< Deuteronomy 26 >

1 'And it hath been, when thou comest in unto the land which Jehovah thy God is giving to thee — an inheritance, and thou hast possessed it, and dwelt in it,
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့ ဝင်​ရောက် သိမ်း​ပိုက်​နေ​ထိုင်​ကြ​သော​အ​ခါ၊-
2 that thou hast taken of the first of all the fruits of the ground which thou dost bring in out of thy land which Jehovah thy God is giving to thee, and hast put [it] in a basket, and gone unto the place which Jehovah thy God doth choose to cause His name to tabernacle there.
သင်​တို့​သည်​လက်​ဦး​လက်​ဖျား​အ​သီး​အ​နှံ အ​မျိုး​မျိုး​ကို​တောင်း​ထဲ​၌​ထည့်​ပြီး​လျှင် တစ်​ခု​တည်း​သော​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ယူ ဆောင်​သွား​ရ​မည်။-
3 'And thou hast come in unto the priest who is in those days, and hast said unto him, I have declared to-day to Jehovah thy God, that I have come in unto the land which Jehovah hath sworn to our fathers to give to us;
ထို​အ​ချိန်​တွင်​တာ​ဝန်​ကျ​သော​ယဇ်​ပု​ရော ဟိတ်​ထံ​သို့​သွား​၍`အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဘိုး​ဘေး​တို့​အား​က​တိ ထား​တော်​မူ​သော​ပြည်​သို့ အ​ကျွန်ုပ်​ရောက်​ရှိ နေ​ပြီ​ဖြစ်​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​ထံ ယ​နေ့​ဝန်​ခံ​ပါ​၏' ဟု​ပြော​ဆို​လော့။
4 and the priest hath taken the basket out of thy hand, and placed it before the altar of Jehovah thy God.
``ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည် သင့်​ထံ​မှ တောင်း​ကို​ယူ​၍ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပလ္လင်​ရှေ့​မှာ​ချ​ထား​ရ​မည်။-
5 'And thou hast answered and said before Jehovah thy God, A perishing Aramaean [is] my father! and he goeth down to Egypt, and sojourneth there with few men, and becometh there a nation, great, mighty, and numerous;
ထို​နောက်​သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်`အ​ကျွန်ုပ်​၏​ဘိုး​ဘေး​သည် အိုး​အိမ် အ​တည်​တ​ကျ​မ​ရှိ​သော​အာ​ရေ​မီ​ယန် အ​မျိုး​သား​ဖြစ်​ပါ​သည်။ သူ​သည်​သူ​၏ မိ​သား​စု​ကို​ခေါ်​၍ အီ​ဂျစ်​ပြည်​သို့​သွား ရောက်​နေ​ထိုင်​ခဲ့​ပါ​သည်။ ထို​ပြည်​သို့​ရောက် စဉ်​က​သူ​တို့​၏​ဦး​ရေ​အ​နည်း​ငယ်​မျှ သာ​ရှိ​သော်​လည်း နောင်​တွင်​လူ​ဦး​ရေ​များ ၍​အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ်​လာ ပါ​သည်။-
6 and the Egyptians do us evil, and afflict us, and put on us hard service;
အီ​ဂျစ်​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​တို့ ကို​ညှင်း​ဆဲ​နှိပ်​စက်​၍​ကျွန်​အ​ဖြစ်​စေ ခိုင်း​ပါ​သည်။-
7 and we cry unto Jehovah, God of our fathers, and Jehovah heareth our voice, and seeth our affliction, and our labour, and our oppression;
ထို​အ​ခါ​အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကူ​ညီ မ​စ​ရန်​လျှောက်​ထား​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​တို့​၏​လျှောက်​ထား​ချက် ကို​နား​ညောင်း​တော်​မူ​၍ အ​ကျွန်ုပ်​တို့​ခံ​ရ သော​ညှင်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ ကို​သိ​မြင်​တော်​မူ​၏။-
8 and Jehovah bringeth us out from Egypt, by a strong hand, and by a stretched-out arm, and by great fear, and by signs, and by wonders,
ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​နှင့် လက်​ရုံး​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ကယ်​တင်​တော်​မူ​ခဲ့​သည်။ ကိုယ်​တော် သည်​နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ်​ရာ များ​ကို​ပြ​၍ ကြောက်​မက်​ဖွယ်​သော​ဘေး​ဒဏ် များ​ကို​ကျ​ရောက်​စေ​တော်​မူ​သည်။-
9 and he bringeth us in unto this place, and giveth to us this land — a land flowing with milk and honey.
ကိုယ်​တော်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ဤ​ပြည်​သို့​ပို့​ဆောင်​နေ​ထိုင်​စေ​တော်​မူ​၏။-
10 'And now, lo, I have brought in the first of the fruits of the ground which thou hast given to me, O Jehovah; — and thou hast placed it before Jehovah thy God, and bowed thyself before Jehovah thy God,
၁၀ထို့​ကြောင့်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပေး​သ​နား တော်​မူ​သော လက်​ဦး​လက်​ဖျား​အ​သီး​အ​နှံ များ​ကို ယ​ခု​ယူ​ဆောင်​ဆက်​ကပ်​ပါ​သည်' ဟူ​၍​ရွတ်​ဆို​ရ​မည်။ ထို့​နောက်​တောင်း​ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်​ချ​ထား​၍​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။-
11 and rejoiced in all the good which Jehovah thy God hath given to thee, and to thy house, thou, and the Levite, and the sojourner who [is] in thy midst.
၁၁သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​သင်​၏​မိ​သား​စု​အား​ကျေး​ဇူး ပြု​တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း လော့။ သင်​တို့​နှင့်​တစ်​ရပ်​တည်း​နေ​ထိုင်​သော လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​သား များ​သည်​သင်​တို့​နှင့်​အ​တူ​ပျော်​ပွဲ​ရွှင်​ပွဲ ကို​ဆင်​နွှဲ​စေ​ကြ​လော့။
12 'When thou dost complete to tithe all the tithe of thine increase in the third year, the year of the tithe, then thou hast given to the Levite, to the sojourner, to the fatherless, and to the widow, and they have eaten within thy gates, and been satisfied,
၁၂``သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​၏​အ​သီး​အ​နှံ ထဲ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့် မု​ဆိုး​မ​များ​အား​ပေး​ကမ်း​လော့။ ဤ​နည်း အား​ဖြင့်​သူ​တို့​သည် မိမိ​တို့​နေ​ထိုင်​ရာ​အ​ရပ် တွင် ဝ​လင်​စွာ​စား​သောက်​ရ​ကြ​လိမ့်​မည်။ ထို သို့​ပေး​ကမ်း​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား အား၊-
13 and thou hast said before Jehovah thy God, I have put away the separated thing out of the house, and also have given it to the Levite, and to the sojourner, and to the orphan, and to the widow, according to all Thy command which Thou hast commanded me; I have not passed over from Thy commands, nor have I forgotten.
၁၃`အ​ကျွန်ုပ်​သည်​ပေး​ကမ်း​ရန်​သီး​သန့်​ထား သော​ဆယ်​ဖို့​တစ်​ဖို့​ကို အိမ်​တွင်​ခြွင်း​ချန်​မ ထား​ပါ။ ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အား ပေး​ကမ်း​ပါ​ပြီ။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍ ကိုယ်​တော်​ပ​ညတ်​သ​မျှ​တို့​ကို​မ​ချိုး​ဖောက်၊ မ​မေ့​လျော့​ပါ။-
14 I have not eaten in mine affliction of it, nor have I put away of it for uncleanness, nor have I given of it for the dead; I have hearkened to the voice of Jehovah my God; I have done according to all that Thou hast commanded me;
၁၄အ​ကျွန်ုပ်​သည်​သေ​သူ​အ​တွက်​ဝမ်း​နည်း​ကြေ ကွဲ​နေ​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ထဲ​မှ​ယူ​၍​မ​စား ခဲ့​ပါ။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​အ​ကျွန်ုပ် မ​သန့်​ရှင်း​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ကို​အိမ်​အ​ပြင် သို့​မ​ထုတ်​ပါ။ ထို​ဆယ်​ဖို့​တစ်​ဖို့​မှ​ယူ​၍​သေ သူ​အား​မ​ပူ​ဇော်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​အ​ကျွန်ုပ်​နာ​ခံ ပါ​၏။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍​ကိုယ်​တော် ပ​ညတ်​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-
15 look from Thy holy habitation, from the heavens, and bless Thy people Israel, and the ground which Thou hast given to us, as Thou hast sworn to our fathers — a land flowing [with] milk and honey.
၁၅ကိုယ်​တော်​စိုး​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ ကြည့်​ရှု​တော်​မူ​၍ ဘိုး​ဘေး​တို့​အား​က​တိ ထား​တော်​မူ​သည့်​အ​တိုင်း​ပေး​သ​နား​သော အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့်​ပြည်​နှင့် တ​ကွ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သော ဣ​သ​ရေ​လ​လူ​မျိုး​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ' ဟူ​၍​လျှောက်​ဆို​ရ​မည်။
16 'This day Jehovah thy God is commanding thee to do these statutes and judgments; and thou hast hearkened and done them with all thy heart, and with all thy soul,
၁၆``သင်​တို့​သည်​ဤ​ပ​ညတ်​တော်​အား​လုံး​ကို လိုက်​နာ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ယ​နေ့​တွင်​မိန့်​မှာ​တော်​မူ​၏။ သို့ ဖြစ်​၍​ယင်း​ပ​ညတ်​များ​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​လျှောက်​ရန်​အ​စွမ်း​ကုန်​အား ထုတ်​လော့။-
17 Jehovah thou hast caused to promise to-day to become thy God, and to walk in His ways, and to keep His statutes, and His commands, and His judgments, and to hearken to His voice.
၁၇ထာ​ဝ​ရ​ဘု​ရား​သည် သင်​၏​ဘု​ရား​သ​ခင် ဖြစ်​သည်​ဟု​ယ​နေ့​သင်​ဝန်​ခံ​ပြီ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင် ရန်​လည်း​ကောင်း၊ ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ရန်​လည်း​ကောင်း၊ မိန့်​မှာ​တော်​မူ သ​မျှ​ကို​လိုက်​နာ​ရန်​လည်း​ကောင်း​က​တိ ပေး​ခဲ့​ပြီ။-
18 'And Jehovah hath caused thee to promise to-day to become His people, a peculiar treasure, as He hath spoken to thee, and to keep all His commands;
၁၈ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း သင်​တို့​အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ် ယ​နေ့​လက်​ခံ​တော်​မူ​ပြီ။ သင်​တို့​သည်​ပ​ညတ် တော်​ရှိ​သ​မျှ​တို့​ကို​လိုက်​နာ​ရန်​မိန့်​မှာ တော်​မူ​၏။-
19 so as to make thee uppermost above all the nations whom He hath made for a praise, and for a name, and for beauty, and for thy being a holy people to Jehovah thy God, as He hath spoken.
၁၉ကိုယ်​တော်​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​တို့​ထက် သင်​တို့​အား​ပို​၍ ကြီး​မြတ်​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​အား ဖြင့်​ကိုယ်​တော်​၏​ဘုန်း​ကျက်​သ​ရေ​ထွန်း ပြောင်​လာ​လိမ့်​မည်။ က​တိ​တော်​ရှိ​သည့် အ​တိုင်း သင်​တို့​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ဖြစ်​လိမ့်​မည်'' ဟု​ပြော​ဆို​လေ​၏။

< Deuteronomy 26 >