< 2 Aikakirja 36 >

1 Ja maan kansa otti Joahaksen Josian pojan, ja tekivät hänen kuninkaaksi isänsä siaan Jerusalemiin.
ပြည်သူပြည်သားတို့သည် ယောရှိသား ယော ခတ်ကို ယူ၍၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ၌ နန်းတင်ကြ၏။
2 Kolmen vuotinen kolmattakymmentä oli Joahas tullessansa kuninkaaksi, ja hallitsi kolme kuukautta Jerusalemissa.
ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။
3 Sillä Egyptin kuningas pani hänen pois Jerusalemista, ja sakotti maan sataan leiviskään hopiaa ja leiviskään kultaa.
ထိုမင်းကို အဲဂုတ္တုရှင်ဘုရင်သည် ယေရုရှလင် မြို့မှာ နန်းချ၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက်တဆယ်ကို အခွန်တောင်းလေ၏။
4 Ja Egyptin kuningas teki Eliakimin hänen veljensä Juudan ja Jerusalemin kuninkaaksi, ja muutti hänen nimensä Jojakimiksi. Mutta Neko otti hänen veljensä Joahaksen ja vei Egyptiin.
အဲဂုတ္တုရှင်ဘုရင် နေခေါသည်လည်း၊ ယောခတ် ၏ နောင်တော်ဧလျာကိမ်ကို ယုဒပြည်ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်၍။ ယောယကိမ်အမည်သစ်ကို ပေးပြီးလျှင်၊ ညီတော်ယောခတ်ကို အဲဂုတ္တုပြည်သို့ ယူသွား၏။
5 Viiden vuotinen kolmattakymmentä oli Jojakim tullessansa kuninkaaksi, ja hallitsi yksitoistakymmentä vuotta Jerusalemissa, ja teki pahaa Herran Jumalansa edessä.
ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံ လေ၏။ ထိုမင်းသည် မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
6 Ja Nebukadnetsar Babelin kuningas meni häntä vastaan, ja sitoi hänen kaksilla vaskikahleilla viedäksensä Babeliin.
ထိုကြောင့်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီလာ၍၊ ဗာဗုလုန်မြို့သို့ယူသွားခြင်းငှါ၊ သံကြိုးဖြင့် ချည်နှောင်လေ၏။
7 Ja Nebukadnetsar vei muutamia Herran huoneen astioita Babeliin ja pani ne templiinsä Babelissa.
ဗိမာန်တော်တန်ဆာ အချို့တို့ကိုလည်း ယူသွား ၍၊ ဗာဗုလုန်မြို့ ဗိမာန်၌ ထားလေ၏။
8 Mitä muuta Jojakimista sanomista on, ja hänen kauhistuksistansa, jotka hän teki ja hänessä löydetty oli: katso, ne ovat kirjoitetut Israelin ja Juudan kuningasten kirjassa. Ja hänen poikansa Jojakin tuli kuninkaaksi hänen siaansa.
ယောယကိမ်ပြုမူသော အမှုအရာ ကြွင်းလေ သမျှတို့နှင့် ပြုမိသော ရွံရှာဘွယ်အမှု၊ ထင်ရှာသော စိတ်သဘောသည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
9 Kahdeksan vuotinen oli Jojakin tullessansa kuninkaaksi, ja hallitsi kolme kuukautta ja kymmenen päivää Jerusalemissa, ja teki pahaa Herran edessä.
ယေခေါနိသည် အသက်တဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလနှင့် ဆယ်ရက်စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၏။
10 Kuin vuosi kulunut oli, lähetti Nebukadnetsar ja antoi tuoda hänen Babeliin, kallisten Herran huoneen astiain kanssa, ja teki Zidkian hänen veljensä Juudan ja Jerusalemin kuninkaaksi.
၁၀နှစ်လည်သောအခါ၊ နေဗုခဒ်နေဇာမင်းကြီး သည် စစ်ချီစေ၍၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား၍၊ ဘထွေးတော် ဇေဒကိကို၊ ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ၏။
11 Yhden vuotinen kolmattakymmentä oli Zidkia tullessansa kuninkaaksi, ja hallitsi yksitoistakymmentä vuotta Jerusalemissa,
၁၁ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။
12 Ja teki pahaa Herran Jumalansa edessä ja ei nöyryyttänyt itsiänsä prophetan Jeremian edessä, joka puhui Herran suusta.
၁၂ထိုမင်းသည်လည်း၊ မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ပြု၏။ ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက်ယေရမိရှေ့မှာ ကိုယ်ကို မနှိမ့်ချ။
13 Hän luopui myös Nebukadnetsarista Babelin kuninkaasta, joka häntä Jumalan kautta vannottanut oli, ja tuli uppiniskaiseksi ja kovetti sydämensä, niin ettei hän ollenkaan tahtonut itsiänsä kääntää Herran Israelin Jumalan tykö.
၁၃ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ် နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မည် အကြောင်း၊ မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း ခိုင်မာစေ၏။
14 Ja kaikki pappein päämiehet ja kansa tekivät myös syntiä suuresti kaikkinaisten pakanain kauhistusten jälkeen, ja saastuttivat Herran huoneen, jonka hän oli pyhittänyt Jerusalemissa.
၁၄ထိုမှတပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရား သန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏။
15 Ja Herra heidän isäinsä Jumala lähetti heidän tykönsä varhain ja usiasti sanansa saattajain kautta; sillä hän armahti kansansa ja majansa päälle.
၁၅ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကိုသနား သောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
16 Mutta he pilkkasivat Jumalan lähetyssanoja, ja katsoivat hänen sanansa ylön, ja häpäisivät hänen prophetaitansa, siihenasti että Herran viha kasvoi hänen kansansa päälle, niin ettei heillä enää parannusta ollut.
၁၆ဘုရားသခင်၏ တမန်တို့ကို ပြက်ယယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တို့ကို ညှဉ်းဆဲ သောကြောင့်၊ ထာဝရဘုရား၏အမျက်တော် မငြိမ်း နိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊
17 Niin hän saatti heidän ylitsensä Kaldealaisten kuninkaan, ja hän antoi tappaa heidän nuorukaisensa miekalla heidän pyhänsä huoneessa, eikä armahtanut nuorukaisia eli neitseitä, taikka vanhoja eli ijällisiä isiä; kaikki antoi hän hänen käteensä.
၁၇ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာန အိမ်တော်၌ လူပျိုတို့ ကို ထားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ကိုပင် မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင် လက်သို့အပ်တော်မူ၏။
18 Ja kaikki Jumalan huoneen astiat, suuret ja pienet, ja Herran huoneen tavarat, kuninkaan ja hänen päämiestensä tavarat: ne kaikki vei hän pois Babeliin.
၁၈ဗိမာန်တော်တန်ဆာ အကြီးအငယ်ရှိသမျှတို့ကို၎င်း၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာ၊ မှူးမတ် ဘဏ္ဍာရှိသမျှတို့ကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွား၏။
19 Ja he polttivat Jumalan huoneen ja kukistivat Jerusalemin muurin, ja kaikki heidän koriat huoneensa poltettiin tulella, niin että kaikki heidän kalliit kalunsa hukutettiin.
၁၉ဗိမာန်တော်ကိုလည်း မီးရှို့၍ ယေရုရှလင်မြို့ရိုး ကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။
20 Ja ne, jotka olivat miekalta päässeet, vietiin Babeliin; ja he olivat hänen ja hänen poikainsa orjat, siihenasti että Persian valtakunta hallitsi.
၂၀ထားဘေးနှင့် လွတ်သောသူတို့ကို၊ ဗာဗုလုန်မြို့ သို့ သိမ်းသွား၍၊ သူတို့သည် ပေရသိနိုင်ငံ မတည်မှီ တိုင်အောင် ရှင်ဘုရင်ထံ၊ သားတော် မြေးတော်ထံ၌ ကျွန်ခံလျက်နေရကြ၏။
21 Että täytettäisiin Herran sana, puhuttu Jeremian suun kautta, ja siihenasti sai maa kyllä sabbatinsa; sillä koko hävityksen aikana oli lepo, siihenasti kuin seitsemänkymmentä ajastaikaa täytettiin.
၂၁ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော ထားဝရ ဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက်နေသော ကာလ၊ အနှစ်ခုနစ်ဆယ် စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့်ရှိသတည်း။
22 Mutta ensimäisenä Persian kuninkaan Koreksen vuonna, (että täytettäisiin Herran sana, sanottu Jeremian suun kautta), herätti Herra Koreksen Persian kuninkaan hengen, että hän antoi kuuluttaa koko valtakunnassansa, niin myös kirjoitusten kautta, ja sanoi:
၂၂
23 Näin sanoo Kores Persian kuningas: Herra taivaan Jumala on antanut minulle kaikki valtakunnat maalla, ja on käskenyt minun rakentaa hänellensä huoneen Jerusalemissa, joka on Juudassa. Kuka nyt on teidän seassansa kaikesta hänen kansastansa? Herra hänen Jumalansa olkoon hänen kanssansa, ja hän menköön sinne ylös!
၂၃

< 2 Aikakirja 36 >