< Habakkuk 1 >
1 The burden that Habakkuk the prophet hath seen:
၁ပရောဖက် ဟဗက္ကုတ် ခံရ သော ဗျာဒိတ် တော် အချက်ဟူမူကား၊
2 Till when, O Jehovah, have I cried, And Thou dost not hear? I cry unto Thee — 'Violence,' and Thou dost not save.
၂အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကြား တော် မ မူဘဲ၊ အဘယ် မျှကာလ ပတ်လုံးအကျွန်ုပ်အော်ဟစ် ရပါ မည်နည်း။ ကယ်တင် တော်မ မူဘဲ အကျွန်ုပ်သည် အဓမ္မ အမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ် ရပါမည်နည်း။
3 Why dost Thou shew me iniquity, And perversity dost cause to behold? And spoiling and violence [are] before me, And there is strife, and contention doth lift [itself] up,
၃မတရား သောအမှုကို အကျွန်ုပ် အား အဘယ်ကြောင့် ပြ တော်မူသနည်း။ အဓမ္မ အမှုကို အဘယ်ကြောင့် မြင် စေတော်မူသနည်း။ လုယူ ခြင်း၊ အနိုင် အထက်ပြုခြင်း အမှုသည် အကျွန်ုပ် ရှေ့ မှာ အဘယ်ကြောင့်ရှိရပါသနည်း။ ငြင်းခုံ ခြင်း၊ ရန်တွေ့ ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြု ရပါသနည်း။
4 Therefore doth law cease, And judgment doth not go forth for ever, For the wicked is compassing the righteous, Therefore wrong judgment goeth forth.
၄သို့ဖြစ်၍ တရား လျော့ ပါ၏။ တရား သဖြင့် စီရင် ဆုံးဖြတ်ခြင်းမ ရှိ ပါ။ မ တရားသောသူတို့ သည် ဖြောင့်မတ် သောသူတို့ကို ဝိုင်း သောကြောင့် ၊ မ တရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ၏။
5 Look ye on nations, and behold and marvel greatly. For a work He is working in your days, Ye do not believe though it is declared.
၅သစ္စာပျက်သောသူတို့၊ ကြည့်ရှု ဆင်ခြင် ၍ အလွန်မှိုင်တွေ ကြလော့။ အကြောင်း မူကား၊ သင်တို့အား သူတပါး ပြ ညွှန်သော်လည်း သင်တို့မ ယုံ သော အမှုကို သင် တို့လက်ထက် ကာလ၌ ငါပြု ၏။
6 For, lo, I am raising up the Chaldeans, The bitter and hasty nation, That is going to the broad places of earth, To occupy tabernacles not its own.
၆ပြင်းထန် လျင်မြန် သော ခါလဒဲ အမျိုး ကို ငါ နှိုးဆော် ၏။ ကိုယ် မ ပိုင်သော နေရာ အရပ်တို့ကို သိမ်း ယူ ခြင်းငှါ မြေ တပြင်လုံး ၌ ချီ သွားကြလိမ့်မည်။
7 Terrible and fearful it [is], From itself its judgment and its excellency go forth.
၇အလွန်ကြောက်မက် ဘွယ်သောသူဖြစ်၍ကိုယ် အလိုအလျောက်တရား စီရင်ဆုံးဖြတ်ကြ၏။
8 Swifter than leopards have been its horses, And sharper than evening wolves, And increased have its horsemen, Even its horsemen from afar come in, They fly as an eagle, hasting to consume.
၈သူ တို့၏ မြင်း သည် ကျားသစ် ထက် လျင်မြန် ၏။ ညဉ့် ၌ လည်သော တောခွေး ထက် ကြမ်းတမ်း ၏။ မြင်းစီးသူရဲ တို့သည် အဝေး က လာ၍ ခုန် ကြလိမ့်မည်။ အကောင်ကို ကိုက်စား ခြင်းငှါ လျင်မြန် သော ရွှေလင်းတ ကဲ့သို့ ပျံ လာ ကြလိမ့်မည်။
9 Wholly for violence it doth come in, Their faces swallowing up the east wind, And it doth gather as the sand a captivity.
၉ထိုသူ အပေါင်း တို့သည် ညှဉ်းဆဲ ခြင်းငှါ လာ ကြ ၏။ ရှေ့ သို့ သာ မျက်နှာ ပြုသော အလုံး အရင်းဖြစ်၍၊ ဘမ်းမိ သောသူတို့ကို သဲ လုံးနှင့်အမျှ စုဝေး စေကြလိမ့်မည်။
10 And at kings it doth scoff, And princes [are] a laughter to it, At every fenced place it doth laugh, And it heapeth up dust, and captureth it.
၁၀ရှင်ဘုရင် တို့ကို အား မနာ၊ မင်း များတို့ကို ပြက်ယယ်ပြု ကြလိမ့်မည်။ ရဲတိုက် ရှိသမျှ တို့ကို ကဲ့ရဲ့ လျက် ၊ မြေမှုန့် ကို ပုံ ထား၍ တိုက် ယူကြလိမ့်မည်။
11 Then passed on hath the spirit, Yea, he doth transgress, And doth ascribe this his power to his god.
၁၁ထိုနောက် ၊ သူတို့သည် သဘောပြောင်းလဲလျက် လွန်ကျူး ၍ အပြစ်ခံရကြလိမ့်မည်။ မိမိ တို့ တန်ခိုး သည် မိမိ တို့ ဘုရား ဖြစ်လေသည်တကား။
12 Art not Thou of old, O Jehovah, my God, my Holy One? We do not die, O Jehovah, For judgment Thou hast appointed it, And, O Rock, for reproof Thou hast founded it.
၁၂အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ဘုရား သခင်၊ သန့်ရှင်း တော်မူသောဘုရား၊ ကိုယ်တော် သည် နိစ္စ ထာဝရ တည်တော်မူသည်မ ဟုတ်လော။ သို့ဟုတ်လျှင်၊ အကျွန်ုပ် တို့သည် သေ ခြင်းနှင့် ကင်းလွတ် ကြပါမည်။ အိုထာဝရ ဘုရား ၊ အကျွန်ုပ်တို့ကို စစ်ကြော စေခြင်းငှါ သူ တို့ကို ခန့် ထားတော်မူပြီ။ အိုကျောက် ထရံ၊ ဆုံးမ စေခြင်းငှါ သူ တို့ကို နေရာ ချတော်မူပြီ။
13 Purer of eyes than to behold evil, To look on perverseness Thou art not able, Why dost Thou behold the treacherous? Thou keepest silent when the wicked Doth swallow the more righteous than he,
၁၃ကိုယ်တော်သည် ဒုစရိုက် ကို ကြည့်ရှု တော်မမူ။ သန့်ရှင်း သော မျက်စိ ရှိတော်မူ၏။ အဓမ္မ အမှုကို ကြည့်ရှု ၍ နေတော်မ မူတတ် ပါ။ သို့ဖြစ်၍ ၊ သစ္စာ ပျက်သောသူတို့ ကို အဘယ်ကြောင့် ကြည့်ရှု ၍ နေတော်မူသနည်း။ အဓမ္မ လူသည် မိမိ ထက် ဖြောင့်မတ် သောသူကို ကိုက်စား သောအခါ ၊ အဘယ်ကြောင့်တိတ်ဆိတ် စွာ နေတော်မူသနည်း။
14 And Thou makest man as fishes of the sea, As a creeping thing — none ruling over him.
၁၄လူ သတ္တဝါတို့ကိုလည်း ပင်လယ် ငါး ကဲ့သို့ ၎င်း ၊ မင်း မ ရှိသော ပိုး ကောင်ကဲ့သို့ ၎င်း အဘယ်ကြောင့်ဖြစ် စေတော်မူသနည်း။
15 Each of them with a hook he hath brought up, He doth catch it in his net, and gathereth it in his drag, Therefore he doth joy and rejoice.
၁၅ရန်သူသည် ထိုသူ အပေါင်း တို့ကို ငါးမျှား နှင့် မျှား လျက်၊ ကွန် နှင့် အုပ် လျက် ၊ ပိုက် နှင့် လှောင် လျက် ဝမ်းမြောက် ရွှင်လန်း တတ်၏။
16 Therefore he doth sacrifice to his net, And doth make perfume to his drag, For by them [is] his portion fertile, and his food fat.
၁၆မိမိ ကွန် အား ယဇ် ပူဇော်၍ ၊ မိမိ ပိုက် အား နံ့သာပေါင်းကို မီးရှို့ တတ်၏။ အကြောင်း မူကား၊ ထို တန်ဆာအားဖြင့် ဥစ္စာ ရတတ်၍ ဝ စွာစားရ၏။
17 Doth he therefore empty his net, And continually to slay nations spare not?
၁၇သို့ဖြစ်၍ ၊ သူ သည် ပိုက်ကွန် ထဲက ငါးတို့ကို သွန်းလောင်း ရပါမည်လော။ လူ အမျိုးမျိုးတို့ကို မ နှမြော ဘဲ အစဉ် လုပ်ကြံ ရပါမည်လော။