< Amos 2 >

1 Thus said Jehovah: For three transgressions of Moab, And for four, I do not reverse it, Because of his burning the bones of the king of Edom to lime,
ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ဧ​ဒုံ​မင်း​၏ အ​ရိုး​စု​ကို​ပြာ​ချ​လိုက်​ခြင်း​ဖြင့် ဧ​ဒုံ မင်း​ကို​မ​လေး​မ​စား​ပြု​ခဲ့​ကြ​ပြီ။-
2 And I have sent a fire against Moab, And it hath consumed the palaces of Kerioth, And dying with noise is Moab, With shouting, with voice of a trumpet.
ငါ​သည်​မော​ဘ​ပြည်​အ​ပေါ်​သို့​မီး​မိုး​ရွာ စေ​ပြီး​ကေ​ရုတ်​မြို့​၏​ရဲ​တိုက်​များ​ကို​ပြာ ချ​လိုက်​မည်။ စစ်​သည်​တို့​၏​အော်​သံ​ဟစ် သံ၊ ခ​ရာ​သံ​နှင့်​တိုက်​ပွဲ​သံ​များ​ဆူ​ဆူ ညံ​ညံ​ပြင်း​ထန်​နေ​သော​အ​ချိန်​မှာ​ပင် မော​ဘ​ပြည်​သား​များ​သေ​ဆုံး​လိမ့်​မည်။-
3 And I have cut off a judge from her midst, And all its heads I slay with him, said Jehovah.
ငါ​သည်​မော​ဘ​မင်း​ကို​သတ်​မည်။ မော​ဘ နိုင်​ငံ​ရှိ​ခေါင်း​ဆောင်​အား​လုံး​ကို​ကွပ်​မျက် မည်'' ဟု​မိန့်​တော်​မူ​၏။
4 Thus said Jehovah: For three transgressions of Judah, And for four, I do not reserve it, Because of their loathing the law of Jehovah, And His statutes they have not kept, And their lies do cause them to err, After which their fathers did walk,
ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့်​ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ငါ​၏​သြ​ဝါ​ဒ ကို​ရွံ​မုန်း​၍​ငါ​ပေး​သော​ပ​ညတ်​တို့​ကို မ​စောင့်​ရှောက်​ဘဲ​နေ​ကြ​လေ​ပြီ။ သူ​တို့ ဘိုး​ဘေး​များ​ဆည်း​ကပ်​ကိုး​ကွယ်​ခဲ့​သော မိစ္ဆာ​ဘု​ရား​များ​နောက်​သို့​ကိုယ်​တိုင်​လိုက် ပါ​ကာ​လမ်း​လွဲ​ကြ​လေ​ပြီ။-
5 And I have sent a fire against Judah, And it hath consumed palaces of Jerusalem.
ထို့​ကြောင့်​ငါ​သည်​ယု​ဒ​ပြည်​ပေါ်​သို့​မီး​မိုး ရွာ​စေ​ပြီး​ယေ​ရု​ရှ​လင်​မြို့​၏​ရဲ​တိုက်​များ ကို​ပြာ​ချ​လိုက်​မည်​ဟု​မိန့်​တော်​မူ​၏။
6 Thus said Jehovah: For three transgressions of Israel, And for four, I do not reverse it, Because of their selling for silver the righteous, And the needy for a pair of sandals.
ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​ပြည်​သား တို့​သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့်​ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ကြွေး​မ​ဆပ် နိုင်​သော​ရိုး​ဖြောင့်​သူ​များ​နှင့် ခြေ​နင်း​တစ် ရံ​အ​တွက်​ကို​မျှ​ကြွေး​မ​ဆပ်​နိုင်​သော ဆင်း​ရဲ​သား​တို့​ကို​ကျွန်​အ​ဖြစ်​ရောင်း​ချ ကြ​သည်။-
7 Who are panting for the dust of the earth on the head of the poor, And the way of the humble they turn aside, And a man and his father go unto the damsel, So as to pollute My holy name.
သူ​တို့​သည်​အား​နွဲ့​သူ​နှင့်​ခို​ကိုး​ရာ​မဲ့ သူ​များ​ကို​နင်း​ချေ​ပြီး​ဆင်း​ရဲ​သား​တို့ ကို​တွန်း​ထုတ်​ဖယ်​ရှား​ကြ​ပြီ။ အ​ဘ​နှင့် သား​သည်​ကျွန်​မိန်း​က​လေး​တစ်​ယောက် တည်း​နှင့်​ဆက်​ဆံ​လျက်​ငါ​၏​သန့်​ရှင်း ရာ​နာ​မ​တော်​ကို​အ​သ​ရေ​ပျက်​စေ​ပြီ။-
8 And on pledged garments they stretch themselves near every altar, And the wine of fined ones they drink [in] the house of their gods.
ဝတ်​ပြု​ရာ​နေ​ရာ​တိုင်း​၌​ဆင်း​ရဲ​သူ​များ ထံ​မှ​အ​ပေါင်​ခံ​ပစ္စည်း​အ​ဖြစ်​နှင့်​ရ​ယူ ထား​သော​အ​ဝတ်​အ​ထည်​များ​ကို​ခင်း ကာ​အိပ်​စက်​ကြ​လေ​ပြီ။ သူ​တို့​ကိုး​ကွယ် သော​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင် ကြွေး​တင်​နေ​သူ​များ​ထံ​မှ​လျော်​ကြေး အ​ဖြစ်​ရ​ယူ​လာ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​လေ​ပြီ။
9 And I — I have destroyed the Amorite from before them, Whose height [is] as the height of cedars, And strong he [is] as the oaks, And I destroy his fruit from above, And his roots from beneath.
``ထို​သို့​နှင့်​ပင်​ငါ​၏​လူ​မျိုး​အ​ပေါင်း​တို့၊ ငါ​သည်​သင်​တို့​အ​တွက်​အာ​ရဇ်​ပင်​တ​မျှ မြင့်​မား​၍​သ​ပိတ်​ပင်​အ​လား သန်​မာ​လှ သည့်​အာ​မော​ရိ​လူ​မျိုး​ကို​အ​ပြီး​အ​ပိုင် တိုက်​ဖျက်​ခဲ့​ပြီ။-
10 And I — I have brought you up from the land of Egypt, And cause you to go in a wilderness forty years, To possess the land of the Amorite.
၁၀ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​လာ​ခဲ့​၏။ တော​ကန္တာ​ရ​အ​တွင်း​၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​ပို့​ဆောင်​ခဲ့​ပြီး အာ​မော​ရိ​လူ​မျိုး​တို့​၏​မြေ​ယာ​များ ကို​သင်​တို့​ပိုင်​ဆိုင်​ရန်​ပေး​အပ်​ခဲ့​ပြီ။-
11 And I raise of your sons for prophets, And of your choice ones for Nazarites, Is not this true, O sons of Israel? An affirmation of Jehovah.
၁၁ငါ​သည်​သင်​တို့​၏​သား​အ​ချို့​ကို​ပ​ရော ဖက်​အ​ဖြစ်​နှင့်​လည်း​ကောင်း၊ သင်​တို့​၏ လူ​ငယ်​အ​ချို့​ကို​နာ​ဇ​ရိ​လူ​အ​ဖြစ်​နှင့် လည်း​ကောင်း​ရွေး​ကောက်​ခဲ့​ပြီ။ အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ဤ​အ​ချက်​သည်​အ​မှန် ပင်​ဖြစ်​သည်​မ​ဟုတ်​လော။ ဤ​သည်​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
12 And ye cause the Nazarites to drink wine, And on the prophets ye have laid a charge, Saying, 'Do not prophecy!'
၁၂သို့​ရာ​တွင်​သင်​သည်​နာ​ဇ​ရိ​လူ​တို့​အား စ​ပျစ်​ရည်​ကို​သောက်​စေ​၍​ပ​ရော​ဖက်​တို့ အား​ငါ​၏​သ​တင်း​စ​ကား​ကို​ကြား​ပြော ခြင်း​မ​ပြု​ရန်​တား​မြစ်​ခဲ့​ကြ​လေ​ပြီ။-
13 Lo, I am pressing you under, As the full cart doth press for itself a sheaf.
၁၃ထို့​ကြောင့်​ငါ​သည်​သင့်​အား​မြေ​ကြီး​ပေါ် နင်း​ချေ​၍​သင်​သည်​ဂျုံ​စ​ပါး​အ​ပြည့်​တင် ထား​သည့်​လှည်း​ကဲ့​သို့ ငြီး​တွား​ရ​လိမ့်​မည်။-
14 And perished hath refuge from the swift, And the strong strengtheneth not his power, And the mighty delivereth not his soul.
၁၄လျင်​မြန်​စွာ​ပြေး​နိုင်​သူ​များ​ပင်​လျှင်​လွတ် မြောက်​လိမ့်​မည်​မ​ဟုတ်။ သန်​စွမ်း​သော​သူ​များ သည်​လည်း​အား​အင်​ကုန်​ခန်း​၍​စစ်​သူ​ရဲ​တို့ သည်​လည်း​မိ​မိ​တို့​၏​အ​သက်​ကို​ကယ်​နိုင် လိမ့်​မည်​မ​ဟုတ်။-
15 And the handler of the bow standeth not, And the swift with his feet delivereth not [himself], And the rider of the horse delivereth not his soul.
၁၅လေး​ကို​ကိုင်​စွဲ​ထား​သော​သူ​များ​သည်​လည်း ရပ်​တည်​ခြင်း​ငှာ​မ​တတ်​နိုင်​ကြ။ လျင်​မြန်​စွာ ပြေး​နိုင်​သူ​များ​သည်​လည်း​လွတ်​လိမ့်​မည် မ​ဟုတ်၊ မြင်း​ပေါ်​မှ​လူ​များ​သည်​လည်း​မိ​မိ တို့​အ​သက်​ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည် မ​ဟုတ်။-
16 And the courageous of heart among the mighty, Naked doth flee in that day, An affirmation of Jehovah!
၁၆ထို​နေ့​တွင်​ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​စစ်​သူ​ရဲ များ​ပင်​လျှင် မိ​မိ​၏​လက်​နက်​များ​ကို​စွန့် လျက်​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။

< Amos 2 >