< Hosea 10 >

1 'An empty vine [is] Israel, Fruit he maketh like to himself, According to the abundance of his fruit, He hath multiplied for the altars, According to the goodness of his land, They have made goodly standing-pillars.
ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​သီး​များ စွာ​သီး​သော​စ​ပျစ်​နွယ်​ပင်​နှင့်​တူ​၏။ သူ​တို့ သည်​စီး​ပွား​တိုး​တက်​လာ​သည်​နှင့်​အ​မျှ ယဇ်​ပလ္လင်​များ​စွာ​ကို​တည်​ဆောက်​ကြ​၏။ အ​သီး​အ​နှံ​ပေါ​များ​လာ​သည်​နှင့်​အ​မျှ သူ​တို့​ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို ပို​၍​လှ​ပ​စွာ​တန်​ဆာ​ဆင်​ကြ​၏။-
2 Their heart hath been divided, now they are guilty, He doth break down their altars, He doth destroy their standing-pillars.
သူ​တို့​၏​စိတ်​နှ​လုံး​သည်​မ​စစ်​မှန်​သ​ဖြင့် ယ​ခု​ပင်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ ၍​သူ​တို့​ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို ဖျက်​ဆီး​တော်​မူ​မည်။
3 For now they say: We have no king, Because we have not feared Jehovah, And the king — what doth he for us?
မ​ကြာ​မီ​၌​ပင်​ဤ​သူ​တို့​က``ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​မ​ကြောက်​ရွံ့​သော​ကြောင့် ငါ​တို့​၌​ဘု​ရင်​မ​ရှိ၊ ဘု​ရင်​ရှိ​သည့်​တိုင် အောင်​သူ​သည်​ငါ​တို့​အ​တွက်​မည်​သို့​ဆောင် ရွက်​ပေး​နိုင်​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။-
4 They have spoken words, To swear falsehood in making a covenant, And flourished as a poisonous herb hath judgment, on the furrows of a field.
ရှင်​ဘု​ရင်​တို့​သည်​အ​ကျိုး​မဲ့​စကား​ကို​ပြော ၍​မ​မှန်​သော​က​တိ​ကို​ပေး​ကာ၊ အ​သုံး​မ​ကျ သော​သ​ဘော​တူ​ညီ​ချက်​များ​ရ​ယူ​ကြ​၏။ က​တိ​သစ္စာ​မ​တည်​ကြ၊ ထွန်​ယက်​ထား​သော လယ်​တွင်​အ​ဆိပ်​ပင်​ပေါက်​ပွား​သ​ကဲ့​သို့ တိုင်း ပြည်​တွင်​တ​ရား​မျှ​တ​မှု​အ​စား​မ​တ​ရား မှု​ကြီး​စိုး​လျက်​ရှိ​၏။
5 For the calves of Beth-Aven fear do inhabitants of Samaria, Surely mourned on account of it hath its people, And its priests on account of it leap about, Because of its honour, for it hath removed from it,
ရှ​မာ​ရိ​မြို့​သား​တို့​သည်​ဗေ​သ​ဝင်​မြို့​တွင် ရှိ​သော​ရွှေ​နွား​ရုပ်​ဆုံး​ရှုံး​ရ​သ​ဖြင့် ကြောက်​ရွံ့ ၍​ငို​ကြွေး​မြည်​တမ်း​လိမ့်​မည်။ ထို​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​များ​နှင့်​ယဇ်​ပု​ရော​ဟိတ် တို့​သည်​ရွှေ​နွား​ရုပ်​အ​တွက်​ငို​ကြွေး​ကြ လိမ့်​မည်။ ထို​ရွှေ​ရုပ်​တု​၏​ဘုန်း​တန်​ခိုး​ကွယ် ပျောက်​၍​တိုင်း​တစ်​ပါး​သို့​ယူ​ဆောင်​သွား ခြင်း​ခံ​ရ​သော​အ​ခါ သူ​တို့​သည်​မြည် တမ်း​ကြ​လိမ့်​မည်။-
6 Also it to Asshur is carried, a present to a warlike king, Shame doth Ephraim receive, And ashamed is Israel of its own counsel.
ထို​ရုပ်​တု​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ကြီး အား​ဆက်​သ​ရန်​ထို​ပြည်​သို့​ယူ​ဆောင်​သွား ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ဤ​ရုပ်​တု​ကို​ယုံ​ကြည်​ကိုး​စား​မိ​သ​ဖြင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။-
7 Cut off is Samaria! Its king [is] as a chip on the face of the waters.
သူ​တို့​၏​ဘု​ရင်​သည် ရေ​ထဲ​တွင်​မျော​ပါ​သွား သော​သစ်​စ​ကဲ့​သို့​ဖမ်း​ဆီး​သွား​ခြင်း​ခံ​ရ မည်။-
8 And destroyed have been high places of Aven, the sin of Israel. Thorn and bramble go up on their altars, And they have said to hills, Cover us, And to heights, Fall upon us.
အာ​ဝင်​မြို့​တောင်​ကုန်း​ပေါ်​ရှိ ဣ​သ​ရေ​လ ပြည်​သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​များ​သည် ပြို​ပျက်​ရ​လိမ့်​မည်။ သူ​တို့​၏​ယဇ်​ပလ္လင်​များ ပေါ်​တွင်​ဆူး​ပင်​များ၊ ပေါင်း​ပင်​များ​ပေါက် လိမ့်​မည်။ ထို​အ​ခါ​လူ​တို့​က​တောင်​များ ကို``ငါ​တို့​အား​ဖုံး​ကွယ်​ထား​ကြ​ပါ'' ဟူ​၍ လည်​ကောင်း၊ တောင်​ကုန်း​များ​ကို``ငါ​တို့​အား ဖုံး​အုပ်​ထား​ကြ​ပါ'' ဟူ​၍​လည်​ကောင်း ဟစ်​အော်​တောင်း​ပန်​ကြ​လိမ့်​မည်။
9 From the days of Gibeah thou hast sinned, O Israel, There they have stood, Not overtake them in Gibeah doth battle, Because of sons of perverseness.
ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ဂိ​ဗာ​မြို့​တွင်​ကူး​လွန်​လျက်​ရှိ​သော ဒု​စ​ရိုက်​ကို​ဆက်​လက်​ကူး​လွန်​လျက်​ရှိ​ကြ ၏။ သို့​ဖြစ်​၍​ဂိ​ဗာ​မြို့​တွင်​စစ်​ဘေး​သည်​သူ တို့​ကို​မီ​လာ​လိမ့်​မည်။-
10 When I desire, then I do bind them, And gathered against them have peoples, When they bind themselves to their two iniquities.
၁၀အ​ပြစ်​ကူး​လွန်​သော​ဤ​သူ​တို့​ကို တိုက်​ခိုက် ၍​ဆုံး​မ​မည်။ အ​ခြား​နိုင်​ငံ​များ​သည်​စု​ပေါင်း ၍​သူ​တို့​ကို​တိုက်​ခိုက်​သ​ဖြင့် သူ​တို့​သည်​မိ​မိ တို့​၏​များ​ပြား​သော​အ​ပြစ်​များ​အ​တွက် ဒဏ်​ခတ်​ခြင်း​ခံ​ကြ​ရ​တော့​မည်။
11 And Ephraim [is] a trained heifer — loving to thresh, And I — I have passed over on the goodness of its neck, I cause [one] to ride Ephraim, Plough doth Judah, harrow for him doth Jacob.
၁၁``ယ​ခင်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျင့်​သား​ရ​ပြီး​၍ စ​ပါး​နယ်​ရန်​အ​သင့်​ရှိ​နေ သော​နွား​မ​တမ်း​နှင့်​တူ​၏။ သို့​ရာ​တွင်​ငါ​သည် သူ​၏​လှ​ပ​သော​လည်​ကုပ်​တွင် ထမ်း​ပိုး​တင်​၍ အ​လုပ်​ကြမ်း​ကို​လုပ်​စေ​မည်။ ငါ​သည်​ယု​ဒ အ​မျိုး​သား​တို့​ကို​ထွန်​ယက်​စေ​၍​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကို​ထယ်​ထိုး​စေ​မည်။-
12 Sow for yourselves in righteousness, Reap according to loving-kindness, Till for yourselves tillage of knowledge, To seek Jehovah, Till he come and shew righteousness to you.
၁၂ငါ​က`သင်​တို့​အ​တွက်​မြေ​ရိုင်း​ကို​ထွန်​ယက် ၍​တ​ရား​မျှ​တ​မှု​မျိုး​စေ့​ကို​ကြဲ​လော့၊ ငါ့ အား​သစ္စာ​စောင့်​ခြင်း​၏​အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​လော့၊ သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ထံ​သို့​ပြန်​လာ​ချိန်​ရောက်​ပြီ။ ငါ​သည်​လည်း ကြွ​လာ​၍​သင်​တို့​အား​ကောင်း​ကြီး​ပေး တော်​မူ​မည်' ဟု​မိန့်​တော်​မူ​၏။-
13 Ye have ploughed wickedness, Perversity ye have reaped, Ye have eaten the fruit of lying, For thou hast trusted in thy way, In the abundance of thy might.
၁၃သို့​ရာ​တွင်​သင်​တို့​သည်​ဒု​စ​ရိုက်​မျိုး​စေ့​ကို စိုက်​ပျိုး​၍​ဒု​စ​ရိုက်​အ​သီး​အ​နှံ​ကို​ရိတ် သိမ်း​ကြ​၏။ သင်​တို့​သည်​မု​သား​၏​ဒု​စ​ရိုက် အ​သီး​အ​နှံ​ကို​စား​ကြ​ပြီ။ ``သင်​တို့​သည်​သင်​တို့​၏​စစ်​ရ​ထား​များ​နှင့် စစ်​သည်​အင်​အား​ကြီး​မား​ခြင်း​ကို​အား​ကိုး ကြ​ခြင်း​ကြောင့်၊-
14 And rise doth a tumult among thy people, And all thy fortresses are spoiled, As the spoiling of Shalman of Beth-Arbel, In a day of battle, Mother against sons dashed in pieces.
၁၄စစ်​ပွဲ​တွင်​သင်​တို့​အား​ရန်​သူ​များ​တိုက်​ခိုက် ၍​သင်​တို့​၏​ခံ​တပ်​များ​ပြို​ပျက်​ကုန်​ကြ​လိမ့် မည်။ ရှာ​လ​မန်​ဘု​ရင်​စစ်​ချီ​၍​ဗေ​သာ​ဗေ​လ မြို့​ကို​တိုက်​ခိုက်​ဖျက်​ဆီး​သော​အ​ခါ မိ​ခင် နှင့်​က​လေး​များ​သတ်​ဖြတ်​သုတ်​သင်​ခြင်း ခံ​ရ​ကြ​၏။-
15 Thus hath Beth-El done to you, Because of the evil of your wickedness, In the dawn cut off utterly is a king of Israel!
၁၅ဗေ​သ​လ​မြို့​သား​တို့၊ သင်​တို့​သည်​ကြီး​လေး သော​ဒု​စ​ရိုက်​ကို​ကူး​လွန်​ခဲ့​သ​ဖြင့် ထို​ကဲ့ သို့​သော​အ​ဖြစ်​အ​ပျက်​မျိုး​နှင့်​ကြုံ​ရ​လိမ့် မည်။ စစ်​ပွဲ​စ​လျှင်​စ​ခြင်း​ဣ​သ​ရေ​လ​ဘုရင် ကျ​ဆုံး​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< Hosea 10 >