< Joshua 20 >
1 And Jehovah speaketh unto Joshua, saying,
၁တဖန် ထာဝရဘုရား သည် ယောရှု ကို ခေါ်တော်မူ၍၊
2 'Speak unto the sons of Israel, saying, Give for you cities of refuge, as I have spoken unto you by the hand of Moses,
၂သင် သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆို ရမည်မှာ၊ ငါသည် မောရှေ အားဖြင့် မှာ ထားသည်အတိုင်း၊
3 for the fleeing thither of a man-slayer smiting life inadvertently, without knowledge; and they have been to you for a refuge from the redeemer of blood.
၃လူအသက်ကိုသတ် မည်ဟု အကြံ မ ရှိဘဲ အမှတ်တမဲ့ သတ် မိသောသူသည် ပြေး ၍ မှီခို ရာမြို့ တို့ကို ရွေး ထားကြလော့။ သေစား သေစေသောသူလက်နှင့်လွတ်၍ မှီခို ရာမြို့ ဖြစ် ရသတည်း။
4 'When [one] hath fled unto one of these cities, and hath stood [at] the opening of the gate of the city, and hath spoken in the ears of the elders of that city his matter, then they have gathered him into the city unto them, and have given to him a place, and he hath dwelt with them.
၄ထို မြို့ တစုံ တမြို့သို့ ပြေး သောသူသည် မြို့ တံခါးဝ ၌ရပ် ၍ ၊ ထို မြို့ ၌ အသက်ကြီး သူတို့အား မိမိ အမှု ကို ကြားပြော သောအခါ ၊ သူတို့သည် မြို့ ထဲ သို့ခေါ် ၍ သူ တို့ထံ မှာနေရာ ချ ရကြမည်။
5 'And when the redeemer of blood doth pursue after him, then they do not shut up the man-slayer into his hand, for without knowledge he hath smitten his neighbour, and is not hating him hitherto;
၅သေစား သေစေသောသူသည် လိုက် လာလျှင် ၊ သူ့ လက် သို့ သတ် မိသောသူကို မ အပ် ရ။ အကြောင်း မူကား၊ ထိုသူသည် မိမိ အဘော် ကို အငြိုး မ ထားဘဲ အမှတ်တမဲ့သတ် မိ၏။
6 and he hath dwelt in that city till his standing before the company for judgment, till the death of the chief priest who is in those days — then doth the man-slayer turn back and hath come unto his city, and unto his house, unto the city whence he fled.'
၆ထိုသူသည် ပရိသတ် ရှေ့ သို့ ရောက်၍ တရားစီရင် ခြင်းကို မ ခံ မှီသော်၎င်း၊ ထို ကာလ ယဇ်ပုရောဟိတ် မင်း မ သေ မှီသော်၎င်း ထို မြို့ ၌ နေ ရမည်။ ထိုနောက်မှ ပြန် လာ၍ အထက်ပြေး ရသောမြို့ ၊ မိမိ နေရင်းအိမ် ၌ နေ ရသောအခွင့်ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊
7 And they sanctify Kedesh in Galilee, in the hill-country of Naphtali, and Shechem in the hill-country of Ephraim, and Kirjath-Arba (it [is] Hebron), in the hill-country of Judah;
၇သူတို့သည် ဂါလိလဲ ပြည်၊ နဿလိ တောင် ပေါ်မှာ ကေဒေရှ မြို့၊ ဧဖရိမ် တောင် ပေါ်မှာ ရှေခင် မြို့၊ ယုဒ တောင် ပေါ်မှာ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊
8 and beyond the Jordan, [at] Jericho eastward, they have given Bezer in the wilderness, in the plain, out of the tribe of Reuben, and Ramoth in Gilead out of the tribe of Gad, and Golan in Bashan out of the tribe of Manasseh.
၈ယော်ဒန် မြစ်တဘက် ၊ ယေရိခေါ မြို့အရှေ့ မှာ ရုဗင် ခရိုင်၊ တော လွင်ပြင် ၌ ဗေဇာ မြို့၊ ဂဒ် ခရိုင်၊ ဂိလဒ် ပြည်၌ ရာမုတ် မြို့၊ မနာရှေ ခရိုင်၊ ဗာရှန် ပြည်၌ ဂေါလန် မြို့တို့ကို၎င်း ရွေး ထားကြ၏။
9 These have been cities of meeting for all the sons of Israel, and for a sojourner who is sojourning in their midst, for the fleeing thither of any one smiting life inadvertently, and he doth not die by the hand of the redeemer of blood till his standing before the company.
၉ဤ မြို့ တို့ကား၊ ဣသရေလ အမျိုးသားဖြစ်စေ ၊ သူ တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်စေ၊ အမှတ်တမဲ့ လူ အသက်ကိုသတ် မိသောသူသည် သေစား သေစေသောသူလက် နှင့်လွတ် ၍ ပရိသတ် ရှေ့ သို့ မရောက် မှီတိုင်အောင် ပြေး ရသောအခွင့်ရှိစေခြင်းငှါ ရွေး ထားသောမြို့ဖြစ် သတည်း။