< Job 29 >
1 And Job addeth to lift up his simile, and saith: —
၁ယောဘ သည် လင်္ကာ စကားကို ဆက် ၍မြွက်ဆို သည် ကား၊
2 Who doth make me as [in] months past, As [in] the days of God's preserving me?
၂ငါသည် လွန် လေပြီသောနှစ်၊ လ ၊ ဘုရား သခင်စောင့်မ တော်မူသော နေ့ ရက်၌ဖြစ်သကဲ့သို့ တဖန်ဖြစ် ပါစေ။
3 In His causing His lamp to shine on my head, By His light I walk [through] darkness.
၃ထိုအခါ ဘုရားသခင်၏မီးခွက် သည် ငါ့ ခေါင်း ပေါ် မှာ ထွန်းလင်း သည်ဖြစ်၍ ၊ ထို အလင်း ကို ငါအမှီပြု လျက်၊ မိုက် သောအရပ်၌ ရှောက် သွားနိုင်၏။
4 As I have been in days of my maturity, And the counsel of God upon my tent.
၄ငါ့ အသက် ပျိုသောကာလ ၊ ငါ့ အိမ် ၌ ဘုရား သခင်နှင့် မိဿဟာယ ဖွဲ့ရသောအခွင့်ရှိသောကာလ၌ ၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။
5 When yet the Mighty One [is] with me. Round about me — my young ones,
၅ထိုအခါ အနန္တ တန်ခိုးရှင်သည် ငါ့ ဘက် ၌ရှိတော်မူ၏။ ငါ့ သားသမီး တို့သည်လည်း ငါ့ ကိုဝိုင်း လျက် နေကြ၏။
6 When washing my goings with butter, And the firm rock [is] with me rivulets of oil.
၆ထိုအခါငါ သွား သောလမ်း၌ နို့ရည် စီးလေ၏။ ကျောက်ခဲ သည်လည်း ငါ့ အဘို့ ဆီ ကိုသွန်းလောင်း လေ၏။
7 When I go out to the gate by the city, In a broad place I prepare my seat.
၇ငါ သည်မြို့အလယ်၌ ရှောက်၍ ၊ မြို့ တံခါး သို့ သွား လျက်၊ လမ်း ၌ ထိုင် ရာကို ပြင်ဆင် လျက်နေစဉ်တွင်၊
8 Seen me have youths, and they, been hidden, And the aged have risen — they stood up.
၈လူပျို တို့သည် ငါ့ ကိုမြင် သဖြင့် ပုန်းရှောင် ၍ နေကြ၏။ အသက် ကြီးသူတို့သည်လည်း ထ ၍ မတ်တတ် နေကြ၏။
9 Princes have kept in words, And a hand they place on their mouth.
၉မင်းသား တို့သည် စကား မပြောဘဲနေ၍ ၊ မိမိ တို့ နှုတ် ကို လက် နှင့် ပိတ် ကြ၏။
10 The voice of leaders hath been hidden, And their tongue to the palate hath cleaved.
၁၀မှူးမတ် တို့သည်လည်း တိတ်ဆိတ် စွာနေ၍ ၊ သူ တို့လျှာ သည် အာခေါင် ၌ ကပ် လေ၏။
11 For the ear heard, and declareth me happy, And the eye hath seen, and testifieth [to] me.
၁၁လူတို့သည် ငါ့စကားသံကိုကြား သောအခါ ကောင်းကြီး ပေးကြ၏။ ငါ့ကိုမြင် သောအခါ ချီးမွမ်း ကြ၏။
12 For I deliver the afflicted who is crying, And the fatherless who hath no helper.
၁၂အကြောင်း မူကား၊ ငါသည်ဆင်းရဲ သောသူ၊ မိဘ မရှိသောသူ၊ ကိုးကွယ် ရာမ ရသောသူ အော်ဟစ် သောအခါ ကယ်တင် တတ်၏။
13 The blessing of the perishing cometh on me, And the heart of the widow I cause to sing.
၁၃ပျက် လုသောသူကောင်းကြီး ပေးခြင်းကို ငါ ခံရ၏။ မုတ်ဆိုးမ စိတ် နှလုံးကို ရွှင်လန်း စေ၏။
14 Righteousness I have put on, and it clotheth me, As a robe and a diadem my justice.
၁၄ဖြောင့်မတ် ခြင်းပါရမီကို အဝတ် လုပ်၍ ငါဝတ်ဆင် ၏။ တရား သည် ငါ့ ဝတ်လုံ ငါ့ပေါင်း ဖြစ်၏။
15 Eyes I have been to the blind, And feet to the lame [am] I.
၁၅မျက်စိ ကန်းသောသူတို့ အား ငါသည် မျက်စိ ဖြစ် ၏။ ခြေဆွံ့ သောသူတို့ အား ခြေ ဖြစ်၏။
16 A father I [am] to the needy, And the cause I have not known I search out.
၁၆ဆင်းရဲ သောသူတို့၏ အဘ ဖြစ်၏။ အသိအကျွမ်း မ ရှိသောသူ တို့ ၏အမှု ကို ငါနားထောင် ၏။
17 And I break the jaw-teeth of the perverse, And from his teeth I cast away prey.
၁၇မ တရားသောသူ၏အစွယ် တို့ကို ငါချိုး ၍ ၊ သူ လုယူ ကိုက်စားသော အရာကိုနှုတ် ၏။
18 And I say, 'With my nest I expire, And as the sand I multiply days.'
၁၈ငါသည် ကိုယ် အသိုက် ၌ သေ ရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ ရက်တို့သည် သဲလုံး နှင့် အမျှ များပြား လိမ့်မည်ဟု အောက်မေ့၏။
19 My root is open unto the waters, And dew doth lodge on my branch.
၁၉ငါ့ အမြစ် သည် ရေ နား မှာပြန့်ပွါး ၏။ ဆီးနှင်း သည် တညဉ့်လုံး ငါ့ အခက် အလက်၌ ကျ၏။
20 My honour [is] fresh with me, And my bow in my hand is renewed.
၂၀ငါ့ ဘုန်း သည် အစဉ်ပွင့်လန်း လျက်၊ ငါ လေး သည် လည်း ငါ့ လက် ၌ အားဖြည့် လျက်ရှိ၏။
21 To me they have hearkened, Yea, they wait, and are silent for my counsel.
၂၁သူတပါးတို့သည် ငါ့ စကားကို နားထောင် ၍ ၊ ငါ ပေးသောအကြံ ကို ငံ့လင့် လျက် တိတ်ဆိတ် စွာနေကြ၏။
22 After my word they change not, And on them doth my speech drop,
၂၂ငါ ပြောပြီးသည်နောက် သူတို့သည် ပြန် ၍ မ ပြော။ ငါ့ စကား သည် သူ တို့အပေါ် မှာ ရေစက်ကဲ့သို့ကျ ၏။
23 And they wait as [for] rain for me, And their mouth they have opened wide [As] for the latter rain.
၂၃မိုဃ်းရေ ကိုငံ့လင့် သကဲ့သို့ ငါ့ ကို ငံ့လင့်လျက်၊ နောက်ကျ သော မိုဃ်းရေကို ခံချင်သကဲ့သို့ ၊ သူ တို့သည် ပစပ် ကို ကျယ်ကျယ်ဖွင့် လျက်နေကြ၏။
24 I laugh unto them — they give no credence, And the light of my face cause not to fall.
၂၄ငါသည် ပြုံး လျက်သူ တို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မ ယုံ နိုင်ကြ။ ငါ့မျက်နှာ ၏အလင်း ကိုလည်း မပျောက် စေကြ။
25 I choose their way, and sit head, And I dwell as a king in a troop, When mourners he doth comfort.
၂၅ငါသည် သူ တို့လမ်း ကိုပဲ့ပြင် ၍ အမြတ် ဆုံးသော နေရာ၌ ထိုင် ၏။ ဗိုလ်ခြေ အလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့ ၎င်း ၊ ညှိုးငယ် သောသူတို့ ကို နှစ်သိမ့် စေသော သူကဲ့သို့ ၎င်း ငါဖြစ်၏။