< Psalms 61 >

1 To the Overseer, on stringed instruments. — By David. Hear, O God, my loud cry, attend to my prayer.
အို ဘုရား သခင်၊ အကျွန်ုပ် အော်ဟစ် ခြင်းကို နားထောင် ၍ အကျွန်ုပ် ၏ ပဌနာ စကားကို မှတ် တော်မူပါ။
2 From the end of the land unto Thee I call, In the feebleness of my heart, Into a rock higher than I Thou dost lead me.
စိတ် နှလုံးညှိုးငယ် လျက် မြေကြီး စွန်း မှ ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။ အကျွန်ုပ် အထက် ၌ မြင့် သော ကျောက် သို့ အကျွန်ုပ် ကို ပို့ဆောင် တော်မူပါ။
3 For Thou hast been a refuge for me, A tower of strength because of the enemy.
ကိုယ်တော် သည် အကျွန်ုပ် ခိုလှုံ ရာ ၊ ရန်သူ တို့ရှေ့ မှာ ခိုင်ခံ့ သော ရဲတိုက် ဖြစ်တော်မူ၏။
4 I sojourn in Thy tent to the ages, I trust in the secret place of Thy wings. (Selah)
တဲ တော်၌ အစဉ် နေ ပါမည်။ အတောင် တော်ဖုံးအုပ် ရာ၌ ခိုလှုံ ပါမည်။
5 For Thou, O God, hast hearkened to my vows, Thou hast appointed the inheritance Of those fearing Thy name.
အို ဘုရား သခင်၊ အကျွန်ုပ် ပြုသောသစ္စာ ဂတိတို့ကို ကြား တော်မူ၏။ နာမတော် ကို ကြောက်ရွံ့ သောသူတို့ ၏အမွေ ကို အကျွန်ုပ်အားပေး တော်မူလိမ့်မည်။
6 Days to the days of the king Thou addest, His years as generation and generation.
ရှင်ဘုရင် ၏ အသက်နေ့ရက် ကာလ ကို ရှည် စေတော်မူ၍၊ နှစ် စဉ်မပြတ် နိစ္စ ထာဝရ တည်ပါစေသော။
7 He dwelleth to the age before God, Kindness and truth appoint — they keep him.
ဘုရား သခင်ရှေ့ တော်၌ အနန္တ ကာလပတ်လုံးနေ တော်မူစေသတည်း။ ကရုဏာ နှင့် သစ္စာ တော်သည် သူ့ ကို စောင့်မ စေသတည်း။
8 So do I praise Thy name for ever, When I pay my vows day by day!
သို့ဖြစ်၍ နေ့ရက် အစဉ်အတိုင်းသစ္စာဝတ် ကို ဖြေ ခြင်းငှါ ၊ နာမတော် ကို အစဉ် အမြဲထောမနာသီချင်း ဆိုပါလေအံ့သတည်း။

< Psalms 61 >