< Aamoksen 3 >

1 Kuulkaat tätä sanaa, jonka Herra puhuu teistä, te Israelin lapset, kaikista sukukunnista, jotka minä olen vienyt ulos Egyptin maalta, ja sanoin:
အိုဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့။
2 Kaikista sukukunnista maan päällä olen minä teidät ainoastaan korjannut; sen tähden tahdon minä myös teitä etsiä kaikissa teidän pahoissa töissänne.
မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့ တမျိုးတည်းကိုသာ ငါလက်ခံသောကြောင့်၊ သင်တို့အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည်။
3 Taitaako kaksi yhdessä vaeltaa, ellei he yhteen sovi?
လူနှစ်ဦးသည် သဘောမတူလျှင်၊ ပေါင်းဘော်၍ ခရီးသွားနိုင်သလော။
4 Kiljuuko jalopeura metsässä, jos ei hänellä ruokaa ole? Parkuuko jalopeuran penikka luolastansa, ellei hän jotakin saanut ole?
ခြင်္သေ့သည် ဘမ်းစရာမရှိလျှင်၊ တော၌ဟောက်လိမ့်မည်လော။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဘမ်းမိလျှင်၊ တွင်းထဲက အသံပြုလိမ့်မည်လော။
5 Menneekö lintu paulaan maan päällä, kussa ei pyytäjää ole? Ottaneeko hän paulansa maasta, joka ei mitään vielä saanut ole?
မြေပေါ်မှာ ကျော့ကွင်းနှင့်မထောင်လျှင်၊ ငှက်ကို ကျော့မိလိမ့်မည်လော။ ထောင်ထားသော ကျော့ကွင်း၌ အဘယ်အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွားလိမ့်မည်လော။
6 Soitetaanko vaskitorvea kaupungissa, ja ei kansa hämmästy? Onko myös jotain pahaa kaupungissa, jota ei Herra tee?
မြို့ထဲမှာ တံပိုးမှုတ်လျှင်၊ မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။
7 Sillä ei Herra, Herra tee mitään, ellei hän ilmoita salauttansa palvelioillensa prophetaille.
အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။
8 Jalopeura kiljuu, kuka ei pelkää? Herra, Herra puhuu, kuka ei ennusta?
ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှ မကြောက်မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ၊ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း။
9 Julistakaat Asdodin huoneissa ja Egyptin maan huoneissa, ja sanokaat: kootkaat teitänne Samarian vuorille, ja katsokaat, kuinka suuri vääryys ja väkivalta siellä on.
အာဇုတ်မြို့ ဘုံဗိမာန်တို့နှင့် အဲဂုတ္တုပြည်ဘုံဗိမာန်တို့တွင် သိတင်းကြားပြောရမည်မှာ၊ ရှမာရိတောင်တို့ အပေါ်မှာစုဝေး၍၊ ရှမာရိမြို့ထဲမှာ ရုန်းရင်းခတ်ခြင်းအမှုကို၎င်း၊ မြို့ထဲမှာ ညှဉ်းဆဲခံရသောသူတို့ကို၎င်း ကြည့်ရှုကြလော့။
10 Ei he taida oikeutta tehdä, sanoo Herra; vaan kokoovat tavaroita huoneissansa väkivallalla ja ryöstämisellä.
၁၀မြို့သားတို့သည် တရားသောအမှုကို မပြုတတ်၊ အနိုင်အထက်ပြု၍ လုယူသောဥစ္စာကို ဘုံဗိမာန်တို့၌ သိုထားတတ်ကြသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
11 Sentähden näin sanoo Herra, Herra: tämä maa piiritetään; ja sinä paiskataan alas sinun vallastas, ja sinun huonees raadellaan.
၁၁ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူတို့သည် ရှမာရိပြည်ကိုဝိုင်းပြီးလျှင်၊ သင်၏အစွမ်းသတ္တိကို နှိမ့်ချ၍၊ ဗိမာန်တို့ကို ဖြိုဖျက်ကြလိမ့်မည်။
12 Näin sanoo Herra: Niinkuin paimen tempaa ulos jalopeuran suusta kaksi reittä eli korvan kappaleen; niin myös Israelin lapset pitää temmatuksi tuleman, jotka Samariassa asuvat, vuoteen loukkaassa ja kehdon kulmassa.
၁၂ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းသည် ခြင်္သေ့နှုတ်ထဲက ခြေနှစ်ခု၊ သို့မဟုတ်၊ နားရွက် တပိုင်းကို နှုတ်ယူသကဲ့သို့ ရှမာရိမြို့၌ ခုတင်ထောင့်၊ ဒမာသက်မွေ့ရာ ဖုံပေါ်မှာထိုင်သော ဣသရေလအမျိုး သားတို့ကို နှုတ်ယူရလိမ့်မည်။
13 Kuulkaat ja todistakaat Jakobin huoneessa, sanoo Herra, Herra Jumala Zebaot.
၁၃ကောင်းကင်ဗိုလ်ခြေကို အစိုးပိုင်သော ဘုရားသခင်၊ အရှင်ထာဝရဘုရားမိန့်တော်မူသောစကားကို သင်တို့သည် နားထောင်၍ ယာကုပ်အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
14 Sillä silloin, kuin minä Israelin synnit etsin, tahdon minä myös Betelin alttarin etsiä; ja alttarin sarvet pitää hakattaman pois, ja ne lankeeman maahan.
၁၄အကယ်စင်စစ် ဣသရေလအမျိုး၏ အပြစ်တို့ကို စစ်ကြောသောနေ့၌၊ ဗေသလယဇ်ပလ္လင်တို့ကို ငါစစ် ကြောလျက်၊ ယဇ်ပလ္လင်ဦးချိုတို့ကိုဖြတ်၍ မြေပေါ်သို့ချမည်။
15 Ja tahdon talvihuoneen ja suvihuoneen maahan lyödä; ja elephantin luiset huoneet pitää hukkuman, ja paljo huoneita pitää häviämän, sanoo Herra.
၁၅ဆောင်းကာလ၌ စံသောနန်းတော်နှင့် နွေကာလ၌စံသော နန်းတော်တို့ကို ငါထိခိုက်၍၊ ဆင်စွယ်ဖြင့် ပြီးသော အိမ်တို့ကိုဖျက်ဆီးမည်။ ဘုံဗိမာန်တို့သည်လည်း ဆုံးကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

< Aamoksen 3 >