< Hosea 1 >
1 A word of Jehovah that hath been unto Hosea, son of Beeri, in the days of Uzziah, Jotham, Ahaz, Hezekiah, kings of Judah, and in the days of Jeroboam son of Joash, king of Israel:
၁ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်း၊ ဣသရေလ ရှင်ဘုရင် ယောရှ သား ယေရောဗောင် မင်းတို့လက်ထက် ၊ ဗေရိ ၏ သား ဟောရှေ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် အစအဦးဟူမူကား၊
2 The commencement of Jehovah's speaking by Hosea. And Jehovah saith unto Hosea, 'Go, take to thee a woman of whoredoms, and children of whoredoms, for utterly go a-whoring doth the land from after Jehovah.'
၂သင် သွား ၍ ပြည်တန်ဆာ မိန်းမ နှင့်တကွ သူဘွားမြင်သော သားသမီး တို့ကို သိမ်းပိုက် လော့။ အကြောင်း မူကား၊ ပြည်သား တို့သည် ထာဝရဘုရား ကိုစွန့်ပစ် ၍ အထပ်ထပ်မှားယွင်း ကြပြီဟု ဟောရှေ အား မှာ ထားတော်မူသည် အတိုင်း ၊
3 And he goeth and taketh Gomer daughter of Diblaim, and she conceiveth and beareth to him a son;
၃ဟောရှေသည်သွား ၍ ဒိဗလိမ် သမီး ဂေါမာ ကို သိမ်းပိုက် သဖြင့် ၊ သူသည် ပဋိသန္ဓေ ယူ၍ ဟောရှေ ၌ သား ယောက်ျားကို ဘွားမြင် လေ၏။
4 and Jehovah saith unto him, 'Call his name Jezreel, for yet a little, and I have charged the blood of Jezreel on the house of Jehu, and have caused to cease the kingdom of the house of Israel;
၄ထာဝရဘုရား ကလည်း ၊ ထို သားကို ယေဇရေလ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ခဏကြာ ပြီးမှ ယေဇရေလ အသက် ကိုသတ်သောအပြစ်ကြောင့်၊ ယေဟု အမျိုး ကို ငါသည် ဒဏ်ပေး ၍ ဣသရေလ အမျိုး ၏ နိုင်ငံ ကို ဆုံး စေမည်။
5 and it hath come to pass in that day that I have broken the bow of Israel, in the valley of Jezreel.'
၅ဣသရေလ လေး ကို ယေဇရေလ ချိုင့် ၌ ငါချိုး သောနေ့ ခြင်းတွင် ထို အမှုပြည့်စုံ လိမ့်မည်ဟု မိန့် တော်မူ ၏။
6 And she conceiveth again, and beareth a daughter, and He saith to him, 'Call her name Lo-Ruhamah, for I add no more to pity the house of Israel, for I do utterly take them away;
၆တဖန် ပဋိသန္ဓေ ယူ၍ သမီး ကိုဘွားမြင် လေ၏။ ထို သမီးကို လောရုဟာမာ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး ကို နောက် တဖန် မ သနား မစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်း မည်။
7 and the house of Judah I pity, and have saved them by Jehovah their God, and do not save them by bow, and by sword, and by battle, by horses, and by horsemen.'
၇ယုဒ အမျိုး ကိုကား ၊ သနား စုံမက်ဦးမည်။ သို့ရာတွင် ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်၊ မြင်း ၊ မြင်း စီးသူရဲ အားဖြင့် မ ကယ်တင် ၊ သူ တို့၏ ဘုရား သခင်ထာဝရဘုရား အားဖြင့် ကယ်တင် မည်ဟု မိန့် တော်မူ၏။
8 And she weaneth Lo-Ruhamah, and conceiveth, and beareth a son;
၈လောရုဟာမာ ကို နို့ ခွါသောအခါ ၊ အမိသည် ပဋိသန္ဓေ ယူပြန်၍ သား ယောက်ျားကို ဘွားမြင် လေ၏။
9 and He saith, 'Call his name Lo-Ammi, for ye [are] not My people, and I am not for you;
၉ထို သားကိုလောအမ္မိ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ သင် တို့သည် ငါ ၏လူ မ ဟုတ်။ ငါ သည် လည်း သင် တို့၏ ဘုရားသခင်မ ဟုတ် ။
10 and the number of the sons of Israel hath been as the sand of the sea, that is not measured nor numbered, and it hath come to pass in the place where it is said to them, Ye [are] not My people, it is said to them, Sons of the Living God;
၁၀သို့ရာတွင် ၊ ဣသရေလ အမျိုးသား တို့သည် မ ခြင် နိုင်၊ မ ရေတွက် နိုင်သော သမုဒ္ဒရာ သဲလုံး နှင့်အမျှ များ ကြလိမ့်မည်။ သင် တို့သည် ငါ ၏ လူ မ ဟုတ်ဟု ထိုသူ တို့အား ပြောဆို ရာ အရပ် ၌ ပင်လျှင်၊ သူ တို့သည် အသက်ရှင် တော်မူသောဘုရား သခင်၏သား ဟု ခေါ်ဝေါ် ခြင်းကိုခံရကြလိမ့်မည်။
11 and gathered have been the sons of Judah and the sons of Israel together, and they have appointed to themselves one head, and have gone up from the land, for great [is] the day of Jezreel.
၁၁ထိုအခါ ယုဒ အမျိုးသား တို့နှင့် ဣသရေလ အမျိုးသား တို့သည် စုဝေး ပေါင်းဘော်၍ ၊ မင်း တဦးတည်း ကို ချီးမြှောက် သဖြင့် ထိုပြည် ထဲက ထွက်လာ ကြ လိမ့်မည်။ ယေဇရေလ နေ့ သည် ကြီးမြတ် သောနေ့ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။