< Psalmaro 47 >

1 Al la ĥorestro. De la Koraĥidoj. Psalmo. Ĉiuj popoloj, plaŭdu per la manoj, Kriu al Dio per voĉo de kanto.
လူ​မျိုး​အ​ပေါင်း​တို့၊ရွှင်​လန်း​စွာ​လက်​ခုပ်​တီး ကြ​လော့။ အ​သံ​ကျယ်​စွာ​သီ​ချင်း​ဆို​၍​ထာ​ဝ​ရ​ဘု​ရား အား ထော​မ​နာ​ပြု​ကြ​လော့။
2 Ĉar la Eternulo Plejalta estas timinda; Li estas granda Reĝo super la tuta tero.
အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား သည် ကြောက်​မက်​ဖွယ်​ကောင်း​ပေ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရင်​မင်း​မြတ်​ဖြစ်​တော် မူ​၏။
3 Li subigas al ni popolojn Kaj metas gentojn sub niajn piedojn.
ကိုယ်​တော်​သည်​ငါ​တို့​အား​လူ​မျိုး​တ​ကာ​တို့​ကို အ​နိုင်​ရ​စေ​၍ တိုင်း​နိုင်​ငံ​တို့​ကို​အုပ်​စိုး​စေ​တော်​မူ​၏။
4 Li elektas por ni nian heredon, La majeston de Jakob, kiun Li amas. (Sela)
ကိုယ်​တော်​သည်​ငါ​တို့​နေ​ထိုင်​ရာ​ပြည်​ကို ရွေး​ချယ်​ပေး​တော်​မူ​၏။ ထို​ပြည်​ကား​ကိုယ်​တော်​ချစ်​မြတ်​နိုး​တော်​မူ သော လူ​စု​တော်​ပိုင်​ဆိုင်​၍​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​ဖြစ် ပေ​သည်။
5 Dio supreniras ĉe sonoj de ĝojo, La Eternulo ĉe trumpetado.
ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​သို့ တက်​ကြွ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​တက်​ကြွ​တော်​မူ​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​သည့်​အ​သံ များ​နှင့် တံ​ပိုး​ခ​ရာ​မှုတ်​သံ​များ​ကို​ကြား​ရ​ကြ​၏။
6 Kantu al Dio, kantu! Kantu al nia Reĝo, kantu!
ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​လော့။ ငါ​တို့​ဘု​ရင်​အား​ချီး​မွမ်း​သီ​ချင်း​ဆို​ကြ​လော့။
7 Ĉar Dio estas la Reĝo de la tuta tero: Kantu edifan kanton!
ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​၏​ဘု​ရင် ဖြစ်​တော်​မူ​၏။ သီ​ချင်း​များ​ဖြင့်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။
8 Dio reĝas super la popoloj; Dio sidas sur Sia sankta trono.
ဘု​ရား​သ​ခင်​သည်​သန့်​ရှင်း​မြင့်​မြတ်​သော ရာ​ဇ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။ တိုင်း​နိုင်​ငံ​အ​ပေါင်း​ကို​အုပ်​စိုး​တော်​မူ​၏။
9 La princoj de la popoloj kolektiĝis, La popolo de la Dio de Abraham; Ĉar al Dio apartenas la ŝildoj de la tero; Li estas tre alta.
တိုင်း​နိုင်​ငံ​တို့​ကို​အုပ်​စိုး​သည့်​မင်း​တို့​သည် လာ​၍ အာ​ဗြ​ဟံ​ကိုး​ကွယ်​သော​ထာ​ဝ​ရ​ဘု​ရား​၏ လူ​စု​တော်​နှင့်​အ​တူ​စု​ဝေး​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​လော​က​စစ်​တပ်​ရှိ​သ​မျှ​တို့ ထက် တန်​ခိုး​ကြီး​တော်​မူ​၏။ ကိုယ်​တော်​သည်​တန်​ခိုး​အ​ကြီး​ဆုံး​ဘု​ရင် ဖြစ်​တော်​မူ​ပါ​၏။

< Psalmaro 47 >