< Hebroj 7 >
1 Ĉar tiu Melkicedek, reĝo de Salem, pastro de Dio la Plejalta, kiu renkontis Abrahamon revenantan de la mortigado de la reĝoj, kaj lin benis,
၁ဤမေလခိဇေဒက်ကားရှာလင်မင်းဖြစ်၍ အမြင့်မြတ်ဆုံးအရှင်ဖြစ်တော်မူသောဘုရား သခင်၏ယဇ်ပုရောဟိတ်တည်း။ ဘုရင်လေးပါး ကိုနှိမ်နင်းရာတိုက်ပွဲမှအာဗြဟံပြန်လာ သောအခါ သူသည်အာဗြဟံအားခရီးဦး ကြိုပြု၍ကောင်းချီးပေးသူဖြစ်ပေသည်။-
2 kaj al kiu ankaŭ Abraham donis dekonon el ĉio (unue laŭ interpreto reĝo de justeco, kaj poste reĝo de Salem, tio estas reĝo de paco;
၂သို့ဖြစ်၍အာဗြဟံသည်မိမိသိမ်းယူရရှိခဲ့ သည့်ဥစ္စာပစ္စည်းများ၏ဆယ်ပုံတစ်ပုံကိုသူ့အား ပေးလှူ၏။ (မေလခိဇေဒက်ဟူသောနာမည်၏ အနက်အဋ္ဌိပ္ပါယ်မှာ``တရားမင်း'' ဟူ၍ဖြစ်၏။ သူသည်ရှာလင်မြို့၏မင်းလည်းဖြစ်သဖြင့် သူ၏နာမည်သည်``ငြိမ်းချမ်းရေးဘုရင်'' ဟု လည်းအနက်အဋ္ဌိပ္ပါယ်ရလေသည်။-)
3 senpatra, senpatrina, sengenealogia, havanta nek komencon de tagoj, nek finon de vivo, sed similigita al la Filo de Dio), restas pastro por ĉiam.
၃သူ၏မိဘဘိုးဘေးတို့အကြောင်းမှတ်တမ်း ကိုလည်းကောင်း၊ သူမွေးဖွားသည့်အကြောင်း နှင့်ကွယ်လွန်သည့်အကြောင်းမှတ်တမ်းတို့ကို လည်းကောင်းမတွေ့ရှိရပေ။ သူသည်ဘုရား သခင်၏သားတော်နှင့်တူ၍ ယဇ်ပုရောဟိတ် အရာကိုထာဝစဉ်ရရှိထားသူဖြစ်သတည်း။
4 Nun pripensu, kiel granda estis ĉi tiu, al kiu la patriarko Abraham donis dekonon el la akiraĵoj.
၄ငါတို့လူမျိုးတို့၏အဖအာဗြဟံသည်စစ် ပွဲမှ မိမိသိမ်းယူရရှိခဲ့သည့်ဥစ္စာပစ္စည်းများ ၏ဆယ်ပုံတစ်ပုံကို မေလခိဇေဒက်အားပေး လှူခဲ့သည်ဖြစ်ရာယင်းသို့ပေးလှူခြင်းခံရ သူသည်အဘယ်မျှကြီးမြတ်မည်ကိုဆင် ခြင်ကြလော့။-
5 Kaj efektive el la filoj de Levi tiuj, kiuj ricevas la pastran oficon, havas ordonon imposti laŭleĝe podekone la popolon, tio estas, siajn fratojn, kvankam elirintajn el la lumboj de Abraham;
၅လေဝိအနွယ်ဝင်အနက်ယဇ်ပုရောဟိတ် အရာကိုရရှိကြသောသူတို့သည် အာဗြဟံ မှဆင်းသက်လာသူ မိမိတို့၏သားချင်းများ ဖြစ်သည့်ဣသရေလအမျိုးသားတို့မှ ဆယ်ဖို့ တစ်ဖို့သောအလှူကို ပညတ်တရားအရ ကောက်ယူခွင့်ရှိကြပေသည်။-
6 sed tiu, kies genealogio ne estas el ili, ricevis de Abraham dekonaĵon, kaj benis tiun, kiu havis la promesojn.
၆မေလခိဇေဒက်သည်လေဝိအနွယ်ဝင်မဟုတ် သော်လည်း အာဗြဟံထံမှဆယ်ဖို့တစ်ဖို့အလှူ ကိုခံယူလျက် ဘုရားသခင်၏ကတိတော် များရရှိထားသူအာဗြဟံကိုကောင်းချီး ပေးခဲ့၏။-
7 Sed ekster ĉia kontraŭparolo, la malpli granda ricevas benon de la pli granda.
၇သိမ်ငယ်သူသည်ကြီးမြတ်သူထံမှ ကောင်းချီး မင်္ဂလာခံယူရမြဲဖြစ်သည်ကိုငြင်းဆိုဖွယ် မရှိ။-
8 Kaj ĉi tie homoj, kiuj mortas, ricevas dekonaĵojn, sed tie unu, pri kiu estas atestate, ke li vivas.
၈ထိုမှတစ်ပါးလည်းယဇ်ပုရောဟိတ်များ အနေဖြင့် ဆယ်ဖို့တစ်ဖို့အလှူကိုခံယူခြင်း သည်သေမျိုးဖြစ်သောလူသားတို့ကခံယူ ကြခြင်းဖြစ်၏။ မေလခိဇေဒက်မူကားကျမ်း စာတော်တွင်ဖော်ပြသည်နှင့်အညီ အသက် ရှင်သူအနေဖြင့်ဆယ်ဖို့တစ်ဖို့အလှူကို ခံယူခြင်းဖြစ်ပေသည်။-
9 Kaj, por tiel diri, per Abraham ankaŭ Levi, la ricevanto de dekonaĵoj, donis dekonaĵon;
၉ဆယ်ဖို့တစ်ဖို့အလှူကိုခံယူသူလေဝိသည် အာဗြဟံမှတစ်ဆင့် မေလခိဇေဒက်အား ဆယ်ဖို့တစ်ဖို့ပေးလှူသည်ဟုပင်ဆိုနိုင်၏။-
10 ĉar li estis ankoraŭ en la lumboj de la patro, kiam Melkicedek lin renkontis.
၁၀အဘယ်ကြောင့်ဆိုသော်အာဗြဟံသည် မေလခိ ဇေဒက်နှင့်တွေ့ဆုံစဉ်အခါကလေဝိသည် မမွေး ဖွားသေးဘဲ အာဗြဟံ၏ကိုယ်၌ရှိနေသည်ဟု ဆိုနိုင်သောကြောင့်ဖြစ်သည်။
11 Tial, se ekzistis perfekteco per la Levida pastreco (ĉar sub ĝi la popolo ricevis la leĝon), kia plua bezono estis, ke leviĝu alia pastro laŭ la maniero de Melkicedek, kaj ne estu nomata laŭ la maniero de Aaron?
၁၁ဣသရေလအမျိုးသားတို့၏ပညတ်တရား ကိုပေးအပ်ရာ၌ လေဝိအနွယ်ဝင်ယဇ်ပုရော ဟိတ်များကိုအခြေခံ၍ပေးအပ်ခြင်းဖြစ်၏။ အကယ်၍လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ် တို့သည်ပြီးပြည့်စုံလင်အောင်ဆောင်ရွက်နိုင် ကြပါမူ အာရုန်၏အရိုက်အရာအစားမေ လခိဇေဒက်၏အရိုက်အရာကိုဆက်ခံသူ အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်း လာရန်မလိုပေ။-
12 Ĉar kiam la pastraro ŝanĝiĝas, necese ankaŭ fariĝas ŝanĝo de leĝo.
၁၂အဘယ်ကြောင့်ဆိုသော်ယဇ်ပုရောဟိတ်မျိုးရိုး ကိုပြောင်းလဲလိုက်သောအခါ တရားကိုလည်း ပြောင်းလဲရန်လိုအပ်၍လာသောကြောင့်ဖြစ် သည်။-
13 Ĉar tiu, pri kiu tio estas dirita, estas ano de alia tribo, el kiu neniu servis ĉe la altaro.
၁၃ဤအကြောင်းအရာများက ဖော်ပြနေသည့် ငါတို့၏သခင်ဘုရားကား လေဝိအနွယ်ဝင် မဟုတ်။ အခြားတစ်ပါးသောအမျိုးအနွယ် မှဆင်းသက်တော်မူသောသူဖြစ်ပေသည်။ ထို အမျိုးအနွယ်ဝင်တစ်ယောက်မျှယဇ်ပုရော ဟိတ်အဖြစ်မဆောင်ရွက်ခဲ့။-
14 Ĉar evidente estas, ke nia Sinjoro devenis de Jehuda, pri kiu tribo Moseo diris nenion rilate pastrecon.
၁၄ကိုယ်တော်သည်ယုဒအမျိုးအနွယ်မှဆင်းသက် တော်မူသည်မှာသိသာထင်ရှား၏။ ယဇ်ပုရော ဟိတ်အရာသည် ယုဒအမျိုးအနွယ်နှင့်ပတ် သက်ကြောင်းကိုမောရှေသည်တစ်ခွန်းမျှမပြော ပေ။
15 Kaj tio eĉ pli evidenta estas, se laŭ simileco de Melkicedek leviĝas pastro alia,
၁၅မေလခိဇေဒက်နှင့်တူသောယဇ်ပုရောဟိတ် တစ်ပါးပေါ်ထွန်းလာသဖြင့် ယဇ်ပုရောဟိတ် မျိုးရိုးပြောင်းလဲသည်ဟုပိုမိုထင်ရှားလာ၏။-
16 kiu estas farita ne laŭ la leĝo de ordono karna, sed laŭ la potenco de vivo nedetruebla;
၁၆ထိုသူသည်ယဇ်ပုရောဟိတ်အရိုက်အရာကို လူတို့ချမှတ်ထားသည့်စည်းမျဉ်းဥပဒေများ အရခံယူရရှိထားသည်မဟုတ်။ အဘယ် အခါ၌မျှ မကုန်မဆုံးနိုင်သည့်အသက်၏ တန်ခိုးအာနုဘော်အရခံယူရရှိထားခြင်း ဖြစ်၏။-
17 ĉar li havas la ateston: Vi estas pastro por ĉiam Laŭ la maniero de Melkicedek. (aiōn )
၁၇အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က``သင် သည်မေလခိဇေဒက်၏အရိုက်အရာကိုဆက် ခံသူထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟုဖော်ပြသောကြောင့်တည်း။- (aiōn )
18 Ĉar okazas vere nuligado de antaŭiranta ordono, pro ĝia malforteco kaj senutileco
၁၈ယခင်ပညတ်ဟောင်းသည်အားနည်း၍အကျိုး ကိုမပေးနိုင်သောကြောင့်ပယ်ရှားခြင်းကိုခံရ၏။-
19 (ĉar la leĝo nenion perfektigis); kaj okazas la enkonduko de pli bona espero, per kiu ni alproksimiĝas al Dio.
၁၉မောရှေ၏ပညတ်တရားသည်အဘယ်အရာ ကိုမျှပြီးပြည့်စုံလင်အောင်မပြုနိုင်။ ယခု အခါ၌ငါတို့သည်ထိုပညတ်တရားထက် ပိုမိုကောင်းမြတ်သည့်မျှော်လင့်ချက်ကိုရရှိ ကြပြီဖြစ်ရာ ထိုမျှော်လင့်ချက်အားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။
20 Kaj pro tio, ke ne mankas ĵurado
၂၀ထိုမှတစ်ပါးလည်းဘုရားသခင်ကျိန်ဆိုတော် မူချက်ရှိ၏။ ကိုယ်တော်သည်လေဝိအနွယ်ဝင် တို့အား ယဇ်ပုရောဟိတ်အဖြစ်ခန့်ထားတော်မူ သောအခါ၌ကျိန်ဆိုတော်မူချက်မပါရှိချေ။-
21 (ĉar ili sen ĵurado estas faritaj pastroj, sed ĉi tiu kun ĵuro laŭ Tiu, kiu diris pri li: La Eternulo ĵuris, kaj ne pentos: Vi estas pastro por ĉiam); (aiōn )
၂၁သို့ရာတွင်သခင်ယေရှုအားယဇ်ပုရောဟိတ် အဖြစ် ခန့်ထားတော်မူသောအခါ၌မူကား `` `သင်သည်ထာဝရယဇ်ပုရောဟိတ် ဖြစ်ရလိမ့်မည်' ဟု ထာဝရဘုရားကျိန်ဆိုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏စိတ်ကိုပြောင်းလဲ တော်မူလိမ့်မည်မဟုတ်'' ဟူ၍ကိုယ်တော်အားမိန့်မြွက်တော်မူ၏။- (aiōn )
22 Jesuo fariĝis garantiulo de des pli bona interligo.
၂၂ဤသို့ခန့်ထားပုံကွာခြားမှုကြောင့်သခင် ယေရှုသည် ပိုမိုကောင်းမြတ်သည့်ပဋိညာဉ် တရားတော်၏အာမခံဖြစ်တော်မူ၏။
23 Kaj ili ja fariĝis pastroj multenombraj, ĉar pro morto estas malpermesate al ili daŭri;
၂၃ထို့ပြင်အခြားကွာခြားမှုရှိသေး၏။ ယဇ် ပုရောဟိတ်တို့သည်သေရသောကြောင့် သူတို့ သည်အရေအတွက်များကြ၏။-
24 sed ĉi tiu, pro sia eterna daŭrado, havas sian pastrecon neŝanĝebla. (aiōn )
၂၄သို့ရာတွင်သခင်ယေရှုမူကားနိစ္စထာဝရ အသက်ရှင်တော်မူသဖြင့် သူ၏ယဇ်ပုရော ဟိတ်ရာထူးသည်လည်းအခြားလက်သို့ မကူးပြောင်းနိုင်တော့ပေ။- (aiōn )
25 Tial ankaŭ li povas savi ĝis la ekstremaĵo tiujn, kiuj alproksimiĝas per li al Dio, ĉar li ĉiam vivas, por propeti pro ili.
၂၅သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။
26 Ĉar por ni konvenis tia ĉefpastro, sankta, senpeka, senmakula, apartigita for de pekuloj, kaj farita pli alta ol la ĉielo;
၂၆သို့ဖြစ်၍သခင်ယေရှုသည်ငါတို့နှင့်သင့် လျော်သောယဇ်ပုရောဟိတ်မင်းဖြစ်၏။ ကိုယ် တော်သည်သန့်ရှင်းမြင့်မြတ်၍အပြစ်ကင်း လွတ်တော်မူ၏။ အပြစ်ကူးသူတို့နှင့်ခွဲခြား လျက်ကောင်းကင်ဘဝဂ်တိုင်အောင်ချီးမြှောက် ခြင်းကိုခံတော်မူ၏။-
27 li ne havas ĉiutagan necesecon, kiel tiuj ĉefpastroj, oferi oferojn, unue pro la propraj pekoj, poste pro la pekoj de la popolo; ĉar tion li faris unufoje por ĉiam, oferante sin mem.
၂၇ယဇ်ပုရောဟိတ်မင်းတို့သည်နေ့စဉ်ဦးစွာပထမ မိမိတို့ကိုယ်ပိုင်အပြစ်များအတွက်လည်းကောင်း၊ ထိုနောက်လူတို့၏အပြစ်များအတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေသည်။ ကိုယ်တော်မူကားဤသို့ ပြုရန်မလို။ အဘယ်ကြောင့်ဆိုသော်မိမိအသက် ကိုတင်လှူပူဇော်စဉ်အခါက တစ်ကြိမ်တည်း အပြီးအပိုင်ယဇ်ပူဇော်ခဲ့ပြီးဖြစ်သော ကြောင့်တည်း။-
28 Ĉar la leĝo starigas kiel ĉefpastrojn homojn, kiuj havas malfortecon; sed la vorto de la ĵuro, kiu estas post la leĝo, nomas Filon, perfektigitan por ĉiam. (aiōn )
၂၈မောရှေ၏ပညတ်တရားသည်အားနည်း၍မစုံ လင်သောလူသားတို့ကို ယဇ်ပုရောဟိတ်မင်း များအဖြစ်ခန့်ထားလေသည်။ သို့ရာတွင် ပညတ်တရားပေါ်ပေါက်ပြီးသည့်နောက်ပိုင်း ထာဝရကာလပတ်လုံးစုံလင်တော်မူသော သားတော်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် ကျိန်ဆိုတော်မူချက်ဖြင့်ခန့်ထားတော်မူ၏။ (aiōn )