< 5 Mooseksen 10 >

1 Silloin sanoi Herra minulle: vuole sinulles kaksi kivistä taulua entisten kaltaista, ja astu minun tyköni vuorelle, ja tee sinulles puuarkki,
ထိုအခါ ထာဝရဘုရားက၊ အရင်ကျောက်ပြား နှစ်ပြားနည်းတူ၊ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့။ ငါရှိရာသို့ တက်လာလော့။ သေတ္တာကိုလည်း လုပ်လော့။
2 Niin minä kirjoitan niihin tauluihin ne sanat, jotka ensimäisissä tauluissa olivat, jotka särkenyt olet: ja pane ne arkkiin.
သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါ သည်အတိုင်း၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦး မည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာ ထားရမည်ဟု ငါ့အား မိန့်တော်မူ၏။
3 Niin minä tein arkin sittimipuusta, ja vuolin kaksi kivistä taulua entisten kaltaista, ja astuin vuorelle, pitäen kaksi taulua kädessäni.
ငါသည်လည်း၊ အကာရှသစ်သားဖြင့် သေတ္တာ ကို လုပ်၍၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြား နှစ်ပြားကို ခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့ တက်လေ၏။
4 Niin hän kirjoitti ensimäisen kirjoituksen jälkeen, niihin tauluihin ne kymmenet sanat, jotka Herra teille puhui vuorella tulesta, kokouksen päivänä: ja Herra antoi ne minulle.
သင်တို့စည်းဝေးသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက မိန့်မြွက်တော်မူသော ပညတ် တော်ဆယ်ပါးတို့ကို၊ အရင်စာ၌ လာသည်အတိုင်း၊ ထာဝရဘုရားသည် ရေးထား၍ ငါ့အားပေးတော်မူ၏။
5 Niin minä käännyin ja astuin vuorelta alas, ja panin taulut arkkiin, jonka minä tein, että heidän piti siellä oleman, niinkuin Herra minulle käskenyt oli.
ငါသည်လည်း လှည့်၍ တောင်ပေါ်က ဆင်းသ ဖြင့်၊ လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကို ထား၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။
6 Ja Israelin lapset menivät BerotBeneJaakanista Moseraan: siellä kuoli Aaron ja haudattiin, ja hänen poikansa Eleatsar toimitti papin virkaa hänen siassansa.
ငါသည်တောင်ပေါ်မှာ အရင်နေသောကာလ နှင့်အမျှ၊ အရက်လေးဆယ်ပတ်လုံး တဖန်နေပြန်၍၊ ထိုအခါ၌လည်း ထာဝရဘုရားသည် သင်တို့ကို မဖျက်ဆီး မည်အကြောင်း၊ ငါ့စကားကို နားထောင်တော်မူ၏။
7 Sieltä menivät he Gudgodaan: Gudgodasta Jodbatiin, siihen maahan, jossa vesi-ojat ovat.
ထာဝရဘုရားကလည်း၊ ထလော့။ ဤလူမျိုးအား ပေးခြင်းငှာ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည် သွား၍ သိမ်းယူမည်အကြောင်း၊ သူတို့ရှေ့မှာ ခရီးသွားလော့ဟု ငါ့အား မိန့်တော်မူ၏။
8 Silloin eroitti Herra Levin suvun, kantamaan Herran liitonarkkia, seisomaan Herran edessä, palvelemaan häntä ja kiittämään hänen nimeänsä tähän päivään asti.
ဣသရေလအမျိုးသားတို့သည် မောသရုတ် အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စားခန်းချကြ၏။
9 Sentähden ei ollut Leviläisillä yhtään osaa eli perimystä veljeinsä kanssa; sillä Herra on heidän perimyksensä, niinkuin Herra sinun Jumalas sanoi heille.
ထိုအရပ်မှ ခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဇယုန်ဂါဗာ အရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဟောရတောင်၌ စားခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကို သင်္ဂြိုဟ်ရ၏။ သူ၏သား ဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရ၏။
10 Ja minä seisoin vuorella niinkuin ennenkin, neljäkymmentä päivää ja neljäkymmentä yötä, ja vielä silloinkin kuuli Herra minun rukoukseni, eikä Herra tahtonut hukuttaa sinua.
၁၀လေဝိသားတို့သည် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို ထမ်းစေခြင်းငှာ၎င်း၊ ရှေ့တော်၌ ရပ်၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ အခွင့်တော်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း၊ ယနေ့တိုင်အောင် ထိုသူ တို့ကို ခွဲခန့်တော်မူ၏။
11 Vaan Herra sanoi minulle: nouse, ja mene matkaas, niin ettäs kansan edellä vaellat, että he tulisivat ja omistaisivat sen maan, jonka minä vannoin heidän isillensä antaakseni heille.
၁၁ထို့ကြောင့် လေဝိသားတို့သည် ညီအစ်ကိုတို့နှင့် ရော၍ အဘို့ကိုမပိုင်၊ အမွေကိုမခံရ။ သင်၏ ဘုရား သခင် ထာဝရဘုရားသည် သူတို့ခံရသောအမွေ ဖြစ် တော်မူ၏။
12 Nyt siis Israel, mitä Herra sinun Jumalas sinulta muuta anoo; vaan ettäs pelkäisit Herraa sinun Jumalaas, ja vaeltaisit kaikissa hänen teissänsä ja rakastaisit häntä, ja palvelisit Herraa sinun Jumalaas kaikesta sinun sydämestäs ja kaikesta sinun sielustas:
၁၂အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွား ခြင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊
13 Ettäs myös pitäisit Herran käskyt ja hänen säätynsä, jotka minä käsken sinulle tänäpänä, että sinulle hyvin kävis.
၁၃သင်၏အကျိုးကို ထောက်၍ ယနေ့ ငါဆင့်ဆို သော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက် ခြင်းအမှုမှတပါး၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် အဘယ်အမှုကို တောင်းတော်မူသနည်း။
14 Katso, taivaat ja taivasten taivaat ovat Herran sinun Jumalas, ja maa ja kaikki, mitä hänessä on.
၁၄မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကို၎င်း၊ သင်၏ဘုရား သခင် ထာဝရဘုရား ပိုင်တော်မူ၏။
15 Kuitenkin Herralla on ollut hyvä suosio sinun isäis tykö rakastaaksensa heitä, ja on valinnut heidän siemenensä heidän jälkeensä, nimittäin teidät kaikista kansoista, niinkuin tänäpäivänäkin on.
၁၅သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေး တို့ကို ချစ်ခင်မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုး အနွယ်တည်းဟူသော သင့်ကို၊ အခြားသော လူမျိုးတကာ တို့တွင် ရွေးကောက်တော်မူ၏။
16 Niin ympärileikatkaat teidän sydämenne esinahka, ja älkäät enää niskurit olko!
၁၆သို့ဖြစ်၍ သင်၏နှလုံးအရေဖျားကို လှီးဖြတ် လော့။ နောက်တဖန် ခိုင်မာသောလည်ပင်း မရှိစေနှင့်။
17 Sillä Herra teidän Jumalanne on kaikkein jumalain Jumala, voimallinen ja peljättävä, joka ei katso muotoa, eikä lahjoja ota,
၁၇အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ ဘုရားတို့၏ ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊
18 Joka orvoille ja leskille oikeuden tekee, ja rakastaa muukalaisia, niin että hän heille leivän ja vaatteen antaa.
၁၈မိဘမရှိသော သူငယ်၊ မုတ်ဆိုးမဘက်၌ တရား စီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ် အစားတို့ကို ပေးသနားသော ဘုရားဖြစ်တော်မူ၏။
19 Sentähden pitää teidänkin rakastaman muukalaista; sillä te myös olitte muukalaiset Egyptin maalla.
၁၉သို့ဖြစ်၍ ဧည့်သည်တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည် ဖြစ်ကြဘူးပြီ။
20 Sinun pitää pelkäämän Herraa sinun Jumalaas, häntä pitää sinun palveleman, hänessä pitää sinun kiinni riippuman, ja hänen nimensä kautta vannoman.
၂၀သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။
21 Hän on sinun ylistykses ja sinun Jumalas, joka sinulle teki suuria ja hirmuisia töitä, joita silmäs nähneet ovat.
၂၁ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည် ကိုယ် မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဘွယ်သော အမူအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ။
22 Sinun isäs menivät alas Egyptiin seitsemänkymmenen sielun kanssa; mutta nyt Herra sinun Jumalas on enentänyt sinun niinkuin taivaan tähdet.
၂၂သင်၏ ဘိုးဘေးတို့သည်၊ အရေအတွက်အား ဖြင့် လူခုနစ်ဆယ်မျှသာ ရှိလျက်၊ အဲဂုတ္တုပြည်သို့ ဆင်းသွားကြ၏။ ယခုမူကား၊ အရေအတွက်အားဖြင့် မိုဃ်းကောင်းကင်ကြယ်နှင့်အမျှ သင်၏ဘုရားသခင် ထာဝရဘုရားသည် များပြားစေတော်မူပြီ။

< 5 Mooseksen 10 >