< 1 Samuelin 3 >

1 Ja nuorukainen Samuel palveli Elin edessä Herraa; ja Herran sana oli kallis siihen aikaan, ja ei ollut ilmoituksia.
သူငယ် ရှမွေလ သည်၊ ဧလိ ရှေ့ တွင် ထာဝရဘုရား ၏ အမှု တော်ကို ဆောင်ရွက်လေ၏။ ထို ကာလ ၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် နည်းပါး ၏။ ထင်ရှားသော ရူပါရုံ မ ရှိ။
2 Ja tapahtui siihen aikaan, että Eli makasi siallansa, ja hänen silmänsä rupesivat pimentymään, niin ettei hän nähnyt.
တရံရောအခါဧလိ သည် မိမိ နေရာ ၌ အိပ် လျက်၊ သူ ၏ မျက်စိ မှုန် သောကြောင့် မ မြင် နိုင် သည်ကာလ၊
3 Ja Samuel makasi Herran templissä, siinä kuin Jumalan arkki oli, ennenkuin Jumalan lamppu sammutettiin.
ဘုရား သခင်၏ သေတ္တာ တော်ရှိ ရာထာဝရဘုရား အိမ် တော်၌ မီးခွက် မ သေ မှီ၊ ရှမွေလ သည်လည်း အိပ် လျက်ရှိသောအခါ၊
4 Ja Herra kutsui Samuelia; hän vastasi: katso, tässä minä olen.
ထာဝရဘုရား သည် ရှမွေလ ကို ခေါ် တော်မူ၍ ၊ ရှမွေလက အကျွန်ုပ် ရှိ ပါသည်ဟု ထူး သဖြင့်၊
5 Ja hän juoksi Elin tykö ja sanoi: katso, tässä minä olen, sinä kutsuit minua. Hän sanoi: en minä kutsunut, mene jälleen ja pane maata; ja hän meni ja pani maata.
ဧလိ ထံသို့ ပြေး ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟု ဆို လျှင်၊ ဧလိက ငါမ ခေါ် ၊ အိပ် တော့ဟု ဆို သည်အတိုင်း ၊ ရှမွေလသွား ၍ အိပ် ပြန်လေ၏။
6 Ja Herra kutsui taas Samuelia, ja Samuel nousi ja meni Elin tykö, ja sanoi: katso, tässä minä olen, sinä kutsuit minua. Hän sanoi: en minä kutsunut sinua, minun poikani, mene jälleen ja pane maata.
တဖန် ထာဝရဘုရား က၊ ရှမွေလ ဟု ခေါ် တော်မူလျှင် ၊ ရှမွေလ သည် ထ ပြီးလျှင် ၊ ဧလိ ထံသို့ သွား ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟု ဆို သော်၊ ဧလိက ငါမ ခေါ် ငါ့ သား ၊ အိပ် တော့ဟု ဆို ၏။
7 Mutta Samuel ei tuntenut silloin vielä Herraa; ja Herran sana ei ollut vielä ilmoitettu hänelle.
ရှမွေလ သည် ထာဝရဘုရား ကို မ သိ သေး။ ဗျာဒိတ် တော်ကို မ ခံရ သေး။
8 Ja Herra kutsui Samuelia vielä kolmannen kerran, ja hän nousi ja meni Elin tykö, ja sanoi: katso, tässä minä olen, sinä kutsuit minua. Niin ymmärsi Eli, että Herra kutsui nuorukaista.
တတိယ အကြိမ် ထာဝရဘုရား က၊ ရှမွေလ ဟု ခေါ် တော်မူလျှင် ၊ ရှမွေလထ ပြီးလျှင် ဧလိ ထံသို့ သွား ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟုဆို သော်၊ ထာဝရဘုရား သည် ထိုသူငယ် ကို ခေါ် တော်မူကြောင်း ကို ဧလိ သည် ရိပ်မိ လျှင်၊
9 Ja Eli sanoi Samuelille: mene ja pane maata, ja jos sinua vielä kutsutaan, niin sano: puhu, Herra! sillä sinun palvelias kuulee. Samuel meni ja pani maata siallensa.
သင်သွား ၍ အိပ် ဦးတော့၊ နောက် တဖန်ခေါ် လျှင် ၊ အိုထာဝရဘုရား အမိန့် ရှိတော်မူပါ။ ကိုယ်တော် ကျွန် ကြား ပါသည်ဟု လျှောက် ရမည်အကြောင်းရှမွေလ ကို မှာ ထားသည်အတိုင်း ၊ ရှမွေလ သွား ၍ မိမိ နေရာ ၌ အိပ် လေ၏။
10 Niin tuli Herra ja seisoi siellä, ja kutsui niinkuin ennenkin: Samuel, Samuel. Ja Samuel sanoi: puhu! sillä sinun palvelias kuulee.
၁၀ထာဝရဘုရား သည်လည်း ရှေ့နည်းတူလာ ရပ် လျက် ၊ ရှမွေလ ၊ ရှမွေလ ဟု ခေါ်တော်မူလျှင်၊ ရှမွေလ က၊ အိုထာဝရဘုရား အမိန့် ရှိတော်မူပါ။ ကိုယ်တော် ကျွန် ကြား ပါသည်ဟု လျှောက် လေသော်၊
11 Ja Herra sanoi Samuelille: katso, minä teen yhden asian Israelissa, niin että sen molemmat korvat pitää soiman, joka sen kuulee.
၁၁ထာဝရဘုရား က၊ သိတင်းကြား သောသူ တိုင်း နား နှစ် ဘက်ခါး စေခြင်းငှါ ငါ သည် ဣသရေလ အမျိုး၌ တစုံတခု ကိုပြု မည်။
12 Sinä päivänä tuotan minä Elille kaikki ne mitkä minä hänen huonettansa vastaan puhunut olen: minä alan ja päätän sen.
၁၂ဧလိ အိမ်သား တို့တဘက် ၌ ငါပြော သမျှ အတိုင်း ထို နေ့ တွင် ငါပြုမည်။ ပြု စရှိပြီးမှ လက်စသတ် မည်။
13 Ja minä tahdon tehdä hänelle tiettäväksi, että minä olen Tuomari hänen huoneellensa ijankaikkisesti sen pahan työn tähden, että hän tiesi poikansa häpiällisesti itsensä käyttäneen, ja ei kertaakaan vihaisesti katsonut heidän päällensä.
၁၃ထိုသူ ၏သား တို့သည် ကိုယ်ယုတ်မာ သည်တိုင်အောင်၊ ကိုယ်ပြုသောဒုစရိုက် အပြစ်ကို သူသိ သော်လည်း ကျပ်တည်း စွာ မ ဆုံးမဘဲနေသောကြောင့် ၊ သူ ၏ အိမ်သား တို့၌ ငါ သည် အစဉ်အမြဲ ဒဏ် ပေး မည်ဟု ငါပြော ပြီ။
14 Sentähden olen minä vannonut Elin huoneelle, että tämä Elin huoneen pahateko ei pidä lepytettämän uhrilla eikä ruokauhrilla ijankaikkisesti.
၁၄ထိုကြောင့် ဧလိ ၏အိမ်သား တို့ အပြစ် သည် ယဇ် နှင့် ပူဇော် သက္ကာအားဖြင့် မ ဖြေ ၊ အစဉ်အမြဲ တည် ရမည် အကြောင်းသူတို့အား ငါ ကျိန်ဆို ပြီဟု မိန့် တော်မူ၏။
15 Ja Samuel makasi huomeneen asti, ja avasi Herran huoneen oven. Ja Samuel ei tohtinut ilmoittaa Elille sitä näkyä.
၁၅ရှမွေလ သည် နံနက် တိုင်အောင် အိပ် ပြီးမှ ၊ ထာဝရဘုရား ၏ အိမ် တော်တံခါး တို့ကို ဖွင့် လေ၏။ မြင်ရသော ရူပါရုံ ကို ဧလိ အား မကြားမ ပြော ဝံ့။
16 Niin kutsui Eli hänen ja sanoi: Samuel poikani; hän vastasi: katso, tässä minä olen.
၁၆ဧလိ က၊ ငါ့ သား ရှမွေလ ဟုခေါ် လျှင် ၊ ရှမွေလ က အကျွန်ုပ် ရှိပါသည်ဟု ထူး လေ၏။
17 Hän sanoi: mikä sana se on, joka sinulle sanottiin? älä salaa sitä minulta. Jumala tehköön sinulle sen ja sen, jos sinä jotain salaat mnulta siitä mikä sinulle sanottu on.
၁၇ဧလိကလည်း၊ အဘယ်သို့ မိန့် တော်မူသနည်း။ ငါ့ အား ဝှက် မ ထားပါနှင့်။ မိန့် တော်မူသမျှ တစုံတခုကို ငါ့ အား ဝှက်ထား လျှင် ၊ မိန့်တော်မူသည်အတိုင်းမကသင် ၌ ပြု တော်မူပါစေသောဟု ဆို လေသော်၊
18 Niin Samuel sanoi hänelle kaikki ja ei häneltä mitään salannut. Vaan hän sanoi: hän on Herra, hän tehköön niinkuin hänelle on kelvollinen.
၁၈ရှမွေလ သည် တစုံတခုကိုမျှ ဝှက် မ ထား အလုံးစုံ တို့ကို ပြန် ကြား၏။ ဧလိကလည်း၊ ထာဝရဘုရား ဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြု တော်မူပါစေသောဟု ဝန်ခံ လေ၏။
19 Ja Samuel kasvoi, ja Herra oli hänen kanssansa, ja ei langennut yhtäkään kaikista hänen sanoistansa maahan.
၁၉ရှမွေလ သည် အစဉ်အတိုင်းကြီး ၍ ၊ ထာဝရဘုရား သည် သူ နှင့်အတူ ရှိ တော်မူသဖြင့် ၊ သူ ၏ စကား တခွန်းမျှ ပျက် စေခြင်းငှါအခွင့်ပေးတော်မ မူ။
20 Ja koko Israel, hamasta Danista niin BerSabaan, tunsi Samuelin uskolliseksi Herran prophetaksi.
၂၀သူသည် ထာဝရဘုရား ၏ ပရောဖက် စစ် ဖြစ်ကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် သိ ကြ၏။
21 Ja Herra taas ilmestyi hänelle Silossa; sillä Herra oli ilmaantunut Samuelille Silossa Herran sanan kautta.
၂၁ထာဝရဘုရား သည် ရှိလော မြို့၌ အထပ်ထပ် ထင်ရှား တော်မူ၍၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် အားဖြင့် ရှမွေလ အား ဗျာဒိတ် ပေးတော်မူ၏။ ရှမွေလစကားသည်လည်း၊ ဣသရေလအမျိုးတရှောက်လုံးကို နှံ့ပြားလေ၏။

< 1 Samuelin 3 >