< Jesaja 35 >

1 Ekĝojos la dezerto kaj la senakvejo, triumfos la stepo kaj ekfloros kiel lilio.
တော နှင့် လွင်ပြင် သည် ဝမ်းမြောက် လိမ့်မည်။ ဆိတ်ညံ သော အရပ်သည်လည်း ရွှင်လန်း ၍ ၊ နှင်းပွင့် ကဲ့သို့ အပွင့် ပွင့် လိမ့်မည်။
2 Ĝi forte ekfloros kaj triumfos, triumfos kaj kantos; la gloro de Lebanon estos donita al ĝi, la beleco de Karmel kaj Ŝaron; ili vidos la gloron de la Eternulo, la majeston de nia Dio.
အလွန်ပွင့်လန်း ၍ ဝမ်းမြောက် ခြင်း၊ သီချင်း ဆို ခြင်းနှင့်တကွ မြူးထူး လိမ့်မည်။ လေဗနုန် တောင်၏ ဘုန်း နှင့်၎င်း၊ ကရမေလ တောင်၊ ရှာရုန် အရပ်တို့၏ တင့်တယ်ခြင်း အသရေ နှင့်၎င်း ပြည့်စုံ လိမ့်မည်။ ထာဝရဘုရား ၏ ဘုန်း တော်ကို၎င်း၊ ငါ တို့ဘုရား သခင်၏ တန်ခိုး အာနုဘော် တော်ကို၎င်းမြင် ရကြလိမ့်မည်။
3 Fortigu la senfortiĝintajn manojn, kaj fortikigu la ŝanceliĝantajn genuojn.
အား မရှိသောလက် တို့ကို ခိုင်ခံ့ စေကြလော့။ လှုပ် တတ်သော ဒူး တို့ကို မြဲမြံ စေကြလော့။
4 Diru al tiuj, kiuj estas senkuraĝigitaj en la koro: Tenu vin forte, ne timu; jen estas via Dio! venos venĝo, repago de Dio; Li mem venos kaj helpos vin.
အား ယူကြလော့၊ မ စိုးရိမ် ကြနှင့်ဟု ကြောက် တတ်သောသူတို့ အား ဆို ကြလော့။ အကြောင်းမူကား၊ သင် တို့၏ ဘုရား သခင်သည် အပြစ် ပေးလျက်၊ ဒဏ် စီရင် လျက်ကြွ လာတော်မူလိမ့်မည်။ ဘုရား သခင်သည် ကိုယ်တော် တိုင် ကြွ လာ၍ ၊ သင် တို့ကို ကယ်တင် တော်မူလိမ့်မည်။
5 Tiam malkovriĝos la okuloj de la blinduloj, kaj la oreloj de la surduloj malfermiĝos.
ထိုအခါ မျက်စိ ကန်း သောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နား ပင်း သောသူတို့သည် နားပင်းခြင်း နှင့် လွတ် ကြလိမ့်မည်။
6 Tiam la lamulo eksaltos kiel cervo, kaj la lango de la mutulo ekkantos; ĉar en la dezerto elfendiĝos akvo kaj en la stepo riveroj.
ခြေဆွံ့ သောသူတို့သည် ဒရယ် ကဲ့သို့ ခုန် ကြ လိမ့်မည်။ စကား အ သောသူတို့သည် သီချင်း ဆိုကြလိမ့်မည်။ အကြောင်း မူကား၊ တော ၌ စမ်းရေ ထွက်၍ ၊ လွင်ပြင် ၌ မြစ် ရေစီး လိမ့်မည်။
7 Kaj la fantoma lago fariĝos reala, kaj la tero senakva fariĝos fonto de akvo; la loĝloko de ŝakaloj fariĝos loko por kano kaj junko.
တံလျှပ် သည် ရေကန် ဖြစ် လိမ့်မည်။ သွေ့ခြောက် သောမြေသည် စမ်း ရေတွင်း ဖြစ်လိမ့်မည်။ မြေခွေး အိပ်ရာ နေရာ ၌ ကျူပင် နှင့် ဂမာပင် အစား ၊ မြက်ပင် ပေါက်လိမ့်မည်။
8 Kaj estos tie irejo kaj vojo, kaj ĝi estos nomata Vojo Sankta; malpurulo ne iros sur ĝi, ĉar nur al ili ĝi apartenas; irante sur tiu vojo, eĉ malsaĝuloj ne eraros.
ထို အရပ်၌ လမ်းမ ကြီး ရှိ လိမ့်မည်။ ထိုလမ်းကို သန့်ရှင်း ရာလမ်း ဟု သမုတ် ကြလိမ့်မည်။ မစင်ကြယ် သောသူသည် ထိုလမ်း ကို မ ရှောက် မသွားရ။ သွား သောသူတို့ နှင့်အတူကိုယ်တော် တိုင်ခရီးသွားလျက် ရှိတော်မူသည် ဖြစ်၍၊ မိုက် သောသူသော်လည်းလမ်း မ လွဲ ရ။
9 Ne estos tie leono, kaj rabobesto ne aperos sur ĝi, ne troviĝos tie; iros nur savitoj.
ထို လမ်း၌ ခြင်္သေ့ မ ရှိ ရ။ သားရဲ တကောင်မျှ မ တက် မလာရ။ ရှာ ၍ မ တွေ့ရ။ ရွေးနှုတ် သောသူတို့သာ လျှင် ခရီးသွား ကြလိမ့်မည်။
10 Kaj la elaĉetitoj de la Eternulo revenos kaj iros sur Cionon kun kantado, kaj ĝojo eterna estos super ilia kapo; ĝojon kaj gajecon ili atingos, kaj forflugos afliktoj kaj ĝemado.
၁၀ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ ၊ သီချင်း ဆိုလျက် ၊ ထာဝရ ဝမ်းမြောက် ခြင်း သရဖူ ကို ဆောင်း လျက်၊ ဇိအုန် မြို့သို့ ရောက် ကြ လိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်း အခွင့် ကို ရကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။

< Jesaja 35 >