< Numbers 35 >
1 And Jehovah speaketh unto Moses, in the plains of Moab, by Jordan, [near] Jericho, saying,
၁ယေရိခေါမြို့တစ်ဘက်ယော်ဒန်မြစ်နားရှိ မောဘလွင်ပြင်၌ ထာဝရဘုရားသည် မောရှေအား၊-
2 'Command the sons of Israel, and they have given to the Levites of the inheritance of their possession cities to inhabit; also a suburb for the cities round about them ye do give to the Levites.
၂``ဣသရေလအမျိုးသားတို့သည်မိမိတို့ ရရှိသောနယ်မြေထဲမှ အချို့သောမြို့များ နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်အားပေးရမည်။-
3 And the cities have been to them to inhabit, and their suburbs are for their cattle, and for their goods, and for all their beasts.
၃ဤမြို့များသည်လေဝိအနွယ်ဝင်တို့အတွက် ဖြစ်၍ သူတို့သည်ထိုမြို့များတွင်နေထိုင်ရ ကြမည်။ စားကျက်မြေသည်သူတို့၏နွား များနှင့်အခြားတိရစ္ဆာန်တို့အတွက်ဖြစ် သည်။-
4 'And the suburbs of the cities which ye give to the Levites [are], from the wall of the city and without, a thousand cubits round about.
၄စားကျက်မြေသည်မြို့ရိုးမျက်နှာလေးဘက်မှ အပြင်သို့ကိုက်ငါးရာအထိကျယ်ပြန့်စေ ရမည်။-
5 And ye have measured from the outside of the city, the east quarter, two thousand by the cubit, and the south quarter, two thousand by the cubit, and the west quarter, two thousand by the cubit, and the north quarter, two thousand by the cubit; and the city [is] in the midst; this is to them the suburbs of the cities.
၅ပတ်လည်စားကျက်မြေသည် ထိုမြို့ကိုဗဟို ပြုကာအနံအလျားကိုက်တစ်ထောင်စီရှိ ရမည်။-
6 'And the cities which ye give to the Levites [are] the six cities of refuge, which ye give for the fleeing thither of the man-slayer, and besides them ye give forty and two cities;
၆လူတစ်ဦးအားကြိုတင်ကြံရွယ်ခြင်းမရှိ ဘဲနှင့် သတ်မိသူထွက်ပြေး၍ခိုလှုံနိုင်ရန် မြို့ခြောက်မြို့ကိုလေဝိအနွယ်ဝင်တို့အား ပေးရမည်။ ထို့အပြင်အခြားမြို့လေးဆယ့် နှစ်မြို့တို့ကိုလည်းသူတို့အားပေးရမည်။-
7 all the cities which ye give to the Levites [are] forty and eight cities, them and their suburbs.
၇သို့ဖြစ်၍စားကျက်မြေအပါအဝင်စုစု ပေါင်း လေးဆယ့်ရှစ်မြို့ကိုသူတို့အားပေးရမည်။-
8 And the cities which ye give [are] of the possession of the sons of Israel, from the many ye multiply, and from the few ye diminish; each, according to his inheritance which they inherit, doth give of his cities to the Levites.'
၈ဣသရေလအနွယ်အသီးသီးပိုင်သောနယ်မြေ အကျယ်အဝန်းအလိုက် လေဝိအနွယ်ဝင်တို့ အတွက်မြို့အရေအတွက်ကိုသတ်မှတ်ပေးရ မည်'' ဟုမိန့်တော်မူ၏။
9 And Jehovah speaketh unto Moses, saying,
၉ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား၊-
10 'Speak unto the sons of Israel, and thou hast said unto them, When ye are passing over the Jordan to the land of Canaan,
၁၀``သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ခါနာန်ပြည်သို့ဝင်ရောက်သောအခါ၊-
11 and have prepared to yourselves cities — cities of refuge they are to you — then fled thither hath a man-slayer, smiting a person unawares,
၁၁ကြိုတင်ကြံရွယ်ခြင်းမရှိဘဲနှင့်လူတစ်ဦး အားသတ်မိသူသည် ထွက်ပြေးခိုလှုံနိုင်သည့် မြို့များကိုရွေးချယ်သတ်မှတ်ရမည်။-
12 and the cities have been to you for a refuge from the redeemer, and the man-slayer doth not die till his standing before the company for judgment.
၁၂ထိုမြို့များတွင်သူသည်သေဆုံးသူနှင့်သွေး တော်စပ်သူ၏လက်စားချေခြင်းမှလွတ်ကင်း လိမ့်မည်။ လူအသက်ကိုသတ်သောသူအား လူ ပရိသတ်ရှေ့တရားရုံးတွင်စီရင်ခြင်းမပြု ဘဲသေစားမသေစေရ။-
13 'As to the cities which ye give — six [are] cities of refuge to you;
၁၃ယော်ဒန်မြစ်အရှေ့ဘက်တွင်သုံးမြို့၊ ခါနာန် ပြည်ထဲတွင်သုံးမြို့၊ စုစုပေါင်းခြောက်မြို့ကို ရွေးချယ်လော့။-
14 the three of the cities ye give beyond the Jordan, and the three of the cities ye give in the land of Canaan; cities of refuge they are.
၁၄
15 To sons of Israel, and to a sojourner, and to a settler in their midst, are these six cities for a refuge, for the fleeing thither of any one smiting a person unawares.
၁၅ထိုမြို့များသည်ဣသရေလအမျိုးသားများ အတွက်လည်းကောင်း၊ အမြဲဖြစ်စေ၊ ခေတ္တဖြစ် စေနေထိုင်ကြသောလူမျိုးခြားတို့အတွက် လည်းကောင်း ခိုလှုံရာမြို့များဖြစ်ရမည်။ ကြို တင်ကြံရွယ်ခြင်းမရှိဘဲနှင့်လူတစ်ဦးအား သတ်မိသူသည်ထိုမြို့များအနက်တစ်မြို့ မြို့သို့ထွက်ပြေးခိုလှုံနိုင်သည်။
16 'And if with an instrument of iron he hath smitten him, and he dieth, he [is] a murderer: the murderer is certainly put to death.
၁၆``သို့ရာတွင်သံ၊ ကျောက်၊ သစ်သားလက်နက်တစ် ခုခုဖြင့် လူတစ်ဦးအားသတ်သူသည်လူသတ် မှုကိုကူးလွန်သဖြင့်သေဒဏ်စီရင်ခြင်းကို ခံစေရမည်။-
17 'And if with a stone [in] the hand, wherewith he dieth, he hath smitten him, and he dieth, he [is] a murderer: the murderer is certainly put to death.
၁၇
18 'Or with a wooden instrument [in] the hand, wherewith he dieth, he hath smitten him, and he dieth, he [is] a murderer: the murderer is certainly put to death.
၁၈
19 'The redeemer of blood himself doth put the murderer to death; in his coming against him he doth put him to death.
၁၉သေဆုံးသူနှင့်အနီးဆုံးသွေးတော်စပ်သူ သည် တာဝန်ရှိသဖြင့်လူသတ်သမားကို တွေ့လျှင်သတ်ရမည်။
20 'And if in hatred he thrust him through, or hath cast [anything] at him by lying in wait, and he dieth;
၂၀``တစ်စုံတစ်ယောက်အား မုန်းတီးသဖြင့်တွန်း ချ၍သော်လည်းကောင်း၊ တစ်စုံတစ်ခုနှင့် ပစ်၍သော်လည်းကောင်း၊-
21 or in enmity he hath smitten him with his hand, and he dieth; the smiter is certainly put to death; he [is] a murderer; the redeemer of blood doth put the murderer to death in his coming against him.
၂၁လက်သီးနှင့်ထိုး၍သော်လည်းကောင်း သတ် သောသူသည်လူသတ်မှုကိုကူးလွန်သဖြင့် သေဒဏ်စီရင်ခြင်းကိုခံစေရမည်။ သေဆုံး သူနှင့်အနီးဆုံးသွေးတော်စပ်သူသည် တာဝန်ရှိသဖြင့်လူသတ်သမားကိုတွေ့ လျှင်သတ်ရမည်။
22 'And if, in an instant, without enmity, he hath thrust him through, or hath cast at him any instrument, without lying in wait;
၂၂``သို့ရာတွင်တစ်စုံတစ်ယောက်အား မုန်းတီး ခြင်းမရှိဘဲနှင့်တွန်းချ၍သော်လည်းကောင်း၊ တစ်စုံတစ်ခုနှင့်ပစ်၍သော်လည်းကောင်း အမှတ်မထင်သတ်မိလျှင်ဖြစ်စေ၊-
23 or with any stone wherewith he dieth, without seeing, and causeth [it] to fall upon him, and he dieth, and he [is] not his enemy, nor seeking his evil;
၂၃မိမိရန်သူမဟုတ်သူကိုထိခိုက်စေလိုသော ဆန္ဒမရှိဘဲနှင့်ကျောက်ခဲဖြင့် အမှတ်တမဲ့ ပစ်မိသောကြောင့်ထိုသူသေဆုံးရလျှင် ဖြစ်စေ၊-
24 then have the company judged between the smiter and the redeemer of blood, by these judgments.
၂၄လူပရိတ်သတ်ကလူသတ်မှုကူးလွန်သူ နှင့် သေဆုံးသူ၏အနီးဆုံးသွေးတော်စပ် သူတို့အကြားတရားဋ္ဌမ္မသတ်အတိုင်း စီရင်ရမည်။-
25 'And the company have delivered the man-slayer out of the hand of the redeemer of blood, and the company have caused him to turn back unto the city of his refuge, whither he hath fled, and he hath dwelt in it till the death of the chief priest, who hath been anointed with the holy oil.
၂၅လူပရိသတ်သည်လူသတ်မှုကူးလွန်သူ အားသေဆုံးသူ၏ဆွေမျိုးတော်စပ်သူလက် မှကယ်တင်၍ သူထွက်ပြေးခိုလှုံခဲ့သောမြို့ သို့ပြန်ပို့ရမည်။ သူသည်ထိုစဉ်ကအမှုထမ်း နေဆဲယဇ်ပုရောဟိတ်မင်းအနိစ္စရောက်သည် အထိထိုမြို့တွင်နေထိုင်ရမည်။-
26 'And if the man-slayer at all go out [from] the border of the city of his refuge whither he fleeth,
၂၆အကယ်၍လူသတ်မှုကူးလွန်သူသည် ခိုလှုံရာမြို့ပြင်သို့ထွက်သဖြင့်၊-
27 and the redeemer of blood hath found him at the outside of the border of the city of his refuge, and the redeemer of blood hath slain the man-slayer, blood is not for him;
၂၇သေဆုံးသူနှင့်သွေးတော်စပ်သူကတွေ့၍ သူ့ အားလက်စားချေသတ်ပစ်လျှင်ဤလက်စား ချေခြင်းသည်လူသတ်မှုမဟုတ်။-
28 for in the city of his refuge he doth dwell till the death of the chief priest; and after the death of the chief priest doth the man-slayer turn back unto the city of his possession.
၂၈သို့ရာတွင်လူသတ်မှုကူးလွန်သူသည် ထိုစဉ် ကအမှုထမ်းနေဆဲယဇ်ပုရောဟိတ်မင်း အနိစ္စရောက်သည်တိုင်အောင်သူခိုလှုံရာမြို့ တွင်နေထိုင်ရမည်။ ယဇ်ပုရောဟိတ်မင်းအနိစ္စ ရောက်ပြီးနောက် သူသည်မိမိ၏နေရပ်သို့ ပြန်နိုင်သည်။-
29 'And these things have been to you for a statute of judgment to your generations, in all your dwellings:
၂၉သင်တို့သည်မည်သည့်အရပ်၌နေထိုင်သည် မဆို ဤပညတ်များကိုထာဝစဉ်စောင့်ထိန်း ကြရမည်။
30 whoso smiteth a person, by the mouth of witnesses doth [one] slay the murderer; and one witness doth not testify against a person — to die.
၃၀``လူသတ်မှုဖြင့်စွပ်စွဲခြင်းခံရသူအား သက် သေနှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပို၍ရှိမှ သေဒဏ်စီရင်ရမည်။ သက်သေတစ်ဦးတည်း ၏စွပ်စွဲချက်ဖြင့် ထိုသူအားသေဒဏ်မစီ ရင်ရ။-
31 'And ye take no atonement for the life of a murderer who [is] condemned — to die, for he is certainly put to death;
၃၁လူသတ်မှုကူးလွန်သူအားသေဒဏ်ပေး ရမည်။ ထိုသူသည်အသက်ဖိုးငွေပေး၍ သေဒဏ်မှလွတ်ငြိမ်းခွင့်မရှိစေရ။-
32 and ye take no atonement for him to flee unto the city of his refuge, to turn back to dwell in the land, until the death of the priest.
၃၂ခိုလှုံရာမြို့သို့ပြေးဝင်သူသည်ယဇ်ပုရော ဟိတ်မင်းအနိစ္စမရောက်မီ မိမိနေရပ်သို့ ပြန်ရန်အတွက်ငွေပေးလျှင်လက်မခံရ။-
33 'And ye profane not the land which ye [are] in, for blood profaneth the land; as to the land, it is not pardoned for blood which is shed in it except by the blood of him who sheddeth it;
၃၃ငွေကိုလက်ခံခဲ့လျှင်သင်တို့နေထိုင်ရာပြည် ကိုညစ်ညမ်းစေရာရောက်မည်။ လူသတ်မှုကူး လွန်ခြင်းသည်တိုင်းပြည်ကိုညစ်ညမ်းစေ၏။ သို့ ဖြစ်၍တိုင်းပြည်၌လူတစ်ယောက်အသတ်ခံ ရလျှင် လူသတ်မှုကူးလွန်သူအားသေဒဏ် ပေးခြင်းအားဖြင့်သာလျှင်ထိုပြည်ကိုပြန် လည်သန့်စင်စေနိုင်၏။-
34 and ye defile not the land in which ye are dwelling, in the midst of which I do tabernacle, for I Jehovah do tabernacle in the midst of the sons of Israel.'
၃၄ငါသည်ထာဝရဘုရားဖြစ်၍ ဣသရေလ အမျိုးသားတို့တွင်ကျိန်းဝပ်တော်မူသဖြင့် ပြည်တော်ကိုမညစ်ညမ်းစေရ'' ဟုမိန့် တော်မူ၏။