< Mateo 7 >
1 Ne juĝu, por ke vi ne estu juĝataj.
၁``သူတစ်ပါးအားမစစ်ကြောမစီရင်ကြနှင့်။ သို့ မှသာဘုရားသခင်သည်သင်တို့ကိုစစ်ကြော စီရင်တော်မူမည်မဟုတ်။-
2 Ĉar per kia juĝo vi juĝos, per tia vi estos juĝitaj; kaj per kia mezuro vi mezuros, per tia oni mezuros al vi.
၂သူတစ်ပါးအားသင်တို့စစ်ကြောစီရင်သကဲ့သို့ ဘုရားသခင်သည်သင်တို့အားစစ်ကြောစီရင် တော်မူမည်။ သူတစ်ပါးတို့အားစီရင်ရာတွင် သင်တို့အသုံးပြုသည့်နည်းအတိုင်း သင်တို့ အားစီရင်တော်မူမည်။-
3 Kaj kial vi rigardas la lignereton en la okulo de via frato, kaj ne pripensas la trabon en via okulo?
၃သို့ဖြစ်၍သင်တို့သည်အဘယ်ကြောင့်ကိုယ့် မျက်စိထဲကသစ်တုံးကိုမမြင်ဘဲ ညီအစ် ကို၏မျက်စိထဲကငြောင့်ငယ်ကိုမြင်သနည်း။-
4 Kiel vi diros al via frato: Lasu min eltiri la lignereton el via okulo; kaj jen la trabo en via propra okulo?
၄သင်၏မျက်စိထဲကသစ်တုံးရှိနေပါလျက် အဘယ်ကြောင့်ညီအစ်ကိုအား `သင်၏မျက်စိ ထဲကငြောင့်ငယ်ကိုထုတ်ပေးပါရစေ' ဟုပြော သနည်း။-
5 Hipokritulo, eligu unue la trabon el via okulo, kaj tiam vi klare vidos, por eltiri la lignereton el la okulo de via frato.
၅အချင်းကြောင်သူတော်၊ သင်၏မျက်စိထဲက သစ်တုံးကိုဦးစွာထုတ်ပစ်လော့။ သို့မှသာသင့် ညီအစ်ကို၏မျက်စိထဲကငြောင့်ငယ်ကို ကောင်းစွာမြင်၍ထုတ်ယူနိုင်လိမ့်မည်။
6 Ne donu sanktaĵon al la hundoj, nek ĵetu viajn perlojn antaŭ la porkoj; por ke ili ne premu ilin sub la piedoj, nek poste, sin turninte, disŝiru vin.
၆``မွန်မြတ်သောအရာကိုခွေးတို့အားမပေးကြနှင့်။ သို့ပြုပါမူသူတို့သည်လှည့်၍သင်တို့အားကိုက် လိမ့်မည်။ ပုလဲရတနာများကိုဝက်တို့ရှေ့မှာ မချထားကြနှင့်။ သို့ပြုပါမူသူတို့သည် ထို အရာတို့ကိုကျော်နင်းသွားကြလိမ့်မည်။
7 Petu, kaj estos donite al vi; serĉu, kaj vi trovos; frapu, kaj estos malfermite al vi;
၇``တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။ ရှာ ကြလော့။ ရှာလျှင်တွေ့ကြလိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင်တံခါးကိုဖွင့်ပေး လိမ့်မည်။-
8 ĉar ĉiu petanto ricevas, kaj la serĉanto trovas, kaj al la frapanto estos malfermite.
၈တောင်းသောသူသည်ရ၏။ ရှာသောသူသည်တွေ့၏။ တံခါးခေါက်သူအား တံခါးကိုဖွင့်၍ပေးလိမ့်မည်။-
9 Plue, kiu homo el vi, kies filo de li petos panon, donos al li ŝtonon;
၉သင်တို့တွင်မိမိ၏သားကမုန့်ကိုတောင်းလျှင် ကျောက်ခဲကိုပေးမည့်သူ၊-
10 aŭ se li petos fiŝon, donos al li serpenton?
၁၀ငါးကိုတောင်းလျှင်မြွေကိုပေးမည့်သူတစ်စုံ တစ်ယောက်ရှိပါသလော။-
11 Se do vi, estante malbonaj, scias doni bonajn donacojn al viaj filoj, kiom pli certe via Patro, kiu estas en la ĉielo, donos bonaĵojn al tiuj, kiuj petas de Li?
၁၁သင်တို့သည်အပြစ်သားများပင်ဖြစ်သော်လည်း မိမိတို့၏သားသမီးများအားကောင်းမွန်သော အရာများကိုပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည်လည်း မိမိထံတောင်းလျှောက် သူတို့အားကောင်းမွန်သောအရာတို့ကိုသာ၍ ပင်ပေးတော်မူမည်မဟုတ်လော။
12 Ĉion ajn do, kion vi deziras, ke la homoj faru al vi, vi ankaŭ faru al ili; ĉar ĉi tio estas la leĝo kaj la profetoj.
၁၂``သင်တို့သည်မိမိတို့အားကျေးဇူးပြုစေလိုသည့် အတိုင်း သူတစ်ပါးတို့အားကျေးဇူးပြုကြလော့။ ဤကားပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းများ၏ သွန်သင်ချက်အချုပ်အခြာဖြစ်သတည်း။
13 Eniru tra la mallarĝa pordo, ĉar larĝa estas la pordego kaj vasta estas la vojo kondukanta al la pereo, kaj multaj tra ĝi eniras.
၁၃``ကျဉ်းမြောင်းသောတံခါးပေါက်ကိုဝင်ကြလော့။ ငရဲသို့ပို့ဆောင်ရာလမ်းနှင့်တံခါးပေါက်သည် ကျယ်ဝန်းသဖြင့် ထိုလမ်းကိုလိုက်သူတို့သည် များကြ၏။-
14 Ĉar mallarĝa estas la pordo kaj malvastigita estas la vojo kondukanta al la vivo, kaj malmultaj ĝin trovas.
၁၄ထာဝရအသက်သို့ပို့ဆောင်ရာလမ်းနှင့်တံခါး ပေါက်သည်ကျဉ်းမြောင်းသောကြောင့် ထိုလမ်းကို တွေ့ရှိသူတို့သည်နည်းကြ၏။
15 Gardu vin kontraŭ la falsaj profetoj, kiuj venas al vi en ŝafaj feloj, sed interne estas rabemaj lupoj.
၁၅``သိုးရေခြုံဝံပုလွေသားရဲနှင့်တူသောမိစ္ဆာ ပရောဖက်တို့ကိုသတိနှင့်ရှောင်ကြလော့။-
16 Per iliaj fruktoj vi konos ilin. Ĉu el dornarbetoj oni kolektas vinberojn, aŭ el kardoj figojn?
၁၆သူတို့သည်မိစ္ဆာပရောဖက်များဖြစ်ကြောင်းကို သူတို့၏အပြုအမူအားဖြင့် သင်တို့သိရှိကြ လိမ့်မည်။ စပျစ်သီးကိုဆူးပင်မှလည်းကောင်း၊ သင်္ဘောသဖန်းသီးကိုဆူးချုံမှလည်းကောင်း လူတို့ဆွတ်ခူးကြသလော။-
17 Tiel ĉiu bona arbo donas bonajn fruktojn, sed putra arbo donas malbonajn fruktojn.
၁၇အပင်ကောင်းသည်အသီးကောင်းကိုသီးတတ်၏။ အပင်ညံ့သည်အသီးညံ့ကိုသီးတတ်၏။-
18 Bona arbo ne povas doni malbonajn fruktojn, nek putra arbo doni bonajn fruktojn.
၁၈အပင်ကောင်းသည်အသီးညံ့မသီးနိုင်။ အပင်ညံ့ သည်လည်း အသီးကောင်းကိုမသီးနိုင်။-
19 Ĉiu arbo, kiu ne donas bonan frukton, estas dehakata kaj ĵetata en fajron.
၁၉လူတို့သည်အသီးကောင်းကိုမသီးသည့်အပင် ရှိသမျှကိုခုတ်လှဲ၍ မီးထဲသို့ပစ်ချတတ်ကြ၏။-
20 Tial per iliaj fruktoj vi konos ilin.
၂၀သို့ဖြစ်၍မိစ္ဆာပရောဖက်တို့ကိုသူတို့၏အပြု အမူအားဖြင့် သင်တို့သိရှိကြလိမ့်မည်။
21 Ne ĉiu, kiu diras al mi: Sinjoro, Sinjoro, eniros en la regnon de la ĉielo; sed tiu, kiu plenumas la volon de mia Patro, kiu estas en la ĉielo.
၂၁``ငါ့ကို `သခင်၊ သခင်' ဟုခေါ်သောသူတိုင်းကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံရှင်ငါ့အဖ၏အလိုတော်အတိုင်းလိုက်လျှောက် သူသာလျှင်ဝင်ရလိမ့်မည်။-
22 Multaj diros al mi en tiu tago: Sinjoro, Sinjoro, ĉu ni ne profetis en via nomo, kaj en via nomo elpelis demonojn, kaj en via nomo faris multajn potencaĵojn?
၂၂တရားစီရင်ရာနေ့ရက်ရောက်သောအခါ `သခင်၊ သခင်၊ အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမတော်ကိုအမှီပြု ၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောကြားခဲ့ ကြသည်မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကို အမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ခဲ့ကြသည် မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကိုအမှီ ပြု၍ အံ့သြဖွယ်အမှုအရာများကိုပြုခဲ့ကြ သည်မဟုတ်ပါလော' ဟုလူအများပင်ငါ့အား ပြောကြားကြလိမ့်မည်။-
23 Kaj tiam mi konfesos al ili: Mi neniam konis vin; foriĝu de mi, vi farantoj de maljusteco.
၂၃ထိုအခါ `ဆိုးသွမ်းသူတို့၊ သင်တို့ကိုအဘယ် အခါကမျှငါမသိ။ ငါ့ထံမှထွက်သွား ကြလော့' ဟုထိုသူတို့အားငါပြောမည်။
24 Tial ĉiu, kiu aŭdas ĉi tiujn miajn parolojn kaj plenumas ilin, estos komparata al saĝa viro, kiu konstruis sian domon sur roko;
၂၄`ငါဟောပြောသောဤတရားစကားကိုကြား၍ လိုက်လျှောက်သူသည်ကျောက်ပေါ်တွင်အိမ်ဆောက် သည့်ပညာရှိနှင့်တူ၏။-
25 kaj falis pluvo, kaj venis inundoj, kaj blovis ventoj, kaj albatis tiun domon, kaj ĝi ne falis; ĉar ĝi estis fondita sur roko.
၂၅မိုးသည်းထန်စွာရွာ၍မြစ်ရေလျှံကာမုန်တိုင်းထန် လျက် ထိုအိမ်ကိုတိုက်ခတ်သော်လည်းထိုအိမ်သည် ကျောက်ပေါ်မှာတည်သောကြောင့်မပြိုမလဲချေ။-
26 Kaj ĉiu, kiu aŭdas ĉi tiujn miajn parolojn kaj ne plenumas ilin, estos komparata al viro malsaĝa, kiu konstruis sian domon sur la sablo;
၂၆ငါဟောပြောသောဤတရားစကားကိုကြား ပြီးနောက် မလိုက်မလျှောက်သူသည်သဲပေါ်မှာ အိမ်ဆောက်သောလူမိုက်နှင့်တူ၏။-
27 kaj falis pluvo, kaj venis inundoj, kaj blovis ventoj, kaj sin ĵetis sur tiun domon, kaj ĝi falis; kaj granda estis ĝia falo.
၂၇မိုးသည်းထန်စွာရွာ၍မြစ်ရေလျှံကာမုန်တိုင်းထန် လျက် ထိုအိမ်ကိုတိုက်ခတ်သည်ရှိသော်ထိုအိမ်သည် ပြိုလဲ၍သွား၏။ ထိုအိမ်၏အပျက်အစီးမှာ ကြီးလှစွာတကား။''
28 Kaj kiam Jesuo finis tiujn parolojn, la homamasoj miregis pri lia instruado;
၂၈သခင်ယေရှုဤသို့ဟောပြောပြီးသည့်အဆုံး၌ လူပရိသတ်တို့သည်ကိုယ်တော်၏သွန်သင်ပုံကို လွန်စွာအံ့သြကြကုန်၏။-
29 ĉar li instruis ilin, kiel havanta aŭtoritaton, kaj ne kiel iliaj skribistoj.
၂၉အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည်ကျမ်းတတ် ဆရာတို့ကဲ့သို့မဟုတ်ဘဲ အာဏာရှိကဲ့သို့ဟော ပြောသွန်သင်တော်မူသောကြောင့်ဖြစ်သည်။