< Proverbs 31 >
1 Words of Lemuel a king, a declaration that his mother taught him:
၁လေမွေလ မင်းကြီး ၏ မယ်တော် သည်သား ကို ဆုံးမ သွန်သင်သော တရား စကား ဟူမူကား၊
2 'What, my son? and what, son of my womb? And what, son of my vows?
၂ငါ့ သား အဘယ် သို့နည်း။ ငါ ဘွား သောသား ၊ အဘယ် သို့နည်း။ ငါ့ ၏သစ္စာ ဂတိနှင့်ဆိုင်သောသား အဘယ် သို့နည်းဟု မေးမြန်းသော်၊
3 Give not to women thy strength, And thy ways to wiping away of kings.
၃သင် ၏အစွမ်း သတ္တိကို မိန်းမ တို့အား မ ပေး နှင့်။ ရှင်ဘုရင် တို့ကိုဖျက်ဆီး တတ်သောအရာ၌ သင့် ၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။
4 Not for kings, O Lemuel, Not for kings, to drink wine, And for princes a desire of strong drink.
၄အိုလေမွေလ ၊ စပျစ်ရည် သောက် သောအမှုနှင့် သေရည် သောက်သောအမှုသည် ရှင်ဘုရင် ၊ မင်းသား တို့နှင့် မ တော်မသင့်။
5 Lest he drink, and forget the decree, And change the judgment of any of the sons of affliction.
၅သူတို့သည်သောက် လျက် တရား တော်ကို မေ့လျော့ ၍ ၊ ဆင်းရဲသား အမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။
6 Give strong drink to the perishing, And wine to the bitter in soul,
၆ဆုံး လုသောသူအား သေရည် သေရက်ကို၎င်း၊ စိတ်ညစ် သောသူအား စပျစ်ရည် ကို၎င်း ၊ ပေး လော့။
7 He drinketh, and forgetteth his poverty, And his misery he remembereth not again.
၇ထိုသူတို့သည် သောက် ၍ မိမိ ဒုက္ခ ဆင်းရဲကို မ အောက်မေ့ ဘဲ မေ့လျော့ ပါစေ။
8 Open thy mouth for the dumb, For the right of all sons of change.
၈ကိုးကွယ် ရာမရှိသော သူ အပေါင်း တို့၏အမှု ကို စောင့်ခြင်းငှါ ၊ စကားအ သောသူတို့ဘက် မှာ နေ၍ပြော လော့။
9 Open thy mouth, judge righteously, Both the cause of the poor and needy!'
၉စကားပြော လျက်၊ တရား သဖြင့်စီရင် လျက် ၊ ဆင်းရဲ ငတ်မွတ် သောသူတို့၏ အမှုကိုစောင့် လော့။
10 A woman of worth who doth find? Yea, far above rubies [is] her price.
၁၀သီလ နှင့်ပြည့်စုံသော မိန်းမ ကိုအဘယ်သူ တွေ့ ရ သနည်း။ ထိုသို့သောမိန်းမ သည် ပတ္တမြား ထက် အဘိုး သာ၍ထိုက်ပေ၏။
11 The heart of her husband hath trusted in her, And spoil he lacketh not.
၁၁သူ ၏ခင်ပွန်း သည် သူ့ ကို ယုံ ၍ ၊ ဆင်းရဲ ခြင်းနှင့် ကင်းလွတ် လိမ့်မည်။
12 She hath done him good, and not evil, All days of her life.
၁၂ထို မယားသည် မိမိ ခင်ပွန်းအကျိုး ကို မ ဖျက် ၊ တသက်လုံး ပြုစု တတ်၏။
13 She hath sought wool and flax, And with delight she worketh [with] her hands.
၁၃သိုးမွေး နှင့် ဝါ ကို ရှာ ၍ ၊ မိမိ လက် နှင့် အလို အလျောက်လုပ် တတ်၏။
14 She hath been as ships of the merchant, From afar she bringeth in her bread.
၁၄ကုန်သည် သင်္ဘော ကဲ့သို့ ဖြစ်၍ ၊ စားစရာ ကို ဝေး သောအရပ်မှ ဆောင် ခဲ့တတ်၏။
15 Yea, she riseth while yet night, And giveth food to her household, And a portion to her damsels.
၁၅မိုဃ်း မလင်းမှီထ လျက် ၊ အိမ်သူ အိမ်သားတို့အား စားစရာ ကို၎င်း ၊ ကျွန်မ တို့အား အငန်း အတာကို၎င်း ပေး ဝေတတ်၏။
16 She hath considered a field, and taketh it, From the fruit of her hands she hath planted a vineyard.
၁၆ကောင်းမွန်စွာ ဆင်ခြင် ၍၊ လယ်ကွက် ကိုဝယ် ယူ တတ်၏။ ကိုယ်တိုင် လုပ်၍ရသောငွေနှင့် စပျစ် ဥယျာဉ်ကို ပြုစု တတ်၏။
17 She hath girded with might her loins, And doth strengthen her arms.
၁၇မိမိ ခါး ကို ခွန်အား နှင့် စည်း ၍ ၊ မိမိ လက် တို့ကိုသန်မြန် စေတတ်၏။
18 She hath perceived when her merchandise [is] good, Her lamp is not extinguished in the night.
၁၈မိမိ လုပ် သောဥစ္စာကောင်း သည်ကို ရိပ်မိ ၍၊ သူ ၏မီးခွက် သည် တညလုံး မ သေ တတ်။
19 Her hands she hath sent forth on a spindle, And her hands have held a distaff.
၁၉ချည်ဖြစ်တတ်သော တန်ဆာတို့ကို ကိုယ် လက် နှင့် ကိုင် ၍ လုပ်ဆောင်တတ်၏။
20 Her hand she hath spread forth to the poor, Yea, her hands she sent forth to the needy.
၂၀ဆင်းရဲ သောသူတို့အား လက် ကိုဖြန့် ၍ ၊ ငတ်မွတ် သောသူတို့အား လက်ရုံး ကိုဆန့် တတ်၏။
21 She is not afraid of her household from snow, For all her household are clothed [with] scarlet.
၂၁မိုဃ်းပွင့် ကျသော်လည်း ၊ မိမိ အိမ်သူ အိမ်သားတို့ အတွက် မ စိုးရိမ်။ အိမ်သူ အိမ်သားအပေါင်း တို့သည် ကတ္တီပါနီ ကို ဝတ် ကြ၏။
22 Ornamental coverings she hath made for herself, Silk and purple [are] her clothing.
၂၂ကိုယ် အဖို့ စောင် တို့ကို ရက် ၍၊ ပိတ်ချော နှင့် မောင်း သောအထည် ကို ဝတ်တတ်၏။
23 Known in the gates is her husband, In his sitting with elders of the land.
၂၃သူ ၏ခင်ပွန်း သည်လည်း မြို့တံခါး တို့၌ ပြည် သားအသက်ကြီး သူတို့နှင့် ထိုင် ၍ ၊ ထင်ရှား သောသူဖြစ် ရ၏။
24 Linen garments she hath made, and selleth, And a girdle she hath given to the merchant.
၂၄ချော သောအထည်အလိပ်ကို ရက် ၍ ရောင်း တတ် ၏။ ခါးစည်း တို့ကိုလည်း ကုန်သည် ၌ ချ တတ်၏။
25 Strength and honour [are] her clothing, And she rejoiceth at a latter day.
၂၅သူ လုပ်သောအထည် အလိပ်သည် ခိုင်ခံ့ ၍ ၊ လှ သောအဆင်းနှင့် ပြည့်စုံသဖြင့် ၊ သူသည်နောင် ကာလ ၌ ဝမ်းမြောက် လိမ့်မည်။
26 Her mouth she hath opened in wisdom, And the law of kindness [is] on her tongue.
၂၆ပညာ စကားကို ပြော တတ်၍ ၊ မေတ္တာ တရား အားဖြင့် နှုတ်မြွတ် တတ်၏။
27 She [is] watching the ways of her household, And bread of sloth she eateth not.
၂၇အိမ်သူ အိမ်သား ပြုမူ သမျှတို့ကို ကြည့်ရှု တတ် ၏။ ပျင်းရိ ခြင်းအစာ ကို မ စား တတ်၊
28 Her sons have risen up, and pronounce her happy, Her husband, and he praiseth her,
၂၈သူ ၏သားသမီး တို့သည်ထ ၍ ၊ အမိ ကို ကောင်းကြီး ပေးတတ်ကြ၏။ သူ ၏ခင်ပွန်း ကလည်း၊
29 'Many [are] the daughters who have done worthily, Thou hast gone up above them all.'
၂၉လူမျိုးသမီး အများ တို့သည် ကောင်းမွန် စွာ ပြု ကြ ပြီ။ သို့ရာတွင် ၊ သင် သည် ထိုသူ အပေါင်း တို့ကို လွန်ကဲ ပြီ ဟု သူ့ကို ချီးမွမ်း တတ်၏။
30 The grace [is] false, and the beauty [is] vain, A woman fearing Jehovah, she may boast herself.
၃၀ယဉ်ကျေး သောအရာသည် လှည့်စား ခြင်းနှင့် ယှဉ်တတ်၏။ လှ သောအဆင်းသည်လည်း အချည်းနှီး ဖြစ် ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော မိန်းမ မူကား၊ ချီးမွမ်း ခြင်းကိုခံရလိမ့်မည်။
31 Give ye to her of the fruit of her hands, And her works do praise her in the gates!
၃၁ထိုသို့သော မိန်းမ ကျင့် ရာ အကျိုး ကို ပေး လော့။ သူ ပြု သောအမှုသည် မြို့တံခါး တို့၌ သူ ၏အသရေ ကို ထင်ရှားစေသတည်း။