< Psalmaro 74 >

1 Instruo de Asaf. Kial, ho Dio, Vi forpuŝis nin por ĉiam? Kial fumas Via kolero kontraŭ la ŝafoj de Via paŝtejo?
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ် ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသော သိုးတို့ကို အဘယ်ကြောင့် အမျက်ထွက် တော်မူသနည်း။
2 Rememoru Vian komunumon, kiun Vi aĉetis en la tempo antikva, La genton de Via heredo, kiun Vi liberigis, Ĉi tiun monton Cion, sur kiu Vi loĝiĝis.
ရှေးကအပိုင်ရတော်မူသော လူအစည်းအဝေး ကို၎င်း၊ ရွေးတော်မူသော အမွေတော်အဘို့ကို၎င်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို၎င်း အောက် မေ့တော်မူပါ။
3 Direktu Viajn paŝojn al la eternaj ruinoj, Al ĉio, kion detruis malamiko en la sanktejo.
သန့်ရှင်းရာဌာန၌ ရန်သူသည် မတရားသဖြင့် ပြု၍၊ အမြဲ သုတ်သင်ပယ်ရှင်းရာအရပ်သို့ ကြွတော်မူပါ။
4 Krias Viaj malamikoj en Via domo, Metis tie siajn signojn.
ကိုယ်တော်၏ လူစည်းဝေးရာအရပ်၌ ရန်သူတို့ သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော်အရာ ၌ သူတို့လက္ခဏာသက်သေတို့ကို ထားကြပါပြီ။
5 Oni vidas, kiel ili levas la hakilojn Kontraŭ la lignajn plektaĵojn.
လိမ္မာသောသူသည် ထူထပ်သော တောကို ပုဆိန်နှင့် ခုတ်သကဲ့သို့၊
6 Kaj nun ĉiujn ĝiajn skulptaĵojn Ili dishakas per hakilo kaj marteloj.
ယခုတွင် ဗိမာန်တော် တန်ဆာများကိုပုဆိန်၊ သံတူနှင့် တပြိုင်နက် ရိုက်ချိုးကြပါ၏။
7 Ili bruligis per fajro Vian sanktejon, Malhonore alterigis la loĝejon de Via nomo.
သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမ တော်ကျိန်းဝပ်ရာ တဲတော်ကို မြေတိုင်အောင် ရှုတ်ချ ကြပါ၏။
8 Ili diris en sia koro: Ni ruinigos ilin tute; Ili forbruligis ĉiujn domojn de Dio en la lando.
ဤအမျိုးသား အပေါင်းတို့ကို အတူဖျက်ဆီးကြ ကုန်အံ့ဟုဆို၍၊ မြေတပြင်လုံးတွင် ဘုရားသခင်၏ တရား စရပ်တို့ကို မီးရှို့ကြပါ၏။
9 Niajn signojn ni ne vidis; Jam ne ekzistas profeto, Kaj neniu ĉe ni scias, kiel longe tio daŭros.
အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာသက်သေများ ကို မမြင်ရပါ။ ပရောဖက်သည် တဖန်မပေါ်သရှိပါ။ အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသောသူ မရှိပါ။
10 Kiel longe, ho Dio, mokos la premanto? Ĉu eterne la malamiko insultos Vian nomon?
၁၀အို ဘုရားသခင်၊ ရန်သူသည် အဘယ်မျှကာလ ပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင်ပြုရပါမည်လော။
11 Kial Vi retenas Vian brakon kaj Vian dekstran manon? Ekstermu ilin el Via basko.
၁၁လက်ျာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်း တော်မူသနည်း။ ရင်ခွင်တော်ထဲကထုတ်၍ ဖျက်ဆီးတော် မူပါ။
12 Dio estas ja mia Reĝo de antikve, Li faras savon sur la tero.
၁၂အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှ စ၍၊ ကယ်တင်တော်မူခြင်းကို မြေအလယ်၌ ပြုသော ငါတို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။
13 Vi disŝiris per Via forto la maron, Vi rompis la kapojn de balenoj en la akvo;
၁၃ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ် ကို ခွဲတော်မူပြီ။ ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။
14 Vi disbatis la kapojn de la levjatano, Vi donis ĝin por manĝo al la bestoj de la dezerto;
၁၄လဝိသန်၏ ဦးခေါင်းတို့ကို နှိပ်စက်၍ တော တွင်းသားတို့ စားစရာဘို့ အပ်ပေးတော်မူပြီ။
15 Vi elfendis fonton kaj torenton, Vi elsekigis potencajn riverojn.
၁၅စမ်းရေနှင့်ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သော မြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ။
16 Al Vi apartenas la tago, kaj al Vi apartenas la nokto; Vi aranĝis lumon kaj sunon;
၁၆နေ့နှင့်ညဉ့်ကို ပိုင်တော်မူ၏။ နေမှစ၍ အလင်း အိမ်တို့ကို ဖန်ဆင်းတော်မူပြီ။
17 Vi difinis ĉiujn limojn de la tero; La someron kaj la vintron Vi aranĝis.
၁၇မြေကြီး၏ အကန့်အကွက်ရှိသမျှတို့ကို၎င်း၊ နွေကာလနှင့် ဆောင်းကာလကို၎င်း စီရင်တော်မူပြီ။
18 Rememoru tion, ke malamiko insultas la Eternulon Kaj popolo malsaĝa malhonoras Vian nomon.
၁၈ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့၍၊ လူမိုက်တို့ သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက် မေ့တော်မူပါ။
19 Ne fordonu al sovaĝa besto la animon de Via turto; La anaron de Viaj mizeruloj ne forgesu por ĉiam.
၁၉ကိုယ်တော်၏ ချိုးငှက်အသက်ကို သားရဲ၌ အပ်တော်မမူပါနှင့်။ ကိုယ်တော်၏ ဆင်းရဲသားတို့ အစည်းအဝေးကို အစဉ်မေ့လျော့တော်မမူပါနှင့်။
20 Rememoru la interligon, Ĉar ĉiuj mallumaj lokoj de la tero estas plenaj de rabejoj.
၂၀ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သော အရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက် ဖြစ်ကြပါ၏။
21 La suferanto ne reiru hontigita; Malriĉulo kaj mizerulo gloru Vian nomon.
၂၁နှိပ်စက်ခြင်းကို ခံရသောသူတို့သည် စိတ်ပျက်၍ မသွားကြပါ စေနှင့်။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော။
22 Leviĝu, ho Dio, defendu Vian aferon; Rememoru la malhonoron, kiun malsaĝulo faras al Vi ĉiutage.
၂၂အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။ မိုက်သောသူသည် ကိုယ်တော် အား အစဉ်ကဲ့ရဲ့သည်ကို အောက်မေ့တော်မူပါ။
23 Ne forgesu la krion de Viaj malamikoj; La bruo de tiuj, kiuj leviĝis kontraŭ Vi, konstante kreskas.
၂၃ကိုယ်တော်၏ရန်သူတို့ အသံကို မေ့လျော့တော် မမူပါနှင့်။ ကိုယ်တော်ကို ပုန်ကန်သောသူတို့၏ ရုန်းရင်း ခတ်ခြင်းအသံသည် အစဉ်မပြတ်တိုးတက်လျက်ရှိပါ၏။

< Psalmaro 74 >