< Readmono 23 >

1 Kiu havas dispremitajn testikojn aŭ detranĉitan seksan membron, tiu ne povas eniri en la komunumon de la Eternulo.
``သင်း​ကွပ်​ထား​သော​ယောကျာ်း သို့​မ​ဟုတ် ယောကျာ်း​တန်​ဆာ​ပြတ်​နေ​သူ​အား ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း​တွင်​မ​ပါ ဝင်​စေ​ရ။
2 Peknaskito ne povas eniri en la komunumon de la Eternulo; eĉ lia deka generacio ne povas eniri en la komunumon de la Eternulo.
``မိစ္ဆာ​မေ​ထုံ​သံ​ဝါ​သ​အား​ဖြင့်​ရ​သော​သား နှင့် ယင်း​၏​မျိုး​ဆက်​ဆယ်​ဆက်​တိုင်​အောင် ထာ ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း​တွင် မ​ပါ​ဝင်​စေ​ရ။
3 Amonido kaj Moabido ne povas eniri en la komunumon de la Eternulo; eĉ ilia deka generacio ne povas eniri en la komunumon de la Eternulo eterne;
``အမ္မုန်​အမျိုး​သား၊ မော​ဘ​အ​မျိုး​သား​နှင့် သူ​တို့​၏​အ​ဆက်​အ​နွယ်​ဆယ်​ဆက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း တွင်​မ​ပါ​ဝင်​စေ​ရ။-
4 pro tio, ke ili ne renkontis vin kun pano kaj akvo sur la vojo, kiam vi iris el Egiptujo, kaj ke ili dungis kontraŭ vi Bileamon, filon de Beor, el Petor en Mezopotamio, por malbeni vin.
သင်​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ကြ​စဉ်​သူ တို့​သည် သင်​တို့​လို​အပ်​သော​ရိက္ခာ​နှင့်​ရေ ကို​မ​ပေး​ကြ။ မက်​ဆို​ပို​တေး​မီး​ယား​ပြည်၊ ပေ​သော်​မြို့​သား၊ ဗော​ရ​၏​သား​ဗာ​လမ်​ကို ငှား​၍​သင်​တို့​အား​ကျိန်​ဆဲ​စေ​ကြ​၏။-
5 Sed la Eternulo, via Dio, ne volis aŭskulti Bileamon; kaj la Eternulo, via Dio, turnis por vi la malbenon en benon, ĉar la Eternulo, via Dio, amas vin.
သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​ချစ်​သော​ကြောင့်​ဗာ လမ်​၏​ကျိန်​ဆဲ​ခြင်း​ကို​လက်​ခံ​တော်​မ​မူ။ သူ​သည်​သင်​တို့​အား​ကျိန်​ဆဲ​စေ​မည့် အ​စား​ကောင်း​ချီး​ပေး​စေ​တော်​မူ​၏။-
6 Ne faru al ili pacon nek bonon dum via tuta ekzistado eterne.
သင်​တို့​၏​နိုင်ငံ​တည်​တံ့​သ​မျှ​ကာ​လ​ပတ် လုံး ထို​လူ​မျိုး​တို့​၏​အ​ကျိုး​ကို​မ​ရှာ​ကြ နှင့်။
7 Ne abomenu Edomidon, ĉar li estas via frato; ne abomenu Egipton, ĉar vi estis fremdulo en lia lando.
``ဧ​ဒုံ​အ​မျိုး​သား​တို့​သည် သင်​တို့​၏​သား ချင်း​များ​ဖြစ်​သော​ကြောင့် သူ​တို့​ကို​မ​မုန်း​ရ။ အီ​ဂျစ်​အ​မျိုး​သား​တို့​ကို​လည်း​မ​မုန်း​ရ။ သင်​တို့​သည်​တစ်​ခါ​က သူ​တို့​၏​ပြည်​တွင် နေ​ထိုင်​ခဲ့​ဖူး​သည်။-
8 La infanoj, kiuj naskiĝos de ili, en la tria generacio povas eniri en la komunumon de la Eternulo.
ယင်း​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် တ​တိ​ယ​မျိုး​ဆက်​မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​စာ​ရင်း​တွင်​ပါ​ဝင်​နိုင်​၏။
9 Kiam vi eliros tendare kontraŭ viajn malamikojn, tiam gardu vin kontraŭ ĉio malbona.
``သင်​တို့​သည်​ရန်​သူ​ကို​စစ်​ချီ​တိုက်​ခိုက်​နေ စဉ် တပ်​စ​ခန်း​၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ မ​သန့်​ရှင်း​မှု​ဟူ​သ​မျှ​ကို​ရှောင်​ကြဉ်​ရ​မည်။-
10 Se estos inter vi iu, kiu ne estos pura pro okazintaĵo nokta, li eliru ekster la tendaron, li ne venu internen de la tendaro;
၁၀တစ်​စုံ​တစ်​ယောက်​သည်​ည​အ​ချိန်​၌​သုက် လွှတ်​မိ​လျှင် သူ​သည်​စ​ခန်း​အ​ပြင်​သို့​ထွက် ၍​နေ​ရ​မည်။-
11 kiam fariĝos vespero, li lavu sin per akvo, kaj post la subiro de la suno li povas veni en la tendaron.
၁၁ထို​သူ​သည်​ည​နေ​အ​ချိန်​တွင်​ရေ​ချိုး​၍ နေ ဝင်​ချိန်​တွင်​တပ်​စ​ခန်း​ထဲ​သို့​ပြန်​ဝင်​နိုင်​သည်။
12 Lokon vi devas havi ekster la tendaro, kien vi elirados por necesaĵoj.
၁၂``ကျင်​ကြီး​စွန့်​ရာ​နေ​ရာ​ကို​တပ်​စ​ခန်း အ​ပြင်​၌​ထား​ရှိ​ရ​မည်။-
13 Fosileton vi devas havi ĉe vi sur rimeno; kaj kiam vi sidos ekstere, fosu per ĝi kaj reen kovru vian elirintaĵon;
၁၃သင်​တို့​သည်​တပ်​ပြင်​သို့​ထွက်​၍​ကျင်​ကြီး​စွန့် သော​အ​ခါ သင့်​ထံ​တွင်​သစ်​သား​တူ​ရွင်း​ကို အ​သင့်​ဆောင်​ထား​၍ ထို​တူ​ရွင်း​ဖြင့်​တွင်း​တူး ၍​ကျင်​ကြီး​ကို​ပြန်​ဖုံး​လော့။-
14 ĉar la Eternulo, via Dio, iras meze de via tendaro, por savi vin kaj por transdoni al vi viajn malamikojn; tial via tendaro devas esti sankta, por ke Li ne vidu inter vi ion hontindan kaj ne deturniĝu de vi.
၁၄သင်​တို့​ကို​ကာ​ကွယ်​လျက်​သင်​တို့​အား​အောင် ပွဲ​ခံ​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် တပ်​စ​ခန်း​တွင်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍ တပ်​စ​ခန်း​ကို​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​စွာ​ထား​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​မ​စွန့်​မ​ပယ် စေ​ရန်​မ​သန့်​ရှင်း​သော​အမှု​ဟူ​သ​မျှ​ကို မ​ပြု​လုပ်​ရ။
15 Ne transdonu sklavon al lia sinjoro, se li serĉos rifuĝon ĉe vi kontraŭ sia sinjoro;
၁၅``သ​ခင်​ထံ​မှ​ထွက်​ပြေး​၍​သင့်​ထံ​သို့​ခို​လှုံ​ရန် ရောက်​ရှိ​လာ​သော​ကျွန်​ကို သူ​၏​သ​ခင်​ထံ​သို့ ပြန်​မ​ပို့​နှင့်။-
16 kun vi li loĝu, inter vi, sur la loko, kiun li elektos en unu el viaj urboj, kie plaĉos al li; ne premu lin.
၁၆ထို​ကျွန်​သည်​သင်​တို့​၏​မြို့​များ​အ​နက် သူ​နေ ထိုင်​လို​သည့်​မြို့​၌​နေ​ခွင့်​ပြု​ရ​မည်။ သင်​သည် သူ့​ကို​မ​ညှင်း​ဆဲ​မ​နှိပ်​စက်​ရ။
17 Ne devas esti malĉastistino inter la filinoj de Izrael, kaj ne devas esti malĉastisto inter la filoj de Izrael.
၁၇``ဣ​သ​ရေ​လ​လူ​မျိုး​ထဲ​မှ​ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ​ကိုး​ကွယ်​ရာ​ဌာ​န​ဆိုင်​ရာ ပြည့်​တန်​ဆာ​အ​လုပ်​ကို​မ​လုပ်​ရ။-
18 Ne enportu pagon de malĉastistino nek de malĉastisto en la domon de la Eternulo, via Dio, pro ia promeso; ĉar ambaŭ estas abomenaĵo antaŭ la Eternulo, via Dio.
၁၈ပြည့်​တန်​ဆာ​အ​လုပ်​ဖြင့်​ရ​သော​ငွေ​ကို က​တိ သစ္စာ​ပြု​ချက်​အ​ရ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​မ​လှူ​ဒါန်း ရ။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​အ​လုပ်​ကို​စက် ဆုပ်​ရွံ​ရှာ​တော်​မူ​၏။
19 Ne donu kreskige al via frato monon, nek manĝaĵon, nek ion alian, kion oni povas doni kreskige.
၁၉``သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း တစ်​ဦး​အား ငွေ၊ စား​စ​ရာ​သို့​မ​ဟုတ်​ပစ္စည်း တစ်​ခု​ခု​ကို​ချေး​ငှား​သော​အ​ခါ​အ​တိုး မ​ယူ​ရ။-
20 Al alilandulo vi povas doni kreskige, sed al via frato ne donu kreskige; por ke la Eternulo, via Dio, benu vin en ĉiu entrepreno de viaj manoj sur la tero, sur kiun vi venas, por ekposedi ĝin.
၂၀လူ​မျိုး​ခြား​များ​ထံ​မှ​အ​တိုး​ယူ​နိုင်​သော် လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​ထံ​မှ အ​တိုး​မ​ယူ​ရ။ ဤ​ပ​ညတ်​ကို​လိုက်​နာ​လျှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ သိမ်း​ယူ​မည့်​ပြည်​တွင်​သင်​တို့​ပြု​လေ​သ​မျှ ကို​ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။
21 Se vi faros promeson al la Eternulo, via Dio, ne prokrastu plenumi ĝin; ĉar la Eternulo, via Dio, postulos ĝin de vi, kaj estos sur vi peko.
၂၁``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​က​တိ​သစ္စာ​ထား​လျှင် ထို​ကတိ​သစ္စာ​ဝတ် ကို​ဖြေ​ရန်​မ​နှောင့်​နှေး​စေ​နှင့်။ အ​ကယ်​၍ နှောင့်​နှေး​ခဲ့​သော်​သင်​၌​အ​ပြစ်​ရောက်​လိမ့် မည်။-
22 Sed se vi ne faros promeson, ne estos sur vi peko.
၂၂ထာ​ဝ​ရ​ဘု​ရား​အား​ကတိ​မ​ထား​ဘဲ​နေ​လို လျှင်​နေ​နိုင်​၏။
23 Kio eliris el via buŝo, tion observu kaj plenumu, kiel vi promesis al la Eternulo, via Dio, propravole, kion vi diris per via buŝo.
၂၃သို့​ရာ​တွင်​မိ​မိ​၏​ဆန္ဒ​အ​လျောက်​ကတိ​သစ္စာ ထား​လျှင် ထို​ကတိ​အ​တိုင်း​တည်​စေ​ရ​မည်။
24 Kiam vi eniros en vinberĝardenon de via proksimulo, vi povas manĝi vinberojn kiom vi volos, ĝissate; sed en vian vazon ne metu.
၂၄``သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း တစ်​ဦး​၏​စ​ပျစ်​ဥ​ယျာဉ်​ထဲ​ရှိ လမ်း​အ​တိုင်း ဖြတ်​သန်း​သွား​သည့်​အ​ခါ စ​ပျစ်​သီး​များ​ကို လို​သ​လောက်​ဆွတ်​ခူး​စား​နိုင်​သော်​လည်း အ​ပို​မ​ယူ​သွား​ရ။-
25 Kiam vi venos sur la grenkampon de via proksimulo, vi povas deŝiri spikojn per viaj manoj; sed rikoltilon ne levu kontraŭ la grenkampon de via proksimulo.
၂၅သင်​တို့​သည်​အ​မျိုး​သား​ချင်း​တစ်​ဦး​၏​လယ် ကန်​သင်း​အ​တိုင်း​ဖြတ်​သန်း​သွား​အ​ခါ လက် နှင့်​ဆွတ်​၍​ရ​သ​မျှ​သော​စပါး​နှံ​များ​ကို​စား နိုင်​သည်။ သို့​ရာ​တွင်​စပါး​နှံ​များ​ကို​တံ​စဉ် ဖြင့်​မ​ရိတ်​ရ။

< Readmono 23 >