< Yeremia 34 >

1 Esime Babilonia fia Nebukadnezar kple eƒe aʋakɔwo kple fiaɖuƒe siwo katã le ete la le aʋa wɔm kple Yerusalem kple du siwo katã ƒo xlãe la, nya sia tso Yehowa gbɔ va na Yeremia be,
ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှင့် တပ်​မ တော်​သည်​လက်​အောက်​ခံ​နိုင်​ငံ​ရှိ​သ​မျှ​နှင့် လူ​မျိုး​အ​ပေါင်း​တို့​၏​စစ်​တပ်​များ​အ​ကူ အ​ညီ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​အ​နီး အ​နား​ရှိ​မြို့​ရွာ​များ​ကို​တိုက်​ခိုက်​လျက်​နေ စဉ် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။-
2 “Ale Yehowa, Israel ƒe Mawu la gblɔe nye esi: Yi ɖe Yuda fia Zedekia gbɔ nàgblɔ nɛ be, ‘Ale Yehowa gblɔe nye esi: Esusɔ vie matsɔ du sia ade asi na Babilonia fia, wòatɔ dzoe.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​သင်​သည်​ယု​ဒ ဘု​ရင်​ဇေ​ဒ​ကိ​ထံ​သို့​သွား​၍​သူ့​အား​ဗျာ ဒိတ်​တော်​ပြန်​ကြား​ရ​မည်​မှာ``ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​အား ပေး​အပ်​မည်။ သူ​သည်​ဤ​မြို့​ကို​မီး​ရှို့​လိမ့်​မည်။-
3 Màdo le eƒe asi me o, ke boŋ woalé wò kokoko ade asi nɛ. Àkpɔ Babilonia fia la kple wò ŋutɔ wò ŋkuwo eye aƒo nu kpli wò ŋkume kple ŋkume. Ale woakplɔ wò ayi Babiloniae.
သင်​သည်​သူ​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်။ အ​ဖမ်း​ခံ​ရ​ကာ​သူ​၏​လက်​တွင်း သို့​သက်​ဆင်း​ရ​လိမ့်​မည်။ သင်​သည်​သူ​နှင့် မျက်​နှာ​ချင်း​ဆိုင်​တွေ့​ဆုံ​ပြော​ဆို​ပြီး​လျှင် ဗာ​ဗု​လုန်​မြို့​သို့​လိုက်​ပါ​သွား​ရ​လိမ့်​မည်။-
4 “‘Ke hã la, se Yehowa ƒe ŋugbedodo, O Yuda fia Zedekia. Ale Yehowa gblɔ tso ŋutiwòe nye esi: Màtsi yi nu o,
အို ဇေ​ဒ​ကိ​မင်း၊ သင့်​ကို​ရည်​မှတ်​၍ ငါ​မိန့် မှာ​သည့်​စ​ကား​ကို​နား​ထောင်​လော့။ သင် သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​လိမ့်​မည်​မ​ဟုတ်။-
5 ke boŋ àku le ŋutifafa me. Abe ale si amewo do kuteƒedzo na fia siwo do ŋgɔ na wò, ame siwo nye fofowòwo, hetsɔ de bubu wo ŋutii ene la, nenema kee woado dzo atsɔ de bubu ŋutiwòe ahado konyifaɣli be, “Alele, O nye Aƒetɔ!” Nye ŋutɔe do ŋugbe sia, Yehowae gblɔe.’”
အေး​ချမ်း​စွာ​သေ​ရ​လိမ့်​မည်။ လူ​တို့​သည် သင်​၏​ဘိုး​ဘေး​များ​အ​တွက် နံ့​သာ​ပေါင်း ကို​မီး​ရှို့​ခဲ့​ကြ​သည့်​နည်း​တူ သင်​၏​အ​တွက် လည်း​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လိမ့်​မည်။ သူ တို့​သည်`ငါ​တို့​ဘု​ရင်​ကွယ်​လွန်​ပြီ' ဟု​ဆို​၍ သင်​၏​အ​တွက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
6 Ale Nyagblɔɖila Yeremia yi ɖato nya siawo katã na Yuda fia Zedekia le Yerusalem,
ထို​နောက်​ဗာ​ဗု​လုန်​ဘု​ရင်​၏​တပ်​မ​တော် သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လျက်​နေ စဉ်​ပ​ရော​ဖက်​ယေ​ရ​မိ​သည် ထို​အ​ကြောင်း အ​ရာ​အ​လုံး​စုံ​ကို​ဇေ​ဒ​ကိ​အား​ဆင့်​ဆို ပြန်​ကြား​၏။ ဗာ​ဗု​လုန်​တပ်​မ​တော်​သည် ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​များ​အ​နက် ကျန် ရှိ​သေး​သည့်​မြို့​များ​ဖြစ်​သော​လာ​ခိ​ရှ မြို့​နှင့်​အ​ဇေ​ကာ​မြို့​တို့​ကို​လည်း​တိုက် ခိုက်​လျက်​နေ​သ​တည်း။
7 esime Babilonia fia le aʋa wɔm kple Yerusalem kple Yuda du siwo gale te nu, abe Lakis kple Azeka ene. Du siawo koe ganye du siwo ŋu gli sesẽwo nɔ le Yuda.
8 Gbe tso Yehowa gbɔ va na Yeremia esi fia Zedekia wɔ nubabla kple ame siwo katã nɔ Yerusalem, be woaɖe gbeƒã ablɔɖe na kluviwo vɔ megbe.
ဇေ​ဒ​ကိ​မင်း​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​သည် ယု​ဒ​အ​မျိုး​သား​အ​ချင်း​ချင်း​ကျွန် စေ​စား​မှု​မ​ရှိ​စေ​ရန် ဟေ​ဗြဲ​ကျွန်​ယောကျာ်း ကျွန်​မိန်း​မ​တို့​အား လွတ်​လပ်​ခွင့်​ပေး​ရန် သ​ဘော​တူ​ညီ​ကြ​လေ​သည်။
9 Nya lae nye be ame sia ame nena ablɔɖe eƒe Hebri kluvi siwo nɔ esi, ŋutsuwo kple nyɔnuwo siaa. Ame aɖeke megawɔ ehavi Hebritɔ aɖeke kluvie o.
10 Eya ta dumegãwo katã kple ame siwo ɖo nubabla sia me la lɔ̃ be woaɖe asi le kluviawo ŋu, ŋutsuwo kple nyɔnuwo siaa, be womaganɔ kluvinyenye me o. Esi wolɔ̃ ta la, wona ablɔɖe kluviawo.
၁၀ပြည်​သူ​များ​နှင့်​ပြည်​သူ့​ခေါင်း​ဆောင်​အ​ပေါင်း တို့​သည် မိ​မိ​တို့​ကျေး​ကျွန်​များ​အား​လွတ်​လပ် ခွင့်​ပေး​ပြီး​လျှင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန် ၍​ကျွန်​စေ​စား​မှု​မ​ပြု​ပါ​ဟု​သ​ဘော​တူ​ညီ ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​ကျေး​ကျွန်​များ ကို​လွတ်​လပ်​ခွင့်​ပေး​ကြ​၏။-
11 Gake wotrɔ susu emegbe eye wogana ame siwo ŋu woɖe asi le la gazu kluviwo.
၁၁သို့​သော်​လည်း​ယင်း​သို့​လွတ်​လပ်​ခွင့်​ပေး​ပြီး သည်​နောက် စိတ်​သ​ဘော​ပြောင်း​လဲ​၍​ထို​သူ တို့​အား​ပြန်​လည်​ခေါ်​ယူ​ကာ အ​တင်း အ​ကြပ်​ကျွန်​ခံ​စေ​ကြ​ပြန်​၏။
12 Tete Yehowa ƒe nya va na Yeremia be,
၁၂ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊-
13 “Ale Yehowa, Israel ƒe Mawu la gblɔe nye esi: Mebla nu kple mia fofowo esi mekplɔ wo do goe tso Egipte, tso kluvinyenye me. Megblɔ be,
၁၃ငါ့​အား​ပြည်​သူ​တို့​အား​ဆင့်​ဆို​စေ​သည် မှာ``ငါ​သည်​သင်​၏​ဘိုး​ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ်​ကာ ကျွန်​ဘ​ဝ မှ​လွတ်​မြောက်​စေ​ခဲ့​စဉ်​အ​ခါ​က​သူ​တို့ နှင့်​ပ​ဋိ​ညာဉ်​ပြု​ခဲ့​၏။-
14 ‘Le ƒe adrelia me la, mia dometɔ ɖe sia ɖe naɖe asi le nɔvia Hebritɔ si tsɔ eɖokui de awɔba me nɛ la ŋu. Esi wòsubɔ wò ƒe ade vɔ megbe la, ele be nàɖe asi le eŋu wòadzo.’ Gake mia fofowo gbe, womeɖo tom alo de nu eme nam o.
၁၄သူ​တို့​သည်​မိ​မိ​ဝယ်​ယူ​ထား​သည့်​ဟေ​ဗြဲ ကျွန်​မှန်​သ​မျှ​ကို​ခြောက်​နှစ်​မျှ​စေ​စား​ပြီး နောက် ခု​နစ်​နှစ်​မြောက်​တွင်​လွတ်​လပ်​ခွင့်​ပေး​ရ ကြ​မည်​ဖြစ်​ကြောင်း သူ​တို့​အား​ငါ​မှာ​ကြား ခဲ့​၏။ သို့​ရာ​တွင်​သင်​၏​ဘိုး​ဘေး​တို့​သည် ငါ့​အား​ပ​မာ​ဏ​မ​ပြု​ကြ။ ငါ​ပြော​ဆို သည့်​စ​ကား​ကို​လည်း​နား​မ​ထောင်​ကြ။-
15 Nyitsɔ laa mietrɔ dzi me hewɔ nu si nyo la le nye ŋkume. Mia dometɔ ɖe sia ɖe ɖe gbeƒã ablɔɖe na ehavi. Kura gɔ̃ hã la, miebla nu le ŋkunye me le Aƒe si ŋuti woyɔ nye ŋkɔ ɖo la me.
၁၅လွန်​ခဲ့​သည့်​ရက်​အ​နည်း​ငယ်​က​သင်​တို့​သည် စိတ်​သ​ဘော​ပြောင်း​လဲ​၍ ငါ​နှစ်​သက်​သည့် အ​မှု​ကို​ပြု​ခဲ့​ကြ​၏။ သင်​တို့​အား​လုံး​ပင် မိ​မိ​တို့​ဟေ​ဗြဲ​အ​မျိုး​သား​အ​ချင်း​ချင်း တို့​အား လွတ်​လပ်​ခွင့်​ပေး​ရန်​သ​ဘော​တူ​ညီ ချက်​ဖြင့် ငါ့​နာ​မ​ဖြင့်​တည်​ဆောက်​ထား သော​ဗိ​မာန်​တော်​အ​တွင်း​ငါ​၏​ရှေ့​မှောက် ၌​ပ​ဋိ​ညာဉ်​ပြု​ခဲ့​ကြ​၏။-
16 Ke azɔ la miegatrɔ glalã, heƒo ɖi nye ŋkɔ eye mia dometɔ ɖe sia ɖe gaxɔ ŋutsu kple nyɔnu kluvi siwo miena ablɔɖee be woayi afi si wolɔ̃. Miezi wo dzi be woaganye miaƒe kluviwo.
၁၆သို့​ရာ​တွင်​သင်​တို့​သည်​စိတ်​သ​ဘော​ထား ပြောင်း​လဲ​ကြ​ပြန်​၍​ငါ့​အား​အ​သ​ရေ​ဖျက် ကြ​၏။ သင်​တို့​အား​လုံး​ပင်​မိ​မိ​တို့​လွတ်​လပ် ခွင့်​ပေး​ခဲ့​ကြ​သည့်​ကျေး​ကျွန်​များ​ကို ပြန် လည်​ခေါ်​ယူ​ကာ​အ​တင်း​အ​ကြပ်​ကျွန်​ခံ စေ​ကြ​ပြန်​၏။-
17 “Eya ta ale Yehowa gblɔe nye esi: Mieɖo tom o, miena ablɔɖe hã mia haviwo o. Eya ta azɔ la, meɖe gbeƒã ‘ablɔɖe’ na mi, ‘ablɔɖe’ be miatsi yi, dɔvɔ̃ kple dɔwuame ƒe asi me, eye matsɔ mi awɔ ŋɔdzidonu na anyigbadzifiaɖuƒewo katã.
၁၇သို့​သော်​လည်း​သင်​တို့​သည်​ငါ​၏​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​တို့​ဟေ​ဗြဲ​အ​မျိုး​သား အ​ချင်း​ချင်း​တို့​အား​လည်း လွတ်​လပ်​ခွင့် မ​ပေး​ခဲ့​ကြ​ဟု​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက် ဆို​၏။ ထို့​ကြောင့်​သင်​တို့​အား​စစ်​ဘေး၊ အ​နာ ရော​ဂါ​ဘေး​နှင့်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး တို့​ဖြင့် လွတ်​လပ်​စွာ​သေ​ရ​ခြင်း​တည်း​ဟူ သော​လွတ်​လပ်​ခွင့်​ကို​ငါ​ပေး​မည်။ ငါ​သည် သင်​တို့​အား​ပြု​သည့်​အမှု​ကြောင့် ကမ္ဘာ​ပေါ် ရှိ​လူ​မျိုး​တ​ကာ​တို့​သည်​ထိတ်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။-
18 Ŋutsu siwo tu nye nubabla, eye womewɔ ɖe nu si wobla le ŋkunye me la dzi o la, mawɔ wo abe nyivi si wofe ɖe eve hezɔ to eƒe titina la ene.
၁၈ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​ခေါင်း​ဆောင် များ​သည် နန်း​တွင်း​အ​ရာ​ရှိ​များ၊ ယဇ်​ပု​ရော ဟိတ်​များ၊ ပြည်​သူ​များ​နှင့်​အ​တူ​မိ​မိ​တို့ နှစ်​ခြမ်း​ခွဲ​ထား​သည့်​နွား​လား​၏​စပ်​ကြား တွင်​လျှောက်​သွား​ကာ ငါ​နှင့်​ပ​ဋိ​ညာဉ်​ပြု​ခဲ့ ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​ရှေ့​မှောက် တွင် မိ​မိ​တို့​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး ဖောက်​ကြ​၏။ ထို့​ကြောင့်​နွား​လား​ကို​သူ တို့​ပြု​သ​ကဲ့​သို့​သူ​တို့​အား​ငါ​ပြု​မည်။-
19 Yuda kple Yerusalem dumegãwo, nunɔlawo kple ame siwo katã le anyigba dzi, ame siwo zɔ to nyivi fefe la titina la,
၁၉
20 makplɔ de asi na woƒe futɔ siwo le woƒe agbe yome tim. Woƒe ŋutilã kukua azu nuɖuɖu na dziƒoxeviwo kple gbemelãwo.
၂၀ငါ​သည်​သူ​တို့​ကို​ရန်​သူ​များ​၏​လက်​သို့ ပေး​အပ်​မည်။ သူ​တို့​အား​သတ်​ဖြတ်​လို​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။ သူ​တို့​၏ အ​လောင်း​များ​သည်​ငှက်​များ​တော​သား​ရဲ များ​၏​အ​စာ​ဖြစ်​လိမ့်​မည်။-
21 “Matsɔ Yuda fia Zedekia kple eƒe dumegãwo ade asi na woƒe futɔ siwo le woƒe agbe yome tim, na Babilonia fia ƒe aʋakɔ siwo ʋu dzo le mia gbɔ la.
၂၁ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နှင့်​မှူး​မတ်​များ​အား သူ တို့​ကို​သတ်​ဖြတ်​လို​သည့်​ရန်​သူ​များ​၏​လက် သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သူ​တို့​အား​ယ​ခု အ​တိုက်​အ​ခိုက်​ရပ်​စဲ​လိုက်​သည့် ဗာ​ဗု​လုန် ဘုရင်​၏​တပ်​မ​တော်​လက်​သို့​ပေး​အပ်​မည်။-
22 Yehowa be yele gbe ɖe ge, eye yeakplɔ wo agbɔe va du sia me. Woawɔ aʋa kplii, axɔe eye woatɔ dzoe wòabi. Mana be Yuda duwo nazu aƒedo, ale be ame aɖeke mate ŋu anɔ wo me o.”
၂၂ထို​တပ်​မ​တော်​ကို​ငါ​အ​မိန့်​ပေး​သ​ဖြင့် သူ တို့​သည်​ပြန်​လာ​၍​ဤ​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ပြီး​လျှင် မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ ငါ​သည် ယု​ဒ​မြို့​တို့​ကို​လူ​သူ​ကင်း​မဲ့​ရာ​သဲ​ကန္တာ​ရ ကဲ့​သို့​ဖြစ်​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

< Yeremia 34 >