< Jeremiah 43 >
1 And it cometh to pass, when Jeremiah doth finish to speak unto all the people all the words of Jehovah their God, with which Jehovah their God hath sent him unto them — all these words —
၁ထိုလူ များတို့၏ ဘုရား သခင်ထာဝရဘုရား သည် ယေရမိ အားဖြင့် မှာ တော်မူသမျှ သော အမိန့် တော်တို့ကို၊ ယေရမိ သည် လူ အပေါင်း တို့ အား အကုန် အစင်ကြား ပြောသည်ရှိ သော် ၊
2 that Azariah son of Hoshaiah, and Johanan son of Kareah, and all the proud men, speak unto Jeremiah, saying, 'Falsehood thou art speaking; Jehovah our God hath not sent thee to say, Do not enter Egypt to sojourn there;
၂ဟောရှဲ သား အာဇရိ နှင့် ကာရာ သား ယောဟနန် အစ ရှိသော၊ မာန ထောင်လွှားသော သူ အပေါင်း တို့က၊ သင် သည် မုသာ စကားကိုပြော ၏။ အဲဂုတ္တု ပြည်သို့ သွား ၍ မ တည်းခို ရဟု ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင့် အားဖြင့်မှာ ထားတော်မ မူ။
3 for Baruch son of Neriah is moving thee against us, in order to give us up into the hand of the Chaldeans, to put us to death, and to remove us to Babylon.'
၃ခါလဒဲ လူတို့သည် ငါ တို့ကို သတ် ၍ ဗာဗုလုန် မြို့သို့ သိမ်းသွား စေမည်အကြောင်း ၊ သူတို့လက် သို့ ငါ တို့ကိုအပ် လိုသောငှါ ၊ နေရိ သား ဗာရုတ် သည်သင့် ကို နှိုးဆော် တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊
4 And Johanan son of Kareah, and all the heads of the forces, and all the people, have not hearkened to the voice of Jehovah, to dwell in the land of Judah;
၄ကာရာ သား ယောဟနန် အစ ရှိသော တပ်မှူး များနှင့် လူ များအပေါင်း တို့သည်၊ ယုဒ ပြည် ၌ နေ ရမည် ဟူသောထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်ဘဲ၊
5 and Johanan son of Kareah, and all the heads of the forces, take all the remnant of Judah who have turned from all the nations whither they were driven to sojourn in the land of Judah,
၅အတိုင်းတိုင်းအပြည်ပြည် သို့ နှင်ထုတ် ခြင်းကိုခံရပြီးမှ ယုဒ ပြည် ၌ နေ အံ့သောငှါ ၊
6 the men, and the women, and the infant, and the daughters of the king, and every person that Nebuzar-Adan, chief of the executioners, had left with Gedaliah son of Ahikam, son of Shaphan, and Jeremiah the prophet, and Baruch son of Neriah,
၆ပြန် လာသောယုဒ အမျိုးသားအကျန် အကြွင်း၊ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ မင်း သမီး အစ ရှိသော ကိုယ်ရံတော် မှူးနေဗုဇာရဒန် သည် ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ၌ အပ် သော လူ အပေါင်း တို့ကို၎င်း၊ ပရောဖက် ယေရမိ ၊ နေရိ သား ဗာရုတ် ကို၎င်း၊ ကာရာ သား ယောဟနန် နှင့် တပ်မှူး အပေါင်း တို့သည်ယူ ၍၊
7 and they enter the land of Egypt, for they have not hearkened to the voice of Jehovah, and they enter unto Tahpanhes.
၇ထာဝရဘုရား ၏အမိန့် တော်ကို နား မ ထောင်ဘဲ၊ အဲဂုတ္တု ပြည် သို့ သွား ၍တာပနက် မြို့သို့ ရောက် ကြ၏။
8 And there is a word of Jehovah unto Jeremiah in Tahpanhes, saying,
၈တာပနက် မြို့၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် တော်မူသည်ကား၊
9 'Take in thy hand great stones, and thou hast hidden them, in the clay, in the brick-kiln, that [is] at the opening of the house of Pharaoh in Tahpanhes, before the eyes of the men of Judah,
၉သင် သည်ကြီး သော ကျောက် တို့ကို ကိုင် ယူ ၍ ၊ တာပနက် မြို့၌ ဖာရော ဘုရင်၏အိမ် တော်ဝ နား မှာ ရှိသော အုတ်ဖို မြေ ၌ ၊ ယုဒ လူ များရှေ့ တွင် မြှုပ် ထားလော့။
10 and thou hast said unto them: Thus said Jehovah of Hosts, God of Israel: 'Lo, I am sending, and I have taken Nebuchadrezzar king of Babylon, My servant, and I have set his throne above these stones that I have hid, and he hath stretched out his pavilion over them,
၁၀သူ တို့အား လည်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ငါ သည်လူကိုစေလွှတ် ၍ ၊ ငါ ၏ကျွန် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ကိုဆောင် ခဲ့ပြီးလျှင် ၊ ငါမြှုပ် ထားသော ဤ ကျောက် တို့အပေါ် မှာ ၊ သူ ၏ရာဇ ပလ္လင်ကို ငါတည် မည်။ သူသည်လည်း ၊ မိမိ တဲ တော်ကို ဤကျောက် တို့အပေါ် မှာ ဖြန့် လိမ့်မည်။
11 and he hath come, and smitten the land of Egypt — those who [are] for death to death, and those who [are] for captivity to captivity, and those who [are] for the sword to the sword.
၁၁ထိုမင်းသည် ရောက် လာသောအခါ၊ အဲဂုတ္တု ပြည် ကိုလုပ်ကြံ ၍၊ သေတန်သောသူ တို့ ကို သေခြင်း သို့၎င်း ၊ သိမ်းသွားချုပ်ထားတန်သောသူ တို့ ကို သိမ်းသွားချုပ်ထားခြင်း သို့၎င်း၊ ကွပ်မျက်တန်သောသူ တို့ကိုကွပ်မျက်ခြင်း သို့၎င်း အပ်လိမ့်မည်။
12 And I have kindled a fire in the houses of the gods of Egypt, and it hath burned them, and he hath taken them captive, and covered himself with the land of Egypt, as cover himself doth the shepherd with his garment, and he hath gone forth thence in peace;
၁၂အဲဂုတ္တု ဘုရား အိမ် တို့ကို ငါမီး ရှို့ မည်။ သူသည် လည်း၊ ထိုဘုရား တို့ကိုမီးရှို့ ၍ သိမ်း သွားချုပ်ထားလိမ့်မည် ။ သိုးထိန်း သည် မိမိ အဝတ် ကို ဝတ် သကဲ့သို့ ၊ ထိုမင်း သည် အဲဂုတ္တု ပြည် ကိုဝတ် ၍ ငြိမ်ဝပ် စွာ ထွက် သွားလိမ့်မည်။
13 and he hath broken the standing pillars of the house of the sun, that [is] in the land of Egypt, and the houses of the gods of Egypt he doth burn with fire.'
၁၃အဲဂုတ္တု ပြည် ဗက်ရှေမက် မြို့၌၊ ရုပ်တု ဆင်းတုများကို ချိုး ဖျက်၍ ၊ အဲဂုတ္တု ဘုရား အိမ် များကို မီး ရှို့ လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။