< Nehemiah 8 >
1 And all the people are gathered as one man unto the broad place that [is] before the water-gate, and they say to Ezra the scribe to bring the book of the law of Moses, that Jehovah commanded Israel.
၁သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသောဣသရေလအမျိုးသား လူ အပေါင်း တို့သည် လာ၍ ရေ တံခါး လမ်း တွင် စည်းဝေး ကြ၏။ ဣသရေလ အမျိုး၌ ထာဝရဘုရား ထား တော်မူသော မောရှေ ပညတ္တိ ကျမ်းစာ ကို ဆောင် ခဲ့ပါဟု ကျမ်းတတ် ဆရာ ဧဇရ ကို တောင်း သည်အတိုင်း၊
2 And Ezra the priest bringeth the law before the assembly, both of men and women, and every one intelligent to hear, on the first day of the seventh month,
၂နားထောင် နားလည် နိုင်သမျှ သောပရိသတ် ယောက်ျား မိန်းမ တို့ ရှေ့ သို့ သတ္တမ လ ပဌမ နေ့ ရက်တွင် ၊ ပညတ္တိ ကျမ်းစာကို ယဇ်ပုရောဟိတ် ဧဇရ သည် ဆောင် ခဲ့ ၍ ၊
3 and he readeth in it before the broad place that [is] before the water-gate, from the light till the middle of the day, over-against the men, and the women, and those intelligent, and the ears of all the people [are] unto the book of the law.
၃နားလည် နိုင်သောသူ၊ ယောက်ျား မိန်းမ တို့ ရှေ့ မှာ နံနက် အချိန်မှစ၍ မွန်းတည့် အချိန်တိုင်အောင် ရေ တံခါး လမ်း တွင် ဘတ်ရွတ် လေ၏။ လူ အပေါင်း တို့သည် ပညတ္တိ ကျမ်း စကားကို စေ့စေ့နားထောင် ကြ၏။
4 And Ezra the scribe standeth on a tower of wood that they made for the purpose, and Mattithiah standeth near him, and Shema, and Anaiah, and Urijah, and Hilkiah, and Maaseiah, on his right; and on his left Pedaiah, and Mishael, and Malchijah, and Hashum, and Hashbaddana, Zechariah, Meshullam.
၄သူတို့လုပ် ကြသော တရား ဟောရာသစ်သား ပလ္လင် ပေါ် မှာ၊ ကျမ်းတတ် ဆရာဧဇရ သည် ရပ် ၍ မတ္တိသိ ၊ ရှေမ ၊ အနာယ ၊ ဥရိယ ၊ ဟိလခိ ၊ မာသေယ တို့သည် လက်ျာ ဘက်၌ ၎င်း၊ ပေဒါယ ၊ မိရှေလ ၊ မာလခိ ၊ ဟာရှုံ ၊ ဟာရှဗဒါန ၊ ဇာခရိ ၊ မေရှုလံ တို့သည် လက်ဝဲ ဘက်၌ ၎င်း ရပ် နေကြ၏။
5 And Ezra openeth the book before the eyes of all the people — for above all the people he hath been — and at his opening [it] all the people have stood up,
၅ထိုသို့ ဧဇရ သည် လူ အပေါင်း တို့ထက် သာ၍မြင့်လျက်၊ လူ အပေါင်း တို့ရှေ့ မှာ ကျမ်းစာ ကို ဖွင့် သောအခါ၊ လူ အပေါင်း တို့သည် ထ ကြ၏။
6 and Ezra blesseth Jehovah, the great God, and all the people answer, 'Amen, Amen,' with lifting up of their hands, and they bow and do obeisance to Jehovah — faces to the earth.
၆ဧဇရ သည် မြတ် စွာဘုရား သခင် ထာဝရဘုရား ကို ကောင်းကြီး ပေး၏။ လူ အပေါင်း တို့က အာမင် ၊ အာမင် ဟု လက် တို့ကို ချီ လျက်၊ ဝန်ခံ ၍ ဦးချ ပြပ်ဝပ်လျက် ထာဝရဘုရား ကို ကိုးကွယ် ကြ၏။
7 And Jeshua, and Bani, and Sherebiah, Jamin, Akkub, Shabbethai, Hodijah, Maaseiah, Kelita, Azariah, Jozabad, Hanan, Pelaiah, and the Levites, giving the people understanding in the law, and the people, [are] on their station,
၇ယောရှု ၊ ဗာနိ ၊ ရှေရဘိ ၊ ယာမိန် ၊ အက္ကုပ် ၊ ရှဗ္ဗေသဲ ၊ ဟောဒိယ ၊ မာသေယ ၊ ကေလိတ ၊ အာဇရိ ၊ ယောဇဗဒ် ၊ ဟာနန် ၊ ပေလာယ အစ ရှိသောလေဝိ သားတို့သည်လည်း လူ များတို့အား ပညတ္တိ ကျမ်းစာအနက်ကို ပြန်ကြား ကြ၏။ လူ များတို့သည်လည်း မိမိ တို့နေရာ ၌ နေကြ၏။
8 and they read in the book, in the law of God, explaining — so as to give the meaning, and they give understanding to the convocation.
၈ထိုသို့ ဘုရား သခင်၏ ပညတ္တိ ကျမ်းစာ ကို သေချာ စွာ ဘတ်ရွတ် ၍ အနက် ကိုပြန်သဖြင့် ၊ လူများ နားလည် စေခြင်းငှါ ပြုကြ၏။
9 And Nehemiah — he [is] the Tirshatha — saith (and Ezra the priest, the scribe, and the Levites who are instructing the people) to all the people, 'To-day is holy to Jehovah your God, do not mourn, nor weep:' for all the people are weeping at their hearing the words of the law.
၉လူ အပေါင်း တို့သည် ပညတ္တိ ကျမ်းစကား ကို ကြား သောအခါ ငိုကြွေး ကြသည်ဖြစ်၍ ၊ ပြည်အုပ် မင်း နေဟမိ ၊ ကျမ်းတတ် ဆရာ ယဇ်ပုရောဟိတ် ဧဇရ ၊ လူ များ တို့အား သွန်သင် သော လေဝိ သားတို့က၊ ဤ သည်နေ့ ရက်သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား အဘို့ သန့်ရှင်း သောနေ့ ဖြစ်၏။ ငိုကြွေး မြည်တမ်းခြင်းကို မ ပြုကြနှင့်။
10 And he saith to them, 'Go, eat fat things, and drink sweet things, and sent portions to him for whom nothing is prepared, for to-day [is] holy to our Lord, and be not grieved, for the joy of Jehovah is your strength.'
၁၀သွား ကြလော့၊ မြိန် စွာသော အစာကိုစား ကြလော့။ ချို သော အရည်ကိုသောက် ကြလော့။ ဆင်းရဲ သောသူတို့ အား ဝေမျှ ကြလော့။ ဤသည်နေ့ရက်သည် ငါ တို့ ဘုရား ရှင်အဘို့ သန့်ရှင်း ၏။ ဝမ်း မ နည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆို ကြ၏။
11 And the Levites are keeping all the people silent, saying, 'Be silent, for to-day [is] holy, and be not grieved.'
၁၁ထိုသို့ လေဝိ သားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်း သောနေ့ ဖြစ်သောကြောင့် တိတ်ဆိတ် စွာ နေကြလော့။ ဝမ်း မ နည်းကြနှင့်ဟု ဆို၍ လူ အပေါင်း တို့ကို ငြိမ်း စေကြ၏။
12 And all the people go to eat, and to drink, and to send portions, and to make great joy, because they have understood concerning the words that they made known to them.
၁၂လူ အပေါင်း တို့သည် ဟောပြောသော စကား များကို နားလည် သောကြောင့် ၊ စား သောက် ခြင်း၊ သူတပါး တို့အား ဝေမျှ ခြင်း၊ အလွန် ပျော်မွေ့ ခြင်းကို ပြု အံ့သောငှါ သွား ကြ၏။
13 And on the second day have been gathered heads of the fathers of all the people, the priests, and the Levites, unto Ezra the scribe, even to act wisely concerning the words of the law.
၁၃ဒုတိယ နေ့ ရက်တွင် ၊ အဆွေအမျိုးသူကြီး များတို့ နှင့်တကွယဇ်ပုရောဟိတ် လေဝိ သားတို့သည် ပညတ္တိ ကျမ်း စကား ကို နားလည် အံ့သောငှါ ၊ ကျမ်းတတ် ဆရာ ဧဇရ ထံ ၌ စည်းဝေး ကြ၏။
14 And they find written in the law that Jehovah commanded by the hand of Moses, that the sons of Israel dwell in booths in the feast, in the seventh month,
၁၄သတ္တမ လ ပွဲ ကိုခံကြစဉ် ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ ၌ နေ ရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရား ထား တော်မူသော ပညတ္တိ ကျမ်းစာ၌ ရေးထား ကြောင်းကို တွေ့ ကြ၏။
15 and that they proclaim and cause to pass over all their cities, (and in Jerusalem, ) saying, 'Go ye out to the mount, and bring leaves of the olive, and leaves of the oil tree, and leaves of the myrtle, and leaves of the palms, and leaves of thick trees, to make booths as it is written.'
၁၅ထိုစကားကို ကြားသောအခါ၊ ကျမ်းစာ ၌ ပါသည်အတိုင်း သစ်ခက် တဲတို့ကိုလုပ် ခြင်းငှါ တောင် သို့ သွား ကြ။ သံလွင် ခက် ၊ ထင်းရူး ခက် ၊ မုရတု ခက် ၊ စွန်ပလွံ ခက် အစရှိသော ထူထပ် သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင် မြို့မှစ၍ခပ်သိမ်း သော မြို့ ရွာတို့၌ ကြော်ငြာ ကြ၏။
16 And the people go out, and bring in, and make for themselves booths, each on his roof, and in their courts, and in the courts of the house of God, and in the broad place of the water-gate, and in the broad place of the gate of Ephraim.
၁၆လူ များတို့သည် ထွက်သွား ၍ ၊ သစ်ခက်တို့ကို ဆောင် ခဲ့ပြီးလျှင် အိမ်မိုး ပေါ် မှာ၎င်း ၊ မိမိ ဝင်း ထဲ ၊ ဗိမာန် တော်တန်တိုင်း ထဲ မှာ၎င်း ၊ ရေ တံခါး လမ်း နှင့် ဧဖရိမ် တံခါး လမ်း မှာ ၎င်း သစ်ခက်တဲ များကို လုပ် ကြ၏။
17 And they make — all the assembly of the captives of the captivity — booths, and they sit in booths; for the sons of Israel had not done, from the days of Jeshua son of Nun, so unto that day, and there is very great joy.
၁၇ထိုသို့ သိမ်း သွားခြင်းကိုခံရရာထဲက ထွက်လာ သော ပရိသတ် အပေါင်း တို့သည် သစ်ခက်တဲ တို့ကို လုပ် ၍ ထိုင် နေကြ၏။ နုန် သား ယောရှု လက်ထက် မှစ၍ ဣသရေလ အမျိုးသားတို့သည် တခါမျှ ထိုသို့မ ပြု ကြ။ အလွန် ဝမ်းမြောက် လျက်နေ ကြ၏။
18 And he readeth in the book of the law of God day by day, from the first day till the last day, and they make a feast seven days, and on the eighth day a restraint, according to the ordinance.
၁၈ပဌမ နေ့ မှစ၍ နောက်ဆုံး သောနေ့ တိုင်အောင် ၊ နေ့ရက် အစဉ်အတိုင်းဘုရား သခင်၏ ပညတ္တိ ကျမ်းစာ ကို ဘတ်ရွတ် ကြ၏။ ထိုပွဲ ကို ခုနစ် ရက် ပတ်လုံးခံ ကြ၏။ ရှစ် ရက်မြောက်သောနေ့ ၌ တရား တော်အတိုင်း ဓမ္မ ပွဲကိုလည်းခံကြ၏။