< 4 Mooseksen 10 >

1 Ja Herra puhui Mosekselle, sanoen:
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 Tee sinulles hopiasta kaksi torvea, vahvaksi sinun ne tekemän pitää, niillä kutsuakses seurakuntaa kokoon, ja koska joukon pitää matkustaman.
သင်သည် ပရိသတ် စည်းဝေး စေခြင်းငှါ ၎င်း ၊ တပ် တို့ကို ချီ စေခြင်းငှါ ၎င်း၊ မှုတ်ရသောငွေ တံပိုး နှစ် လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့်မဆက်ဘဲလုပ် ရမည်။
3 Koska niillä molemmilla hiljaksensa soitetaan, silloin pitää koko seurakunnan kokoontuman seurakunnan majan oven eteen.
တံပိုးမှုတ် သောအခါ ၊ ပရိသတ် အပေါင်း တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၊ သင့် ထံ၌ စည်းဝေး ရကြမည်။
4 Vaan koska ainoastaan yhdellä hiljaksensa soitetaan, silloin pitää päämiehet ja tuhanten esimiehet Israelissa tuleman kokoon.
တံပိုးတလုံးတည်း ကို မှုတ် လျှင် ၊ ဣသရေလ အမျိုး၌ လူတထောင် ကို အုပ် သောမင်း တို့သည် သင့် ထံ၌ စည်းဝေး ရကြမည်။
5 Mutta koska te vahvasti soitatte, silloin pitää ne leirit lähtemän matkaan, jotka itään päin ovat.
နှိုးဆော် သံနှင့်မှုတ် သောအခါ ၊ အရှေ့ တပ် တို့ သည် ချီ သွားရကြမည်။
6 Mutta koska te toisen kerran vahvasti soitatte, silloin pitää ne leirit lähtemän matkaan, jotka etelään päin ovat; sillä koska he lähtevät matkaan, niin pitää teidän vahvasti soittaman.
ဒုတိယ အကြိမ်နှိုးဆော် သံနှင့် မှုတ် သောအခါ ၊ တောင် တပ် တို့ သည် ချီ သွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်းချီ သွားစေခြင်းငှာ နှိုးဆော် သံနှင့်မှုတ် ရမည်။
7 Mutta koska seurakunnan pitää kokoontuman, silloin teidän pitää ainoastansa hiljaksensa, ja ei vahvasti soittaman.
ပရိသတ် စည်းဝေး စေခြင်းငှါနှိုးဆော် သံကိုမ ပြု ဘဲ တံပိုးမှုတ် ရမည်။
8 Ja papit Aaronin pojat pitää näillä torvilla soittaman: ja tämä pitää teille ja teidän sukukunnillenne oleman ijankaikkinen sääty.
အာရုန် ၏ သား ၊ ယဇ်ပုရောဟိတ် တို့သည် ထိုတံပိုး ကို မှုတ် ရကြမည်။ သင် တို့အမျိုး အစဉ်အဆက် စောင့်ရသောပညတ် ဖြစ် သတည်း။
9 Ja koska te lähdette sotaan teidän maallanne vihollisianne vastaan, jotka teitä vainoovat, silloin pitää teidän vahvasti torvilla soittaman, että teitä muistettaisiin Herran teidän Jumalanne edessä, ja te pelastettaisiin vihollisistanne.
သင်တို့သည် ကိုယ် ပြည် ၌ နေသောအခါ၊ တိုက် လာသောရန်သူ တို့ကို စစ် ချီ လျှင် ၊ နှိုးဆော် သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် သင်တို့ကို အောက်မေ့ ၍ ၊ ရန်သူ လက်မှ ကယ်တင် တော်မူမည်။
10 Niin myös teidän ilopäivinänne, ja teidän juhlapäivinänne, ja teidän uusissa kuissanne, pitää teidän torvilla soittaman, teidän polttouhrianne ja kiitosuhrianne uhratessanne, että ne olisivat teille muistoksi teidän Jumalanne edessä. Minä Herra teidän Jumalanne.
၁၀သင် တို့သည် ရွှင်လန်း ခြင်းကို ပြုသောနေ့ ၊ ပွဲသဘင် နေ့၊ လဆန်း နေ့တို့၌ ၊ သင် တို့ဘုရားသခင် အောက်မေ့ တော်မူဘို့ရာ၊ သင် တို့မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ် ပူဇော်သက္ကာ များအပေါ် မှာ တံပိုး မှုတ် ရကြမည်။ ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
11 Ja tapahtui kahdentenakymmenentenä päivänä, toisena kuukautena toisena vuonna, että pilvi nostettiin todistuksen majan tyköä,
၁၁ဒုတိယ နှစ် ၊ ဒုတိယ လ အရက်နှစ်ဆယ် မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ် သည် သက်သေခံ ချက်တဲ တော် မှ ကွာ မြောက်သည်ဖြစ်၍၊
12 Ja Israelin lapset läksivät matkaansa järjestyksessä Sinain korvesta, ja pilvi seisahti Paranin korvessa.
၁၂ဣသရေလ အမျိုးသား တို့သည် သိနာ တောင် မှ ခရီးသွား ကြ၏။ နောက် တဖန် မိုဃ်းတိမ် သည် ပါရန် တော ၌ တည် နေ၏။
13 Ja he läksivät ensimäisen kerran Herran sanan jälkeen Moseksen kautta.
၁၃ထိုသို့ ထာဝရဘုရား သည် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ပဌမ ခရီး သွားခြင်းကို ပြုကြ၏။
14 Nimittäin Juudan lasten leirin lippu läksi ensin matkaan joukkoinensa, ja heidän joukkonsa päällä oli Nahesson Amminadabin poika.
၁၄ယုဒ တပ် အစဉ်အတိုင်းအလုံးအရင်း တို့သည်၊ အလံ နှင့်တကွရှေ့ဦးစွာ ချီ သွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ် သား နာရှုန် အုပ်ရ၏။
15 Ja Isaskarin lasten suvun joukon päällä oli Netaneel Suarin poika.
၁၅ဣသခါ တပ် ကို၊ ဇုအာ သား နာသနေလ အုပ်၏။
16 Ja Sebulonin lasten suvun joukon päällä oli Eliab Helonin poika.
၁၆ဇာဗုလုန် တပ် ကို၊ ဟေလုန် သား ဧလျာဘ အုပ်ရ၏။
17 Silloin maja otettiin maahan: ja Gersonin ja Merarin lapset läksivät matkaan ja kantoivat majaa.
၁၇တဲ တော်ကိုဖြုတ် ချ၍ ဂေရရှုန် သား ၊ မေရာရိ သား တို့သည် တဲ တော်ကို ထမ်း လျက်ချီ သွားကြ၏။
18 Sitälähin läksi Rubenin leirin lippu joukkoinensa, ja hänen joukkonsa päällä oli Elisur Sedeurin poika.
၁၈ရုဗင် တပ် အစဉ်အတိုင်း အလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ၏။ ရုဗင် တပ် ကို ရှေဒုရ သား ဧလိဇုရ အုပ်ရ၏။
19 Ja Simeonin lasten suvun joukon päällä oli Selumiel SuriSaddain poika.
၁၉ရှိမောင် တပ် ကို ဇုရိရှဒ္ဒဲ သား ရှေလုမျေလ အုပ် ရ၏။
20 Ja Gadin lasten suvun joukon päällä oli Eliasaph Deguelin poika.
၂၀ဂဒ် တပ် ကို ဒွေလ သား ဧလျာသပ် အုပ်ရ၏။
21 Niin matkustivat myös Kahatilaiset ja kantoivat pyhää, ja toiset panivat majan ylös, siihenasti että nämät tulivat.
၂၁ကောဟတ် သားတို့သည် သန့်ရှင်း ရာဌာန တန်ဆာတို့ကို ထမ်း လျက် ချီ သွားကြ၏။ သူ တို့မ ရောက် မှီ အရင်သွားသောသူတို့ သည် တဲ တော်ကို ထူထောင် ရကြ၏။
22 Sitälikin läksi Ephraimin lasten leirin lippu joukkoinensa, ja hänen joukkonsa päällä oli Elisama Ammihudin poika.
၂၂ဧဖရိမ် တပ် အစဉ်အတိုင်းအလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ၏။ ဧဖရိမ် တပ် ကို အမိဟုဒ် သား ဧလိရှမာ အုပ်ရ၏။
23 Ja Manassen lasten sukukunnan joukon päällä oli Gamliel Pedatsurin poika.
၂၃မနာရှေ တပ် ကို ပေဒါဇုရ သား ဂါမလျေလ အုပ်ရ၏။
24 Ja BenJaminin lasten sukukunnan joukon päällä oli Abidan Gideonin poika.
၂၄ဗင်္ယာမိန် တပ် ကို ဂိဒေါနိ သား အဘိဒန် အုပ် ရ၏။
25 Sitälikin läksi Danin lasten leirin lippu joukkoinensa. Ja niin kaikki leirit matkassansa olivat. Ja hänen joukkonsa päällä oli AhiEser AmmiSaddain poika.
၂၅နောက်ဆုံးတပ်တည်းဟူသောဒန် တပ် အစဉ်အတိုင်း အလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ ၏။ ဒန်တပ်ကို အမိရှဒ္ဒဲ သား အဟေဇာ အုပ်ရ၏။
26 Ja Asserin lasten sukukunnan joukon päällä oli Pagiel Okranin poika.
၂၆အာရှာ တပ်ကို ဩကရန် သား ပါဂျေလ အုပ်ရ၏။
27 Ja Naphtalin lasten sukukunnan joukon päällä oli Ahira Enanin poika.
၂၇နဿလိ တပ် ကိုဧနန် သား အဟိရ အုပ်ရ၏။
28 Nämät ovat Israelin lasten vaellukset joukkoinensa, koska he matkustivat.
၂၈ထိုသို့ ဣသရေလ အမျိုးသား တို့သည်ချီသွားသောအခါ၊ တပ် များအစဉ်အတိုင်း ချီ ၍ ခရီးသွား ကြ၏။
29 Ja Moses puhui näälämiehellensä Hobabille Reguelin Midianilaisen pojalle: me menemme siihen paikkaan, josta Herra sanonut on: minä annan sen teille. Tule meidän kanssamme, me teemme sinulle hyvää, sillä Herra on hyvää luvannut Israelille.
၂၉မောရှေ ကလည်း ၊ ထာဝရဘုရား ၏ ဂတိတော် အတိုင်း ငါတို့အားပေး တော်မူမည်အရပ် သို့ ငါ တို့ သည် ယခုခရီးသွား ကြ၏။ ငါ တို့နှင်အတူ လိုက်၍လာ ပါ။ ငါတို့သည် ကျေးဇူး ပြုပါမည်။ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့၌ ကျေးဇူး ပြုတော်မူမည် ဂတိ ရှိပါ၏ဟု မိမိယောက္ခမ မိဒျန် အမျိုး၊ ရွေလ သား ဟောဗပ် အား ဆို လျှင်၊
30 Hän vastasi häntä: en minä tule teidän kanssanne, vaan minä menen omalle maalleni sukuni tykö.
၃၀ဟောဗပ်ကငါမ လိုက် မသွားပါ၊ ငါ့ နေရင်းပြည် ၊ ငါ့ အဆွေအမျိုး ရှိရာသို့ ပြန်သွား ပါမည်ဟု မောရှေ အား ဆို ၏။
31 Hän sanoi: älä meistä luovu, sillä sinä tiedät, kussa meidän pitää itsemme sioittaman korvessa, ja sinä olet meidän silmämme.
၃၁မောရှေကလည်း၊ ငါ တို့ကို စွန့်ပစ် ၍ မ သွားပါ နှင့်။ သင်သိ သည်အတိုင်း ငါ တို့သည်တော ၌ စားခန်းချ ရမည်။ သင်သည် ငါ တို့မျက်စိ ဖြစ် ရပါ၏။
32 Ja jos sinä tulet meidän kanssamme, niin se hyvä, minkä Herra meille tekee, sen me teemme sinulle.
၃၂ငါ တို့နှင့်အတူ လိုက် လျှင် ထာဝရဘုရား ပြု တော်မူ သောကျေးဇူး တော်ကို ငါ တို့သည် ခံရသည်အတိုင်း၊ သင် ၌ ကျေးဇူး ပြုပါမည်ဟု ဆို လေ၏။
33 Niin he matkustivat kolme päiväkuntaa Herran vuoren tyköä, ja Herran liiton arkki vaelsi heidän edellänsä kolme päiväkuntaa, katsomaan heille, kussa heidän lepäämän piti.
၃၃ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ၏ တောင် တော်မှ ထွက် ၍၊ သုံး ရက် ကွာသော ခရီး ကို သွားကြ ၏။ ထိုသုံး ရက် ကွာသော ခရီး ကိုသွားကြစဉ်၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ သည် သူ တို့အဘို့ စားခန်းချ ရာအရပ်ကို ရှာ ၍ သူ တို့ရှေ့ ကသွား လေ၏။
34 Ja Herran pilvi oli heidän päällänsä päivällä, koska he leiristä matkustivat.
၃၄သူတို့သည် နေ့ အချိန်၌ တပ် ချီ ၍ သွားသောအခါ ၊ ထာဝရဘုရား ၏ မိုဃ်းတိမ် သည် သူ တို့အပေါ် မှာ ရှိလေ၏။
35 Ja koska arkki läksi matkaan, sanoi Moses: Herra nouse, että vihollises hajotettaisiin, ja ne, jotka sinua vainoovat, pakenisivat sinun edestäs.
၃၅သေတ္တာ တော်သွား သောအခါ ၊ မောရှေ က၊ အိုထာဝရဘုရား ၊ ထ တော်မူပါ၊ ကိုယ်တော် ၏ ရန်သူ တို့ သည် လွင့် ကြပါစေသော။ ကိုယ်တော် ကို မုန်း သောသူတို့ သည် ရှေ့ တော်မှ ပြေး ကြပါစေသောဟူ၍၎င်း၊
36 Koska arkki lepäsi, sanoi hän: Palaja, Herra, niiden monen kymmenen tuhannen tykö Israelissa.
၃၆သေတ္တာတော်မသွားဘဲ ရပ် နေသောအခါ ၊ အိုထာဝရဘုရား၊ ဣသရေလ အမျိုးသားအထောင် ၊ အသောင်းရှိရာသို့ ပြန်လာ တော်မူပါဟူ၍၎င်း လျှောက်ဆို လေ့ရှိ၏။

< 4 Mooseksen 10 >