< Juĝistoj 7 >

1 Kaj frue matene leviĝis Jerubaal, tio estas Gideon, kaj la tuta popolo, kiu estis kun li, kaj ili starigis sian tendaron ĉe la fonto Ĥarod; kaj la tendaro de Midjan estis rilate al li sur la norda flanko de la monteto More en la valo.
ယေရုဗ္ဗာလ အမည်ဖြင့် ခေါ်ဝေါ်သော ဂိဒေါင် သည် နံနက်စောစော ထ၍ ၊ ရှိသမျှ သော သူ တို့နှင့်တကွ ဟာရုတ် ရေတွင်းနား မှာ တပ်ချ သဖြင့် ၊ မိဒျန် တပ် သည် မြောက် ဘက်၊ မောရေ တောင် ခြေရင်းချိုင့် ၌ ရှိ ၏။
2 Kaj la Eternulo diris al Gideon: La popolo, kiu estas kun vi, estas tro grandnombra, por ke Mi transdonu la Midjanidojn en iliajn manojn; eble fieriĝos kontraŭ Mi Izrael, dirante: Mia mano helpis min.
ထာဝရဘုရား ကလည်း ၊ သင် ၌ ပါသောလူ တို့သည် အလွန်များ ၍၊ သူ တို့လက် ၌ မိဒျန် လူတို့ကို ငါ မ အပ် ရ။ အပ်လျှင် ဣသရေလ အမျိုးက၊ ငါ့ လက်ရုံး သည် ငါ့ ကို ကယ်တင် ပြီဟု ငါ့ တစ်ဘက်၌ ဝါကြွား လိမ့်မည်။
3 Tial nun proklamu al la oreloj de la popolo jene: Kiu estas timema kaj tremema, tiu iru returne kaj foriru de la monto Gilead. Kaj iris returne el la popolo dudek du mil, kaj dek mil restis.
သို့ဖြစ်၍ ၊ ကြောက်လန့် သောသူ မည်သည်ကား၊ ဂိလဒ် တောင် မှ စောစောပြန် သွားစေဟု လူ များတို့ အား ဟစ်ကြော် လော့ဟု ဂိဒေါင် အား မိန့် တော်မူသဖြင့်၊ လူ နှစ်သောင်း နှစ်ထောင်ပြန် သွား၍ တသောင်း ကျန်ရစ် ၏။
4 Kaj la Eternulo diris al Gideon: Ankoraŭ estas tro multe da popolo; konduku ilin malsupren al la akvo, kaj tie Mi ilin elektos por vi. Pri kiu Mi diros al vi: Ĉi tiu iru kun vi — tiu devas iri kun vi; kaj ĉiu, pri kiu Mi diros al vi: Ĉi tiu ne iru kun vi — tiu ne devas iri.
တဖန် ထာဝရဘုရား ကလည်း ၊ လူ တို့သည် အလွန် များသေး ၏။ ရေဆိပ် သို့ ခေါ် ခဲ့လော့။ သူ တို့ကို ရေဆိပ် မှာ သင့် အဘို့ ငါစုံစမ်း မည်။ ထိုအခါ ဤ မည်သောသူ သည် သင် နှင့်အတူ သွား ရမည်ဟု ငါဆို လျှင်၊ ထိုသူ သည် သွား ရမည်။ ဤ မည်သော သူ မ သွား ရဟု ငါဆို လျှင် ထိုသူ သည် မ သွား ရဟု မိန့် တော်မူသည်အတိုင်း၊
5 Kaj li alvenigis la popolon al la akvo. Kaj la Eternulo diris al Gideon: Ĉiun, kiu lektrinkos akvon per sia lango, kiel lektrinkas hundo, tiun starigu aparte; ankaŭ ĉiun, kiu kliniĝos sur siaj genuoj, por trinki.
ဂိဒေါင်သည် လူ တို့ကို ရေဆိပ် သို့ ခေါ် ခဲ့၍ ၊ ထာဝရဘုရား က၊ ခွေး သည် ရေ ကိုလျက် ၍ သောက်သကဲ့သို့ လျှာ နှင့် လျက် ၍ သောက်သောသူ တစု၊ ဒူး ထောက်လျက် ဝပ် ၍ သောက် သောသူတစု၊ ထိုလူနှစ်စုကို ခွဲ ထားလော့ဟု ဂိဒေါင် အား မိန့် တော်မူ၏။
6 Kaj la nombro de tiuj, kiuj lektrinkis el la mano al la buŝo, estis tricent homoj; la tuta cetera popolo kliniĝis sur siaj genuoj, por trinki la akvon.
ထိုအခါ မိမိလက်ခုပ် နှင့် ရေကို ယူသဖြင့် လျက် ၍ သောက်သောသူ သုံး ရာ ရှိ ၏။ ကြွင်း သောသူ အပေါင်း တို့သည် ရေ သောက် ခြင်းငှါ ဒူး ထောက်၍ ဝပ် ကြ၏။
7 Kaj la Eternulo diris al Gideon: Per la tricent homoj, kiuj lektrinkis, Mi helpos vin, kaj Mi transdonos la Midjanidojn en viajn manojn; kaj la tuta popolo foriru ĉiu al sia loko.
ထာဝရဘုရား ကလည်း ၊ လျက် ၍ သောက်သောသူ သုံး ရာ အားဖြင့် သင့် ကို ငါကယ်တင် ၍ မိဒျန် လူတို့ကို သင့် လက် ၌ အပ် မည်။ ကြွင်း သောသူ တို့ကို မိမိ နေရာ သို့ ပြန် သွားစေဟု ဂိဒေါင် အား မိန့် တော်မူ၏။
8 Kaj ili prenis al si la manĝotaĵon de la popolo, kaj iliajn trumpetojn; kaj ĉiujn Izraelidojn li forsendis ĉiun al lia tendo, kaj la tricent homojn li retenis. La tendaro de Midjan estis malsupre de li en la valo.
ထိုသူတို့သည် စားစရိတ် နှင့် တံပိုး များကို ယူ ၍ ၊ ကြွင်း သော ဣသရေလ အမျိုးသား အပေါင်းတို့ကို မိမိ နေရာ သို့ ဂိဒေါင်သည် လွှတ် လိုက်သဖြင့် ၊ ထိုသုံး ရာ သော လူ တို့ကိုသာ မိမိနှင့်အတူချန် ထားလေ၏။ မိဒျန် လူတို့သည် သူ့ အောက် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
9 En tiu nokto la Eternulo diris al li: Leviĝu, iru malsupren en la tendaron; ĉar Mi transdonas ĝin en viajn manojn.
ထို ညဉ့် တွင် ထာဝရဘုရား က၊ ထ လော့။ ရန်သူတပ် ချရာသို့ ချီ သွားလော့။ သင့် လက် ၌ ငါအပ် မည်။
10 Sed se vi timas malsupreniri, tiam iru vi kun via junulo Pura al la tendaro,
၁၀မ ချီ ဝံ့လျှင် သင် ၏ ကျွန် ဖုရ ကို ရှေ့ဦးစွာခေါ် သွားလော့။
11 kaj aŭskultu, kion oni parolas; tiam fortiĝos viaj manoj, kaj vi iros malsupren en la tendaron. Kaj li iris kun sia junulo Pura al la unua armita taĉmenteto de la tendaro.
၁၁သူတို့သည် အဘယ်သို့ ပြော သည်ကို ကြား လိမ့်မည်။ ထိုနောက်မှ တပ် ချရာသို့ ချီ သွားခြင်းငှါ သင့် လက် အားကြီး လိမ့်မည်ဟု မိန့် တော်မူသည်အတိုင်း ၊ ဂိဒေါင် သည် မိမိ ကျွန် ဖုရ ကို ခေါ်၍ ရန်သူ၏ တပ် ပြင် ၌ ကင်း ထိုးသောသူရှိရာသို့ သွား လေ၏။
12 La Midjanidoj kaj la Amalekidoj kaj ĉiuj orientanoj kuŝis en la valo en tia multego, kiel akridoj; kaj iliaj kameloj estis sennombraj, en tia multego, kiel la sablo sur la bordo de la maro.
၁၂မိဒျန် ပြည်သား၊ အာမလက် ပြည်သား၊ အရှေ့ ပြည်သား အပေါင်း တို့သည် ချိုင့် ၌ အိပ် လျက်၊ ကျိုင်းကောင် နှင့်အမျှ များ ကြ၏။ ကုလားအုပ် တို့သည်လည်း ၊ သမုဒ္ဒရာ သဲ လုံးနှင့်အမျှ အတိုင်းမသိ များ ကြ၏။
13 Gideon venis, kaj jen unu rakontas al sia kamarado sonĝon, kaj diras: Mi vidis en sonĝo, ke jen elbakita hordea pano ruliĝis tra la tendaro de Midjan, kaj venis al tendo, kaj ekfrapis ĝin tiel, ke ĝi falis, kaj renversis ĝin, kaj la tendo tute kuŝis.
၁၃ဂိဒေါင် သည် ရောက် သောအခါ ၊ လူ တယောက်သည် မိမိမြင်မက် သော အိပ်မက် ကို မိမိ အပေါင်းအဘော် အား ပြန် ပြောသည်မှာ၊ ငါမြင်မက် သည်ကား၊ မုယော မုန့် တပြား သည် မိဒျန် တပ် ထဲ သို့ လိမ့် ၍ တဲ တဆောင်ကို တွေ့လျှင်၊ ထိခိုက် မှောက်လှန် ဖြိုချ လေ၏ဟု ဆို သော်၊
14 Tiam lia kamarado respondis, dirante: Tio estas nenio alia, nur la glavo de Gideon, filo de Joaŝ, Izraelido; Dio transdonis en lian manon la Midjanidojn kaj la tutan tendaron.
၁၄သူ ၏အပေါင်းအဘော် က၊ ထို မုန့်ပြားသည် အခြားမဟုတ် ဣသရေလ အမျိုးယောရှ သား ဂိဒေါင် ၏ ထား ဖြစ်၏။ ထိုသူ လက် ၌ ဘုရား သခင်သည် မိဒျန် အမျိုး၊ မိဒျန်ဗိုလ်ခြေ အပေါင်း ကို အပ် တော်မူမည်ဟု ပြန်ပြော ၏။
15 Kaj kiam Gideon aŭdis la rakonton pri la sonĝo kaj la klarigon de ĝia signifo, li adorkliniĝis, kaj revenis en la tendaron de la Izraelidoj, kaj diris: Leviĝu, ĉar la Eternulo transdonis en viajn manojn la tendaron de Midjan.
၁၅ထိုအိပ်မက် နှင့် အိပ်မက်အနက် ကို ဂိဒေါင် သည် ကြား သောအခါ ၊ ကိုးကွယ် ၍ ဣသရေလ တပ် သို့ ပြန် ပြီးလျှင် ၊ ထ ကြ၊ ထာဝရဘုရား သည် မိဒျန် ဗိုလ်ခြေ တို့ကို သင် တို့လက် ၌ အပ် တော်မူမည်ဟု ဆို ၏။
16 Kaj li dividis la tricent homojn en tri taĉmentojn, kaj donis al ĉiuj en la manojn trumpetojn kaj malplenajn kruĉojn, kun torĉoj interne de la kruĉoj.
၁၆ထိုအခါ လူ သုံး ရာ တို့ကို သုံး စု ခွဲ ၍ ၊ တံပိုး တလုံးနှင့် မီးခွက် ပါသောအိုး တလုံးစီကို လူ တိုင်း လက် ၌ ဆောင် စေ၏။
17 Kaj li diris al ili: Rigardu min, kaj faru tion saman, kion mi faros; jen mi iras al la rando de la tendaro, kaj kion mi faros, tion faru ankaŭ vi.
၁၇ငါ့ ကို ကြည့် ၍ ငါ ပြုသည်အတိုင်း ပြု ကြ။ တပ် ပြင် သို့ ရောက် သောအခါ၊ ငါပြု သည်အတိုင်း ပြု ကြ။
18 Kiam mi kaj tiuj, kiuj estas kun mi, ekblovos per trumpeto, tiam ankaŭ vi blovu per la trumpetoj ĉirkaŭ la tuta tendaro, kaj kriu: Pro la Eternulo kaj pro Gideon!
၁၈ငါ နှင့် ငါ ၌ ပါသောသူ အပေါင်း တို့သည် တံပိုး မှုတ် သောအခါ ၊ တပ် ပတ်လည် အရပ်ရပ် ၌ သင်တို့သည် တံပိုး မှုတ် ၍ ၊ ထာဝရဘုရား နှင့် ဂိဒေါင် ၏ ထားဟု ဟစ် ကြလော့ဟု မှာ ထား၏။
19 Kaj venis Gideon, kaj la cent homoj, kiuj estis kun li, al la rando de la tendaro en la komenco de la meza noktogardo, kiam ĵus stariĝis la gardistoj; kaj ili ekblovis per la trumpetoj, kaj rompis la kruĉojn, kiujn ili havis en la manoj.
၁၉ထိုသို့ ဂိဒေါင် နှင့် သူ ၌ ပါသော လူ တရာ တို့သည် သန်းခေါင် ယံ ၌ ကင်း လဲ စက တပ် ပြင် သို့ ရောက် သဖြင့် တံပိုး မှုတ် ကြ၏။ မိမိ ကိုင် သော အိုး တို့ကိုလည်း ခွဲ ကြ၏။
20 Tiam ekblovis la tri taĉmentoj per la trumpetoj kaj rompis la kruĉojn, kaj ili tenis en la maldekstra mano la torĉojn, kaj en la dekstra la trumpetojn por blovi, kaj ili kriis: Glavo pro la Eternulo kaj pro Gideon!
၂၀လူသုံး စု တို့သည် တံပိုး မှုတ် ၍ အိုး တို့ကို ခွဲ သဖြင့် လက်ဝဲ လက် ၌ မီးခွက် တို့ကို၎င်း ၊ လက်ျာ လက် ၌ မှုတ် စရာ တံပိုး တို့ကို၎င်းကိုင် လျက် ၊ ထာဝရဘုရား နှင့် ဂိဒေါင် ၏ထား ဟု ဟစ် ကြ၏။
21 Kaj ili staris ĉiu sur sia loko ĉirkaŭ la tendaro; kaj la tuta tendaranaro ekkuris; kaj ĉiuj ekkriis kaj forkuris.
၂၁သူတို့သည် တပ် ပတ်ဝန်းကျင် ၌ လူတိုင်း မိမိ နေရာ အရပ်တွင် ရပ် နေ၍ ၊ တပ်သား အပေါင်း တို့သည် ပြေး လျက် ၊ အော် လျက် ထွက်ပြေး ကြ၏။
22 Kaj oni blovis per la tricent trumpetoj, kaj la Eternulo turnis en la tuta tendaro la glavon de unu kontraŭ alian; kaj la tendaranoj kuris ĝis Bet-Ŝita, al Cerera, ĝis la limo de Abel-Meĥola apud Tabat.
၂၂လူသုံး ရာ တို့သည် တံပိုး မှုတ် သောအခါ ၊ ထာဝရဘုရား ၏ တန်ခိုးတော်ကြောင့်၊ တပ်သား အပေါင်း တို့သည် တယောက်ကိုတယောက်တိုက်၍၊ ဇေရရတ် အရပ် ဗက်ရှိတ္တ မြို့သို့ ၎င်း၊ တဗ္ဗတ် မြို့နား မှာ အာဗေလမဟောလ မြို့နယ် သို့ ၎င်း ပြေး ကြ၏။
23 Kaj oni kunvokis la Izraelidojn el Naftali kaj el Aŝer kaj el la tuta Manase, kaj ili postkuris la Midjanidojn.
၂၃ဣသရေလ လူ တို့သည် နဿလိ ခရိုင်၊ အာရှာ ခရိုင်၊ မနာရှေ ခရိုင် အရပ်ရပ် ထဲက စု လာ၍ ၊ မိဒျန် လူတို့ကို လိုက် ကြ၏။
24 Kaj Gideon sendis senditojn sur la tutan monton de Efraim, por diri: Kuru renkonte al la Midjanidoj kaj baru al ili la akvon ĝis Bet-Bara kaj ĝis Jordan. Kaj kolektiĝis ĉiuj Efraimidoj kaj baris la vojon ĝis Bet-Bara kaj ĝis Jordan.
၂၄ဂိဒေါင် သည်လည်း ၊ တမန် တို့ကို ဧဖရိမ် တောင် တရှောက်လုံး သို့ စေလွှတ် ၍၊ သင်တို့သည် မိဒျန် လူတို့ကို ဆီးတား ခြင်းငှါ ယော်ဒန် မြစ်နား၊ ဗက်ဗာရ ရွာတိုင်အောင် သူ တို့အရင် စောင့် နေကြလော့ဟု မှာ လိုက်သည်အတိုင်း ၊ ဧဖရိမ် လူ အပေါင်း တို့သည် စုဝေး ၍ ၊ ယော်ဒန် မြစ်နား၊ ဗက်ဗာရ ရွာတိုင်အောင် စောင့် နေကြ၏။
25 Kaj ili kaptis Orebon kaj Zeebon, du princojn de Midjan, kaj mortigis Orebon ĉe la roko de Oreb, kaj Zeebon ili mortigis ĉe la vinpremejo de Zeeb, kaj persekutis la Midjanidojn; kaj la kapojn de Oreb kaj Zeeb ili alportis al Gideon trans Jordanon.
၂၅မိဒျန် ဗိုလ်ချုပ် နှစ် ယောက်၊ ဩရဘ နှင့် ဇေဘ ကို ဘမ်းဆီး ၍ ၊ ဩရဘ ကို ဩရဘ ကျောက် ပေါ်၌ ၎င်း၊ ဇေဘ ကိုဇေဘ စပျစ်သီးနယ်ရာ တန်ဆာ၌ ၎င်း သတ် ပြီးမှ၊ မိဒျန် လူတို့ကို လိုက် သဖြင့် ၊ ဩရဘ ၏ဦးခေါင်း နှင့် ဇေဘ ၏ဦးခေါင်းတို့ကိုယော်ဒန် မြစ်တဘက် ၊ ဂိဒေါင် ထံ သို့ဆောင် ခဲ့ကြ၏။

< Juĝistoj 7 >