< Hebrews 12 >
1 Therefore, we also having so great a cloud of witnesses set around us, every weight having put off, and the closely besetting sin, through endurance may we run the contest that is set before us,
၁ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။-
2 looking to the author and perfecter of faith — Jesus, who, over-against the joy set before him — did endure a cross, shame having despised, on the right hand also of the throne of God did sit down;
၂ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။
3 for consider again him who endured such gainsaying from the sinners to himself, that ye may not be wearied in your souls — being faint.
၃အပြစ်သားတို့၏ပြင်းထန်စွာမုန်းတီးခြင်း ကိုကိုယ်တော်အဘယ်မျှခံတော်မူကြောင်း သင်တို့ထောက်ရှုဆင်ခြင်လျက်စိတ်ပျက် အားလျော့ခြင်းမရှိကြနှင့်။-
4 Not yet unto blood did ye resist — with the sin striving;
၄သင်တို့သည်အပြစ်ဒုစရိုက်နှင့်ဆိုင်ပြိုင် တိုက်ခိုက်ကြရာတွင် ယခုအချိန်အထိ သေဘေးနှင့်ရင်မဆိုင်ကြရသေးပေ။-
5 and ye have forgotten the exhortation that doth speak fully with you as with sons, 'My son, be not despising chastening of the Lord, nor be faint, being reproved by Him,
၅ကျမ်းစာတော်တွင်ဘုရားသခင်က၊ ``ငါ့သား၊ထာဝရဘုရားပဲ့ပြင်တော်မူသည်ကို ဂရုပြုလော့။ ဆုံးမတော်မူသောအခါစိတ် မပျက်နှင့်။
6 for whom the Lord doth love He doth chasten, and He scourgeth every son whom He receiveth;'
၆အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိ ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၍ သားအဖြစ်လက်ခံတော်မူသောသူကို ဒဏ်ပေးတော်မူတတ်သောကြောင့်ဖြစ်၏'' ဟုသင်တို့အားသားများအနေဖြင့်အား ပေးတိုက်တွန်းထားသည်ကိုသင်တို့မေ့ လျော့သွားကြလေပြီလော။-
7 if chastening ye endure, as to sons God beareth Himself to you, for who is a son whom a father doth not chasten?
၇သင်တို့ဆင်းရဲဒုက္ခခံရခြင်းသည်ဖခင်၏ ဆုံးမခြင်းကိုခံရသည်ဟုခံယူရကြမည်။ ယင်းသို့ခံရခြင်းသည်သင်တို့အားသားများ အနေဖြင့် ဘုရားသခင်ဆက်ဆံလျက်ရှိတော် မူကြောင်းကိုပြ၏။ ဖခင်မဆုံးမသောသား ဟူ၍အဘယ်မှာရှိသနည်း။-
8 and if ye are apart from chastening, of which all have become partakers, then bastards are ye, and not sons.
၈သင်တို့အားဒဏ်ပေးတော်မမူလျှင်သင်တို့ သည်သားရင်းများမဟုတ်ဘဲ တရားမဝင် သောသားများသာလျှင်ဖြစ်ကြ၏။-
9 Then, indeed, fathers of our flesh we have had, chastising [us], and we were reverencing [them]; shall we not much rather be subject to the Father of the spirits, and live?
၉ငါတို့အားဆုံးမသောလူဖခင်ကိုငါတို့ ကရိုသေလေးစားကြပေသည်။ သို့ဖြစ်၍ ငါတို့သည်ဝိညာဉ်ရေးဆိုင်ရာဖခင်၏ အဆုံးအမကိုပို၍ပင် ခံယူကာအသက် ရှင်သင့်ကြသည်မဟုတ်လော။-
10 for they, indeed, for a few days, according to what seemed good to them, were chastening, but He for profit, to be partakers of His separation;
၁၀ဤတိုတောင်းသောဘဝ၌လူဖခင်များသည် မိမိတို့လျောက်ပတ်သည်ဟုထင်မှတ်သည့် အတိုင်းငါတို့အားဒဏ်ပေးတတ်ကြ၏။ သို့ရာတွင်ဘုရားသခင်မူကားငါတို့ အကျိုးကိုထောက်၍ မိမိကဲ့သို့မြင့်မြတ် သန့်ရှင်းနိုင်ကြစေရန်ငါတို့အားဒဏ် ပေးတော်မူပေသည်။-
11 and all chastening for the present, indeed, doth not seem to be of joy, but of sorrow, yet afterward the peaceable fruit of righteousness to those exercised through it — it doth yield.
၁၁ဒဏ်ပေးခြင်းခံရသည်မှာပျော်ရွှင်စရာ မဟုတ်။ ဝမ်းနည်းစရာဟူ၍ထင်မှတ်ရ သော်လည်းယင်းသို့ဆုံးမခြင်းခံရသူတို့ သည်ကားနောင်အခါ၌ဖြောင့်မတ်ခြင်းတည်း ဟူသောငြိမ်သက်ခြင်းအကျိုးကိုရရှိကြ လေသည်။
12 Wherefore, the hanging-down hands and the loosened knees set ye up;
၁၂သို့ဖြစ်၍သင်တို့၏နွမ်းနယ်သည့်လက်များကို အပေါ်သို့မ၍ချိနဲ့သည့်ဒူးဆစ်တို့ကိုခိုင်ခံ့ စေကြလော့။-
13 and straight paths make for your feet, that that which is lame may not be turned aside, but rather be healed;
၁၃လမ်းဖြောင့်များတွင်ဆက်လက်၍လျှောက်သွား ကြလော့။ သို့မှသာလျှင်မစွမ်းမသန်သောခြေ သည်ချိနဲ့၍မနေဘဲစွမ်းသန်၍လာလိမ့်မည်။
14 peace pursue with all, and the separation, apart from which no one shall see the Lord,
၁၄လူတိုင်းနှင့်ငြိမ်းချမ်းစွာနေနိုင်ရန်ကြိုးစား ကြလော့။ မြင့်မြတ်သန့်ရှင်းခြင်းပါရမီကို ရှာကြလော့။ ထိုပါရမီမရှိလျှင်အဘယ် သူမျှဘုရားသခင်ကိုဖူးမြင်ရလိမ့်မည် မဟုတ်။-
15 looking diligently over lest any one be failing of the grace of God, lest any root of bitterness springing up may give trouble, and through this many may be defiled;
၁၅ဘုရားသခင်၏ကျေးဇူးတော်ကိုအဘယ် သူမျှမငြင်းမပယ်စေနှင့်။ မြစ်ခါးပင်သည် မိမိ၏အဆိပ်ဖြင့်လူအများအားဒုက္ခ ပေးတတ်၏။ အဘယ်သူမျှထိုအပင်ကဲ့ သို့မဖြစ်စေနှင့်။-
16 lest any one be a fornicator, or a profane person, as Esau, who in exchange for one morsel of food did sell his birthright,
၁၆အဘယ်သူမျှဧသောကဲ့သို့မသမာသူ၊ လောကီဆန်သူမဖြစ်စေနှင့်။ ဧသောသည် သားဦးအရာကိုထမင်းတစ်နပ်စာဖြင့် ရောင်းခဲ့ပေသည်။-
17 for ye know that also afterwards, wishing to inherit the blessing, he was disapproved of, for a place of reformation he found not, though with tears having sought it.
၁၇သင်တို့သိသည့်အတိုင်း သူသည်နောင်အခါမှ ဖခင်၏ကောင်းချီးကိုခံယူရန်အလိုရှိ၏။ သို့ရာတွင်မရရှိခဲ့။ အဘယ်ကြောင့်ဆိုသော် သူသည်မိမိပြုပြီးသည့်အမှုကိုပြန်လည် ပြင်ဆင်ရန် နည်းလမ်းကိုမျက်ရည်ကျလျက် ရှာသော်လည်းမတွေ့နိုင်သောကြောင့်ဖြစ်၏။
18 For ye came not near to the mount touched and scorched with fire, and to blackness, and darkness, and tempest,
၁၈ဣသရေလအမျိုးသားတို့ကဲ့သို့သင်တို့ သည်လက်နှင့်စမ်းသပ်နိုင်သောသိနာတောင် သို့ရောက်ရှိနေကြသည်မဟုတ်။ ထိုတောင် သည်မီးတောက်မီးလျှံထ၍မဲမှောင်ညိုမှိုင်း ကာမုန်တိုင်းကျလျက် တံပိုးခရာမှုတ်သံ နှင့်ဗျာဒိတ်တော်အသံထွက်ပေါ်လာသည့် တောင်ဖြစ်၏။ ဣသရေလအမျိုးသားတို့သည် ဗျာဒိတ်တော်အသံကိုနောက်တစ်ဖန်မကြား ရစေရန်မောရှေအားတောင်းပန်ကြ၏။-
19 and a sound of a trumpet, and a voice of sayings, which those having heard did entreat that a word might not be added to them,
၁၉
20 for they were not bearing that which is commanded, 'And if a beast may touch the mountain, it shall be stoned, or with an arrow shot through,'
၂၀အဘယ်ကြောင့်ဆိုသော်သူတို့သည်``တိရစ္ဆာန် ပင်ဖြစ်စေကာမူထိုတောင်ကိုထိမိလျှင် ခဲနှင့်ပေါက်၍သတ်ရမည်'' ဟူသောအမိန့် တော်ကိုမခံယူဝံ့သောကြောင့်ဖြစ်၏။-
21 and, (so terrible was the sight, ) Moses said, 'I am fearful exceedingly, and trembling.'
၂၁ထိုမြင်ကွင်းတစ်ခုလုံးသည်အလွန်ထိတ် လန့်ဖွယ်ကောင်းသဖြင့်မောရှေက``ငါသည် ကြောက်လန့်တုန်လှုပ်လျက်နေ၏'' ဟုဆို၏။
22 But, ye came to Mount Zion, and to a city of the living God, to the heavenly Jerusalem, and to myriads of messengers,
၂၂သင်တို့သည်သိနာတောင်အစားဇိအုန် တောင်သို့လည်းကောင်း၊ အတိုင်းမသိများစွာ သောကောင်းကင်တမန်များရှိရာအသက် ရှင်တော်မူသောဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့ သို့လည်းကောင်းရောက်ရှိနေကြ၏။-
23 to the company and assembly of the first-born in heaven enrolled, and to God the judge of all, and to spirits of righteous men made perfect,
၂၃သင်တို့သည်ကောင်းကင်ဘုံစာရင်းဝင်သား ဦးများပျော်ရွှင်စွာစုဝေးရာသို့ရောက်ရှိ နေကြ၏။ သင်တို့သည်လူအပေါင်းတို့ကို တရားစီရင်တော်မူသောအရှင်ဘုရား သခင်၏ထံတော်သို့လည်းကောင်း၊ အြုပစ် ဆိုဖွယ်မရှိသောသူတော်ကောင်းတို့၏ ဝိညာဉ်များထံသို့လည်းကောင်းရောက်ရှိ နေကြ၏။-
24 and to a mediator of a new covenant — Jesus, and to blood of sprinkling, speaking better things than that of Abel!
၂၄သင်တို့သည်ပဋိညာဉ်တော်သစ်ကိုစီရင် တော်မူသောသခင်ယေရှု၏ထံတော်သို့ လည်းကောင်း၊ အာဗေလ၏သွေးထက်သာ ၍မြတ်သောအရာကိုမျှော်လင့်ချက်ပေး သည့်ပက်ဖျန်းသောသွေးတော်၏ထံသို့ လည်းကောင်းရောက်ရှိနေကြ၏။
25 See, may ye not refuse him who is speaking, for if those did not escape who refused him who upon earth was divinely speaking — much less we who do turn away from him who [speaketh] from heaven,
၂၅ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။-
26 whose voice the earth shook then, and now hath he promised, saying, 'Yet once — I shake not only the earth, but also the heaven;'
၂၆ထိုစဉ်အခါကကိုယ်တော်၏အသံတော် သည်ကမ္ဘာမြေကြီးကိုတုန်လှုပ်စေတော်မူ၏။ ကိုယ်တော်က``ငါသည်နောက်တစ်ကြိမ်ကမ္ဘာ မြေကြီးကိုသာမကကောင်းကင်ကိုလည်း တုန်လှုပ်စေဦးမည်'' ဟုကတိထားတော် မူလေပြီ။-
27 and this — 'Yet once' — doth make evident the removal of the things shaken, as of things having been made, that the things not shaken may remain;
၂၇``နောက်တစ်ကြိမ်'' ဟူသောစကားသည်အဖန် ဆင်းခံအရာအပေါင်းတို့ကိုတုန်လှုပ်ပယ် ဖျက်တော်မူမည်ဖြစ်သဖြင့်မတုန်လှုပ်နိုင် သောအရာတို့သာလျှင်ကျန်ရစ်တည်ရှိ ကြလိမ့်မည်ဟုဆိုလိုသတည်း။
28 wherefore, a kingdom that cannot be shaken receiving, may we have grace, through which we may serve God well-pleasingly, with reverence and religious fear;
၂၈ထို့ကြောင့်ငါတို့ရရှိကြသည့်နိုင်ငံတော် သည်မတုန်မလှုပ်နိုင်သည်ဖြစ်ရာငါတို့ သည်ကျေးဇူးတော်ကိုချီးမွမ်းကြစို့။ ငါ တို့သည်ကျေးဇူးတင်၍ကြောက်ရွံ့ရိုသေ သောသဘောနှင့်ကိုယ်တော်အား နှစ်သက် တော်မူသောနည်းဖြင့်ဝတ်ပြုကိုးကွယ် ကြကုန်အံ့။-
29 for also our God [is] a consuming fire.
၂၉အဘယ်ကြောင့်ဆိုသော်ငါတို့၏ဘုရား သခင်သည်ကျွမ်းလောင်စေတတ်သောမီး သဖွယ်ဖြစ်တော်မူသောကြောင့်တည်း။