< Eliro 36 >
1 Kaj laboros Becalel kaj Oholiab kaj ĉiuj kompetentuloj, en kiujn la Eternulo enmetis saĝon kaj prudenton, por ke ili sciu fari ĉiun laboron por la servado en la sanktejo, laŭ ĉio, kion ordonis la Eternulo.
၁``ဗေဇလေလနှင့် အဟောလျဘတို့သည် လည်းကောင်း၊ တဲတော်ကိုဆောက်ရန်ထာဝရ ဘုရားထံတော်မှ လိုအပ်သောကျွမ်းကျင် မှုနှင့်နားလည်မှုကိုရရှိထားသူ အခြား အတတ်ပညာရှင်အပေါင်းတို့သည်လည်း ကောင်း ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းဆောင်ရွက်ရကြမည်'' ဟုဆင့်ဆို လေ၏။
2 Kaj Moseo alvokis Becalelon kaj Oholiabon, kaj ĉiun kompetentulon, al kiu la Eternulo enmetis saĝon en la koron, ĉiun, kiun tiris lia koro entrepreni la laboron kaj fari ĝin.
၂မောရှေသည်ဗေဇလေလနှင့် အဟောလျဘ တို့ကိုလည်းကောင်း၊ တဲတော်ဆောက်ရန်ထာဝရ ဘုရားထံမှလိုအပ်သောအတတ်ပညာကို ရရှိထားသူများနှင့် ကူညီရန်စေတနာ ထက်သန်သူအပေါင်းတို့ကိုလည်းကောင်း ဆင့်ခေါ်၍လုပ်ငန်းကိုစတင်ဆောင်ရွက် စေ၏။-
3 Kaj ili prenis de Moseo ĉiujn oferdonojn, kiujn alportis la Izraelidoj por la bezonoj de la servado en la sanktejo, por ellabori ilin. Kaj tiuj alportadis al li ankoraŭ plue oferdonojn ĉiumatene.
၃သူတို့သည်တဲတော်ကိုဆောက်လုပ်ရန်၊ ဣသ ရေလအမျိုးသားတို့ယူဆောင်ခဲ့သောလှူ ဖွယ်ပစ္စည်းရှိသမျှကို၊ မောရှေထံမှလက်ခံ ရရှိကြ၏။ နံနက်တိုင်းဣသရေလအမျိုး သားတို့သည်၊ မိမိတို့၏လှူဖွယ်ပစ္စည်းများ ကို၊ မောရှေထံသို့ဆက်လက်၍ယူဆောင် လာကြသေး၏။-
4 Kaj venis ĉiuj saĝuloj, kiuj estis farantaj la tutan laboron por la sanktejo, ĉiu venis de sia laboro, kiun li faris.
၄ထိုအခါတဲတော်ကိုဆောက်လုပ်နေကြသော အတတ်ပညာရှင်တို့သည်မောရှေထံသို့ လာ၍၊-
5 Kaj ili diris al Moseo jene: La popolo alportas pli multe, ol bezonas la laboroj, kiujn la Eternulo ordonis fari.
၅``လူတို့ယူလာကြသောပစ္စည်းများသည် ထာဝရဘုရားစေခိုင်းတော်မူသောလုပ်ငန်း အတွက်လိုအပ်သည်ထက်ပိုနေပါသည်'' ဟု ပြောကြ၏။
6 Tiam Moseo ordonis, kaj oni elkriis en la tendaro jene: Neniu viro kaj neniu virino faru plue laboraĵon, por oferdoni al la sanktejo. Kaj la popolo ĉesis alporti.
၆ထို့အခါမောရှေက``မည်သူမျှတဲတော် အတွက်လှူဖွယ်ပစ္စည်းများကိုထပ်မံ၍ မလှူဒါန်းရ'' ဟုအမိန့်ထုတ်၍စခန်းရှိ လူအပေါင်းတို့အားကြေညာစေ၏။ ထို ကြောင့်လူတို့သည်လှူဖွယ်ပစ္စည်းများကို မယူခဲ့ကြတော့ချေ။-
7 Kaj la alportitaĵo estis sufiĉa por la tuta farota laboro, kaj eĉ superflua.
၇ရရှိခဲ့သမျှသောပစ္စည်းတို့သည်လုပ်ငန်း ရှိသမျှအတွက်လိုအပ်သည်ထက်ပိုလျှံ လျက်ရှိ၏။
8 Kaj ĉiuj kompetentuloj inter tiuj, kiuj estis farantaj la laboron por la tabernaklo, faris dek tapiŝojn el tordita bisino kaj el blua, purpura, kaj ruĝa teksaĵo; kerubojn artiste laboritajn ili faris sur ili.
၈အတတ်ပညာရှင်များအနက်၊ အကျွမ်းကျင် ဆုံးသောအတတ်ပညာရှင်တို့သည်၊ ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုဆောက်လုပ် ကြ၏။ သူတို့သည်ပိတ်ချောနှင့်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးတို့ဖြင့် ရက်လုပ်၍၊ ခေရုဗိမ် အရုပ်များကိုပန်းဖော်ထားသည့်ကန့်လန့် ကာဆယ်ထည်ဖြင့်၊ တဲတော်ကိုဆောက်လုပ် ကြ၏။-
9 La longo de ĉiu tapiŝo estis dudek ok ulnoj, kaj la larĝo de ĉiu tapiŝo estis kvar ulnoj; unu mezuro estis por ĉiuj tapiŝoj.
၉ကန့်လန့်ကာအားလုံးသည်အရွယ်တူဖြစ် ၍၊ တစ်ခုစီသည်အလျားတစ်ဆယ့်လေး ကိုက်၊ အနံနှစ်ကိုက်ရှိ၏။-
10 Kaj li kunigis kvin tapiŝojn unu kun la alia, kaj la kvin ceterajn ankaŭ unu kun la alia.
၁၀သူတို့သည်ကန့်လန့်ကာငါးထည်ကိုစပ် ၍ချုပ်၏။ အခြားငါးထည်ကိုလည်းထို အတိုင်းချုပ်ကြ၏။-
11 Kaj li faris maŝojn el blua teksaĵo sur la rando de unu tapiŝo, sur la rando de la kuniĝo; tiel same li faris sur la rando de la ekstrema tapiŝo, sur la dua rando de kuniĝo.
၁၁ကန့်လန့်ကာတစ်စပ်စီ၏အပြင်ဘက်အနား တပ်ရန်ပိတ်တွင်၊ အပြာကွင်းများကိုချုပ် ကြ၏။-
12 Kvindek maŝojn li faris sur unu tapiŝo, kaj kvindek maŝojn li faris sur la rando de tiu tapiŝo, sur kiu estis la dua flanko de la kuniĝo; la maŝoj estis reciproke aranĝitaj unu kontraŭ alia.
၁၂ပထမအစပ်၏ပထမကန့်လန့်ကာတွင် ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယအစပ် ၏နောက်ဆုံးကန့်လန့်ကာတွင်ကွင်းငါးဆယ် ကိုလည်းကောင်း၊ ကွင်းချင်းဆိုင်မိအောင်တပ် ကြ၏။-
13 Kaj li faris kvindek orajn hoketojn, kaj li kunigis la tapiŝojn unu kun la alia per la hoketoj; kaj la tabernaklo fariĝis unu tutaĵo.
၁၃သူတို့သည်ရွှေချိတ်ငါးဆယ်ကိုလုပ်၍၊ ထို ချိတ်များဖြင့် ကန့်လန့်ကာနှစ်စပ်ကိုပူးတွဲ ၍၊ တစ်ခုတည်းဖြစ်စေကြ၏။
14 Kaj li faris tapiŝojn el kapra lano kiel kovron super la tabernaklo; dek unu tiajn tapiŝojn li faris.
၁၄ထိုနောက်သူတို့သည်တဲတော်အမိုးအတွက်၊ ဆိတ်မွေးဖြင့်ရက်သောအထည်တစ်ဆယ့် တစ်ထည်ကိုချုပ်ကြ၏။-
15 La longo de ĉiu tapiŝo estis tridek ulnoj, kaj kvar ulnoj estis la larĝo de ĉiu tapiŝo; unu mezuro estis por la dek unu tapiŝoj.
၁၅တစ်ဆယ့်တစ်ထည်စလုံးအလျားအနံတူ ဖြစ်၍၊ တစ်ထည်စီသည်အလျားတစ်ဆယ့် ငါးကိုက်နှင့်အနံနှစ်ကိုက်ရှိ၏။-
16 Kaj li kunigis kvin tapiŝojn aparte kaj la ceterajn ses tapiŝojn aparte.
၁၆သူတို့သည်အမိုးငါးထည်ကိုတစ်စပ်ချုပ် ၏။ အခြားခြောက်ထည်ကိုနောက်တစ်စပ် ချုပ်ကြ၏။-
17 Kaj li faris kvindek maŝojn sur la rando de la ekstrema tapiŝo, sur la rando de la kuniĝo, kaj kvindek maŝojn li faris sur la rando de la dua kuniĝa tapiŝo.
၁၇ပထမအစပ်၏နောက်ဆုံးအထည်အနား တွင်ကွင်းငါးဆယ်ကိုလည်းကောင်း၊ အခြား တစ်စပ်၏အနားတွင်ကွင်းငါးဆယ်ကို လည်းကောင်းတပ်ကြ၏။-
18 Kaj li faris kvindek kuprajn hoketojn, por kunigi la tendon, por ke ĝi estu unu tutaĵo.
၁၈သူတို့သည်တဲတော်အမိုးအတွက်၊ ကြေးနီ ချိတ်ငါးဆယ်ကိုပြုလုပ်၍အစပ်နှစ်စပ် ကိုဆက်သဖြင့်၊ အမိုးတစ်ခုတည်းဖြစ် လာ၏။-
19 Kaj li faris kovron por la tendo el ruĝaj virŝafaj feloj kaj ankoraŭ kovron el antilopaj feloj supre.
၁၉ထပ်မံ၍အမိုးနှစ်ထပ်ကိုပြုလုပ်ကြ၏။ တစ်ထည်ကိုအနီရောင်ဆိုးသောသိုးထီး သားရေဖြင့်လည်းကောင်း၊ ထိုအပေါ်တွင် ဖြန့်အုပ်ရန်အထပ်ကိုသားရေချောဖြင့် လည်းကောင်း၊ ပြုလုပ်ကြ၏။
20 Kaj li faris la tabulojn por la tabernaklo, starantajn, el akacia ligno.
၂၀သူတို့သည်တဲတော်အတွင်းဘောင်ခွေများ ကို အကာရှသစ်သားဖြင့်ပြုလုပ်ကြ၏။-
21 Dek ulnoj estis la longo de ĉiu tabulo, kaj unu ulno kaj duono la larĝo de ĉiu tabulo.
၂၁ဘောင်ခွေတစ်ချပ်စီသည်အလျားတစ်ဆယ့် ငါးပေနှင့်အနံနှစ်ဆယ့်ခုနစ်လက်မရှိ၍၊-
22 Ĉiu tabulo havis du pivotojn, alĝustigitajn unu al la alia; tiel li faris ĉe ĉiuj tabuloj de la tabernaklo.
၂၂ဘောင်ခွေများကိုစရွေးဖြင့်ဆက်စပ်ထား၏။ တဲတော်အတွက်ဘောင်ခွေအားလုံးတွင်စ ရွေးဖော်ထားလေ၏။-
23 Kaj li faris la tabulojn por la tabernaklo; dudek tabulojn sur la flanko suda.
၂၃တဲတော်တောင်ဘက်၌ကာရန်၊ ဘောင်ခွေနှစ် ဆယ်ကိုလုပ်၍၊-
24 Kaj kvardek arĝentajn bazojn li faris sub la dudek tabuloj, du bazojn sub ĉiu tabulo, por ĝiaj du pivotoj.
၂၄ဘောင်ခွေတစ်ခုစီအောက်တွင်ခြေထောက် နှစ်ခုကိုစွပ်ရန်၊ အောက်ခံငွေခြေစွပ်ခုံနှစ် ခုကျဖြင့်၊ ခြေစွပ်ခုံလေးဆယ်တပ်ဆင်၏။-
25 Kaj sur la dua flanko de la tabernaklo, sur la flanko norda, li faris dudek tabulojn,
၂၅ထိုနည်းတူတဲတော်မြောက်ဘက်၌ကာရန်၊ ဘောင်ခွေနှစ်ဆယ်ကိုလုပ်၍၊-
26 kaj kvardek arĝentajn bazojn por ili, du bazojn sub ĉiu tabulo.
၂၆ဘောင်ခွေတစ်ခုစီအောက်တွင်၊ ငွေအောက်ခံ ခြေစွပ်ခုံနှစ်ခုကျဖြင့်၊ ခြေစွပ်ခုံလေး ဆယ်တပ်ဆင်၏။
27 Kaj sur la malantaŭa flanko de la tabernaklo, okcidente, li faris ses tabulojn.
၂၇အနောက်မျက်နှာရှိတဲတော်၏ကျောဘက်ကို ကာရန်၊ ဘောင်ခွေခြောက်ခုကိုလည်းကောင်း၊-
28 Kaj du tabulojn li faris en la anguloj de la tabernaklo sur la malantaŭa flanko.
၂၈အနောက်ဘက်ထောင့်တစ်ဘက်တစ်ချက်၌ကာ ရန်၊ ဘောင်ခွေနှစ်ခုကိုလည်းကောင်းလုပ်ကြ၏။-
29 Kaj ili estis kunigitaj malsupre kaj kunigitaj supre per unu ringo; tiel li faris kun ambaŭ en la du anguloj.
၂၉ထိုထောင့်ဘောင်ခွေတို့ကိုအောက်ခြေ၌လည်း ကောင်း၊ အထက်၌လည်းကောင်း၊ ကွင်းများဖြင့် ထိန်းချုပ်ထား၏။ ထောင့်နှစ်ထောင့်အတွက် ဘောင်ခွေနှစ်ခုကိုထိုနည်းအတိုင်းပြုလုပ် ကြ၏။-
30 Kaj estis ok tabuloj, kaj ĉe ili dek ses arĝentaj bazoj, po du bazoj sub ĉiu tabulo.
၃၀သို့ဖြစ်၍ဘောင်ခွေတစ်ခုစီအောက်တွင်အောက် ခံငွေခြေစွပ်ခုံနှစ်ခုရှိသဖြင့်၊ ဘောင်ခွေရှစ်ခု နှင့်ငွေအောက်ခံခြေစွပ်ခုံတစ်ဆယ့်ခြောက်ခု ရှိလေသည်။
31 Kaj li faris riglilojn el akacia ligno: kvin por la tabuloj de unu flanko de la tabernaklo,
၃၁သူတို့သည်တဲတော်အတွင်းဘောင်ခွေများ အတွက် ကန့်လန့်ကျင်များကိုအကာရှသစ် သားဖြင့်ပြုလုပ်ကြ၏။ တဲတော်တောင်ဘက် အတွက်ကန့်လန့်ကျင်ငါးချောင်း၊-
32 kaj kvin riglilojn por la tabuloj de la dua flanko de la tabernaklo, kaj kvin riglilojn por la tabuloj de la malantaŭa flanko de la tabernaklo, okcidente.
၃၂မြောက်ဘက်အတွက်ကန့်လန့်ကျင်ငါးချောင်း နှင့် အနောက်ဘက်အတွက်ကန့်လန့်ကျင်ငါး ချောင်းကိုပြုလုပ်ကြ၏။-
33 Kaj li faris mezan riglilon, kiu ŝoviĝis meze de la tabuloj de unu fino ĝis la alia.
၃၃အလယ်ကန့်လန့်ကျင်ကို တဲတော်အစွန်း တစ်ဘက်တစ်ချက်တို့တွင်အဆုံးသတ် စေ၏။-
34 Kaj la tabulojn li tegis per oro, kaj iliajn ringojn, ingojn por la rigliloj, li faris el oro, kaj la riglilojn li tegis per oro.
၃၄ဘောင်ခွေတို့ကိုရွှေချ၍၊ ကန့်လန့်ကျင်များ ကိုထိန်းရန် ရွှေကွင်းများတပ်ဆင်ထားသည်။ ကန့်လန့်ကျင်များကိုလည်းရွှေချထား၏။
35 Kaj li faris la kurtenon el blua, purpura, kaj ruĝa teksaĵo, kaj el tordita bisino; per artista laboro li faris sur ĝi kerubojn.
၃၅သူတို့သည်ကန့်လန့်ကာကိုအပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက် လုပ်၍၊ ခေရုဗိမ်ရုပ်များကိုပန်းပေါက်ဖော် ထားကြသည်။-
36 Kaj li faris por ĝi kvar kolonojn el akacia ligno, kaj li tegis ilin per oro, kaj iliaj hoketoj estis el oro; kaj li fandis por ili kvar arĝentajn bazojn.
၃၆ကန့်လန့်ကာကိုထိန်းထားရန်၊ ရွှေချိတ်များ တပ်ဆင်ထားသော တိုင်လေးတိုင်ကို၊ အကာရှ သစ်သားဖြင့်ပြုလုပ်ကြ၏။ တိုင်များကိုရွှေ ချ၍၊ တိုင်များကိုစိုက်ထူရန်၊ အောက်ခံငွေ ခြေစွပ်ခုံလေးခုကိုပြုလုပ်ကြ၏။-
37 Kaj li faris kovrotukon por la pordo de la tabernaklo, el blua, purpura, kaj ruĝa teksaĵo, kaj el tordita bisino, kun brodaĵoj;
၃၇တဲတော်တံခါးဝအတွက်ကန့်လန့်ကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက်လုပ်၍၊ ပန်းပေါက်ဖော် ထားသည်။-
38 kaj kvin kolonojn por ĝi kun iliaj hoketoj; kaj li tegis iliajn kapojn kaj ligaĵojn per oro; kaj por ili kvin kuprajn bazojn.
၃၈ကန့်လန့်ကာအတွက်၊ တိုင်ငါးတိုင်ကိုလုပ်၍၊ ကွင်းများတပ်လျက်၊ တိုင်ထိပ်နှင့်တိုင်ခါးပန်း တို့ကိုရွှေချထား၏။ တိုင်အောက်ခံခြေစွပ်ခုံ ငါးခုကိုကြေးဝါဖြင့်ပြုလုပ်၏။