< Jeĥezkel 47 >

1 Kaj li revenigis min al la pordo de la domo; kaj mi ekvidis, ke jen el sub la sojlo de la domo fluas akvo orienten, ĉar la vizaĝa flanko de la domo estis turnita orienten; kaj la akvo fluis el sub la dekstra flanko de la domo al la suda flanko de la altaro.
ထိုနောက်မှ အိမ် တော်တံခါး သို့ တဖန်ငါ့ ကို ဆောင် ခဲ့၍ ၊ တံခါးခုံ အောက်မှာ အရှေ့ ဘက်သို့ ထွက် သော ရေ ကိုငါမြင် ၏။ အိမ် တော်ဦး သည် အရှေ့ သို့မျက်နှာပြု၍၊ ရေ သည်အိမ် တော်တံခါးခုံလက်ျာ အောက် ၊ ယဇ်ပလ္လင် တော် တောင် ဘက်မှ စီး သွားလေ၏။
2 Kaj li elkondukis min tra la norda pordego, kaj kondukis min laŭ ekstera vojo al la ekstera pordego, turnita orienten; kaj jen la akvo fluas el la dekstra flanko.
တဖန် မြောက် တံခါး လမ်း ဖြင့် ငါ့ ကိုထုတ် ၍ ပြင် ၌ဝိုင်း သွားလျက်၊ အရှေ့ သို့ မျက်နှာပြု သော ပြင် တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာ ဘက် မှ စီး သော ရေ ကို ငါမြင် ၏။
3 Kiam la viro iris orienten, li havis en sia mano mezurŝnuron, kaj li mezuris mil ulnojn, kaj transpasigis min trans la akvon, kiu estis alta ĝis la maleoloj.
ကြိုး ကိုကိုင် သောသူသည် အရှေ့ သို့သွား ပြီးလျှင် ၊ အတောင် တထောင် စေ့အောင်တိုင်း ၍ ငါ့ ကို ရေ ကူး စေ၏။ ရေ သည် ဖမျက် သို့ မှီလေ၏။
4 Kaj li mezuris ankoraŭ mil ulnojn, kaj transpasigis min trans la akvon; la akvo estis alta ĝis la genuoj. Kaj li mezuris ankoraŭ mil, kaj transpasigis min trans la akvon, kiu estis alta ĝis la lumboj.
တဖန် အတောင်တထောင် စေ့အောင်တိုင်း ၍ ရေး ကူး စေပြန်လျှင်၊ ရေ သည် ဒူး ကိုမှီလေ၏။ တဖန် အတောင်တထောင် စေ့အောင်တိုင်း ၍ ကူး စေပြန်လျှင်၊ ရေ သည်ခါး ကိုမှီလေ၏။
5 Kiam li mezuris ankoraŭ mil, estis jam torento, kiun mi ne povis transiri; ĉar la akvo estis tro alta, oni devis ĝin transnaĝi, sed transiri la torenton oni ne povis.
တဖန် အတောင်တထောင် စေ့အောင် တိုင်း သောအခါ မ ကူး နိုင် သော မြစ် ဖြစ်လေ၏။ ရေ ထ သောကြောင့် နင်း၍မ ကူး နိုင်၊ ခြေထောက်၍ မမှီပဲ ကူး ရသောမြစ် ဖြစ်၏။
6 Kaj li diris al mi: Ĉu vi vidis, ho filo de homo? Kaj li kondukis min returne al la bordo de la torento.
ထိုသူက၊ အချင်းလူသား ၊ ဤအရာကို မြင် သည် မ ဟုတ်လောဟု ပြော ပြီးမှ ၊ တဖန် ငါ့ ကိုခေါ် သွား၍ မြစ် နား သို့ပြန် စေ၏။
7 Kiam mi revenis, mi vidis, ke sur la bordo de la torento estas jam tre multe da arboj sur ambaŭ flankoj.
ပြန် စဉ်အခါ မြစ် နား နှစ်ဘက်၌ များစွာ သော အပင် တို့ကို ငါ မြင် ၏။
8 Kaj li diris al mi: Ĉi tiu akvo, kiu eliras el la orienta regiono, iros malsupren en la stepon, kaj venos en la maron; kiam ĝi troviĝos en la maro, tiam saniĝos la akvo.
ထိုသူကလည်း၊ ဤ ရေ သည် အရှေ့ သို့ စီး ၍ တော ကို ရှောက် ပြီးမှ ၊ အိုင် ထဲသို့ ဝင် တတ်သော အားဖြင့်အိုင်ရေ သည် ချို လိမ့်မည်။
9 Kaj ĉiu vivanta estaĵo, kiu rampas tie, kie pasas la torentoj, reviviĝos, kaj estos tre multe da fiŝoj; ĉar tien venos ĉi tiu akvo, kaj ĉio saniĝos kaj reviviĝos, kien venos la torento.
အသက်ရှင် ၍လှုပ်ရှား တတ်သော သတ္တဝါ အမျိုးမျိုး တို့သည် ထို မြစ် ရေရောက် သမျှ သော အရပ်တို့၌ အသက်ရှင် ၍ ၊ အလွန် များစွာ သော ငါး တို့လည်း ရှိ ကြ လိမ့်မည်။ ထို မြစ်ရေ သည် ချို သောကြောင့် ၊ ရောက် သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။
10 Kaj staros apud ĝi fiŝkaptistoj de En-Gedi ĝis En-Eglaim, kaj ili etendos tie retojn; iliaj fiŝoj estos tiaspecaj, kiel la fiŝoj de la Granda Maro, kaj tre multe.
၁၀အိုင်နားမှာတံငါ တို့သည် ရပ် ၍၊ အင်္ဂေဒိ ရွာမှစ၍ ဧနေဂလိမ် ရွာတိုင်အောင် ပိုက်ကွန် ဖြန့် ချရာ အရပ် ဖြစ် လိမ့်မည်။ ငါး အမျိုးမျိုး တို့သည် မဟာ ပင်လယ် ငါး ကဲ့သို့ အလွန် များပြား ကြလိမ့်မည်။
11 Sed ĝiaj marĉoj kaj marĉetoj ne saniĝos, ili estos destinitaj por salo.
၁၁ရွှံ့ပွက် ရေနှင့် ရွှံ့အိုင် ရေမူကား မ ချို ရ၊ အစဉ် ငန် ရလိမ့်မည်။
12 Kaj apud la torento sur ambaŭ bordoj kreskos ĉiaspecaj manĝaĵdonantaj arboj; ne velkos iliaj folioj, kaj ne forfiniĝos iliaj fruktoj; ĉiumonate ili donos novajn fruktojn, ĉar la akvo por ili fluas el la sanktejo; kaj iliaj fruktoj estos uzataj kiel manĝaĵo, kaj iliaj folioj kiel kuracilo.
၁၂မြစ် ကမ်းနား နှစ်ဘက်၌ စားစရာ ကောင်းသော အပင် အမျိုးမျိုး ပေါက် ကြလိမ့်မည်။ အရွက် လည်း မ ညှိုး မနွမ်း ရ၊ အသီး လည်းမ ပျက် ရ။ လ တိုင်းအစဉ်နုသော အသီးကို သီး လိမ့်မည်။ အကြောင်းမူကား ၊ သန့်ရှင်း ရာ ဌာနထဲက ထွက် သတည်း။ အသီး သည် စားစရာ ဘို့ ဖြစ် ၏။ အရွက် သည်လည်း အနာ ရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့ အား ပြောဆို ၏။
13 Tiele diras la Sinjoro, la Eternulo: Jen estas la limoj, laŭ kiuj vi devas dividi heredige la teron al la dek du triboj de Izrael: al Jozef duoblan parton.
၁၃အရှင် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးအမွေ ခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ် သည် မြေ အပိုင်းအခြားနှစ်ခုကို ယူရမည်။
14 Kaj dividu ĝin al ĉiuj egale; ĉar per levo de la mano Mi promesis doni ĝin al viaj patroj, tial ĉi tiu tero fariĝos via hereda posedaĵo.
၁၄ဘိုးဘေး တို့အား ငါကျိန်ဆို သည်အတိုင်း ငါပေး ရသောထို မြေ သည် သင် တို့အမွေ ဖြစ်၍၊ သင်တို့သည် အချင်းချင်း အမွေ ခံရကြမည်။
15 Jen estas la limo de la lando: sur la norda rando, komencante de la Granda Maro, ĝi iras tra Ĥetlon en la direkto al Cedad;
၁၅မြေ မြောက် ဘက် အပိုင်းအခြား သည် မဟာ ပင်လယ် တဘက်တချက်၊ ဟေသလုန် လမ်း ၊ ဇေဒဒ် လမ်းသို့ လိုက်လျက်၊
16 tra Ĥamat, Berota, Sibraim, kiu estas inter la limo de Damasko kaj la limo de Ĥamat, ĝis Ĥacer-Tiĥon, kiu troviĝas ĉe la limo de Ĥavran.
၁၆ဟာမတ် မြို့နှင့် ဗေရောသာ မြို့ကို၎င်း၊ ဒမာသက် နယ် နှင့် ဟာမတ် နယ် စပ်ကြား မှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန် မြို့အနား မှာ ၊ ဟာဇာဟတ္တိကုန် မြို့ကို၎င်းဝိုင်း၍၊
17 Kaj la limo estos de la maro ĝis Ĥacar-Enan apud la limo de Damasko, kaj ĝis la norda Cafon kaj la limo de Ĥamat. Tio estas la rando norda.
၁၇တဖန် ပင်လယ် နှင့်ကွာပြီးမှဒမာသက် နယ် အနား၌ ဟာဇရေနန် မြို့၊ မြောက် ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ် မြို့ပါရမည်။ ဤရွေ့ကား၊ မြောက် ဘက် အပိုင်းအခြား ဖြစ်သတည်း။
18 Kaj la orientan randon mezuru inter Ĥavran kaj Damasko, inter Gilead kaj la lando de Izrael, laŭ Jordan, de la limo ĝis la orienta maro; tio estas la rando orienta.
၁၈အရှေ့ ဘက် အပိုင်းအခြားသည် ဟောရန် မြို့၊ ဒမာသက် မြို့၊ ဂိလဒ် ပြည်၊ ယော်ဒန် မြစ်နား ဣသရေလ ပြည်နယ် ကိုရှောက်၍၊ အရှေ့ ပင်လယ် ၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ ဘက် အပိုင်းအခြားဖြစ်သတည်း။
19 La suda rando estas de Tamar ĝis la Akvo de Malpaco apud Kadeŝ, laŭ la torento ĝis la Granda Maro; tio estas la rando suda.
၁၉တောင် ဘက် အပိုင်းအခြားသည် တာမာ မြို့မှစ၍ ကာဒေရှ မြို့၊ မေရိဘ ရေ တိုင်အောင် ၎င်း ၊ မဟာ ပင်လယ် ထဲသို့ ဝင်သောမြစ်တိုင်အောင်၎င်း ၊ ရှောက်သွားရမည်။ ဤရွေ့ကား၊ တောင် ဘက် အပိုင်းအခြားဖြစ်သတည်း ။
20 La okcidenta rando estas la Granda Maro, ĝis la komenco de Ĥamat; tio estas la rando okcidenta.
၂၀အနောက် ဘက် ၌ မဟာ ပင်လယ် သည် တောင် ဘက်မှစ၍၊ ဟာမတ် မြို့တဘက်တချက် တိုင်အောင် ပိုင်းခြား လျက်ရှိရမည်။ ဤရွေ့ကား ၊ အနောက် ဘက် အပိုင်းအခြားဖြစ်သတည်း။
21 Kaj dividu inter vi ĉi tiun landon laŭ la triboj de Izrael.
၂၁ထို မြေ ကိုဣသရေလ အမျိုး အသီးအသီးတို့အား ဝေ ရမည်။
22 Kaj dividu ĝin lote al vi, kaj ankaŭ al la fremduloj, kiuj loĝas inter vi kaj kiuj naskis infanojn inter vi; ili devas esti por vi kiel indiĝenoj inter la Izraelidoj, kune kun vi ili devas ricevi lote heredan posedaĵon inter la triboj de Izrael.
၂၂အမျိုးသားချင်းအမွေခံဘို့၎င်း ၊ သင် တို့တွင် နေ ၍ သားသမီး ဘွားမြင် သော တပါး အမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည် ၌ဘွားမြင်သော ဣသရေလ အမျိုးသား ကဲ့သို့ မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့်အတူ မြေကိုအမွေ ခံရ ကြလိမ့်မည်။
23 En tiu tribo, inter kiu ekloĝis la fremdulo, tie donu al li lian heredan posedaĵon, diras la Sinjoro, la Eternulo.
၂၃တပါး အမျိုးသားနေ လေရာရာ ခရိုင် ၌ သူ့ အမွေခံ စရာမြေကို ပေး ရမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။

< Jeĥezkel 47 >