< 1 Samuel 3 >

1 La knabo Samuel servadis al la Eternulo antaŭ Eli; kaj la vorto de la Eternulo estis grandpreza en tiu tempo; ne aperadis ofte profetaj vizioj.
သူ​ငယ်​ရှ​မွေ​လ​သည်​ဧ​လိ​ညွှန်​ကြား​မှု​ကို ခံ​ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​လျက်​နေ​၏။ ထို​ကာ​လ​၌​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ဗျာ​ဒိတ်​တော်​များ​ကို​များ​စွာ မ​ကြား​ရ​ကြ။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို လည်း​မြင်​တွေ့​ရ​မှု​နည်း​ပါး​လေ​သည်။-
2 En tiu tempo unu fojon Eli kuŝis sur sia loko (lia vidado komencis malakriĝi, ke li ne povis vidi);
တစ်​ည​သ​၌​မျက်​စိ​အ​လင်း​ကွယ်​လု​နီး​ပါး ရှိ​သော​ဧ​လိ​သည် မိ​မိ​၏​အ​ခန်း​တွင်​အိပ်​စက် လျက်​နေ​၏။-
3 kaj la lucerno de Dio ankoraŭ ne estingiĝis, kaj Samuel kuŝis en la templo de la Eternulo, kie estis la kesto de Dio;
ရှ​မွေ​လ​မူ​ကား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှိ​ရာ တဲ​တော်​တွင်​အိပ်​လျက်​နေ​သ​တည်း။ အ​ရုဏ် မ​တက်​သေး​သ​ဖြင့် မီး​ခွက်​ကို​မ​ငြိမ်း​မ​သတ် ရ​သေး​မီ​အ​ချိန်​၌၊-
4 tiam la Eternulo vokis Samuelon, kaj ĉi tiu diris: Jen mi estas.
ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား​ခေါ် တော်​မူ​၏။ ရှ​မွေ​လ​က​လည်း``ရှိ​ပါ​သည် အ​ရှင်'' ဟု​ထူး​ပြီး​လျှင်၊-
5 Kaj li kuris al Eli, kaj diris: Jen mi estas, kiel vi vokis min. Sed tiu diris: Mi ne vokis; iru returne kaj kuŝiĝu. Kaj li iris kaj kuŝiĝis.
ဧ​လိ​ထံ​သို့​ပြေး​၍​သွား​ကာ``အ​ရှင်​ခေါ် သ​ဖြင့် ကျွန်​တော်​လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​ဧ​လိ​က``သင့်​ကို​ငါ​မ​ခေါ်။ ပြန်​၍ အိပ်​လော့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ရှ​မွေ​လ​သည် ပြန်​၍​အိပ်​လေ​၏။
6 Kaj la Eternulo denove vokis Samuelon, kaj Samuel leviĝis kaj iris al Eli, kaj diris: Jen mi estas, kiel vi vokis min. Sed tiu diris: Mi ne vokis, mia filo; iru returne kaj kuŝiĝu.
ဘု​ရား​သ​ခင်​သည်​ရှ​မွေ​လ​ကို​တစ်​ဖန်​ခေါ်​တော် မူ​ပြန်​၏။ သူ​ငယ်​သည်​ထာ​ဝ​ရ​ဘု​ရား​ခေါ်​တော် မူ​မှန်း​ကို​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​သည် သူ့​အား​အ​ဘယ်​အ​ခါ​က​မျှ​ဗျာ ဒိတ်​ပေး​တော်​မ​မူ​ခဲ့​ဘူး​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​သူ​သည်​ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင် ခေါ်​သော​ကြောင့် လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​ဧ​လိ​က``ငါ့​သား​သင့်​ကို​ငါ မ​ခေါ်။ သင်​ပြန်​၍​အိပ်​လော့'' ဟု​ဆို​၏။
7 Samuel ankoraŭ ne konis la Eternulon, kaj ankoraŭ ne estis revelaciita al li la vorto de la Eternulo.
8 Kaj la Eternulo denove vokis Samuelon la trian fojon; kaj li leviĝis kaj iris al Eli, kaj diris: Jen mi estas, kiel vi vokis min. Tiam Eli komprenis, ke la Eternulo vokas la knabon.
ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​ကို​တ​တိ​ယ အ​ကြိမ်​ခေါ်​တော်​မူ​ပြန်​၏။ သူ​သည်​ထ​၍ ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင်​ခေါ်​သော ကြောင့်​ကျွန်​တော်​လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ ထို​အ​ခါ​ဧ​လိ​သည်​သူ​ငယ်​ကို​ခေါ်​သော​သူ ကား ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော်​မူ​ကြောင်း ရိပ်​မိ​သ​ဖြင့်၊-
9 Kaj Eli diris al Samuel: Iru, kuŝiĝu; kaj se vi estos vokata, tiam diru: Parolu, ho Eternulo, ĉar Via sklavo aŭskultas. Kaj Samuel iris kaj kuŝiĝis sur sia loko.
``သင်​သည်​ပြန်​၍​အိပ်​လော့။ အ​ကယ်​၍​သင့်​အား နောက်​တစ်​ကြိမ်​ခေါ်​လျှင်`ထာ​ဝ​ရ​ဘု​ရား၊ အ​မိန့် ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​၏​ကျွန်​နာ​ခံ​လျက်​ရှိ ပါ​၏' ဟု​လျှောက်​ထား​လော့'' ဟု​မှာ​ကြား​လိုက်​၏။ သို့​ဖြစ်​၍​ရှ​မွေ​လ​သည်​ပြန်​၍​အိပ်​လေ​၏။
10 Kaj venis la Eternulo kaj stariĝis, kaj vokis kiel la antaŭajn fojojn: Samuel, Samuel! Kaj Samuel diris: Parolu, ĉar Via sklavo aŭskultas.
၁၀ထာ​ဝ​ရ​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၍ ရှ​မွေ​လ​အ​နီး​တွင်​ရပ်​တော်​မူ​လျက်``ရှ​မွေ​လ၊ ရှ​မွေ​လ'' ဟု​ရှေး​နည်း​တူ​ခေါ်​တော်​မူ​၏။ ရှ​မွေ​လ​က``အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​၏ ကျွန်​နာ​ခံ​လျက်​ရှိ​ပါ​၏'' ဟု​လျှောက်​၏။
11 Tiam la Eternulo diris al Samuel: Jen Mi faros en Izrael tian faron, ke al ĉiu, kiu tion aŭdos, eksonoros ambaŭ liaj oreloj.
၁၁ထာ​ဝ​ရ​ဘု​ရား​က``တစ်​နေ့​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပြု​မည့် အ​မှု​သည်​လွန်​စွာ​ကြောက်​မက်​ဖွယ်​ကောင်း​သ​ဖြင့် ယင်း​အ​ကြောင်း​ကို​ကြား​သိ​ရ​သူ​လူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​၍​သွား​ကြ​လိမ့်​မည်။-
12 En tiu tago Mi plenumos super Eli ĉion, kion Mi diris pri lia domo; Mi komencos kaj finos.
၁၂ထို​နေ့​ကျ​ရောက်​သော​အ​ခါ ငါ​သည်​ဧ​လိ​၏ အိမ်​ထောင်​စု​သား​တို့​အား​ဒဏ်​စီ​ရင်​မည်​ဟု မိန့်​တော်​မူ​ခဲ့​သည်​အ​တိုင်း အ​စ​မှ​အ​ဆုံး တိုင်​အောင်​ငါ​စီ​ရင်​မည်။-
13 Mi sciigis al li, ke Mi juĝos lian domon por ĉiam pro la krimo, ke li sciis, ke liaj filoj venigas malbenon sur sin, kaj li ne detenis ilin.
၁၃သူ​၏​သား​တို့​သည်​ငါ့​အား​ပြစ်​မှား​ပြော​ဆို​ခဲ့ ကြ​သ​ဖြင့် ငါ​သည်​သူ​၏​အိမ်​ထောင်​စု​ကို​အ​ပြစ် ဒဏ်​စီ​ရင်​မည်​ဖြစ်​ကြောင်း​ဧ​လိ​အား​ပြော​ကြား ခဲ့​ပြီး​ဖြစ်​၏။ သူ​တို့​သည်​ဤ​သို့​သော​ဒု​စ​ရိုက် များ​ကို​ပြု​ကျင့်​လျက်​နေ​ကြောင်း​ကို​ဧ​လိ​သိ သော်​လည်း​သူ​တို့​အား​မ​တား​မြစ်။-
14 Kaj tial Mi ĵuris al la domo de Eli, ke neniam pekliberiĝos la krimo de la domo de Eli per buĉofero nek per farunofero.
၁၄သို့​ဖြစ်​၍​အ​ဘယ်​ယဇ်​အ​ဘယ်​ပူ​ဇော်​သကာ​မျှ ဤ​ဆိုး​ရွား​သော​အ​ပြစ်​ကို​ဖြေ​လွတ်​အောင်​စွမ်း ဆောင်​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​သည်​ဧ​လိ အိမ်​ထောင်​စု​အား​အ​လေး​အ​နက်​မြွက်​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။
15 Kaj Samuel kuŝis ĝis la mateno; poste li malfermis la pordojn de la domo de la Eternulo. Sed Samuel timis raporti pri la vizio al Eli.
၁၅ရှ​မွေ​လ​သည်​မိုး​လင်း​သည်​တိုင်​အောင်​အိပ် ရာ​တွင်​နေ​ပြီး​မှ ဘု​ရား​သ​ခင်​၏​အိမ်​တော် တံ​ခါး​များ​ကို​ဖွင့်​၏။ သူ​သည်​မိ​မိ​မြင်​ရ သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း​ကို​ဧ​လိ အား​မ​ပြော​ဝံ့။-
16 Kaj Eli vokis Samuelon, kaj diris: Samuel, mia filo! Kaj ĉi tiu diris: Jen mi estas.
၁၆ဧ​လိ​က``ငါ့​သား​ရှ​မွေ​လ'' ဟု​ခေါ်​လျှင်၊ ``ရှိ​ပါ​သည်​အ​ရှင်'' ဟု​လျှောက်​၏။
17 Kaj tiu diris: Kia estas la afero, pri kiu Li parolis al vi? mi petas, ne kaŝu antaŭ mi; tion kaj ankoraŭ pli faru al vi Dio, se vi kaŝos antaŭ mi ion el ĉio, kion Li diris al vi.
၁၇ဧ​လိ​က``သင့်​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း။ ငါ့​ထံ​မှ​အ​ဘယ်​အ​ရာ​ကို မျှ​ထိမ်​ဝှက်​၍​မ​ထား​နှင့်။ ဘု​ရား​သ​ခင်​မိန့် တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို​ငါ့​အား မ​ဖော်​ပြ​ပါ​မူ ကိုယ်​တော်​သည်​သင့်​အား​ပြင်း ထန်​စွာ​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-
18 Kaj Samuel rakontis al li ĉion, kaj nenion kaŝis antaŭ li. Kaj li diris: Li estas la Eternulo; Li faru tion, kio plaĉas al Li.
၁၈ထို့​ကြောင့်​ရှ​မွေ​လ​သည်​အ​ဘယ်​အ​ရာ​ကို​မျှ ချန်​လှပ်​၍​မ​ထား​ဘဲ မိန့်​တော်​မူ​သ​မျှ​ကို​ပြန် ကြား​လျှောက်​ထား​လေ​၏။ ဧ​လိ​က``ကိုယ်​တော် သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ အ​လို တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။
19 Kaj Samuel kreskis, kaj la Eternulo estis kun li; kaj neniun el Liaj vortoj li faligis sur la teron.
၁၉ရှ​မွေ​လ​သည်​ကြီး​ပြင်း​၍​လာ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ရှ​မွေ​လ ဖော်​ပြ​သ​မျှ​သော​အ​မှု​အ​ရာ​တို့​ကို​ဖြစ် ပျက်​စေ​တော်​မူ​၏။-
20 Kaj eksciis la tuta Izrael, de Dan ĝis Beer-Ŝeba, ke Samuel fariĝis fidinda profeto de la Eternulo.
၂၀သို့​ဖြစ်​၍​ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​ကြောင်း​ကို တိုင်း​ပြည် တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သိ​ကြ​၏။-
21 Kaj la Eternulo plue aperadis en Ŝilo, post kiam la Eternulo revelaciis Sin al Samuel en Ŝilo per la parolo de la Eternulo.
၂၁ရှိ​လော​မြို့​သည်​ရှ​မွေ​လ​အား​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​ပေး​တော်​မူ​ရာ​အ​ရပ်​ဖြစ်​၏။ ကိုယ်​တော် သည်​ထို​မြို့​တွင်​အ​ကြိမ်​ကြိမ်​ထင်​ရှား​တော် မူ​၏။ ရှ​မွေ​လ​မိန့်​ကြား​သည့်​အ​ခါ​များ​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နာ​ခံ ကြ​လေ​သည်။

< 1 Samuel 3 >