< Psalmowo 116 >

1 Melɔ̃ Yehowa, elabena ese nye gbe; ese nye avifafa be wonekpɔ nublanui nam.
ထာဝရဘုရားသည် ငါတောင်းပန်ခြင်း အသံကို ကြား၍၊
2 Esi wòtrɔ to ɖe gbɔnye ta la, mayɔe zi ale si mele agbe.
ငါ့ဘက်သို့ နားတော်ကိုလှည့်တော်မူသော ကြောင့်၊ ငါနှစ်သက်၏။ ငါအသက်ရှည်သမျှ ကာလပတ် လုံး၊ ထာဝရဘုရားကို ပဌနာပြုမည်။
3 Ku ƒe kawo blam, eye tsiẽƒe ƒe vevesese va dzinye. Hiã tum, eye nuxaxa va dzinye. (Sheol h7585)
သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း၍ မရဏနိုင်ငံ ဘေးတို့သည် ငါ့ကို ဘမ်းမိသဖြင့်၊ ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ၏။ (Sheol h7585)
4 Tete meyɔ Yehowa ƒe ŋkɔ be, “O! Yehowa, ɖem!”
ထိုအခါ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို ကယ်နှုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား၏နာမတော်ကို ပဌနာပြု၏။
5 Yehowa nye amenuvetɔ kple dzɔdzɔetɔ; míaƒe Mawu la yɔ fũu kple nublanuikpɔkpɔ.
ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ ဖြောင့်မတ်သော သဘောရှိတော်မူ၏။ ငါတို့ ဘုရားသခင်သည် ကရုဏာစိတ်ရှိတော်မူ ၏။
6 Yehowa kpɔa ame siwo fa tu le dzi me la ta; esi menɔ hiahiã gã aɖe me la, eɖem le eme.
ထာဝရဘုရားသည် မလိမ္မာသော သူတို့ကို စောင့်မတော်မူ၏။ ငါသည် နှိမ့်ချလျက်ရှိသောအခါ ကယ်တင်တော်မူ၏။
7 O! Luʋɔnye, gagbɔ ɖe eme, elabena Yehowa nyo dɔ me na wò.
အိုငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရ ဘုရားသည် သင်၌ကျေးဇူးပြုတော်မူပြီ။
8 O! Yehowa, wòe ɖe nye luʋɔ tso ku me, nye ŋkuwo tso aɖatsi si me, nye afɔwo tso anyidzedze me;
ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်း မှ၎င်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှ၎င်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှ၎င်း ကယ်လွှတ်တော်မူပြီ။
9 be mate ŋu azɔ le Yehowa ŋkume le agbagbeawo ƒe anyigba dzi.
သို့ဖြစ်၍၊ အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရားရှေ့တော်၌ ငါကျင့်၍ နေရ၏။
10 Mexɔe se, eya ta megblɔ be, “Wokaa hiãm ŋutɔ.”
၁၀ငါသည် အလွန်ညှိုးငယ်ခြင်းကို ခံရ၏ဟု မြွက်ဆိုသော်လည်း၊ ယုံကြည်သော စိတ်ရှိသေး၏။
11 Eye le nye moya me, megblɔ be, “Amegbetɔwo katã nye aʋatsokalawo.”
၁၁လူအပေါင်းတို့သည် မုသာကို သုံးတတ်ကြ၏ဟု သတိလစ်လျက် ပြောမိ၏။
12 Aleke mawɔ aɖo dɔmenyo siwo katã Yehowa wɔ nam la teƒe nɛ?
၁၂ငါ၌ ထာဝရဘုရားပြုတော်မူသော ကျေးဇူး အလုံးစုံတို့ကို အဘယ်သို့ ဆပ်ရမည်နည်း။
13 Makɔ xɔxɔ ƒe kplu la ɖe dzi, eye mayɔ Yehowa ƒe ŋkɔ.
၁၃ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍၊ ထာဝရ ဘုရား၏ နာမတော်ကို ပဌနာပြုမည်။
14 Maxe nye adzɔgbeɖefe na Yehowa le eƒe dukɔ blibo la ŋkume.
၁၄ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်။
15 Eƒe ame kɔkɔewo ƒe ku nye nu xɔasi le Yehowa ŋkume.
၁၅ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏။
16 O! Yehowa, menye wò dɔla vavã, wò dɔlae menye, wò subɔla ƒe viŋutsue menye, eye nèɖem tso nye gakɔsɔkɔsɔ siwo blam la me.
၁၆အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏။ ကိုယ်တော်၏ ကျွန်မတွင် မြင်သောသား လည်း မှန်ပါ၏။ အကျွန်ုပ်၌ အချည်အနှောင်ကို လွှတ်တော်မူပြီ။
17 Masa akpedavɔ na wò, eye mayɔ Yehowa ƒe ŋkɔ.
၁၇ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြုမည်။
18 Maxe nye adzɔgbeɖefe na Yehowa, le eƒe dukɔ blibo la ŋkume,
၁၈ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း၊
19 le Yehowa ƒe aƒe ƒe xɔxɔnuwo, le mia dome, o Yerusalem. Mikafu Yehowa.
၁၉အိုယေရုရှလင်မြို့၊ သင်၏အလယ်မှာ ထာဝရ ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင်၊ ထာဝရဘုရား ၏ လူများရှေ့၌သစ္စာဝတ်ကို ဖြေပါမည်။ ဟာလေလုယ။

< Psalmowo 116 >