< Esther 6 >

1 On that night hath the sleep of the king fled away, and he saith to bring in the book of memorials of the Chronicles, and they are read before the king,
ထို​ည​၌​မင်း​ကြီး​သည်​စက်​တော်​ခေါ်​၍​မ​ရ သ​ဖြင့် အင်​ပါ​ယာ​နိုင်​ငံ​တော်​မှတ်​တမ်း​များ ကို​တောင်း​ယူ​ကာ​ဖတ်​ပြ​စေ​တော်​မူ​၏။-
2 and it is found written that Mordecai had declared concerning Bigthana and Teresh, two of the eunuchs of the king, of the keepers of the threshold, who sought to put forth a hand on king Ahasuerus.
ယင်း​မှတ်​တမ်း​များ​တွင်​အ​ဆောင်​တော်​စောင့် မိန်း​မ​စိုး​ဗိ​ဂ​သန်​နှင့်​တေ​ရက်​တို့​သည် မင်း ကြီး​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​မှု ကို​အ​ဘယ်​သို့​မော်​ဒ​ကဲ​တွေ့​ရှိ​ရ​သည့် အ​ကြောင်း​ပါ​ရှိ​လေ​သည်။-
3 And the king saith, 'What honour and greatness hath been done to Mordecai for this?' And the servants of the king, his ministers, say, 'Nothing hath been done with him.'
မင်း​ကြီး​က``ဤ​အ​မှု​အ​တွက်​မော်​ဒ​ကဲ​အား ငါ​တို့​အ​ဘယ်​သို့​ဂုဏ်​ပြု​ချီး​မြှင့်​ကာ​ဆု တော်​လာဘ်​တော်​များ​ပေး​ခဲ့​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ နန်း​တွင်း​အ​စေ​ခံ​များ​က``ထို​သူ​၏​အ​တွက် အ​ဘယ်​သို့​မျှ​မ​ပြု​ရ​သေး​ပါ'' ဟု​ပြန် လည်​လျှောက်​ထား​ကြ​၏။
4 And the king saith, 'Who [is] in the court?' — and Haman hath come in to the outer court of the house of the king, to say to the king to hang Mordecai on the tree that he had prepared for him —
မင်း​ကြီး​က​လည်း``နန်း​တော်​တွင်း​၌​ငါ​၏ မှူး​မတ်​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော'' ဟု မေး​တော်​မူ​၏။ ထို​အ​ချိန်​၌​ဟာ​မန်​သည်​နန်း​တော်​တွင်း​သို့ ဝင်​ရောက်​လာ​၏။ သူ​သည်​မိ​မိ​စိုက်​ထူ​ခဲ့​သည့် လည်​ဆွဲ​တိုင်​တွင် မော်​ဒ​ကဲ​အား​ကွပ်​မျက်​ရန် မင်း​ကြီး​ထံ​ခွင့်​ပန်​မည်​အ​ကြံ​နှင့်​ရောက်​ရှိ လာ​ခြင်း​ဖြစ်​၏။-
5 and the servants of the king say unto him, 'Lo, Haman is standing in the court;' and the king saith, 'Let him come in.'
ထို​အ​ခါ​နန်း​တွင်း​အ​စေ​ခံ​များ​က``ဟာ​မန် ရှိ​ပါ​သည်။ သူ​သည်​ရှေ့​တော်​သို့​ဝင်​ရန်​စောင့် နေ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ မင်း​ကြီး​က``သူ့​အား​ဝင်​စေ'' ဟု​မိန့်​တော်​မူ​၏။
6 And Haman cometh in, and the king saith to him, 'What — to do with the man in whose honour the king hath delighted?' And Haman saith in his heart, 'To whom doth the king delight to do honour more than myself?'
ထို့​ကြောင့်​ဟာ​မန်​သည်​ရှေ့​တော်​သို့​ဝင်​ရောက် လာ​လေ​သည်။ ထို​အ​ခါ​မင်း​ကြီး​က​သူ့​အား``ငါ ဂုဏ်​ပြု​ချီး​မြှင့်​လို​သူ​တစ်​ယောက်​ရှိ​သည်။ ထို သူ​ကို​အ​ဘယ်​သို့​ဂုဏ်​ပြု​ချီး​မြှင့်​ရ​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။ ဟာ​မန်​သည်``အ​ဘယ်​သူ​အား​မင်း​ကြီး​ဂုဏ်​ပြု ချီး​မြှင့်​လို​ပါ​လိမ့်​မည်​နည်း။ ငါ့​ကို​သာ​လျှင် ဖြစ်​တန်​ရာ​၏'' ဟု​တွေး​တော​ပြီး​လျှင်၊-
7 And Haman saith unto the king, 'The man in whose honour the king hath delighted,
မင်း​ကြီး​က``ဘု​ရင်​မင်း​ကြီး​ဆင်​ယင်​တော် မူ​သော​မင်း​မြောက်​တန်​ဆာ၊ စီး​တော်​မူ​သော မြင်း​တော်၊ ဆောင်း​တော်​မူ​သော​ရာ​ဇ​သ​ရ​ဖူ ကို​ယူ​ခဲ့​စေ​တော်​မူ​ပါ။-
8 let them bring in royal clothing that the king hath put on himself, and a horse on which the king hath ridden, and that the royal crown be put on his head,
9 and to give the clothing and the horse into the hand of a man of the heads of the king, the chiefs, and they have clothed the man in whose honour the king hath delighted, and caused him to ride on the horse in a broad place of the city, and called before him: Thus it is done to the man in whose honour the king hath delighted.'
ထို​နောက်​မှူး​ကြီး​မတ်​ကြီး​တစ်​ပါး​ကို ထို​သူ အား​ထို​တန်​ဆာ​တော်​များ​ကို​ဝတ်​ဆင်​ပေး စေ​ပြီး​လျှင် မြင်း​ပေါ်​တွင်​တင်​၍​မြင်း​ကို ဆွဲ​ကာ​မြို့​ကို​လှည့်​လည်​လျက်`ဘု​ရင်​မင်း​မြတ် သည်​မိ​မိ​ဂုဏ်​ပြု​ချီး​မြှင့်​လို​သူ​အား​အ​ဘယ် သို့​ချီး​မြှင့်​တော်​မူ​သည်​ကို​ကြည့်​ကြ​လော့' ဟု ကြွေး​ကြော်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
10 And the king saith to Haman, 'Haste, take the clothing and the horse, as thou hast spoken, and do so to Mordecai the Jew, who is sitting in the gate of the king; there doth not fall a thing of all that thou hast spoken.'
၁၀ထို​အ​ခါ​မင်း​ကြီး​သည်​ဟာ​မန်​အား``အ​ဝတ် တန်​ဆာ​နှင့်​မြင်း​တော်​ကို​အ​မြန်​ယူ​၍​ယု​ဒ အ​မျိုး​သား​မော်​ဒ​ကဲ​အား​ဂုဏ်​ပြု​ချီး​မြှင့် လော့။ သင်​ပြော​သ​မျှ​အ​တိုင်း​ပြု​လော့။ သူ သည်​နန်း​တော်​အ​ဝင်​ဝ​တွင်​ထိုင်​လျက်​နေ သည်​ကို​သင်​တွေ့​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
11 And Haman taketh the clothing, and the horse, and clothed Mordecai, and causeth him to ride in a broad place of the city, and calleth before him, 'Thus it is done to the man in whose honour the king hath delighted.'
၁၁ထို့​ကြောင့်​ဟာ​မန်​သည်​အ​ဝတ်​တန်​ဆာ​တော် နှင့်​မြင်း​တော်​ကို​ယူ​ခဲ့​ပြီး​လျှင် မော်​ဒ​ကဲ အား​အ​ဝတ်​တန်​ဆာ​တော်​ကို​ဝတ်​ဆင်​ပေး ကာ​မြင်း​ပေါ်​သို့​တင်​၍``ဘု​ရင်​မင်း​မြတ်​သည် မိ​မိ​ဂုဏ်​ပြု​ချီး​မြှင့်​လို​သူ​အား အ​ဘယ်​သို့ ချီး​မြှင့်​တော်​မူ​သည်​ကို​ကြည့်​ကြ​လော့'' ဟု ကြွေး​ကြော်​လျက်​မြင်း​ကို​ဆွဲ​၍​မြို့​တွင်း​၌ လှည့်​လည်​ရ​လေ​သည်။
12 And Mordecai turneth back unto the gate of the king, and Haman hath been hastened unto his house mourning, and with covered head,
၁၂ထို​နောက်​မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​ဝ သို့​ပြန်​ရောက်​လေ​၏။ ဟာ​မန်​မူ​ကား​ညည်း တွား​၍ ဦး​ခေါင်း​ခြုံ​လျက်​အိမ်​သို့​ပြန်​ပြီး လျှင်၊-
13 and Haman recounteth to Zeresh his wife, and to all his friends, all that hath met him, and his wise men say to him, and Zeresh his wife, 'If Mordecai [is] of the seed of the Jews, before whom thou hast begun to fall, thou art not able for him, but dost certainly fall before him.'
၁၃မိ​မိ​ဇ​နီး​နှင့်​မိတ်​ဆွေ​များ​အား မိ​မိ​ကြုံ​တွေ့ ခဲ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​ကို​ပြော​ပြ လေ​သည်။ ထို​အ​ခါ​ဇ​နီး​ဖြစ်​သူ​နှင့်​မိတ်​ဆွေ ပ​ညာ​ရှိ​တို့​က``ကိုယ်​တော်​သည်​မော်​ဒ​ကဲ​ကို ရှုံး​စ​ပြု​လေ​ပြီ။ သူ​သည်​ယု​ဒ​အ​မျိုး​သား မှန်​လျှင်​ကိုယ်​တော်​သည်​သူ့​ကို​မ​နိုင်။ သူ​သည် ကိုယ်​တော်​ကို​မု​ချ​အ​နိုင်​ရ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​၏။
14 They are yet speaking with him, and eunuchs of the king have come, and haste to bring in Haman unto the banquet that Esther hath made.
၁၄ထို​သူ​တို့​ဤ​သို့​ပြော​ဆို​နေ​ကြ​စဉ်​ပင်​နန်း တော်​မိန်း​မ​စိုး​များ​သည် ဟာ​မန်​အား​ဧ​သ​တာ ၏​ည​စာ​စား​ပွဲ​သို့​ခေါ်​ဆောင်​ရန်​အ​လျင်​စ​လို ရောက်​ရှိ​လာ​ကြ​လေ​သည်။

< Esther 6 >