< 1 Samuelin 13 >
1 Kuin Saul oli vuoden ollut kuninkaana, ja hallinnut Israelia kaksi ajastaikaa,
၁ရှောလုသည်လူသုံးထောင်ကိုရွေးချယ်ပြီး လျှင် နှစ်ထောင်ကိုမိမိနှင့်အတူမိတ်မတ်မြို့နှင့် ဗေသလတောင်ကုန်းဒေသအတွက်ခေါ်ထား၏။ တစ်ထောင်ကိုမိမိ၏သားယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်ဂိဗာမြို့သို့စေလွှတ်လိုက်၏။ အခြား လူအပေါင်းတို့ကိုမူ မိမိတို့နေရပ်အသီးသီး သို့ပြန်စေလေသည်။
2 Valitsi hän itsellensä kolmetuhatta miestä Israelista: kaksituhatta olivat Saulin kanssa Mikmassa ja BetElin vuorella, mutta tuhannen Jonatanin kanssa BenJaminin Gibeassa, mutta muun joukon päästi hän menemään itsekunkin majoillensa.
၂
3 Ja Jonatan löi Philistealaisia heidän leirissänsä, joka oli Gibeassa; ja Philistealaiset saivat sen tietää. Ja Saul antoi soittaa basunalla kaikessa maakunnassa ja sanoa: antakaat Hebrealaisten sen kuulla.
၃ယောနသန်သည် ဂေဗာမြို့ရှိဖိလိတ္တိတပ်မှူး ကိုသတ်ဖြတ်လိုက်၏။ ထိုသတင်းကိုဖိလိတ္တိ အမျိုးသားအပေါင်းတို့ကြားကြ၏။ ထို အခါရှောလုသည်စေတမန်များအား ဣသ ရေလပြည်တစ်လျှောက်လုံးသို့လွှတ်ကာဟေဗြဲ အမျိုးသားတို့အားစစ်ပွဲဝင်ကြရန်တံပိုး ခရာမှုတ်၍စုရုံးစေ၏။-
4 Ja kaikki Israel kuuli sanottavan: Saul on lyönyt Philistealaisten leirin; ja Israel myös haisi Philistealaisten edessä, ja kansa kutsuttiin Saulin tykö kokoon Gilgaliin.
၄ဖိလိတ္တိတပ်မှူးအားရှောလုသတ်ဖြတ်လိုက် ကြောင်းနှင့် ဖိလိတ္တိအမျိုးသားတို့သည် ဣသရေလအမျိုးသားတို့အားမုန်းတီး ကြောင်းကို ဣသရေလအမျိုးသားတို့ကြား သိရသဖြင့် ရှောလု၏ဆင့်ဆိုချက်အတိုင်း ဂိလဂါလမြို့သို့လာရောက်စုရုံးကြ၏။
5 Niin kokoontuivat Philistealaiset sotimaan Israelia vastaan, kolmekymmentä tuhatta vaunua, kuusituhatta ratsasmiestä ja paljo muuta kansaa, niinkuin santaa meren rannalla; ja he matkustivat ylöspäin ja asettivat leirinsä Mikmaan, itään päin BetAvenista.
၅ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားတိုက်ခိုက်ရန်စုဝေး ကြ၏။ သူတို့မှာစစ်ရထားသုံးသောင်း၊ မြင်း စီးသူရဲခြောက်ထောင်နှင့်သမုဒ္ဒရာသဲလုံး ကဲ့သို့မရေမတွက်နိုင်အောင် များပြားသော စစ်သည်တပ်သားများရှိသတည်း။ သူတို့ သည်ချီတက်၍ဗေသဝင်မြို့အရှေ့ဘက် ရှိမိတ်မတ်မြို့တွင်စခန်းချကြ၏။-
6 Kuin Israelin miehet näkivät heitänsä ahdistetuksi, sillä kansa oli sangen hämmästyksissä, lymyttivät he heitänsä luoliin, maan kuoppiin, mäen rotkoihin, linnoihin ja kaivoihin;
၆ထိုနောက်ဣသရေလအမျိုးသားတို့အား ပြင်းထန်စွာတိုက်ခိုက်၍ဖရိုဖရဲဖြစ်စေ လေသည်။ ဣသရေလအမျိုးသားအချို့ တို့သည်ဥမင်၊ ကျောက်ကြား၊ ရေတွင်း၊ မြေ တွင်းစသည်တို့၌ပုန်းအောင်းနေကြ၏။-
7 Ja Hebrealaiset vaelsivat Jordanin ylitse Gadin ja Gileadin maakuntaan; vaan Saul oli vielä Gilgalissa, ja kaikki kansa, jotka olivat hänen perässänsä, pelkäsivät.
၇အချို့တို့ကမူယော်ဒန်မြစ်ကိုဖြတ်ကူး ကာဂဒ်နှင့်ဂိလဒ်နယ်များသို့ထွက်ပြေး ကြ၏။ ရှောလုသည်ဂိလဂါလမြို့တွင်ပင်ရှိနေ သေး၏။ သူနှင့်အတူရှိသည့်တပ်သားတို့ သည်ကြောက်လန့်တုန်လှုပ်လျက်နေကြ၏။-
8 Niin odotti hän seitsemän päivää, siihen aikaan asti, kun Samuel määrännyt oli. Vaan koska ei Samuel tullutkaan Gilgaliin, rupesi kansa hajoomaan häneltä.
၈ရှမွေလညွှန်ကြားခဲ့သည်အတိုင်းရှောလု သည် ခုနစ်ရက်တိုင်တိုင်စောင့်ဆိုင်း၍နေခဲ့ သော်လည်း ရှမွေလကားဂိလဂါလမြို့ သို့မရောက်လာ။ သူတို့သည်ရှောလုထံမှ ထွက်ပြေးစပြုကြပြီဖြစ်၍၊-
9 Silloin sanoi Saul: tuokaat minulle polttouhria ja kiitosuhria; ja uhrasi polttouhria.
၉ရှောလုသည်မီးရှို့ရာယဇ်နှင့်မိတ်သဟာယ ယဇ်တို့ကို မိမိထံသို့ယူဆောင်လာစေရန် လူတို့အားစေခိုင်းပြီးလျှင်မီးရှို့ရာယဇ် ကိုပူဇော်လေသည်။-
10 Kuin hän oli päättänyt polttouhrin, katso, Samuel tuli; niin Saul meni häntä vastaan siunaamaan häntä.
၁၀ယင်းသို့ယဇ်ပူဇော်၍ပြီးခါနီး၌ရှမွေလ ရောက်ရှိလာ၏။ ရှောလုသည်သူ့ကိုသွားရောက် ကြိုဆိုသော်လည်း၊-
11 Niin sanoi Samuel: mitäs olet tehnyt? Saul vastasi: minä näin kansan minultani hajoovan, et myös sinä tullut määrättyyn aikaan, ja Philistealaiset olivat Mikmassa koossa,
၁၁ရှမွေလက``သင်သည်အဘယ်သို့ပြုသနည်း'' ဟုမေး၏။ ရှောလုက``လူတို့သည်အကျွန်ုပ်ထံမှစွန့်ခွာ ထွက်ပြေးလျက်နေကြပါ၏။ အရှင်သည်ချိန်း သောအချိန်၌မပေါ်လာပါ။ ထို့အပြင် ဖိလိတ္တိအမျိုးသားတို့သည်မိတ်မတ်မြို့ တွင်စုရုံးလျက်ရှိနေကြပါ၏။-
12 Niin minä sanoin: nyt tulevat Philistealaiset tänne minun tyköni Gilgaliin, ja en minä rukoillut Herran kasvoin edessä; niin minä rohkaisin itseni ja uhrasin polttouhrin.
၁၂သို့ဖြစ်၍သူတို့သည်အကျွန်ုပ်ရှိရာဂိလ ဂါလမြို့သို့ ချီတက်တိုက်ခိုက်ကြလိမ့်မည် ဟူ၍လည်းကောင်း၊ အကျွန်ုပ်သည်လည်းထာ ဝရဘုရား၏ထံတော်၌ အသနားမခံ ရသေးဟူ၍လည်းကောင်းအကျွန်ုပ်တွေးတော မိပါ၏။ ထို့ကြောင့်ယဇ်ကိုမပူဇော်လျှင် မဖြစ်တော့သဖြင့်ပူဇော်ရခြင်းဖြစ်ပါ သည်'' ဟုလျှောက်၏။
13 Samuel sanoi Saulille: sinä olet tyhmästi tehnyt, ja et pitänyt Herran sinun Jumalas käskyä, jonka hän käski sinulle; sillä hän oli vahvistanut sinun valtakuntas Israeliin ijankaikkisesti.
၁၃ရှမွေလက``သင်ပြုသည့်အမှုသည်မိုက်မဲ သောအမှုဖြစ်၏။ သင်သည်မိမိ၏အရှင် ထာဝရဘုရားပေးတော်မူသောအမိန့် တော်ကိုနားမထောင်။ အကယ်၍နားထောင် ခဲ့ပါလျှင်ကိုယ်တော်သည်သင်နှင့်တကွ သင်၏သားမြေးတို့အားဣသရေလပြည် ကိုထာဝစဉ်အုပ်စိုးစေတော်မူမည်။-
14 Vaan sinun valtakuntas ei pidä enää oleman seisovainen: Herra on yhden miehen oman sydämensä jälkeen etsinyt, sen on Herra käskenyt olla kansansa päämiehen; sillä et sinä pitänyt sitä, mitä Herra sinulle käski.
၁၄ယခုမှာမူသင်သည်နန်းသက်ရှည်တော့ မည်မဟုတ်။ သင်သည်မိမိ၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောအမိန့် တော်ကိုလွန်ဆန်သည်ဖြစ်၍ ကိုယ်တော်သည် မိမိလူမျိုးတော်အားအုပ်စိုးစေရန်စိတ် တော်နှင့်တွေ့သူကိုခန့်ထားတော်မူလိမ့် မည်'' ဟုဆို၏။
15 Niin Samuel nousi ja meni Gilgalista pois BenJaminin Gibeaan; niin Saul luki väen, joka hänen tykönänsä oli, liki kuusisataa miestä.
၁၅ရှမွေလသည်ဂိလဂါလမြို့မှထွက်ခွာ၍ ဆက်လက်ခရီးပြုလေသည်။ ကျန်ရစ်သူတို့ သည်ရှောလုနှင့်အတူသူ၏စစ်သည်တော်များ ရှိရာသို့လိုက်သွားကြ၏။ သူတို့သည်ဂိလ ဂါလမြို့မှဗင်္ယာမိန်နယ်၊ ဂိဗာမြို့သို့သွား ကြ၏။ ရှောလုသည်မိမိ၏တပ်သားအရေ အတွက်ကိုစစ်ဆေးရာခြောက်ရာခန့်တွေ့ ရှိလေသည်။-
16 Ja Saul ja Jonatan hänen poikansa, ja se väki joka heidän tykönänsä oli, jäivät BenJaminin kukkulalle; vaan Philistealaiset asettivat leirinsä Mikmaan.
၁၆သူနှင့်သားတော်ယောနသန်တို့သည်မိမိ တို့တွင်ရှိသောစစ်သည်တို့လိုက်ပါလျက် ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင်တပ်ချလျက် နေကြ၏။-
17 Philistealaisten leiristä läksi kolme joukkoa maata hävittämään: yksi käänsi itsensä Ophran tielle Sualin maalle,
၁၇ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကား မိတ်မတ်မြို့တွင်ရှိလေသည်။ ဖိလိတ္တိတပ်သား တို့သည်တိုက်ကင်းသုံးစုခွဲ၍တပ်စခန်းမှ ထွက်သွားကြ၏။ တစ်စုသည်ရွှာလနယ် သြဖရမြို့ရှိရာသို့လည်းကောင်း၊-
18 Toinen käänsi itsensä BetHoronin tielle ja kolmas käänsi itsensä sille rajatielle, joka menee Seboimin laakson korpeen.
၁၈နောက်တစ်စုသည်ဗေသောရုန်မြို့ရှိရာသို့ လည်းကောင်း၊ ကျန်တစ်စုကားဇေဘိုင်ချိုင့်ဝှမ်း နှင့်တောကန္တာရကိုမျက်နှာမူလျက်ရှိသော နယ်စပ်လမ်းသို့လည်းကောင်းလိုက်သွားကြ သည်။
19 Niin ei löydetty yhtään seppää kaikesta Israelin maakunnasta; sillä Philistealaiset ajattelivat, ettei Hebrealaiset tekisi miekkoja ja keihäitä.
၁၉ဟေဗြဲအမျိုးသားတို့ဋ္ဌားလှံလက်နက်များ ပြုလုပ်ခြင်းကိုဖိလိတ္တိအမျိုးသားတို့က ပိတ်ပင်တားမြစ်သဖြင့် ဣသရေလပြည် တွင်ယနေ့တိုင်အောင်ပန်းပဲဆရာများ မရှိချေ။-
20 Ja kaiken Israelin täytyi mennä Philistealaisten tykö teroittamaan vannastansa, rautalapioitansa, kirvestänsä ja vikahdintansa.
၂၀ဣသရေလအမျိုးသားတို့သည်ထွန်သွား၊ ပေါက်တူး၊ ပုဆိန်၊ တံစဉ်စသည်တို့ကိုသွေး ရန်အတွက်ဖိလိတ္တိအမျိုးသားတို့ထံသို့ သွားရကြ၏။-
21 Mutta heillä oli teroitusrauta vikahtimille, lapioille, hangoille ja kirveille, niin myös ojettaa pistintä.
၂၁ပုဆိန်သွေးခနှင့်လှံတံတပ်ခမှာငွေ သုံးပဲသားဖြစ်၍ ထွန်သွားနှင့်ပေါက်တူး သွေးခမှာငွေသုံးမူးသားဖြစ်၏။-
22 Kuin tappelupäivä joutui, niin ei löytynyt miekkaa eikä keihästä kaiken kansan kädessä, jotka Saulin ja Jonatanin kanssa olivat, vaan Saulilla ja hänen pojallansa oli.
၂၂ထို့ကြောင့်စစ်ပွဲဝင်ရသောနေ့၌ရှောလုနှင့် သားတော်ယောနသန်မှလွဲ၍ အခြားဣသ ရေလစစ်သည်တော်တို့တွင်ဋ္ဌားလှံလက် နက်များမရှိကြ။
23 Ja Philistealaisten leiri läksi Mikman taipaleelle.
၂၃ဖိလိတ္တိအမျိုးသားတို့ကစစ်သည်တပ်သား တစ်စုကိုစေလွှတ်၍ မိတ်မတ်တောင်ကြားလမ်း ကိုကာကွယ်စေကြ၏။