< Isaiah 58 >

1 Call with the throat, restrain not, As a trumpet lift up thy voice, And declare to My people their transgression, And to the house of Jacob their sins;
``ကျယ်​နိုင်​သ​မျှ​ကျယ်​စွာ​တံ​ပိုး​မှုတ်​သ​ကဲ့ သို့​အော်​ဟစ်​၍ ငါ​၏​လူ​မျိုး​တော်​အား​သူ တို့​၏​အ​ပြစ်​များ​ကို​ဖော်​ပြ​လော့။-
2 Seeing — Me day by day they seek, And the knowledge of My ways they desire, As a nation that righteousness hath done, And the judgment of its God hath not forsaken, They ask of me judgments of righteousness, The drawing near of God they desire:
သူ​တို့​သည်​ငါ​၏​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ပါ​သည်​ဟူ​၍​လည်​ကောင်း၊ မှန်​ကန်​ရာ ကို​ပြု​ကျင့်​ပါ​သည်​ဟူ​၍​လည်း​ကောင်း​ပြော ဆို​ကာ ငါ့​အား​နေ့​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​၏​သွန်​သင်​ချက်​များ​ကို​သိ​ရှိ​လို​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​ကိုး​ကွယ်​ဝတ်​ပြု​လို​ကြ လျက် ငါ​၏​ထံ​တွင်​တ​ရား​မျှ​တ​သည့်​စည်း မျဉ်း​ဥ​ပ​ဒေ​သ​များ​ကို​တောင်း​ခံ​ကြ​၏။
3 'Why have we fasted, and Thou hast not seen? We have afflicted our soul, and Thou knowest not.' Lo, in the day of your fast ye find pleasure, And all your labours ye exact.
သူ​တို့​က``အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မြင်​တော်​မ မူ​လျှင် ငါ​တို့​အ​ဘယ်​ကြောင့်​အ​စာ​ရှောင် ကြ​ပါ​တော့​မည်​နည်း။ ကိုယ်​တော်​သည်​ငါ​တို့ နှိမ့်​ချ​သည်​ကို​မြင်​တော်​မ​မူ​လျှင် အ​ဘယ် ကြောင့်​ငါ​တို့​ဒုက္ခ​ခံ​ကြ​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​အား``အ​ဖြစ်​မှန် မှာ​သင်​တို့​သည်​အ​စာ​ရှောင်​လျက်​နေ​စဉ်​၌ ပင်​ကိုယ်​ကျိုး​ရှာ​လျက် မိ​မိ​တို့​ငယ်​သား များ​ကို​လည်း​နှိပ်​စက်​ညှင်း​ဆဲ​ကြ​၏။-
4 Lo, for strife and debate ye fast, And to smite with the fist of wickedness, Ye fast not as [to] -day, To sound in the high place your voice.
သင်​တို့​အ​စာ​ရှောင်​ခြင်း​သည်​သင်​တို့​အား အ​စဉ်​အ​မြဲ​အ​ချင်း​များ​စေ​လျက်​ခိုက်​ရန် ဒေါ​သ​ဖြစ်​ကာ​အ​ကြမ်း​ဖက်​စေ​ကြ​၏။ ဤ နည်း​အား​ဖြင့်​သင်​တို့​တောင်း​လျှောက်​ကြ​သည့် ဆု​တောင်း​ပတ္ထ​နာ​များ​သည် ငါ့​ကို​နား​ညောင်း စေ​နိုင်​လိမ့်​မည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​လော။-
5 Like this is the fast that I choose? The day of a man's afflicting his soul? To bow as a reed his head, And sackcloth and ashes spread out? This dost thou call a fast, And a desirable day — to Jehovah?
သင်​တို့​သည်​အ​စာ​ရှောင်​လျက်​တစ်​ရက်​တာ​မျှ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ခြင်း​ကို​ငါ​နှစ်​သက်​သည် ဟု​ထင်​မှတ်​ကြ​သ​လော။ ဒုက္ခ​ခံ​လျက်​မြက်​ပင် များ​သ​ဖွယ်​ဦး​ခေါင်း​များ​ကို​ကိုင်း​ညွှတ်​၍ မိ​မိ​တို့​ထိုင်​ရန်​လျှော်​တေ​အ​ဝတ်​နှင့်​ပြာ ကို​ခင်း​တတ်​ကြ​၏။ ဤ​အ​ပြု​အ​မူ​ကား အ​စာ​ရှောင်​ခြင်း​ဟု သင်​တို့​ခေါ်​ဆို​ကြ​သည့် အ​ရာ​ပေ​လော။ ယင်း​သို့​သင်​တို့​ပြု​မူ​သော နေ့​ရက်​ကို ငါ​နှစ်​သက်​မြတ်​နိုး​တော်​မူ သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။
6 Is not this the fast that I chose — To loose the bands of wickedness, To shake off the burdens of the yoke, And to send out the oppressed free, And every yoke ye draw off?
``ငါ​နှစ်​သက်​မြတ်​နိုး​သည့်​အ​စာ​ရှောင်​ခြင်း မှာ​နှိပ်​စက်​ညှင်း​ဆဲ​မှု​တည်း​ဟူ​သော​နှောင် ကြိုး​ကို​ဖြတ်​၍ မ​တ​ရား​စိုး​မိုး​မှု​ကို​ဖယ်​ရှား ကာ​အ​နှိပ်​စက်​ခံ​ရ​သူ​တို့​အား​ကယ်​နုတ်​ခြင်း၊-
7 Is it not to deal to the hungry thy bread, And the mourning poor bring home, That thou seest the naked and cover him, And from thine own flesh hide not thyself?
ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​ကို​ကျွေး​မွေး​ခြင်း၊ နေ စ​ရာ​မ​ရှိ​သည့်​ဆင်း​ရဲ​သား​တို့​အား​နေ​ရာ ထိုင်​ခင်း​ပေး​အပ်​ခြင်း၊ အ​ဝတ်​အ​စား​ချို့​တဲ့ သူ​တို့​အား​ပေး​ကမ်း​၍​သင်​တို့​အ​မျိုး​သား များ​အား​ကူ​ညီ​မ​စ​ရ​မည့်​တာ​ဝန်​ကို​မ ရှောင်​မ​လွှဲ​ဘဲ​နေ​ခြင်း​တို့​ပင်​ဖြစ်​ပေ​သည်။
8 Then broken up as the dawn is thy light, And thy health in haste springeth up, Gone before thee hath thy righteousness, The honour of Jehovah doth gather thee.
``သင်​တို့​သည်​ဤ​အ​တိုင်း​ပြု​ကျင့်​ကြ​ပါ​မူ ငါ​၏​ကျေး​ဇူး​တော်​အ​လင်း​သည်​တက်​သစ်​စ နေ​ရောင်​ခြည်​သ​ဖွယ် သင်​တို့​အ​ပေါ်​သို့​သက် ရောက်​၍​သင်​တို့​အ​နာ​ရော​ဂါ​များ​သည်​လည်း လျင်​မြန်​စွာ​ပျောက်​ကင်း​သွား​လိမ့်​မည်။ ဖြောင့် မတ်​သော​အ​ရှင်​သည်​သင်​တို့​နှင့်​ထာ​ဝ​စဉ် အ​တူ​ရှိ​နေ​မည်။ အ​ဘက်​ဘက်​မှ​နေ​၍​ငါ ၏​ဘုန်း​တော်​သည် သင်​တို့​အား​ကာ​ကွယ် စောင့်​ရှောက်​မည်။-
9 Then thou callest, and Jehovah answereth, Thou criest, and He saith, 'Behold Me.' If thou turn aside from thy midst the yoke, The sending forth of the finger, And the speaking of vanity,
သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ နား​ညောင်း​မည်။ သင်​တို့​အ​ကူ​အ​ညီ​တောင်း သော​အ​ခါ​ငါ​ထူး​မည်။ ``အ​ကယ်​၍​သင်​တို့​သည်​နှိပ်​စက်​ညှင်း​ဆဲ​မှု ကို​ရပ်​စဲ​၍​မ​တ​ရား​စွပ်​စွဲ​မှု​ကို​ရှောင်​ရှား ပြီး​ဆိုး​ညစ်​သည့်​စ​ကား​မှန်​သ​မျှ​ကို​ဖယ် ရှား​ကာ၊-
10 And dost bring out to the hungry thy soul, And the afflicted soul dost satisfy, Then risen in the darkness hath thy light, And thy thick darkness [is] as noon.
၁၀ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​အား​အ​စား​အ​စာ ကျွေး​မွေး​လျက် ချို့​တဲ့​သူ​တို့​၏​လို​အင်​ဆ​န္ဒ ကို​ဖြည့်​ကြ​မည်​ဆို​ပါ​မူ သင်​၏​အ​လင်း​သည် သင်​၏​ပတ်​ဝန်း​ကျင်​ရှိ​မှောင်​မိုက်​ကို​လင်း​လိမ့် မည်။ သင်​၏​ည​သည်​မွန်း​တည့်​အ​လင်း​ရောင် အ​ဖြစ်​သို့​ပြောင်း​လဲ​၍​သွား​လိမ့်​မည်။-
11 And Jehovah doth lead thee continually, And hath satisfied in drought thy soul, And thy bones He armeth, And thou hast been as a watered garden, And as an outlet of waters, whose waters lie not.
၁၁ငါ​သည်​လည်း​သင်​တို့​ကို​ထာ​ဝ​စဉ်​လမ်း​ပြ ပို့​ဆောင်​ကာ နေ​ပူ​ပြင်း​လျက်​ခြောက်​သွေ့​ရာ ဒေ​သ​၌​ကောင်း​မြတ်​သည့်​အ​စား​အ​စာ များ​အား​ဖြင့်​ရောင့်​ရဲ​စေ​မည်။ သင်​တို့​အား ကျန်း​မာ​သန်​စွမ်း​စေ​မည်။ သင်​တို့​သည်​ရေ အ​လုံ​အ​လောက်​ရ​ရှိ​သည့်​ဥ​ယျာဉ်​ကဲ့​သို့ လည်း​ကောင်း၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ခန်း မ​ခြောက်​သည့်​စမ်း​ချောင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။-
12 And they have built out of thee the wastes of old, The foundations of many generations thou raisest up, And one calleth thee, 'Repairer of the breach, Restorer of paths to rest in.'
၁၂သင်​တို့​အ​မျိုး​သား​များ​သည်​လည်း​ကြာ​မြင့် စွာ​ယို​ယွင်း​ပျက်​စီး​နေ​ခဲ့​သည့်​အ​ဆောက်​အ​ဦ များ​ကို​အုတ်​မြစ်​ဟောင်း​များ​အ​ပေါ်​တွင်​ပြန် လည်​တည်​ဆောက်​ရကြ​လိမ့်​မည်။ သင်​တို့​သည် ပြို​ပျက်​လျက်​ရှိ​သည့်​မြို့​ရိုး​များ​ကို​ပြု​ပြင် လျက်၊ ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက် အ​ဦ​များ​နှင့် လမ်း​များ​ကို​ပြန်​လည်​တည် ဆောက်​သူ​များ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ကို​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
13 If thou dost turn from the sabbath thy foot, Doing thine own pleasure on My holy day, And hast cried to the sabbath, 'A delight,' To the holy of Jehovah, 'Honoured,' And hast honoured it, without doing thine own ways, Without finding thine own pleasure, And speaking a word.
၁၃ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နေ့​အ ဖြစ်​ထား​ရှိ​လျက်၊ ထို​နေ့​၌​ကိုယ်​ကျိုး​ရှာ​လုပ် ငန်း​များ​ကို​ရှောင်​ရှား​ကြ​မည်​ဆို​လျှင်​လည်း ကောင်း၊ အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​နှစ်​သက် သော​ခ​ရီး​သွား​ခြင်း၊ နှစ်​သက်​သော​အ​လုပ် လုပ်​ခြင်း၊ သို့​မ​ဟုတ်​အ​ကျိုး​မ​ရှိ​သော​စ​ကား များ​ကို​ပြော​ဆို​ခြင်း​တို့​ကို​ရှောင်​ကြဉ်​၍၊ ငါ​၏ မြင့်​မြတ်​သန့်​ရှင်း​သည့်​နေ့​တော်​ကို​နှစ်​သက် လျက် တန်​ဖိုး​ထား​ကာ​ရို​သေ​လေး​စား​ကြ မည်​ဆို​လျှင်​လည်း​ကောင်း၊-
14 Then dost thou delight thyself on Jehovah, And I have caused thee to ride on high places of earth, And have caused thee to eat the inheritance of Jacob thy father, For the mouth of Jehovah hath spoken!
၁၄ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​မှ​ရ​ရှိ​အပ်​သော စိတ္တ​သု​ခ​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​ဂုဏ်​အ​သ ရေ​ရှိ​စေ​မည်။ သင်​တို့​သည်​လည်း​မိ​မိ​တို့​ဘိုး ဘေး​ယာ​ကုပ်​အား​ပေး​အပ်​ခဲ့​သည့်​ပြည်​တော် တွင်​ပျော်​မွေ့​စွာ​နေ​ရ​ကြ​လိမ့်​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

< Isaiah 58 >