< Eliro 11 >

1 Kaj la Eternulo diris al Moseo: Ankoraŭ unu punon Mi venigos sur Faraonon kaj sur Egiptujon; post tio li forliberigos vin el ĉi tie; kaj forliberigante, li tute elpelos vin el ĉi tie.
ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ငါ​သည်​အီ​ဂျစ် ဘု​ရင်​နှင့်​အီ​ဂျစ်​ပြည်​သား​တို့​အား​နောက်​ဆုံး ဒဏ်​ခတ်​မည်။ ထို​နောက်​သူ​သည်​သင်​တို့​အား သွား​ခွင့်​ပြု​လိမ့်​မည်။ စင်​စစ်​အား​ဖြင့်​သင်​တို့ အား​လုံး​ကို​ဤ​ပြည်​မှ​နှင်​ထုတ်​လိမ့်​မည်။-
2 Diru nun al la popolo, ke ili petu ĉiu viro de sia proksimulo kaj ĉiu virino de sia proksimulino vazojn arĝentajn kaj vazojn orajn.
ဣ​သ​ရေ​လ​အ​မျိုး​သား​ယောကျာ်း​မိန်း​မ အ​ပေါင်း​တို့​သည် မိ​မိ​တို့​၏​အိမ်​နီး​ချင်း​တို့ ထံ​မှ ရွှေ၊ ငွေ၊ တန်​ဆာ​များ​ကို​တောင်း​ယူ ကြ​ရန်​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။-
3 Kaj la Eternulo donis al la popolo favoron ĉe la Egiptoj; kaj ankaŭ Moseo estis tre granda homo en la lando Egipta, en la okuloj de la servantoj de Faraono kaj en la okuloj de la popolo.
အီ​ဂျစ်​ပြည်​သား​တို့​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား ရို​သေ​လေး​စား​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​ပြု​ပြင်​တော်​မူ​၏။ စင်​စစ်​အား​ဖြင့် ဘု​ရင်​၏​မှူး​မတ်​ပြည်​သူ​တို့​က​မော​ရှေ အား​အ​လွန်​ကြီး​မြတ်​သော​ပ္ဂိုလ်​ဖြစ်​သည် ဟု​ခံ​ယူ​ထား​ကြ​၏။
4 Kaj Moseo diris: Tiel diris la Eternulo: En la mezo de la nokto Mi iros internen de Egiptujo.
ထို​နောက်​မော​ရှေ​က​ဘု​ရင်​အား``ထာ​ဝ​ရ ဘု​ရား​က `သန်း​ခေါင်​ယံ​အ​ချိန်​တွင် ငါ​သည် အီ​ဂျစ်​ပြည်​သား​တို့​ထံ​သို့​ကြွ​လာ​၍၊-
5 Kaj mortos ĉiu unuenaskito en la lando Egipta, de la unuenaskito de Faraono, kiu sidas sur sia trono, ĝis la unuenaskito de la sklavino, kiu sidas malantaŭ la muelejo; kaj ĉiu unuenaskito el la brutoj.
အီ​ဂျစ်​ပြည်​တွင်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ စ​၍ ကြိတ်​ဆုံ​ကြိတ်​သော​ကျွန်​မ​၏​သား​ဦး တိုင်​အောင် သား​ဦး​ဟူ​သ​မျှ​တို့​ကို​သေ​စေ​မည်။ တိ​ရစ္ဆာန်​အ​ပေါင်း​တို့​၏​သား​ဦး​ပေါက်​မှန် သ​မျှ​ကို​လည်း​သေ​စေ​မည်။-
6 Kaj estos granda kriado en la tuta lando Egipta, tia, ke simila al ĝi neniam estis kaj neniam plu estos.
ရှေး​အ​ခါ​၌​လည်း​မ​ကြုံ​စ​ဖူး၊ နောင်​အ​ခါ​၌ လည်း​ကြုံ​ရ​မည်​မ​ဟုတ်​သော​ဟစ်​အော်​မြည်​တမ်း ခြင်း​အ​သံ​ကို အီ​ဂျစ်​တစ်​ပြည်​လုံး​တွင်​ကြား​ရ လိမ့်​မည်။-
7 Sed ĉe ĉiuj Izraelidoj ne movos hundo sian langon, nek kontraŭ homon, nek kontraŭ bruton; por ke vi sciu, kiel la Eternulo faras apartigon inter la Egiptoj kaj la Izraelidoj.
သို့​သော်​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​လူ သို့​မ​ဟုတ်​တိ​ရစ္ဆာန်​အား​ခွေး​တစ်​ကောင်​မျှ​ပင် ဟောင်​မည်​မ​ဟုတ်။ ဤ​နည်း​အား​ဖြင့်​ငါ​ထာ​ဝ​ရ ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ခွဲ​ခြား​ကြောင်း​သင်​တို့​သိ​ရ ကြ​မည်' ဟု​မိန့်​တော်​မူ​၏။-
8 Kaj venos ĉiuj viaj sklavoj al mi kaj terĵetiĝos antaŭ mi, dirante: Eliru vi kaj la tuta popolo, kiu vin sekvas. Post tio mi eliros. Kaj li eliris for de Faraono kun granda kolero.
ထို​အ​ခါ​သင်​၏​မှူး​မတ်​တို့​သည်​ကျွန်ုပ်​ထံ​သို့ လာ​၍​ပျပ်​ဝပ်​လျက်`သင်​နှင့်​သင်​၏​လူ​စု​အ​ပေါင်း တို့​ထွက်​သွား​ကြ​ပါ' ဟု​ရှိ​ခိုး​တောင်း​ပန်​ကြ လိမ့်​မည်။ ထို​နောက်​မှ​ကျွန်ုပ်​ထွက်​သွား​ပါ​မည်'' ဟု​လျှောက်​လေ​၏။ ထို​နောက်​မော​ရှေ​သည် ဒေါ​သ​အ​မျက်​ထွက်​လျက်​ဘု​ရင်​ထံ​မှ ထွက်​သွား​လေ​၏။
9 Kaj la Eternulo diris al Moseo: Faraono vin ne aŭskultos; por ke multiĝu Miaj mirakloj en la lando Egipta.
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည် အီ​ဂျစ်​ပြည်​တွင်​အံ့​ဖွယ်​သော​အ​မှု​များ​ကို များ​ပြား​စွာ​ပြ​နိုင်​ရန် ဘု​ရင်​သည်​သင်​၏ စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။-
10 Kaj Moseo kaj Aaron faris ĉiujn tiujn miraklojn antaŭ Faraono; sed la Eternulo obstinigis la koron de Faraono, kaj li ne forliberigis la Izraelidojn el sia lando.
၁၀မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ဘု​ရင်​ရှေ့​၌​အံ့ ဖွယ်​သော​အ​မှု​တို့​ကို​ပြ​သော်​လည်း ထာ​ဝ​ရ ဘု​ရား​သည်​သူ့​ကို​ခေါင်း​မာ​စေ​သ​ဖြင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​တိုင်း​ပြည် မှ​ထွက်​ခွင့်​မ​ပြု​ဘဲ​နေ​သ​တည်း။

< Eliro 11 >