< 2 Chronicles 5 >

1 And all the work that Solomon made for the house of Jehovah is finished, and Solomon bringeth in the sanctified things of David his father, and the silver, and the gold, and all the vessels he hath put among the treasures of the house of God.
ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​တည်​ဆောက် မှု​လုပ်​ငန်း​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သော​ရွှေ၊ ငွေ​နှင့်​အ​ခြား ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန်​တော် သို​လှောင်​ခန်း​များ​တွင်​ထား​တော်​မူ​၏။
2 Then doth Solomon assemble the elders of Israel, and all the heads of the tribes, princes of the fathers of the sons of Israel, unto Jerusalem, to bring up the ark of the covenant of Jehovah from the city of David — it [is] Zion.
ထို​နောက်​ရှော​လ​မုန်​မင်း​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို ဇိ​အုန်​မည်​သော​ဒါ​ဝိဒ်​မြို့​မှ​ပင့်​ဆောင် ရန်​အ​တွက် ဣသ​ရေ​လ​အ​နွယ်​များ​နှင့်​သား ချင်း​စု​ခေါင်း​ဆောင်​အ​ပေါင်း​တို့​ကို ယေ​ရု ရှ​လင်​မြို့​တွင်​စု​ရုံး​ရန်​ဆင့်​ခေါ်​တော်​မူ​၏။-
3 And assembled unto the king are all the men of Israel in the feast — it [is] the seventh month;
သူ​တို့​အား​လုံး​သည်​သစ်​ခက်​တဲ​နေ​ပွဲ​တော် အ​ခါ​၌​လာ​ရောက်​စု​ရုံး​ကြ​လေ​သည်။-
4 and all the elders of Israel come in, and the Levites lift up the ark,
ခေါင်း​ဆောင်​အ​ပေါင်း​တို့​စု​ရုံး​မိ​ကြ​သော အ​ခါ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ပဋိညာဉ် သေတ္တာ​တော်​ကို​ချီ​ပင့်​၍-
5 and they bring up the ark, and the tent of meeting, and all the vessels of the sanctuary that [are] in the tent; brought them up have the priests, the Levites;
ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အနွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ကို​လည်း သက်​ဆိုင်​ရာ​ပစ္စည်း​တန်​ဆာ​ရှိ​သ​မျှ​တို့​နှင့် တ​ကွ​ဗိ​မာန်​တော်​သို့​ပြောင်း​ရွှေ့​ကြ​၏။-
6 and king Solomon and all the company of Israel who are convened unto him before the ark are sacrificing sheep and oxen, that are not counted nor numbered from multitude.
ရှော​လ​မုန်​မင်း​နှင့်​ဣသ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​စု​ဝေး ၍​မ​ရေ​မ​တွက်​နိုင်​အောင်​များ​သော​သိုး​နွား တို့​ကို​ယဇ်​ပူ​ဇော်​ကြ​၏။-
7 And the priests bring in the ark of the covenant of Jehovah unto its place, unto the oracle of the house, unto the holy of holies, unto the place of the wings of the cherubs;
ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် လာ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ၌​ခေ​ရု​ဗိမ်​များ​၏​အ​ကြား​တွင်​ထား​ကြ​၏။-
8 and the cherubs are spreading out wings over the place of the ark, and the cherubs cover over the ark, and over its staves, from above;
ခေ​ရု​ဗိမ်​တို့​၏​အ​တောင်​များ​သည်​သေတ္တာ​တော် နှင့်​ထမ်း​ပိုး​များ​ကို​လွှမ်း​မိုး​ထား​လေ​သည်။-
9 and they lengthen the staves, and the heads of the staves are seen out of the ark on the front of the oracle, and they are not seen without; and it is there unto this day.
ထမ်း​ပိုး​အ​ဖျား​များ​ကို​သန့်​ရှင်း​ရာ​ဌာ​န​တော် အ​ဝင်​ဝ​တစ်​နေ​ရာ​မှ​တွေ့​မြင်​နိုင်​သော်​လည်း အ​ခြား​မည်​သည့်​နေ​ရာ​က​မျှ​မ​တွေ့​မ​မြင် နိုင်။ ထို​ထမ်း​ပိုး​များ​သည်​ယ​နေ့​တိုင်​အောင်​ထို နေ​ရာ​တွင်​ရှိ​ပေ​သေး​၏။-
10 There is nothing in the ark but the two tables that Moses gave in Horeb, where Jehovah covenanted with the sons of Israel, in their going out from Egypt.
၁၀ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွင်း​၌​ပညတ်​တော် ကျောက်​ပြား​နှစ်​ချပ်​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် အ​ရာ​မျှ​မ​ရှိ။ အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​ထွက်​ခွာ​လာ​ချိန်​၌ သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​စဉ်​အ​ခါ​က မော​ရှေ သည်​ထို​ကျောက်​ပြား​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​တွင်​ထား​ခဲ့​သ​တည်း။
11 And it cometh to pass, in the going out of the priests from the sanctuary — for all the priests who are present have sanctified themselves, there is none to watch by courses,
၁၁ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​သည်​မည်​သည့် အ​ဖွဲ့​တွင်​ပါ​ဝင်​သည်​မ​ဆို မိ​မိ​တို့​ကိုယ် ကို​ဆက်​ကပ်​ပြီး​ဖြစ်​ကြ​၏။ လေ​ဝိ​အ​နွယ် ဝင်​ဂီ​တ​ဆ​ရာ​များ​ဖြစ်​ကြ​သော​အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​နှင့်​သူ​တို့​၏​တပည့်​အ​ပေါင်း တို့​သည်​ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​၍​လင်း ကွင်း​များ၊ စောင်း​များ​ကို​ကိုင်​လျက်​တံ​ပိုး ခရာ​မှုတ်​သူ​ယဇ်​ပု​ရော​ဟိတ်​ပေါင်း​တစ်​ရာ့ နှစ်​ဆယ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ယဇ်​ပလ္လင် ၏​အ​ရှေ့​ဘက်​တွင်​ရပ်​နေ​ကြ​လေ​သည်။ သီ ဆို​သူ​တို့​သည်​တံ​ပိုး​ခ​ရာ​သံ၊ လင်း​ကွင်း သံ​နှင့်​အ​ခြား​တူ​ရိ​ယာ​သံ​များ​နှင့်​စည်း လိုက်​ဝါး​လိုက်​ညီ​ညာ​စွာ​ထာ​ဝ​ရ​ဘု​ရား အား​သီ​ဆို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ သည်​ဖြစ်​၍​ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည် သ​တည်း'' ဟု​သီ​ဆို​ကြ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဗိ​မာန်​တော်​မှ​ထွက်​လာ စဉ်​ဗိ​မာန်​တော်​သည်​ရုတ်​တ​ရက်​မိုး​တိမ်​ဖြင့် ပြည့်​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ ရေ​တော်​ထွန်း​တောက်​သည်​ဖြစ်​၍​သူ​တို့​သည်​ဝတ် ပြု​ကိုး​ကွယ်​ခြင်း​ကို​ဆက်​လက်​၍​မ​ပြု​နိုင်​ကြ ချေ။
12 and the Levites, the singers, to all of them, to Asaph, to Heman, to Jeduthun, and to their sons, and to their brethren, clothed in white linen, with cymbals, and with psalteries, and harps, are standing on the east of the altar, and with them priests, to a hundred and twenty, blowing with trumpets —
၁၂
13 yea, it cometh to pass, as one [are] trumpeters and singers, to sound — one voice — to praise and to give thanks to Jehovah, and at the lifting up of the sound with trumpets, and with cymbals, and with instruments of song, and at giving praise to Jehovah, for good, for to the age [is] His kindness, that the house is filled with a cloud — the house of Jehovah,
၁၃
14 and the priests have not been able to stand to minister from the presence of the cloud, for the honour of Jehovah hath filled the house of God.
၁၄

< 2 Chronicles 5 >