< Jesajan 48 >
1 Kuulkaat tätä, te Jakobin huone, te, joita kutsutaan Israelin nimellä, ja olette kulkeneet Juudan vedestä, te, jotka vannotte Herran nimeen, ja muistatte Israelin Jumalaa, ei kuitenkaan totuudessa eikä vanhurskaudessa.
၁အို ယာကုပ်အမျိုး၊ ဣသရေလဟူ၍ သမုတ်ခြင်း ကို ခံသောသူ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ၊ သစ္စာမရှိ၊ တရားနှင့်မညီဘဲ ဣသရေလအမျိုး၏ ဘုရား သခင်ကို ချီးမွမ်းသောသူ၊
2 Sillä he nimittävät itsensä pyhästä kaupungista, ja luottavat Israelin Jumalaan, jonka nimi on Herra Zebaot.
၂သန့်ရှင်းသော မြို့တော်အလိုက်၊ ကိုယ်ကိုကိုယ် သမုတ်သောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားတည်းဟူသော ဘွဲ့နာမရှိသော ဣသရေလအမျိုး ၏ ဘုရားသခင်ကို မှီခိုသော သူတို့၊ နားထောင်ကြလော့။
3 Minä olen ennen ilmoittanut tulevaisia, minun suustani on se lähtenyt, ja minä olen antanut sitä kuulla, ja teen sen myös äkisti, että se tulee.
၃ဖြစ်ဘူးသောအရာတို့ကို အထက်က သင်တို့ အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ခြင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။
4 Sillä minä tiedän sinun kovaksi, ja sinun niskas on rautasuoni, ja sinun otsas on vaskesta.
၄သင်သည် ခိုင်မာသော သဘော၊ သံချောင်း လည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသော ကြောင့်၊
5 Minä olen sen ilmoittanut ennen, ja olen sinun antanut kuulla, ennenkuin se tulikaan, ettes sasnoisi: epäjumalani sen tekee, ja kuvani ja epäjumalani on sen käskenyt.
၅အထက်က သင့်အား ငါဟောပြီ။ အမှုမဖြစ်မှီ ငါဘော်ပြပြီ။ သို့ဖြစ်၍ သင်က ၊ ငါ၏ရုပ်တုသည် ဤအမှု ကို ပြုပြီ။ ငါထုသော ရုပ်တု၊ ငါသွန်းသော ရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသော အခွင့်မရှိ။
6 Kaikki nämät sinä kuulit ja näit, ja ette ole sitä ilmoittaneet; sillä minä olen edellä antanut sinun kuulla uusia ja salaisia, joita et sinä tietänyt.
၆သင်သည် အရင်ကြားရပြီ။ ဤအမှုအလုံးစုံတို့ ကို ကြည့်ရှုလော့။ သူတပါးတို့အား မကြားမပြောဘဲ နေမည်လော။ ယခုမှစ၍ အသစ်သောအရာ၊ ဝှက်ထား သောအရာ၊ သင်မသိသေးသော အရာတို့ကို ငါဘော်ပြ ၏။
7 Mutta nyt on se luotu, ja ei siihen aikaan; ja et sinä ole kuullut päivääkään ennen, ettei sinun pitäisi sanoman: katso, sen minä hyvin tiesin;
၇ထိုအရာတို့ကို ယခုပင် ဖန်ဆင်း၏။ အထက်က ဖန်ဆင်းသည်မဟုတ်။ ယနေ့တိုင်အောင် သင်သည် မကြားစဖူး။ သို့ဖြစ်၍ သင်က ၊ ငါသိနှင့်ပြီဟု ပြောရသော အခွင့်မရှိ။
8 Sillä et sinä sitä kuullut, etkä sinä tietänyt, ja sinun korvas ei ollut siihen aikaan avattu; sillä minä kyllä tiesin sinun peräti sen katsovan ylön, joka olet nimitetty rikkojaksi sinun äitis kohdusta.
၈အကယ်စင်စစ် သင်သည် မကြားမသိစဖူး။ သင်၏ နားသည် အထက်က မပွင့်။ အကြောင်းမူကား၊ သင်သည် သစ္စာပျက်လိမ့်မည်။ ဘွားစကပင် သင့်ကို သူပုန်ဟူ၍ သမုတ်ရလိမ့်မည်ကို ငါသိ၏။
9 Minun nimeni tähden olen minä pitkämielinen, ja minun ylistykseni tähden tahdon minä säästää sinua, ettes tulisi hävitetyksi.
၉သို့သော်လည်း၊ သင့်ကို ရှင်းရှင်း မပယ်မဖြတ် ခြင်းငှါ၊ ငါသည် ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ် တည်းမည်။ ကိုယ်ဂုဏ်အသရေအတွက် သင်၏အမှု၌ ငါသည်းခံမည်။
10 Katso, minä tahdon koetella sinua, mutta ei niinkuin hopiata, vaan minä teen sinun valituksi murheen pätsissä.
၁၀ငါသည် သင့်ကို စစ်ခဲ့ပြီ။ သို့သော်လည်း၊ ငွေကို စစ်သကဲ့သို့မဟုတ်၊ ဒုက္ခမှိုက်၌ သင့်ကို စုံစမ်းခဲ့ပြီ။
11 Minun tähteni, tosin minun tähteni tahdon minä tehdä, etten minä häväistyksi tulisi; sillä en minä anna kunniatani toiselle.
၁၁ကိုယ်အတွက် ငါပြုဦးမည်။ ငါ့နာမသည် ရှုပ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ဂုဏ် အသရေကို သတပါးအား ငါမပေး။
12 Kuule minua, Jakob, ja sinä minun kutsuttuni Israel: minä olen, minä olen ensimmäinen ja viimeinen.
၁၂အိုယာကုပ်၊ ငါခေါ်သော ဣသရေလ၊ ငါ့စကား ကို နားထောင်လော့။ ငါသည် ဘုရားဖြစ်၏။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။
13 Minun käteni on myös perustanut maan ja minun oikia käteni on kämmenellä mitannut taivaan: mitä minä kutsun, se on kohta valmis.
၁၃အကယ်စင်စစ် ငါ့လက်သည် မြေကြီးကို တည် လေပြီ။ ငါ့လက်ျာလက်သည် မိုဃ်းကောင်းကင်ကို ကြက် လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ခြင်း ပေါ်လာကြ၏။
14 Kootkaat teitänne kaiki ja kuulkaat, kuka on heidän seassansa näitä ilmoittanut? Herra rakastaa häntä, sentähden on hän osoittava tahtonsa Babelissa, ja käsivartensa Kaldealaisissa.
၁၄ရှိသမျှသော သင်တို့၊ စည်းဝေး၍ နားထောင် ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူ သည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရား ချစ် တော်မူသော သူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံ စေမည်။ သူ၏ လက်သည်လည်း၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။
15 Minä, minä olen sen sanonut; minä olen hänen kutsunut, ja hänen johdattanut, ja hänen tiensä menestyy hänelle.
၁၅ငါ့ကိုယ်တိုင် အမိန့်တော်ရှိပြီ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ။ ငါဆောင်ခဲ့ပြီ။ သူသွားသောလမ်း၌ မင်္ဂလာရှိရလိမ့်မည်။
16 Tulkaat tänne minun tyköni, ja kuulkaat tätä: en minä ole ennen salaa puhunut, siitä ajasta, kuin se oli puhuttu, olin minä siellä; ja nyt lähetti minun Herra, Herra, ja hänen henkensä.
၁၆ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြ လော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှု ဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကို စေလွှတ်တော်မူ၏။
17 Näin sanoo Herra sinun pelastajas, Israelin Pyhä: minä olen Herra sinun Jumalas, joka sinulle opetan mikä tarpeellinen on, ja johdatan sinua tietä, jotas käyt.
၁၇သင့်ကို ရွေးနှုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်၏အကျိုးနှင့်ယှဉ်သော အရာကို သွန်သင်၍၊ သင်သွားအပ်သော လမ်းဖြင့် ပို့ဆောင်သော သင်၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။
18 O jospa sinä pitäisit minun käskyistäni vaarin! niin sinun rauhas olis niinkuin virta, ja vanhurskautes niinkuin meren aalto.
၁၈သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါ စေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့၎င်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုး ကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
19 Ja sinun siemenes olis niinkuin santa ja kohtus hedelmä niinkuin hänen someronsa; joiden nimeä ei pitäisi hävitettämän eli pyyhittämän pois minun edestäni.
၁၉သင်၏ အမျိုးအနွယ်သည် သဲလုံးကဲ့သို့၎င်း၊ သင်၏သားမြေးတို့သည်၊ သမုဒ္ဒရာကျောက်စရစ်ကဲ့သို့ ၎င်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာ မပြတ်၊ မပျက်မစီးရ။
20 Lähtekäät Babelista, paetkaat Kaldealaisten tyköä iloisella äänellä, ilmoittakaat ja kuuluttakaat tätä, viekäät se aina maailman ääriin, ja sanokaat: Herra on pelastanut palveliansa Jakobin.
၂၀ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာ သီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသိတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြော မြွက်ဆို၍ အသံကို လွှင့်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနှုတ်တော်မူပြီဟု ပြောဆိုကြ လော့။
21 Ei heitä jano vaivannut, kuin hän johdatti heitä korvessa, hän antoi heille vuotaa vettä kalliosta; hän halkasi kallion, ja siitä vuosi vesi.
၂၁သူတို့သည် တောလမ်းဖြင့် ဆောင်သွားတော်မူ ခြင်းကို ခံသောအခါ ရေမငတ်ကြ။ သူတို့အဘို့ ကျောက် ထဲက ရေကို စီးစေတော်မူ၏။ ကျောက်ခဲကိုပင် ခွဲတော်မူ သဖြင့်၊ ရေသည် စီးထွက်လေ၏။
22 Mutta jumalattomalla, sanoo Herra, ei ole rauhaa.
၂၂မတရားသော သူတို့၌ ချမ်းသာမရှိဟု ထာဝရ ဘုရားမိန့်တော်မူ၏။