတော်အမှုကို ထမ်းစေခြင်းငှါ၊ ထာဝရဘုရား အား ပြုသော ပူဇော်သက္ကာကဲ့သို့ သင်တို့အား ငါပေး၏။
7 Mutta sinä ja poikas sinun kanssas ottakaat pappeudestanne vaari, ja palvelkaat kaikissa alttarin asioissa ja sisällisellä puolella esirippua: sillä pappeutenne annan minä teille viran lahjaksi. Jos joku muukalainen lähestyy siihen, sen pitää kuoleman.
၇ထိုကြောင့် သင်နှင့်သင်၏သားတို့သည် ယဇ် ပလ္လင်နှင့်ဆိုင်သောအမှု၊ ကုလားကာအတွင်း၌ ဆောင် ရွက်စရာအမှုရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင် ရွက်ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရော ဟိတ်အရာကို ငါပေးပြီ။ မဆိုင်သော သူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကို ခံရမည်ဟု မိန့် တော်မူ၏။
8 Ja Herra sanoi Aaronille: katso, minä annoin sinun haltuus minun ylennysuhrini vartion: kaikki mitä Israelin lapset pyhittävät, annoin minä sinulle ja pojilles, lahjaksi, ijankaikkiseksi oikeudeksi.
၈တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် သန့် ရှင်းစေ၍ ဆက်ကပ်သမျှသော ပူဇော်သက္ကာတို့အထဲက၊ ငါ့အား ချီးမြှောက်သော ပူဇော်သက္ကာတို့ကို သင်၌အပ်၍၊ သင်နှင့်သင်၏သားတို့အဘို့ ဖြစ်စေခြင်းငှါ၊ ထာဝရ ပညတ်တရားအားဖြင့် ငါပေး၏။
9 Nämät sinä saat siitä kaikkein pyhimmästä, tuliuhrista: kaikki heidän lahjansa, ynnä kaiken heidän ruokauhrinsa, ja kaiken heidän syntiuhrinsa, ja myös kaiken heidän vikauhrinsa kanssa, mitkä he sinulle antavat, se on sinulle ja sinun pojilles kaikkein pyhin.
၉မီးသို့မရောက်၊ သန့်ရှင်းသော အရာထဲက သင် တို့ဆိုင်သောအရာဟူမူကား၊ ဣသရေလအမျိုးသား လှူသောဥစ္စာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ပူဇော်လေသမျှတို့သည် သင်နှင့် သင် ၏သားတို့အဘို့ သန့်ရှင်းရကြမည်။
10 Ja kaikkein pyhimmällä sialla pitää sinun sen syömän. Kaikki miehenpuoli syökään sitä: sen pitää oleman sinulle pyhä.
၁၀သန့်ရှင်းရာဌာန၌ စားရမည်။ ယောက်ျား အပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ သင်တို့အဘို့ သန့်ရှင်းပေ၏။
11 Minä annoin myös sinulle ja sinun pojilles ja tyttärilles sinun kanssas heidän lahjansa ylennysuhrin, kaikissa Israelin lasten häälytysuhreissa, ijankaikkiseksi oikeudeksi. Jokainen puhdas sinun huoneessas syökään sitä.
၁၁ထိုမှတပါး ဣသရေလအမျိုးသားတို့ ပူဇော် သော ချီမြှောက်ရာ ပူဇော်သက္ကာ၊ ချီလွှဲရာ ပူဇော်သက္ကာ တို့ကို၊ သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ။ သင့်အိမ်၌ သန့်ရှင်းသော သူ အပေါင်းတို့သည် စားရသောအခွင့်ရှိ၏။
12 Kaikkein parhaan öljyn ja kaikkein parhaan vierteen, ja jyvät ja niiden uutisen, jotka he antavat Herralle, annoin minä sinulle.
၁၂ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရား အား ပူဇော်သမျှ အကောင်းဆုံးသောဆီ၊ အကောင်းဆုံး သော စပျစ်ရည်၊ အကောင်းဆုံးသော ဂျုံစပါးကို သင်တို့ အား ငါပေးပြီ။
13 Ensimäinen hedelmä kaikesta kuin heidän maallansa kasvaa, jonka he antavat Herralle, pitää oleman sinun. Jokainen puhdas sinun huoneessas syökään sitä.
၁၃ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှ အဦး မှည့်သော သစ်သီးကိုလည်း သင်ဆိုင်ရမည်။ သင့်အိမ်၌ သန့်ရှင်းသော သူအပေါင်းတို့သည် စားရသောအခွင့် ရှိ၏။
14 Kaikki valallisella lupauksella eroitettu Israelissa olkaan sinun.
၁၄ဣသရေလအမျိုး၌ ကျိန်ဆို၍ ပူဇော်သမျှတို့ကို လည်း သင်ဆိုင်ရမည်။
15 Kaikki mikä äitinsä kohdun avaa, kaiken lihan seassa, jotka he kantavat Herralle, olis se ihmisistä elikkä eläimistä, pitää oleman sinun. Kuitenkin, ettäs ihmisten esikoiset annat kaiketikin lunastettaa, ja myös saastaisten eläinten esikoiset annat lunastettaa.
၁၅အဦးဘွားသောသား၊ လူဖြစ်စေ၊ တိရစ္ဆာန် ဖြစ်စေ၊ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှတို့ကို သင်ဆိုင်ရမည်။ သို့ရာတွင် လူ၏သားဦးနှင့် မစင်ကြယ် သော တိရစ္ဆာန်၏သားဦးကို အမှန်ရွေးရမည်။
16 Ja kuukautisena pitää heidän sen lunastaman, ja annettakaan lunastettaa sinun arvios jälkeen rahalla, viidellä siklillä, pyhän siklin jälkeen, joka maksaa kaksikymmentä geraa.
၁၆ရွေးရသော သားတို့ကို အသက်တလလွန်မှ၊ သင်အဘိုး ပြတ်သည်အတိုင်း ဂေရနှစ်ဆယ်နှင့်မျှသော အကျပ်တော်အလိုက် ငွေငါးကျပ်နှင့် ရွေးရမည်။
17 Mutta esikoisia karjasta, taikka lampaista, taikka vuohista, ei sinun pidä antaman lunastettaa; sillä ne ovat pyhät: heidän verensä pitää sinun priiskottaman alttarille, ja lihavuutensa pitää sinun polttaman makian hajun tuleksi Herralle.
၁၇နွားသားဦး၊ သိုးသားဦး၊ ဆိတ်သားဦးသည် သန့်ရှင်းသောကြောင့် မရွေးရ။ သူ၏အသွေးကို ယဇ် ပလ္လင်ပေါ်မှာ ဖြန်းရမည်။ ဆီဥကိုလည်း ထာဝရဘုရား အဘို့ မွှေးကြိုင်သောအနံ့ရှိစေ၍၊ မီးဖြင့် ပူဇော်သက္ကာ ပြုရမည်။
18 Ja heidän lihansa pitää oleman sinun, niinkuin häälytysrinta ja oikia lapa sinun ovat.
၁၈အသားမူကား ချီလွှဲရာပူဇော်သက္ကာ၏ရင်ပတ် နှင့် လက်ျာပခုံးကဲ့သို့ သင့်အဘို့ ဖြစ်ရမည်။
19 Kaikki ylennysuhrit, jotka ovat pyhitetyt, jotka Israelin lapset ylentävät Herralle, annoin minä sinulle ja pojilles, ja tyttärilles sinun kanssas ijankaikkiseksi oikeudeksi. Se on katoomatoin ijankaikkinen liitto Herran edessä sinulle ja sinun siemenelles sinun kanssas.
၁၉ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သက္ကာရှိသမျှ တို့ကို သင်နှင့်သင်၏ သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ။ သင်အစရှိသော သင်၏အမျိုး အနွယ်နှင့်ဆို၍ ထာဝရဘုရား ရှေ့တော်၌ ဆားနှင့်ယှဉ် သော ထာဝရပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
20 Ja Herra sanoi Aaronille: ei sinulle pidä perintöä oleman heidän maallansa eikä osaa heidän seassansa; sillä minä olen sinun osas ja sinun perintös Israelin lasten seassa.
၂၀တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ နေရာပြည်၌ သင့်အမွေခံရာမြေ၊ သူတို့နှင့်ရော၍ ပိုင်သောအဘို့ မရှိရ။ ငါသည်ကား သူတို့တွင် သင်ပိုင်သောအဘို့ သင့်အမွေ ဥစ္စာဖြစ်၏။
21 Mutta Levin lapsille, katso, minä annoin kaikki kymmenykset perinnöksi Israelissa, heidän virkansa edestä, jolla he palvelusta seurakunnan majassa tekevät.
၂၁လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့အမွေခံ စရာ ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို ငါပေးပြီ။
22 Niin ettei tästälähin Israelin lasten pidä lähestymän seurakunnan majaa, syntiä saattamaan päällensä, ja kuolemaan;
၂၂ယခုမှစ၍ ဣသရေလအမျိုးသားတို့သည် ကိုယ်အပြစ်ကို ခံ၍ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်အနီးအပါးသို့ မချဉ်းမကပ် ရကြ။
23 Vaan Leviläisten pitää ottaman vaarin seurakunnan majan palveluksesta, ja heidän pitää kantaman syntinsä; se on ijankaikkinen oikeus teidän sukukunnissanne, ja ei pidä heidän perimistä saaman Israelin lasten seassa.
၂၃လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲ တော်အမှုကို ဆောင်ရွက်၍၊ ကိုယ်အပြစ်ကို ကိုယ်ခံရကြ မည်။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အမွေမခံရကြဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်ဖြစ်သတည်း။
24 Sillä Israelin lasten kymmenykset, jotka he antavat ylennykseksi Herralle, annoin minä Leviläisille perinnöksi; sentähden sanoin minä heille: ettei heillä Israelin lasten seassa pidä perintöä oleman.
၂၄ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား အား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ကို၊ လေဝိသားအမွေခံစရာဘို့ ငါပေးပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။
25 Ja Herra puhui Mosekselle, sanoen:
၂၅တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ၊
26 Puhu Leviläisille ja sano heille: koska te otatte kymmenykset Israelin lapsilta, jotka minä teille annoin heiltä, teidän perinnöksenne, niin tehkäät Herralle siitä ylennysuhriksi aina kymmenysten kymmenykset.
၂၆သင်တို့အမွေခံစရာ ငါပေးသော ဣသရေလ အမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို သင်တို့သည် ခံယူ သောအခါ၊ ထိုအဘို့ကို ဆယ်ဘို့ဘို့ ပြန်၍ တဘို့ကို ထာဝရ ဘုရားအား ပူဇော်သက္ကာပြုရကြမည်။
27 Ja teidän ylennysuhrinne pitää luettaman teille, niinkuin te antasitte jyviä riihestä ja nestettä kuurnasta.
၂၇ထိုပူဇော်သက္ကာကို၊ ကောက်နယ်တလင်းထဲက ယူသော ဆန်စပါးကဲ့သို့၎င်း၊ စပျစ်သီးနယ်ရာ ကျင်းထဲက ယူသောစပျစ်ရည်ကဲ့သို့၎င်း၊ သင်တို့အဘို့ မှတ်ရလိမ့် မည်။
28 Niin antakaat myös Herralle ylennysuhriksi kaikista teidän kymmenyksistänne, joita te Israelin lapsilta otatte, niin että te Herran ylennysuhrin niistä annatte papille Aaronille.
၂၈ထိုသို့ သင်တို့သည် ဣသရေလအမျိုးသားတို့မှ ခံယူသော ဆယ်ဘို့တဘို့ထဲက၊ ထာဝရဘုရားအား ပူဇော် သက္ကာပြုရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရော ဟိတ်အာရုန်အား လှူရကြမည်။
29 Kaikista teille annetuista antakaat Herralle kaikkinaiset ylennysuhrit, kaikista parhaista, pyhitettävän osan.
၂၉သင်တို့ခံရသမျှသော အလှူတို့အထဲက အကောင်းဆုံးသောအဘို့ သန့်ရှင်းသောအဘို့ကို နှုတ်ယူ ၍ထာဝရဘုရားအား ပူဇော်သက္ကာပြုရကြမည်။
30 Ja sano heille: koska te parhaan siitä ylennätte, niin luettakaan se Leviläisille niinkuin tulo riihestä ja viinakuurnasta.
၃၀သို့ဖြစ်၍ သူတို့အား ဆင့်ဆိုရမည်မှာ၊ လေဝိသား တို့သည် အကောင်းဆုံးသောအဘို့ကို နှုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဘို့ကို ကောက်နယ်တလင်း၏ ကျေးဇူး၊ စပျစ်သီးနယ်ရာကျင်း၏ ကျေးဇူးကဲ့သို့ မိမိတို့အဘို့ မှတ်ရ လိမ့်မည်။
31 Ja syökäät siitä kaikissa paikoissa, te ja teidän huoneenne, sillä se on teidän palkkanne teidän palveluksestanne seurakunnan majassa,
၃၁ထိုကြွင်းသောအဘို့ကို၊ ကိုယ်တိုင်မှစ၍ အိမ်သူ အိမ်သားတို့သည် စားချင်သောအရပ်ရပ်၌ စားရသော အခွင့်ရှိ၏။ ပရိသတ်စည်းဝေးရာတဲတော်၌ အမှုစောင့် သောအတွက် ငါချသောဆု ဖြစ်၏။
32 Niin ettette synnillä raskauta teitänne, koska te sen parhaan ylennätte, ja ettekä saastuta niitä, mitkä Israelin lapset pyhittäneet ovat, ettette kuolisi.
၃၂အကောင်းဆုံးသော အဘို့ကို နှုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဘို့အားဖြင့် အပြစ်ရောက်စရာအကြောင်း မရှိ။ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ဣသရေလ အမျိုးသားတို့၏ သန့်ရှင်းသော အရာတို့ကို မညစ်ညူးစေ ရဟု မိန့်တော်မူ၏။