< Luko 7 >
1 Fininte ĉiujn siajn dirojn en la oreloj de la popolo, li eniris en Kapernaumon.
၁သခင်ယေရှုသည်လူတို့အားဤသို့ဟောပြော သွန်သင်ပြီးနောက်ကပေရနောင်မြို့သို့ကြွ တော်မူ၏။-
2 Kaj sklavo de unu centestro, kiu estis kara por li, estis malsana kaj preskaŭ mortanta.
၂ထိုမြို့တွင်တာဝန်ကျသောတပ်ခွဲမှူးတစ်ယောက် ၌အစေခံတစ်ယောက်ရှိ၏။ တပ်ခွဲမှူးသည်ထို အစေခံကိုအလွန်ချစ်မြတ်နိုး၏။ သူသည် ဖျားနာလျက်သေအံ့ဆဲဆဲဖြစ်၍နေ၏။-
3 Kaj aŭdinte pri Jesuo, tiu sendis al li pliaĝulojn de la Judoj, por peti, ke li venu, por savi lian sklavon.
၃တပ်ခွဲမှူးသည်သခင်ယေရှု၏သတင်းတော်ကို ကြားသောအခါ ယုဒအမျိုးသားခေါင်းဆောင် များကိုအထံတော်သို့စေလွှတ်ပြီးလျှင် ကိုယ် တော်ကြွ၍မိမိအစေခံအားကျန်းမာစေရန် လျှောက်စေ၏။-
4 Kaj veninte al Jesuo, ili insiste petegis, dirante: Li estas inda, ke vi faru al li tiun komplezon;
၄သခင်ယေရှုထံသို့ရောက်သောအခါခေါင်းဆောင် က ``ထိုတပ်ခွဲမှူးသည်အရှင်၏ကျေးဇူးပြုခြင်း ကိုခံထိုက်သူဖြစ်ပါ၏။-
5 ĉar li amas nian nacion, kaj li mem konstruigis por ni la sinagogon.
၅အကျွန်ုပ်တို့အမျိုးသားများကိုချစ်သောကြောင့် တရားဇရပ်တစ်ဆောင်ကိုဆောက်လုပ်ပေးသူ ဖြစ်ပါ၏'' ဟုလေးနက်စွာထောက်ခံလျှောက် ထားကြ၏။
6 Kaj Jesuo ekiris kun ili. Kaj kiam li estis ne malproksime de la domo, la centestro sendis al li amikojn, por diri al li: Sinjoro, ne ĝenu vin; ĉar mi ne estas inda, ke vi venu sub mian tegmenton;
၆သခင်ယေရှုသည်ထိုသူတို့နှင့်အတူကြွတော် မူ၍ တပ်ခွဲမှူး၏အိမ်နှင့်မလှမ်းမကမ်းသို့ရောက် တော်မူ၏။ ထိုအခါတပ်ခွဲမှူးသည်မိတ်ဆွေများ ကိုကိုယ်တော်၏ထံသို့စေလွှတ်ကာ ``အရှင်၊ ဒုက္ခ ရှာတော်မမူပါနှင့်။ အကျွန်ုပ်သည်မထိုက်မတန် သူဖြစ်ပါ၏။ အကျွန်ုပ်၏အိမ်မိုးအောက်သို့အရှင် ဝင်တော်မူရန်မသင့်လျော်ပါ။ ထို့အတူအကျွန်ုပ် သည်အရှင်၏အထံတော်သို့လာထိုက်သူမဟုတ် ဟုယူဆပါ၏။-
7 pro tio mi ne opiniis min inda veni al vi. Sed vorton parolu, kaj mia knabo saniĝos.
၇အမိန့်တော်ကိုသာပေးတော်မူပါလျှင် အကျွန်ုပ် ၏အစေခံသည်ကျန်းမာလာပါလိမ့်မည်။-
8 Ĉar mi ankaŭ estas homo metita sub aŭtoritato, havante sub mi soldatojn; kaj mi diras al ĉi tiu: Iru; kaj li iras; kaj al alia: Venu; kaj li venas; kaj al mia sklavo: Faru ĉi tion; kaj li ĝin faras.
၈အကျွန်ုပ်ကိုယ်တိုင်ပင်အထက်အရာရှိအောက် တွင်အမှုထမ်းသူဖြစ်၍ အကျွန်ုပ်၏လက်အောက် တွင်လည်းစစ်သားများရှိပါ၏။ စစ်သားတစ် ယောက်အား `သွားလော့' ဟုဆိုလျှင်သူသည်သွား ပါ၏။ အခြားတစ်ယောက်အား `လာခဲ့' ဟုဆိုလျှင် လာပါ၏။ အကျွန်ုပ်၏ကျွန်အား `ဤအမှုကိုပြု လော့' ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟုလျှောက် ထားစေ၏။ ဤစကားကိုသခင်ယေရှုကြား တော်မူလျှင်အံ့သြတော်မူ၏။
9 Kaj kiam Jesuo tion aŭdis, li miris pri li, kaj sin turninte, diris al la homamaso, lin sekvanta: Mi diras al vi: Eĉ en Izrael mi ne trovis tiom da fido.
၉ကိုယ်တော်သည်နောက်တော်ကလိုက်လာကြ သော လူပရိသတ်တို့ကိုလှည့်ကြည့်တော်မူ လျက် ``ငါဆိုသည်ကားဤကဲ့သို့သောယုံကြည် ခြင်းကို ဣသရေလအမျိုးသားတို့အထဲမှာ ပင် ငါမတွေ့မကြုံဖူးသေး'' ဟုမိန့်တော်မူ၏။
10 Kaj la senditoj, reveninte al la domo, trovis la sklavon sana.
၁၀တပ်ခွဲမှူးစေလွှတ်လိုက်သောသူများသည်အိမ် သို့ပြန်ရောက်ကြသောအခါထိုအစေခံသည် ကျန်းမာလျက်ရှိသည်ကိုတွေ့ကြ၏။
11 Kaj post nelonge li iris al urbo nomata Nain, kaj akompanis lin liaj disĉiploj kaj granda homamaso.
၁၁ထိုနောက်ကိုယ်တော်သည်နာဣနမြို့သို့ကြွတော် မူသောအခါ တပည့်တော်တို့နှင့်လူပရိသတ် ကြီးသည်လိုက်ပါလာကြ၏။-
12 Kaj kiam li alproksimiĝis al la pordego de la urbo, jen oni elportis mortinton, la solan filon de lia patrino, kaj ŝi estis vidvino; kaj granda homamaso el la urbo estis kun ŝi.
၁၂မြို့တံခါးအနီးသို့ကိုယ်တော်ရောက်ချိန်၌ လူတို့ သည်မုဆိုးမတစ်ယောက်၏တစ်ဦးတည်းသော သား၏အလောင်းကိုသင်္ဂြိုဟ်ရန် မြို့ပြင်သို့ထုတ် ဆောင်လာကြ၏။ ထိုမုဆိုးမနှင့်အတူမြို့သူ မြို့သားတို့သည်လိုက်ပို့ကြ၏။-
13 Kaj kiam la Sinjoro ŝin vidis, li kortuŝiĝis pri ŝi, kaj diris al ŝi: Ne ploru.
၁၃ကိုယ်တော်သည်ထိုအမျိုးသမီးကိုမြင်သော အခါသနားတော်မူသဖြင့် ``မငိုနှင့်'' ဟု သူ့အားမိန့်တော်မူ၏။-
14 Kaj li alproksimiĝis, kaj tuŝis la portilon, kaj la portantoj haltis. Kaj li diris: Junulo, mi diras al vi: Leviĝu.
၁၄ထို့နောက်အနီးသို့ကြွတော်မူပြီးလျှင် အလောင်း စင်ကိုလက်တော်ဖြင့်တို့ထိတော်မူ၏။ ထိုအခါ အလောင်းစင်ထမ်းသူတို့သည်ရပ်တန့်ကြ၏။ ကိုယ် တော်က ``အချင်းလူငယ်၊ ထလော့၊ သင့်အားငါ အမိန့်ပေး၏'' ဟုမိန့်တော်မူရာ၊-
15 Kaj la mortinto side leviĝis kaj komencis paroli. Kaj li donis lin al lia patrino.
၁၅သူသေသည်ထိုင်ပြီးလျှင်စကားပြောလေ၏။ ထိုနောက်ကိုယ်တော်သည်သူ့ကိုမိခင်အားအပ် ပေးတော်မူ၏။
16 Kaj timo kaptis ĉiujn; kaj ili gloris Dio, dirante: Granda profeto leviĝis inter ni; kaj: Dio vizitis Sian popolon.
၁၆လူအပေါင်းတို့သည်ကြောက်ရွံ့လျက်ဘုရားသခင် ၏ဂုဏ်ကျေးဇူးတော်ကိုချီးကူးကြ၏။ သူတို့ က ``ငါတို့တွင်ပရောဖက်ကြီးတစ်ပါးပေါ်ထွန်း လေပြီ။ ဘုရားသခင်သည်မိမိလူစုတော်အား ကယ်တင်ရန်ကြွလာတော်မူပြီ'' ဟုဂုဏ်ကျေးဇူး တော်ကိုချီးကူးကြ၏။
17 Kaj ĉi tiu famo pri li eliris tra la tuta Judujo, kaj tra la tuta ĉirkaŭaĵo.
၁၇ကိုယ်တော်၏သတင်းတော်သည်ယုဒပြည်တစ် လျှောက်လုံးနှင့်ပတ်ဝန်းကျင်တွင်ပျံ့နှံ့သွားတော့ ၏။
18 Kaj la disĉiploj de Johano sciigis lin pri ĉio tio.
၁၈ယောဟန်အားတပည့်များကဤအကြောင်း အရာအလုံးစုံတို့ကိုပြောကြားကြ၏။ ထို အခါသူသည်တပည့်နှစ်ယောက်ကိုခေါ်ပြီး လျှင်သခင်ယေရှုထံသို့စေလွှတ်လျက်၊-
19 Kaj Johano, alvokinte al si du el siaj disĉiploj, sendis ilin al la Sinjoro, por diri: Ĉu vi estas la venonto, aŭ ĉu ni atendu alian?
၁၉``ကိုယ်တော်သည်ကြွလာတော်မူမည်ဟုဆို သောအရှင်ပေလော။ သို့တည်းမဟုတ်အခြား ပ္ဂိုလ်တစ်ဦးကိုစောင့်မျှော်ရပါမည်လော'' ဟု မေးလျှောက်စေ၏။
20 Kaj kiam la viroj alvenis al li, ili diris: Johano, la Baptisto, sendis nin al vi, por diri: Ĉu vi estas la venonto, aŭ ĉu ni atendu alian?
၂၀ထိုသူနှစ်ယောက်တို့သည်ကိုယ်တော်၏ထံသို့လာ ကြပြီးနောက် ``ကိုယ်တော်သည်ကြွလာတော်မူ မည်ဟုဆိုသောအရှင်ပေလော။ သို့တည်းမဟုတ် အခြားပ္ဂိုလ်တစ်ဦးကိုစောင့်မျှော်ရပါမည် လော။ ဤသို့မေးလျှောက်ရန်ဗတ္တိဇံဆရာယောဟန် ကအကျွန်ုပ်တို့ကိုစေလွှတ်လိုက်ပါသည်'' ဟု လျှောက်ထားကြ၏။
21 En tiu horo li sanigis multajn je malsanoj kaj pestoj kaj malbonaj spiritoj; kaj al multaj blinduloj li redonis vidpovon.
၂၁ထိုအခါ၌ကိုယ်တော်သည်လူတို့၏ရောဂါ ဝေဒနာများကိုပျောက်ကင်းစေတော်မူ၏။ နတ် မိစ္ဆာများကိုနှင်ထုတ်၍မျက်မမြင်များကို မျက်စိမြင်စေတော်မူ၏။-
22 Kaj li respondis kaj diris al ili: Iru kaj sciigu Johanon pri tio, kion vi vidis kaj aŭdis: blinduloj vidas, lamuloj marŝas, lepruloj estas purigitaj, kaj surduloj aŭdas, mortintoj leviĝas, al malriĉuloj evangelio estas predikata.
၂၂ကိုယ်တော်က ``သင်တို့မြင်ရကြားရသည့်အရာ များကိုယောဟန်ထံသွား၍ပြောကြားလော့။ မျက်မမြင်များမျက်စိအလင်းကိုပြန်လည် ရရှိကြ၏။ ခြေကျိုးသူများလမ်းလျှောက်ကြ၏။ အရေပြားရောဂါသည်များသန့်စင်သွားကြ ၏။ နားပင်းသူများနားကြားရကြ၏။ သေ သူများအသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သတင်းကောင်းကိုကြားရကြ၏။-
23 Kaj feliĉa estas ĉiu, kiu ne falpuŝiĝas pro mi.
၂၃ငါ့အပေါ်၌ယုံမှားခြင်းကင်းသူသည်မင်္ဂ လာရှိ၏'' ဟုယောဟန်၏တပည့်များအား ဖြေကြားတော်မူ၏။
24 Kaj kiam la senditoj de Johano foriris, li komencis paroli al la homamasoj pri Johano: Kion vi eliris en la dezerton, por rigardi? ĉu junkon skuatan de la vento?
၂၄ယောဟန်တပည့်များအထံတော်မှထွက်သွား ကြသောအခါ သခင်ယေရှုသည်ယောဟန် အကြောင်းနှင့်ပတ်သက်၍လူပရိသတ်တို့ အား ``သင်တို့သည်အဘယ်အရာကိုကြည့်ရှု ရန်တောကန္တာရသို့သွားကြသနည်း။ လေတိုက် ၍လှုပ်သောကူပင်ကိုကြည့်ရှုကြရန်လော။-
25 Sed kion vi eliris, por vidi? ĉu homon per mola vestaro vestitan? Jen tiuj, kiuj portas luksan vestaron kaj delikate vivadas, troviĝas en domoj de reĝoj.
၂၅ထိုသို့မဟုတ်ပါမူဝတ်ကောင်းစားလှဝတ်ဆင် ထားသူကိုကြည့်ရှုကြရန်လော။ ဝတ်ကောင်းစား လှဝတ်ဆင်ကာစည်းစိမ်ခံသူများကားမင်း အိမ်စိုးအိမ်များတွင်နေထိုင်ကြ၏။-
26 Sed kion vi eliris, por vidi? ĉu profeton? Jes, mi diras al vi, kaj multe pli ol profeton.
၂၆ထိုသို့မဟုတ်ပါမူပရောဖက်ကိုကြည့်ရှုရန် လော။ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ်သူ ကိုကြည့်ရှုရန်ဖြစ်၏။-
27 Ĉar li estas tiu, pri kiu estas skribite: Jen Mi sendos Mian anĝelon antaŭ via vizaĝo, Kaj li preparos antaŭ vi vian vojon.
၂၇ကျမ်းစာတော်တွင် `နားထောင်လော့၊ သင်၏လမ်း ကိုအသင့်ဖြစ်စေရန် ငါ၏စေတမန်ကိုသင့် အလျင်စေလွှတ်မည်' ဟုဖော်ပြထား၏။ ယောဟန်ကားထိုစေတမန်ပင်ဖြစ်၏။-
28 Mi diras al vi: Inter naskitoj de virinoj estas neniu pli granda ol Johano; tamen tiu, kiu estas nur malgranda en la regno de Dio, estas pli granda ol li.
၂၈အမျိုးသမီးများမှဖွားမြင်သူများအနက် ယောဟန်ထက်ကြီးမြတ်သူတစ်ယောက်မျှမရှိ ဟုသင်တို့အားငါဆို၏။ သို့ရာတွင်ဘုရား သခင်၏အုပ်စိုးခြင်းကိုဝန်ခံသူတို့တွင် အသိမ်ငယ်ဆုံးသောသူသည်ယောဟန်ထက် ကြီးမြတ်၏'' ဟုမိန့်တော်မူ၏။
29 Kaj la tuta popolo kaj la impostistoj, aŭdinte, pravigis Dion, ĉar ili ricevis la bapton de Johano.
၂၉လူအပေါင်းတို့သည်ကိုယ်တော်၏စကားတော် ကိုကြားကြ၏။ ထိုသူတို့အနက်အထူးသဖြင့် အခွန်ခံသူများသည်ဘုရားသခင်၏ဖြောင့်မှန် သောပြဋ္ဌာန်းချက်များကိုလိုက်နာ၍ ယောဟန် ထံမှဗတ္တိဇံမင်္ဂလာကိုခံယူခဲ့သူများဖြစ် ကြ၏။-
30 Sed la Fariseoj kaj la leĝistoj rifuzis por si la intencon de Dio, ĉar ili ne estis baptitaj de li.
၃၀သို့ရာတွင်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများမူ ကား မိမိတို့အတွက်ဘုရားသခင်ထားရှိတော် မူသောအကြံအစည်တော်ကိုပစ်ပယ်သူများ ဖြစ်ကြသဖြင့် ယောဟန်ထံတွင်ဗတ္တိဇံကို မခံမယူကြ။
31 Al kio do mi komparos la homojn de ĉi tiu generacio? kaj al kio ili similas?
၃၁ကိုယ်တော်က ``ဤခေတ်လူတို့ကိုအဘယ်သို့ပုံ ဥပမာခိုင်းနှိုင်းရမည်နည်း။ သူတို့သည်အဘယ် သူများနှင့်တူကြသနည်း။-
32 Ili similas al infanoj, kiuj sidas sur la placo kaj vokas unu al alia, dirante: Ni flutis al vi, kaj vi ne dancis; ni lamentis, kaj vi ne ploris.
၃၂သူတို့ကားစျေးရပ်ကွက်တွင်ထိုင်လျက် `ငါတို့ သာယာစွာတီးမှုတ်သော်လည်းသင်တို့သည် မကမခုန်။ ငါတို့ငိုချင်းကိုဆိုသော်လည်း သင်တို့သည်မငိုမကြွေး' ဟုအချင်းချင်း အော်ဟစ်ပြောဆိုသောကလေးသူငယ်များ နှင့်တူ၏။-
33 Ĉar Johano, la Baptisto, venis, nek manĝante panon nek trinkante vinon; kaj vi diras: Li havas demonon.
၃၃အဘယ်ကြောင့်ဆိုသော်ဗတ္တိဇံဆရာယောဟန် သည်အစားအစာကိုမစား၊ စပျစ်ရည်ကို မသောက်ဘဲလာသောအခါသင်တို့က `ဤ သူသည်နတ်မိစ္ဆာပူးဝင်သူ' ဟုဆိုကြ၏။-
34 La Filo de homo venis, manĝante kaj trinkante; kaj vi diras: Jen manĝegulo kaj vindrinkulo, amiko de impostistoj kaj pekuloj!
၃၄လူသားသည်စားလျက်သောက်လျက်လာသော အခါသင်တို့က `ကြည့်လော့၊' ဤသူသည်စား ကြူးသူဖြစ်သည်။ အခွန်ခံသူများနှင့်အခြား အပယ်ခံသူများနှင့်မိတ်ဖွဲ့သူဖြစ်သည်' ဟု ဆိုကြ၏။-
35 Kaj la saĝeco estas pravigita de ĉiuj siaj infanoj.
၃၅သို့ရာတွင်ဘုရားသခင်၏ရွှေဉာဏ်တော်ကို လက်ခံသူအပေါင်းတို့က ထိုရွှေဉာဏ်တော် သည်မှန်ကန်ကြောင်းကိုပြသကြ၏'' ဟု မိန့်တော်မူ၏။
36 Kaj unu el la Fariseoj petis lin, ke li manĝu kun li. Kaj li eniris en la domon de la Fariseo, kaj sidiĝis ĉe manĝo.
၃၆ဖာရိရှဲတစ်ယောက်သည်ကိုယ်တော်အားမိမိ နှင့်အတူညစာသုံးဆောင်တော်မူရန်ပင့်ဖိတ် ၏။ ကိုယ်တော်သည်ဖာရိရှဲ၏အိမ်သို့ဝင်၍စား ပွဲတွင်ထိုင်တော်မူ၏။-
37 Kaj jen estis en la urbo virino pekulino; kaj kiam ŝi eksciis, ke Jesuo sidas ĉe manĝo en la domo de la Fariseo, ŝi alportis alabastran vazon da ŝmiraĵo,
၃၇ထိုမြို့တွင်အပြစ်ကူးသူအမျိုးသမီးတစ် ယောက်ရှိ၏။ သူသည်ဖာရိရှဲ၏အိမ်တွင်ကိုယ်တော် ညစာသုံးဆောင်တော်မူကြောင်းကိုသိသောအခါ ဆီမွှေးကျောက်ဖြူဘူးတစ်လုံးကိုယူဆောင်ပြီး လျှင် ကိုယ်တော်၏နောက်၌ခြေတော်ရင်းတွင် ရပ်လျက်ငိုယိုကာနေ၏။-
38 kaj starante malantaŭe ĉe liaj piedoj, plorante, ŝi komencis priverŝi liajn piedojn per ŝiaj larmoj, kaj viŝis ilin per la haroj de sia kapo, kaj kisadis liajn piedojn, kaj ŝmiris ilin per la ŝmiraĵo.
၃၈သူ၏မျက်ရည်သည်ကိုယ်တော်၏ခြေများ အပေါ်သို့ကျသည်ရှိသော်မိမိ၏ဆံပင် ဖြင့်သုတ်၏။ ထိုနောက်ထိုအမျိုးသမီးသည် ကိုယ်တော်၏ခြေများကိုနမ်းရှုပ်ပြီးလျှင် ဆီမွှေးဖြင့်သုတ်လိမ်းလျက်နေ၏။-
39 Kaj kiam la Fariseo, kiu lin invitis, tion vidis, li parolis en si, dirante: Ĉi tiu, se li estus profeto, ja scius, kiu kaj kia virino lin tuŝas, ke ŝi estas pekulino.
၃၉ကိုယ်တော်အားပင့်ဖိတ်သူဖာရိရှဲသည်ဤ အခြင်းအရာကိုမြင်လျှင် ``ဤသူသည်ပရော ဖက်ဖြစ်ပါမူ သူ၏ခြေကိုကိုင်သောအမျိုး သမီးသည်အဘယ်သူဖြစ်သည်ကိုလည်း ကောင်း၊ အဘယ်သို့သောအပြစ်ကူးလွန်သည့် အမျိုးသမီးဖြစ်သည်ကိုလည်းကောင်း သိလိမ့်မည်'' ဟုတွေးတောလျက်နေ၏။
40 Kaj responde Jesuo diris al li: Simon, mi havas ion diri al vi. Kaj li diris: Majstro, parolu.
၄၀ထိုအခါသခင်ယေရှုကထိုသူအား ``ရှိမုန်၊ သင့်အားငါပြောစရာတစ်ခုရှိ၏'' ဟုမိန့် တော်မူ၏။ ရှိမုန်က ``ဆရာတော်၊အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
41 Unu pruntedoninto havis du ŝuldantojn; unu ŝuldis kvincent denarojn, kaj la alia kvindek.
၄၁သခင်ယေရှုက ``ငွေချေးစားသူတစ်ဦးတွင် အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးကငွေဒင်္ဂါး ငါးရာ၊ အခြားတစ်ဦးကငါးဆယ်အကြွေး တင်၏။-
42 Kiam ili havis nenion, per kio pagi, li pardonis al ambaŭ la ŝuldon. Kiu el ili do lin pli amos?
၄၂သူတို့သည်အကြွေးမဆပ်နိုင်သဖြင့်ကြွေးရှင် သည် ထိုသူနှစ်ဦးလုံး၏အကြွေးအားလုံးကို လျှော်ပစ်လိုက်၏။ ထိုသူနှစ်ဦးအနက်အဘယ် သူသည် ကြွေးရှင်ကိုပို၍မေတ္တာရှိလိမ့်မည် နည်း'' ဟုမေးတော်မူ၏။
43 Simon responde diris: Tiu, mi supozas, al kiu li pardonis la pli grandan ŝuldon. Kaj li diris al li: Vi prave juĝis.
၄၃ရှိမုန်က ``ငွေပို၍လျှော်ပစ်ခြင်းခံရသူသည် ပို၍မေတ္တာရှိမည်ထင်ပါသည်'' ဟုလျှောက်၏။ ကိုယ်တော်က ``သင့်ယူဆချက်သည်မှန်ပေ၏'' ဟုမိန့်တော်မူ၏။
44 Kaj sin turnante al la virino, li diris al Simon: Ĉu vi vidas ĉi tiun virinon? Mi eniris en vian domon, vi ne donis al mi akvon por la piedoj; sed ŝi priverŝis miajn piedojn per siaj larmoj kaj viŝis ilin per siaj haroj.
၄၄ထိုနောက်အမျိုးသမီး၏ဘက်ကိုလှည့်၍ ရှိမုန်အား ``သင်သည်ဤအမျိုးသမီးကို မြင်သလော။ ငါသည်သင်၏အိမ်သို့ဝင်သော အခါ သင်သည်ခြေဆေးရေကိုမပေး။ သို့ ရာတွင်သူသည်မျက်ရည်ဖြင့် ငါ့ခြေကို ဆေး၍ဆံပင်ဖြင့်သုတ်လေပြီ။-
45 Vi ne donis al mi kison; sed ŝi, de la tempo, kiam mi eniris, ne ĉesis kisadi miajn piedojn.
၄၅သင်သည်ငါ့ကိုမနမ်း။ ထိုအမျိုးသမီး သည်ဤအိမ်သို့ဝင်ချိန်မှစ၍ငါ၏ခြေ ကိုအဆက်မပြတ်နမ်းလေပြီ။-
46 Vi ne ŝmiris mian kapon per oleo; sed ŝi ŝmiris miajn piedojn per ŝmiraĵo.
၄၆သင်သည်ငါ၏ခေါင်းကိုဆီဖြင့်မလိမ်း။ သူမူကား ငါ၏ခြေကိုဆီမွှေးဖြင့်လိမ်းလေပြီ။ ထိုကြောင့်သင့် အားငါဆိုသည်ကား ဤအမျိုးသမီးသည်များစွာ သောအပြစ်တို့မှပြေလွတ်လေပြီ။-
47 Pro tio mi diras al vi: Ŝiaj pekoj, kiuj estas multaj, estas pardonitaj; ĉar ŝi multe amis; sed al kiu malmulto estas pardonita, tiu malmulte amas.
၄၇ထိုသို့ပြေလွတ်ကြောင်းကိုသူ၏ကြီးမားသော မေတ္တာကသက်သေခံ၏။ အပြစ်အနည်းငယ်သာ ပြေလွတ်သူမူကားအနည်းငယ်သာလျှင်ချစ် တတ်၏'' ဟုမိန့်တော်မူ၏။
48 Kaj li diris al ŝi: Viaj pekoj estas pardonitaj.
၄၈ထိုနောက်ကိုယ်တော်က ``သင်၏အပြစ်ကိုဖြေ လွှတ်ပြီ'' ဟုအမျိုးသမီးအားမိန့်တော်မူ၏။
49 Kaj tiuj, kiuj sidis ĉe manĝo kun li, komencis diri inter si: Kiu estas ĉi tiu, kiu eĉ pardonas pekojn?
၄၉ကိုယ်တော်နှင့်အတူညစာစားနေကြသူတို့ သည် ``အပြစ်ကိုပင်ဖြေလွှတ်သောဤသူကား အဘယ်သူနည်း'' ဟုအချင်းချင်းပြောဆိုကြ၏။
50 Kaj li diris al la virino: Via fido vin savis; iru en pacon.
၅၀သို့ရာတွင်ကိုယ်တော်ကထိုအမျိုးသမီး အား ``သင်၏ယုံကြည်ခြင်းသည်သင့်ကိုကယ် တင်ပြီ။ စိတ်ချမ်းသာစွာသွားလော့'' ဟုမိန့် တော်မူ၏။