< 2 Samuel 14 >
1 Joab, filo de Ceruja, rimarkis, ke la koro de la reĝo plifavoriĝis por Abŝalom.
၁ဇေရုယာ၏သားယွာဘသည် အဗရှလုံကို ဒါဝိဒ်မင်းလွန်စွာလွမ်းဆွတ်တသလျက်နေ ကြောင်းသိ၏။-
2 Kaj Joab sendis en Tekoan kaj venigis de tie saĝan virinon, kaj diris al ŝi: Ŝajnigu vin funebranta kaj metu sur vin funebrajn vestojn, kaj ne ŝmiru vin per oleo, kaj estu kiel virino, kiu jam de longe funebras pro mortinto;
၂ထို့ကြောင့်သူသည်တေကောမြို့နေအသိ အလိမ္မာရှိသူအမျိုးသမီးတစ်ယောက်ကို အခေါ်ခိုင်းပြီးလျှင် ထိုအမျိုးသမီးအား``သင် သည်ငိုကြွေးမြည်တမ်းဟန်ပြုလော့။ ဝမ်းနည်း ပူဆွေးသည့်အနေဖြင့်ဝတ်စား၍ခေါင်းမဖီး ဘဲ ကာလကြာမြင့်စွာငိုကြွေးမြည်တမ်းနေ သူအမျိုးသမီးတစ်ဦးကဲ့သို့ပြုမူလော့။-
3 kaj venu al la reĝo, kaj diru al li jenon; kaj Joab inspiris al ŝi, kion ŝi devas diri.
၃ထိုနောက်ဘုရင်၏ထံတော်သို့သွား၍ငါပြော သည့်အတိုင်းလျှောက်ထားလော့'' ဟုဆိုပြီး နောက်မင်းကြီးအားမည်သို့လျှောက်ထားရ မည်ကိုသင်ကြားပေး၏။
4 Kaj la virino el Tekoa ekparolis al la reĝo, kaj ĵetis sin vizaĝaltere kaj adorkliniĝis, kaj diris: Helpu min, ho reĝo!
၄ထိုအမျိုးသမီးသည်ဘုရင့်ထံသို့သွား၍ ပျပ်ဝပ်ရှိခိုးလျက်``အရှင်မင်းကြီးကျွန်တော် မအားကယ်တော်မူပါ'' ဟုလျှောက်၏။
5 Kaj la reĝo diris al ŝi: Kio estas al vi? Kaj ŝi respondis: Ho ve, mi estas vidvino, mia edzo mortis.
၅မင်းကြီးက``သင်သည်အဘယ်အရာကို အလိုရှိသနည်း'' ဟုမေးတော်မူလျှင်၊ အမျိုးသမီးက``ကျွန်တော်မသည်ဆင်းရဲ သူမုဆိုးမဖြစ်ပါ၏။ ကျွန်တော်မ၏ခင်ပွန်း သည်သေပါပြီ။-
6 Sed via sklavino havis du filojn; ili ambaŭ ekkverelis sur la kampo, kaj ĉar estis inter ili neniu savanto, unu frapis la alian kaj mortigis lin.
၆ကျွန်တော်မတွင်သားနှစ်ယောက် ရှိပါ၏။ တစ်နေ့ သောအခါသူတို့သည်ဖျန်ဖြေပေးမည့်သူတစ် ဦးတစ်ယောက်မျှမရှိသည့်လယ်ကွင်းထဲ၌ရန် ဖြစ်ကြသဖြင့် တစ်ယောက်ကအခြားတစ် ယောက်ကိုသတ်ဖြတ်လိုက်ပါ၏။-
7 Kaj jen leviĝis kontraŭ vian sklavinon la tuta familio, dirante: Eldonu la fratmortiginton, por ke ni mortigu lin pro la animo de lia frato, kiun li mortigis, kaj ni ekstermu ankaŭ la heredanton. Tiel ili volas estingi mian karbon, kiu ankoraŭ restis, por ne restigi al mia edzo nomon nek ian restaĵon sur la tero.
၇သို့ဖြစ်၍အရှင်၊ ယခုအခါကျွန်တော်မ၏ ဆွေမျိုးတို့သည်ကျွန်တော်မအားရန်ဘက်ပြု ကာ ကျွန်တော်မ၏သားငယ်ကိုသူ၏အစ်ကို အားသတ်သည့်အတွက်သေစားသေစေရန် အပ်ရမည်ဟုတောင်းဆိုနေကြပါ၏။ ဤ အတိုင်းသာထိုသူတို့ပြုကြပါမူကျွန် တော်မ၏နောက်ဆုံးမျှော်လင့်အားထားရာ သားတစ်ယောက်မျှကျန်ရှိတော့မည်မဟုတ် ပါ။ ကျွန်တော်မခင်ပွန်း၏မျိုးဆက်သည် လည်းပြတ်သွားပါလိမ့်မည်'' ဟုလျှောက် လေ၏။
8 Tiam la reĝo diris al la virino: Iru hejmen, kaj mi donos ordonon pri vi.
၈မင်းကြီးက``ဤအမှုကိုငါဆောင်ရွက်ပေး မည်။ သင်အိမ်သို့ပြန်လော့'' ဟုဆိုလျှင်၊
9 Sed la virino el Tekoa diris al la reĝo: Sur mi, mia sinjoro, ho reĝo, estu la krimo, kaj sur la domo de mia patro; sed la reĝo kaj lia trono estas senkulpaj.
၉အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင် အဘယ်သို့ပင်ပြုသည်မဆိုကျွန်တော်မ နှင့်မိသားစုတို့အပေါ်အပြစ်ရောက်ပါ စေသော။ အရှင်နှင့်အရှင့်ဆွေတော်မျိုးတော် တို့သည်အပြစ်ကင်းကြပါစေသော'' ဟု လျှောက်၏။
10 Kaj la reĝo diris: Alkonduku al mi tiun, kiu parolas kontraŭ vi, kaj li ne plu tuŝos vin.
၁၀မင်းကြီးက``အကယ်၍သင့်အားခြိမ်းခြောက် သူရှိလျှင်သူ့အားငါ့ထံသို့ခေါ်ခဲ့လော့။ သူ သည်သင့်ကိုနောက်တစ်ဖန်မနှောင့်ယှက်ရ'' ဟု ဆို၏။
11 Kaj ŝi diris: La reĝo volu memori pri la Eternulo, lia Dio, por ke la sangovenĝantoj ne faru pli da pereo kaj ne ekstermu mian filon. Li diris: Mi ĵuras per la Eternulo, ke ne falos eĉ haro de via filo sur la teron.
၁၁အမျိုးသမီးကလည်း``အရှင်မင်းကြီး၊ ကျွန် တော်မ၏သားကြီးအတွက်လက်စားချေရန် ကြံစည်နေကြသောဆွေမျိုးတို့သည် ကျွန်တော် မ၏သားငယ်ကိုသတ်ခြင်းအားဖြင့် ပိုမိုကြီး လေးသည့်ရာဇဝတ်မှုကိုမပြုကြစေရန် အရှင်၏ဘုရားသခင်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုတော်မူပါ'' ဟုလျှောက်၏။ ထိုအခါဒါဝိဒ်က``သင်၏သားငယ်သည်စိုး စဉ်းမျှဘေးဥပဒ်မဖြစ်စေရန် အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ငါကတိပြု၏'' ဟုဆို၏။
12 Kaj la virino diris: Permesu, ke via sklavino diru vorton al mia sinjoro la reĝo. Li diris: Parolu.
၁၂အမျိုးသမီးက``အရှင်မင်းကြီးကျွန်တော် မအားစကားတစ်ခွန်းထပ်မံလျှောက်ထား ခွင့်ပြုတော်မူပါ'' ဟုတောင်းပန်သောအခါ၊ မင်းကြီးက``လျှောက်လော့'' ဟုဆို၏။
13 Kaj la virino diris: Kial do vi tiel pensas pri la popolo de Dio? eldirante tian vorton, la reĝo fariĝas kvazaŭ kulpulo, ke li ne revenigas sian elpeliton.
၁၃အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်သည် ဘုရားသခင်၏လူမျိုးတော်အား အဘယ် ကြောင့်မတရားပြုတော်မူပါသနည်း။ ပြည် နှင်ဒဏ်သင့်သူသားတော်ကိုပြန်လာခွင့်ပေး တော်မမူသဖြင့် အရှင်သည်ယခုပင်မိန့်ကြား တော်မူခဲ့သည့်စကားအရ မိမိကိုယ်ကို ပြန်၍အပြစ်ဒဏ်သင့်စေတော်မူပါပြီ။-
14 Ĉar ni devas morti, kaj ni similas al akvo, kiu estas verŝata sur la teron kaj kiun oni ne povas enkolekti; sed Dio ne volas pereigi animon; Li pripensas, ke forpuŝito ne estu forpuŝata ankaŭ de Li.
၁၄ကျွန်တော်မတို့အားလုံးပင်သေရကြမည့် သူများဖြစ်ပါ၏။ ကျွန်တော်မတို့သည်မြေ ပေါ်သို့ဖိတ်ကျသွားသောရေနှင့်တူပါ၏။ ယင်းရေကိုနောက်တစ်ဖန်ကျုံး၍မယူနိုင် တော့ပါ။ ဘုရားသခင်ပင်လျှင်သေသူကို ပြန်၍ရှင်စေတော်မမူပါ။ သို့ရာတွင်ဘုရင် သည်ပြည်နှင်ဒဏ်သင့်သူတစ်ဦးကိုပြန် လည်ခေါ်ယူနိုင်ပါ၏။-
15 Nur nun mi venis, por diri tion al la reĝo, mia sinjoro, ĉar la popolo min timigis; sed via sklavino diris al si: Mi provos paroli al la reĝo; eble la reĝo plenumos la vorton de sia sklavino;
၁၅အရှင်မင်းကြီး၊ အရှင့်ထံသို့ကျွန်တော် မလာရောက်လျှောက်ထားရသည့်အကြောင်း မှာ လူတို့သည်ကျွန်တော်မအားခြိမ်းခြောက် ကြသောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန် တော်မ၏ပြန်ကြားချက်အတိုင်းပြုတော် မူလိမ့်မည်ဟုမျှော်လင့်လျက်ကျွန်တော်မ သည်အရှင့်အားလျှောက်ထားရသော်ကောင်း အံ့ဟုတစ်ကိုယ်တည်းပြောဆိုနေမိပါ၏။-
16 eble la reĝo aŭskultos, por savi sian sklavinon el la mano de tiu homo, kiu volas ekstermi min kaj mian filon kune el la heredaĵo de Dio.
၁၆မင်းကြီးသည်ကျွန်တော်မ၏သားကိုသတ် ၍မိမိလူမျိုးတော်အား ဘုရားသခင်ပေး တော်မူသည့်ပြည်မှပယ်ရှားရန်ကြိုးစား သူတို့၏လက်မှကျွန်တော်မကိုကယ်တော် မူမည်ဖြစ်ကြောင်းကျွန်တော်မသည်တွေး တောမိပါ၏။-
17 Kaj via sklavino diris al si: La vorto de mia sinjoro la reĝo donos trankvilecon; ĉar kiel anĝelo de Dio, tiel estas mia sinjoro la reĝo, por distingi la bonon kaj malbonon; kaj la Eternulo, via Dio, estos kun vi.
၁၇အရှင်မင်းကြီးသည်ဘုရားသခင်၏ကောင်း ကင်တမန်ကဲ့သို့ ကောင်းမကောင်းကိုပိုင်းခြား သိမြင်တော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မ သည်အရှင်၏ကတိတော်အတိုင်း အသက် ချမ်းသာရာရလိမ့်မည်ဟုတစ်ကိုယ်တည်း ပြောဆိုနေမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည်အရှင်နှင့်အတူရှိ တော်မူပါစေသော'' ဟုလျှောက်၏။
18 Tiam ekparolis la reĝo, kaj diris al la virino: Mi petas, kaŝu antaŭ mi nenion, pri kio mi demandos vin. Kaj la virino diris: Mia sinjoro la reĝo volu paroli.
၁၈မင်းကြီးက``သင့်အားမေးခွန်းတစ်ခုကိုငါ မေးမည်။ သင်သည်မှန်သည့်အတိုင်းပွင့်လင်း စွာဖြေကြားရမည်'' ဟုဆိုသော်၊ အမျိုးသမီးက``အရှင်မင်းကြီးမေးလိုရာ မေးတော်မူပါ'' ဟုလျှောက်၏။
19 Kaj la reĝo diris: Ĉu ne la mano de Joab estas kun vi en ĉio ĉi tio? Kaj la virino respondis kaj diris: Vere, kiel vivas via animo, mia sinjoro, ho reĝo, ne estas eble dekliniĝi dekstren nek maldekstren de ĉio, kion diris mia sinjoro la reĝo; ĉar via sklavo Joab tion ordonis al mi, kaj li inspiris al via sklavino ĉiujn ĉi tiujn vortojn.
၁၉မင်းကြီးက``ဤသို့ငါ့အားလျှောက်ထားရန် သင့်အားစေခိုင်းသူမှာယွာဘပေလော'' ဟု မေးတော်မူ၏။ အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်၏မေး ခွန်းကိုဖြေကြားရန်လွှဲဖယ်၍မဖြစ်နိုင်ကြောင်း ကျွန်တော်မကျိန်ဆိုလျှောက်ထားပါ၏။ မည်သို့ ပြုရမည်ကိုလည်းကောင်း၊ မည်သို့လျှောက်ထား ရမည်ကိုလည်းကောင်း သင်ကြားပေးသူမှာ ကိုယ်တော့်ကျွန်ယွာဘပင်ဖြစ်ပါ၏။-
20 Por aliformigi la aspekton de la afero, via sklavo Joab tion faris; sed mia sinjoro estas saĝa per saĝeco de anĝelo de Dio, kaj scias ĉion, kio estas sur la tero.
၂၀သူသည်ယင်းသို့ပြုရခြင်းမှာဤအမှု၏ အခြေအနေကိုပြောင်းလဲစေရန်ပင်ဖြစ် ပါ၏။ အရှင်မင်းကြီးသည်ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ဉာဏ်ပညာရှိ၍ဖြစ် ပျက်သည့်အမှုအရာမှန်သမျှကိုသိတော် မူပါ၏'' ဟုလျှောက်ထား၏။
21 Tiam la reĝo diris al Joab: Jen mi tion faris; iru do kaj revenigu la junulon Abŝalom.
၂၁ထိုနောက်မင်းကြီးသည်ယွာဘအား``သင်အလို ရှိသည့်အတိုင်းပြုရန်ငါဆုံးဖြတ်ပြီးပြီ။ ထို သူငယ်အဗရှလုံကိုသွား၍ခေါ်လော့'' ဟု မိန့်တော်မူ၏။
22 Joab ĵetis sin vizaĝaltere kaj adorkliniĝis, kaj dankis la reĝon. Kaj Joab diris: Hodiaŭ via sklavo scias, ke mi akiris vian favoron, mia sinjoro, ho reĝo, ĉar la reĝo plenumis la vorton de sia sklavo.
၂၂ယွာဘသည်ဒါဝိဒ်၏ရှေ့တော်၌ပျပ်ဝပ်ပြီး လျှင်``အရှင်မင်းကြီး၊ အရှင့်အားဘုရားသခင် ကောင်းချီးပေးတော်မူပါစေသော။ အရှင်သည် အကျွန်ုပ်အားနှစ်သက်တော်မူကြောင်းယခု အကျွန်ုပ်သိရှိရပါပြီ။ အဘယ်ကြောင့်ဆို သော်အရှင်သည်အကျွန်ုပ်ပန်ကြားသည့် အတိုင်းပြုတော်မူသောကြောင့်ဖြစ်ပါ၏'' ဟုလျှောက်လေ၏။-
23 Kaj Joab leviĝis, kaj iris en Geŝuron, kaj venigis Abŝalomon en Jerusalemon.
၂၃ထိုနောက်သူသည်ထ၍ဂေရှုရမြို့သို့သွား၍ အဗရှလုံအားယေရုရှလင်မြို့သို့ပြန်လည် ခေါ်ခဲ့၏။-
24 Sed la reĝo diris: Li reiru en sian domon, sed mian vizaĝon li ne vidu. Kaj Abŝalom revenis en sian domon, sed la vizaĝon de la reĝo li ne vidis.
၂၄သို့ရာတွင်မင်းကြီးသည်အဗရှလုံအား နန်းတော်တွင်း၌နေထိုင်ခွင့်မပြုရန်အမိန့် ထုတ်ဆင့်တော်မူ၏။ မင်းကြီးက``ငါသည်သူ့ ကိုမတွေ့မမြင်လို'' ဟုဆို၏။ ထို့ကြောင့် အဗရှလုံသည်ကိုယ်ပိုင်အိမ်တော်တွင်နေ ထိုင်ရသော်လည်းမင်းကြီး၏ရှေ့တော်သို့ ဝင်ရောက်ခွင့်မရချေ။
25 En la tuta Izrael estis neniu homo tiel famege bela, kiel Abŝalom: de la plando de lia piedo ĝis lia verto estis en li nenia mallaŭdindaĵo.
၂၅ဣသရေလပြည်တွင်ရုပ်ရည်ချောမောမှု ကြောင့်အဗရှလုံကဲ့သို့ ထင်ပေါ်ကျော်ကြား သူတစ်ဦးတစ်ယောက်မျှမရှိ။ သူသည်ဦး ခေါင်းမှခြေဖျားတိုင်ခြောက်ပြစ်ကင်းသူ ဖြစ်၏။-
26 Kaj kiam li tondis sian kapon (li tondadis ĉiujare, ĉar la haroj fariĝadis por li tro pezaj, kaj estis necese tondi), la haroj de lia kapo pezis ducent siklojn laŭ la reĝa pesilo.
၂၆သူ၏ဆံပင်သည်အလွန်ကောင်း၍ရှည်လွန်း လေးလွန်းသဖြင့် ယင်းကိုတစ်နှစ်လျှင်တစ် ကြိမ်ဖြတ်ပစ်ရလေသည်။ ဖြတ်လိုက်သည့် ဆံပင်သည်တော်ဝင်စံမီအလေးချိန်အား ဖြင့်ငါးပေါင်ခန့်ရှိ၏။-
27 Al Abŝalom naskiĝis tri filoj, kaj unu filino, kies nomo estis Tamar; ŝi estis virino belaspekta.
၂၇အဗရှလုံတွင်သားသုံးယောက်နှင့်တာမာမည် သောသမီးတစ်ယောက်ရှိ၏။ ထိုအမျိုးသမီး သည်အလွန်အဆင်းလှ၏။
28 Abŝalom restis en Jerusalem du jarojn, kaj la vizaĝon de la reĝo li ne vidis.
၂၈အဗရှလုံသည်မင်းကြီး၏ရှေ့တော်သို့မဝင် ရဘဲ ယေရုရှလင်မြို့တွင်နှစ်နှစ်ပတ်လုံးနေ ထိုင်လေသည်။-
29 Kaj Abŝalom sendis al Joab, por sendi lin al la reĝo; sed tiu ne volis veni al li. Li sendis ankoraŭ duan fojon, sed tiu ne volis veni.
၂၉သူသည်ယွာဘအားမိမိ၏အတွက်မင်းကြီး ထံစေလွှတ်လိုသဖြင့်ခေါ်စေရာ ယွာဘသည် မလာဘဲနေ၏။ နောက်တစ်ကြိမ်ခေါ်စေသော် လည်းယွာဘမလာဘဲနေပြန်၏။-
30 Tiam li diris al siaj servantoj: Rigardu la kampoparton de Joab apud mia; li havas tie hordeon; iru, kaj forbruligu ĝin per fajro. Kaj la servantoj de Abŝalom forbruligis la kampoparton per fajro.
၃၀ထို့ကြောင့်အဗရှလုံသည်မိမိ၏အစေခံ တို့အား``ကြည့်လော့၊ ယွာဘ၏လယ်သည်ငါ့ လယ်နှင့်ကပ်လျက်နေ၏။ ထိုလယ်တွင်မုယော စပါးခင်းများရှိ၏။ ယင်းတို့ကိုမီးရှို့ပစ် လော့'' ဟုဆိုလျှင်အစေခံတို့သည်ထို လယ်ကိုသွား၍မီးရှို့ကြ၏။
31 Tiam Joab leviĝis, kaj venis al Abŝalom en la domon, kaj diris al li: Kial viaj servantoj forbruligis per fajro mian kampoparton?
၃၁ယွာဘသည်အဗရှလုံ၏အိမ်သို့သွား၍``အရှင် ၏အစေခံတို့သည်အဘယ်ကြောင့်အကျွန်ုပ်၏ လယ်ကိုမီးရှို့ကြပါသနည်း'' ဟုမေး၏။
32 Abŝalom respondis al Joab: Jen mi sendis al vi, por diri al vi: Venu ĉi tien, por ke mi sendu vin al la reĝo, por demandi, kial mi venis el Geŝur; pli bone estus por mi resti tie. Nun mi volas vidi la vizaĝon de la reĝo; kaj se mi havas en mi krimon, li mortigu min.
၃၂အဗရှလုံက``ငါ့အတွက်လျှောက်ထားပေးရန် သင့်အားဘုရင့်ထံသို့စေလွှတ်လိုသဖြင့် အခေါ် ခိုင်းခဲ့ပါ၏။ ငါသည်အဘယ်ကြောင့်ဂေရှုရမြို့ မှထွက်ခွာ၍ဤအရပ်သို့လာရောက်မိပါသ နည်း။ ထိုမြို့တွင်နေရသည်ကငါ့အတွက်ပို ၍ပင်ကောင်းမည်။ ဘုရင်နှင့်တွေ့ဆုံခွင့်ရရန် ငါ့အတွက်စီစဉ်ပေးစေလိုပါသည်။ အကယ် ၍ငါ့မှာအပြစ်ရှိခဲ့လျှင်မင်းကြီးသည်ငါ့ ကိုအဆုံးစီရင်တော်မူပါစေ'' ဟုယွာဘ အားပြော၏။
33 Kaj Joab iris al la reĝo, kaj diris al li tion; kaj ĉi tiu alvokis Abŝalomon, kiu venis al la reĝo, kaj adorkliniĝis vizaĝaltere antaŭ la reĝo; kaj la reĝo kisis Abŝalomon.
၃၃သို့ဖြစ်၍ယွာဘသည်မင်းကြီးထံသို့သွား၍ ထိုအကြောင်းကိုလျှောက်ထား၏။ မင်းကြီးသည် အဗရှလုံအားအခေါ်ခိုင်းသဖြင့် အဗရှလုံ သည်လာရောက်၍ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ် လေ၏။ မင်းကြီးသည်သူ့အားနမ်းရှုပ်လေ၏။