< Ezekiel 15 >
1 And there is a word of Jehovah unto me, saying:
၁တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည့် ငါ့ဆီသို့ ရောက်လာ၍၊
2 'Son of man, What is the vine-tree more than any tree? The vine-branch that hath been, Among trees of the forest?
၂အချင်းလူသား၊ သစ်တော၌ သစ်ခက်သာမည် ဖြစ်သော စပျစ်နွယ်သားသည် အခြားသောသစ်သား ထက်မြတ်သောအရာ တစုံတခုရှိသလော။
3 Is wood taken from it to use for work? Do they take of it a pin to hang any vessel on it?
၃တစုံတခုကို လုပ်အံ့သောငှါ စပျစ်နွယ်သားကို ယူတတ်သလော။ တစုံတခုကို ဆွဲထားစရာတံစို့ကို စပျစ် နွယ်သားဖြင့် လုပ်တတ်သလော။
4 Lo, to the fire it hath been given for fuel, Its two ends hath the fire eaten, And its midst hath been scorched! Is it profitable for work?
၄ထင်းဘို့မီးထဲသို့ ချတတ်၏။ မီးသည်လည်း အရင်းအဖျားအလယ်ကို လောင်တတ်၏။ အသုံးဝင် တတ်သလော။
5 Lo, in its being perfect it is not used for work, How much less, when fire hath eaten of it, And it is scorched, Hath it been used yet for work?
၅မီးမလောင်မှီအသုံးမဝင်လျှင်၊ မီးလောင်၍ ကျွမ်းပြီးမှအသုံးမဝင်ဟု သာ၍ဆိုဘွယ်ရှိသည် မဟုတ် လော။
6 Therefore, thus said the Lord Jehovah: As the vine-tree among trees of the forest, That I have given to the fire for fuel, So I have given the inhabitants of Jerusalem.
၆ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ တောသစ်ပင်တွင် မီးမွေးစရာဟင်းဘို့ငါ အပ်သော စပျစ်နွယ်သားကဲ့သို့၊ ယေရုရှလင်မြို့သားတို့ကို ငါအပ် မည်။
7 And I have set My face against them, From the fire they have gone forth, And the fire doth consume them, And ye have known that I [am] Jehovah, In My setting My face against them.
၇သူတို့တဘက်၌ ငါသည် မျက်နှာကိုထားမည်။ သူတို့သည် မီးတပုံမှထွက်၍ တပုံ၌လောင်လိမ့်မည်။ သူတို့တဘက်၌ ငါသည် မျက်နှာကို ထားသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည်။
8 And I have made the land a desolation, Because they have committed a trespass, An affirmation of the Lord Jehovah!'
၈သူတို့သည် ငါ့ကို အထပ်ထပ်ပြစ်မှားသော ကြောင့်၊ ငါသည်သူတို့ ပြည်ကို လူဆိတ်ညံရာ အရပ် ဖြစ်စေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။