< Psalmowo 96 >

1 Midzi ha yeye na Yehowa; Mi anyigbawo katã, midzi ha na Yehowa.
သီ​ချင်း​သစ်​ကို​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း ကြ​လော့။
2 Midzi ha na Yehowa, mikafu eƒe ŋkɔ; miɖe gbeƒã eƒe xɔxɔ gbe sia gbe.
သီ​ချင်း​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား ကယ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း​ကို နေ့​စဉ်​နေ့​တိုင်း​ပြော​ကြား​ကြ​လော့။
3 Miɖe eƒe Ŋutikɔkɔefia le dukɔwo dome kple eƒe nukudɔwo fia le anyigbadzitɔwo katã dome.
လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏ အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တော်​တို့​ကို လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။
4 Elabena Yehowa lolo, eye wòdze kafukafu ŋutɔ; ele be woavɔ̃e wu mawuwo katã.
ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​သည် ဖြစ်​၍ အ​လွန်​ပင်​ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​တော် မူ​၏။ ကိုယ်​တော်​သည်​ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ရို​သေ​ခြင်း​ကို​ခံ​ထိုက်​တော်​မူ​၏။
5 Dukɔwo ƒe mawuwo nye legbawo, ke Yehowae wɔ dziƒowo.
အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့​၏​ဘု​ရား​များ​သည် ရုပ်​တု​များ​သာ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၏။
6 Atsyɔ̃ kple gãnyenye le eŋgɔ, eye ŋusẽ kple ŋutikɔkɔe le eƒe kɔkɔeƒe la me.
ဘုန်း​တော်​နှင့်​ဂုဏ်​တော်​သည်​ကိုယ်​တော်​ကို ခြံ​ရံ​လျက်​ရှိ​၏။ တန်​ခိုး​တော်​နှင့်​ဂုဏ်​ကြက်​သ​ရေ​တော်​သည် ဗိ​မာန်​တော်​၌​တည်​လျက်​ရှိ​၏။
7 O! Mi dukɔwo ƒe ƒomewo, mitsɔ ŋutikɔkɔe kple ŋusẽ na Yehowa.
ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊ထာ​ဝ​ရ ဘု​ရား​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​ထော​မ​နာ​ပြု​ကြ​လော့။
8 Mitsɔ ŋutikɔkɔe si dze eƒe ŋkɔ la nɛ, eye mitsɔ vɔsanuwo va eƒe xɔxɔnuwoe.
ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​ကြီး​သော​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင်​၍​ကိုယ်​တော်​၏ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​ကြ​လော့။
9 Misubɔ Yehowa le eƒe kɔkɔenyenye ƒe atsyɔ̃ me, eye anyigba katã nedzo nyanyanya le eŋkume.
သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင်​ကြွ​လာ တော်​မူ​သော​အ​ခါ​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ကိုယ်​တော်​၏ ရှေ့​တော်​၌​ကြောက်​လန့်​တုန်​လှုပ်​ကြ​လော့။
10 Migblɔ le dukɔwo dome be, “Yehowae le fia ɖum.” Eɖo xexea me gɔme anyi goŋgoŋgoŋ, mate ŋu aʋã o; eye adrɔ̃ ʋɔnu amewo ameŋkumemakpɔmakpɔtɔe.
၁၀``ထာ​ဝ​ရ​ဘု​ရား​သည်​ရှင်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ခိုင်​မြဲ​စွာ တည်​စေ​တော်​မူ​သည်​ဖြစ်​၍​လှုပ်​ရှား​၍​မ​ရ နိုင်​ရာ။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်'' ဟူ​၍ လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။
11 Mina dziƒowo natso aseye, anyigba nekpɔ dzidzɔ, atsiaƒu kple emenuwo katã neɖe gbe,
၁၁အ​ချင်း​ကုန်း​မြေ​နှင့်​ကောင်း​ကင်​တို့၊ရွှင်​လန်း ဝမ်း​မြောက်​ကြ​လော့။ အ​ချင်း​ပင်​လယ်​နှင့်​ပင်​လယ်​ထဲ​ရှိ သတ္တဝါ​အ​ပေါင်း​တို့၊အ​သံ​ကျယ်​စွာ ကြွေး​ကြော်​ကြ​လော့။
12 eye gbegbe kple emenuwo katã netso aseye. Ekema avemetiwo adzi ha atso aseye;
၁၂အ​ချင်း​လယ်​ပြင်​နှင့်​လယ်​ပြင်​တွင်​ရှိ​သ​မျှ သော အ​ရာ​တို့၊ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ တော​၌​ရှိ​သော​သစ်​ပင်​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လိမ့်​မည်။
13 woadzi ha le Yehowa ŋgɔ, elabena egbɔna, eye wògbɔna ʋɔnu drɔ̃ ge. Adrɔ̃ ʋɔnu xexea me le dzɔdzɔenyenye me kple dukɔwo le nyateƒe me.
၁၃အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​သည်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​လိမ့်​မည်။

< Psalmowo 96 >